စာတိုပေးပို့ခြင်း ဝန်ဆောင်မှု SMS (The Short Messaging Service) ကို ၁၉၈၀ နှစ်များတွင် ဆက်သွယ်ရေးကွန်ယက်အင်ဂျင်နီယာများ အသုံးပြုရန် တီထွင်ခဲ့သည်၊
ပထမဆုံး
စာတိုပေးပို့ခြင်းကို 1992 တွင်စတင်ခဲ့သည်၊ စတင် အသုံးပြုခဲ့သောနိုင်ငံမှာ
အင်္ဂလန်နိုင်ငံဖြစ်သည်၊ ဒီဇင်ဘာ ၃ ရက်နေ့ ၁၉၉၂ တွင် အသက် ၂၂ နှစ် အရွယ်ရှိ
ပရိုဂရမ်မာ နေးလ် ပက်(ပ) ဝေါ့(သ)က သူငယ် ချင်းဖြစ်သူ ဗိုတာဖောင်နေ
ရစ်ချက်ဂျားဗစ် (စ) ထံ"မယ်ရီ ခရစ္စမတ်" ဟူသော စာတိုကို
ပေးပို့ခဲ့ခြင်းဖြစ်သည်၊
မိုဘိုင်းဖုန်းများတွင် အက္ခရာ လက်ကွတ်များမရှိသေး၍ ကွန်ပြူတာမှ ပေးပို့ခဲ့ခြင်းဖြစ်သည်၊
၁၉၉၅ ကျယ်ပြန့်စွာ စတင်သုံးစွဲချိန်မှ စပြီး သုံးစွဲသူ အလွန် လျင်မြန်စွာ များပြား လာခဲ့သည်၊
အဓိအားဖြင့် လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင်သုံးကြသော်လည်း အလိုလျောက်တုံ့ပြန်သောစနစ်များထည့်သွင်းကာ ဈေးရောင်းဝယ်ခြင်း၊ အမှတ်ပေးပြိုင်ပွဲများ ပြုလုပ်ခြင်း၊ နှင့် ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှု၊ ဘဏ်လုပ်ငန်း၊ အားကစား၊ မိုးလေဝဿ နှင့် အခြားလုပ်ငန်းများတွင် သုံးကြသည်၊
၉၅%သော စာတိုများကို ၁၀ စက္ကန့်အတွင်းဖြန့်ဝေနိုင်သည်၊
၇၃% ရာခိုင်းနူန်းသော ဖုန်းဝယ်ယူသူများက
စာတိုပေးပို့နိုင်ခြင်းကို ဖုန်းကိုအသုံးပြုရာတွင်အရေးကြီးသော အင်္ဂါရပ်တစ်ခုအဖြစ်လက်ခံထားကြသည်၊
မိုဘိုင်းဖုန်းအသုံးပြုသူ ၂၃% သည်
စာတိုပေးပို့ခြင်းကို တနေ့လျင် တစ်ကြိမ်အနည်းဆုံးပြုလုပ်လေ့ ရှိကြသည်၊
၂၀၀၃ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် တစ်ရက်တည်းတွင်ပေးပို့ခဲ့ကြသောစာတိုပေါင်း သန်း ၁၀၀ သို့ ပထမဆုံး အကြိမ် ရောက်ရှိသွားခဲ့သည်၊ ယခုအခါ တစက္ကန့်လျင် စာတိုပေါင်း ၂၀၀,၀၀၀ ခန့်ပေးပို့လျက်ရှိကြသည်၊
ယခုအခါ တက္ကသိုလ်ကောလိပ်များသည်လည်း ကျောင်းသားများနှင့် ဆက်သွယ်ရာတွင် အီးလ်မေးအစား စာတိုပေးပို့ခြင်းကို ပြုလုပ်လာကြသည်။
၂၀၀၈ ခုနှစ်တွင်ဗြိတိသျှ ခွဲစိတ်ဆရာဝန် ဒေးဗစ်နော့သည် စာတိုဖြင့်ပေးပို့လာသော ညွှန်ကြားချက်များကို တဆင့်ချင်းလိုက်နာအသုံးပြုကာ ဒဏ်ရာရထားသောဆယ်ကျော်သက်လူမှုဝန်ထမ်းတစ်ဦး၏အသက်ကို အာဖရိကတိုက်ရှိ ကွန်ဂိုနိုင်ငံတွင်ကယ်တင်နိုင်ခဲ့သည်၊
စာတိုတစ်စောင်၏ အရွယ်ကို စာလုံးရေ ၁၆၀ သတ်မှတ်ထားသည်၊ ဤသို့ သတ်မှတ်ထားရခြင်းမှာပို့စကဒ်တစ်ခု ၏ အရွယ်အစားကို ယူထားခြင်းဖြစ်သည်၊ယခုအခါ နောက်ဆုံးပေါ်
လက်ကိုင်ဖုန်းအချို့မှစာမျက်နှာ ၂၀ ခန့်ကိုပင် ပေးပို့နိုင်ပြီဖြစ်သည်၊
လူပိန်းပြန်ဆိုသည်၊

No comments:
Post a Comment