Wednesday, March 25, 2015

သစ်ထူးလွင် သတင်းစုစည်းမှု ( ၂၅-၃)

သစ်ထူးလွင်


Posted: 25 Mar 2015 07:07 AM PDT
ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ကျောင်းသားသပိတ်ဖြိုခွင်းရာမှာ ဖမ်းဆီးခံရသူတွေထဲက ၁၁ ဦးဟာ မြို့နယ်တရားရုံးမှာ မတ် ၂၅ ရက် မွန်းလွဲပိုင်းက  ပုဒ်မ ၃ ခု နဲ့ တရားစွဲဆိုခံရပြီး အာမခံနဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။ သာယာဝတီထောင်မှာ ချုပ်နှောင်ရာကနေ ဒီကနေ့ လက်ပံတန်းတရားရုံးမှာ အယောက် ၈၀ ကို ရုံးထုတ်ခဲ့ပါတယ်။ မနက်ပိုင်းတရားခွင်မှာ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းပါ ၆၉ ဦးကို  ပုဒ်မ ၅ ခုနဲ့ တရားစွဲ
Posted: 25 Mar 2015 07:01 AM PDT
လူ ၁၅၀ လိုက်ပါတဲ့ Germanwings လေကြောင်းပိုင် လေယာဉ် အင်္ဂါနေ့က ပြင်သစ် တောင်ပိုင်း၊ အဲလ်ပ် တောင်တန်းပေါ်မှာ ပျက်ကျ ခဲ့ပြီးနောက် ဒီကနေ့ အပျက်အစီး ရှာဖွေရေး လုပ်ငန်းတွေကို ပြန်လည် လုပ်ဆောင်နေပါတယ်။ Black box နှစ်ခု အနက် တစ်ခု ဖြစ်တဲ့ လေယာဉ်မှူး အခန်းထဲက အသံ မှတ်တမ်းကို အင်္ဂါနေ့က ပြန်လည် တွေ့ရှိခဲ့ပြီး၊ ထိခိုက် ပျက်စီး နေပေမယ့် အချက်အလက်တွေ ပြန်လည် ထုတ်ယူ နိုင်ခြေ ရှိတယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ြ
Posted: 25 Mar 2015 06:52 AM PDT
ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုရင်းနဲ့ အဖမ်းခံထားရသူတွေကို ဒီကနေ့ပဲ ရုံးထုတ်ပြီး ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို အပါအ၀င် နောက်ထပ် ဆန္ဒပြကျောင်းသား ၄ ဦး ကိုလည်း ၀ရမ်းပြေးအဖြစ် တရားရုံးက ဖမ်းဆီးမိန့် ထုတ်လိုက်ပါတယ်။ လက်ပံတန်းမြို့မှာ ဖမ်းဆီးခံခဲ့ရသူတွေရဲ့ တရားခွင်က နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့
Posted: 25 Mar 2015 06:44 AM PDT
နေပြည်တော်၊ မတ် ၂၅ ၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၃၄/ဝ-၁)ကြား၌ ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ မန္တလေးတိုင်း
Posted: 25 Mar 2015 06:33 AM PDT
နေပြည်တော်၊ မတ် ၂၅ ၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် ဝဝ၂၅ အချိန် မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်၊ ထိန်ကန်ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်(၈)စီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှဝန်ထမ်းများ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁
Posted: 25 Mar 2015 03:13 AM PDT
အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက် ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ် အပါအဝင် ကျောင်းသားတွေနဲ့ ဝန်းရံသူ ၆၉ ဦးကို ဒီကနေ့ လက်ပံတန်းမြို့နယ်တရားရုံးမှာ ပုဒ်မ ၅ ခုနဲ့ တရားရုံးတင်လိုက်ပါတယ်။ ဒီတရားစွဲဆိုခံရတဲ့ ၆၉ ဦးထဲက အမျိုးသမီး ၁၁ ဦးပါဝင်ပြီး သူတို့တွေကို ရဲမှူးကြီးအုန်းမြင့်ကနေပြီး တရားလိုလုပ်တရားစွဲဆိုတာဖြစ်တယ်လို့ ကျောင်းသားတွေအမှု အတွက် လိုက်ပါကူ
Posted: 25 Mar 2015 03:00 AM PDT
လက်ရှိ ကြည့်မြင်တိုင်-အေးရွာ လှိုင်မြစ်ကူးတံတား တည်ဆောက်ရေး အတွက် အကြို ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ဆောင်ရွက်ပြီး ဖြစ်၍ အသေးစိတ်ဖြစ် မြောက်နိုင်စွမ်း လေ့လာမှုကို ဆက်လက် ဆောင်ရွက် နေပြီဟု လည်း ထည့်သွင်း ပြောကြား သည်။ ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကြည့်မြင့်တိုင်မဲဆန္ဒ နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးသန်းစိန် မေးမြန်းသည့် '' ကြည့်မြင့်တိုင်မြို့နယ်တစ်ဖက်ကမ်း ရှိ ရွာများသို့ ပြ
Posted: 25 Mar 2015 01:54 AM PDT
အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ​အဆိုအရ ​မြန်မာနိုင်ငံရဲ့ ​စီးပွားရေးဟာ ​လာမယ့် ​၂ ​နှစ်အတွင်း ​၈% ​တိုးတက်ဖို့ ​ရှိပြီး ​ပြုပြင်ပြောင်းလဲရေးတွေ ​ဆက်လုပ်ဖို့ ​တိုက်တွန်းထားပါတယ်။ ၂၀၁၅ ​ခုနှစ်  ​ဘဏ္ဍာနှစ်အတွင်း ​မြန်မာ့ ​စီးပွားရေးက ​၈.၃ ​% ​တိုးတက်ဖို့ရှိပြီး ​၂၀၁၆ ​ခုနှစ်အတွက်လည်း ​အလားတူ ​အခြေအနေမှာ ​ရှိနေတယ်လို့ ​ပြောပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် ​မြန်မာအစိုးရအနေနဲ့ ​ပြုပြင်ပြောင်းလဲရေးတွေ ​နှော
Posted: 25 Mar 2015 01:54 AM PDT
ရန်ကုန်၊ မတ် ၂၅ ရခိုင်ပြည်နယ်၊ သံတွဲမြို့ ကြိုဆိုပွဲ တစ်ခုတွင် ရခိုင်မင်္ဂလာစည်တော်၌ ကြံ့ခိုင်ရေးပါတီ တံဆိပ်ကပ်၍ ဝါဒဖြန့်မှုပြုလုပ်ခဲ့သဖြင့် ယင်းလုပ်ရပ်အပေါ် အများက ဝေဖန် ပြစ်တင်လိုက်သည်။ ယင်းသို့ အမျိုးသားရေး အရ အထွဋ်အမြတ် ထားသော ရခိုင်မင်္ဂလာစည်တော်တွင် ကြံ့ခိုင်ရေး ပါတီ တံဆိပ်ကပ်၍ ၀ါဒ ဖြန့်မှုမှာ အမျိုးသားရေး လက္ခဏာကို ဖျောက်ဖျက်ပစ်လို၍ ဖြစ်သည်ဟု သံတွဲမြို့ခံ စာရေးဆရာမ နွယ်သာကီ(သံတွဲ)က ဝေဖန် ပြော
Posted: 25 Mar 2015 01:43 AM PDT
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ်အပါအဝင် ကျောင်းသားတွေနဲ့ ဝန်းရံသူ ၆၉ ဦးကို ဒီကနေ့ လက်ပံတန်းမြို့နယ်တရားရုံးမှာ ပုဒ်မ ၅ ခုနဲ့ တရားရုံးတင်လိုက်ပါတယ်။ ဒီတရားစွဲဆိုခံရတဲ့ ၆၉ ဦးထဲက အမျိုးသမီး ၁၁ ဦးပါဝင်ပြီး သူတို့တွေကို ရဲမှူးကြီးအုန်းမြင့်ကနေပြီး တရားလိုလုပ်တရားစွဲဆိုတာဖြစ်တယ်လို့ ကျောင်းသားတွေအမှု အတွက်
Posted: 25 Mar 2015 01:30 AM PDT
    ဟောင်ကောင်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ မှုခင်း ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမိန့်ချမှတ်မှု ပြုလုပ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီအမှုဟာ ဟောင်ကောင် ဒေသ တစ်ခုလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့တဲ့ အထိ  ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သားအရင်းက မိဘနှစ်ပါးကို သတ်ဖြတ်ပြီး ချက်ပြုတ် စားသောက် ခဲ့တာကြောင့် ဖြစ်ပါတယ်။     အသက် (၃၁)နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဟင်နရီချောင်ဟာ အသက် (၆၃)နှစ်ရှိပြီ ဖြစ်တဲ့ မိခင်နဲ့  အ
Posted: 25 Mar 2015 01:08 AM PDT
မတ်လ ၂၄ ရက်နေ့မှာ နိုင်ဂျီးရီးယား စစ်သားတွေက စောင်တွေ ဝေငှနေတာကို စောင့်ယူနေကြတဲ့ Damasak မြို့က အမျိုးသမီးများ (Credit: Reuters)  နိုင်ဂျီးရီးယားနိုင်ငံ ​Damasak ​မြို့က ​အမျိုးသမီးနဲ့ ​ကလေးငယ် ​အယောက် ​၅၀၀ ​ကျော်ကို ​ဘိုကိုဟာရမ် ​အဖွဲ့က ​ဖမ်းဆီးလိုက်တယ်လို့ ​သိရပါတယ်။ အဲဒီမြို့ကို ​ဘိုကို ​ဟာရမ် ​အဖွဲ့က ​သိမ်းပိုက်ထားပြီး ​ဒီလအတွင်းမှာပဲ ​ချက်တ်နိုင်ငံနဲ့ ​နီဂျဲ ​နိုင်ငံတို့ ​ပူးပေါင်းပြီး
Posted: 25 Mar 2015 01:08 AM PDT
လေယာဉ်ပျက်ကျသွားတဲ့ နေရာမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဖို့ ကြိုးစားခဲ့ကြ (Credit: AFP)  ဂျာမနီနိုင်ငံပိုင် ​Airbus ​A320 ​လေယာဉ်တစ်စင်း ​ပြင်သစ်နိုင်ငံမှာ ​ပျက်ကျသွားခဲ့ရာက ​လူပေါင်း ​၁၅၀ ​သေဆုံးခဲ့ရပြီး ​အဲဒီအထဲမှာ ​သြစတြေးလျ ​နိုင်ငံသား ​၂ ​ဦးပါဝင်ပါတယ်။ ​ဒါ့အပြင် ​ဂျာမနီ ​နိုင်ငံက ​ကျောင်းသူ ​ကျောင်းသား ​၁၆ ​ယောက်လည်း ​သေဆုံးခဲ့ရပါတယ်။ ဗစ်တိုးရီးယားပြည်နယ်က ​မိခင်တစ်ဦးနဲ့ ​သူ့ရဲ့ ​အရွယ်ရောက်ြ
Posted: 25 Mar 2015 01:08 AM PDT
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ်မှာ မတ် ၂၅ ရက် နေလယ် ၁ နာရီခွဲလောက်က မိုးသီးတွေ အမြောက်အမြားကြွေကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနက်ကတည်းက မိုးအုံ့နေတာဖြစ်သလို နေကောင်းကောင်းမထွက်ဘဲ မိုးစရွာတာနဲ့ မိုးသီးတွေ ကျလာတာလို့ ဆိုပါတယ်။ သတင်းဓာတ်ပုံ (Lion King-ပင်လုံ) By ဒီဗွီဘီ http://burmese.dvb.no
Posted: 25 Mar 2015 01:00 AM PDT
ထိုင်း-မြန်မာ ၂ နိုင်ငံ ခရီးသွားလုပ်ငန်း အဆင်ပြေချောမွေ့စေဖို့အတွက် တာချီလိတ်- မယ်ဆိုင် ချစ်ကြည်ရေး တံတားဂိတ်အ၀င်အထွက်မှာ ခရီးသွားတွေထံကနေ ဆီးစစ်ပြီး မူးယစ်ဆေးဝါးစစ်ဆေးတာမျိုး လုပ်တော့မှာ မဟုတ်ဘူးလို့ ထိုင်း-မြန်မာ နယ်ခြား ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (တီဘီစီ) က ပြောပါတယ်။ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက  တာချီလိတ်မြို့မှာ ကျင်းပတဲ့ ထိုင်းမြန်မာ နယ်ခြားပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးမှာ နှ
Posted: 25 Mar 2015 12:00 AM PDT
သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသားတွေကို အကျိုးဆောင်ရှေ့နေတွေနဲ့ တွေ့ဆုံဖို့ မြန်မာအစိုးရက ခွင့်မပြုတာဟာ အကျဉ်းထောင်လက်စွဲဥပဒေကို အာဏာပိုင်တွေကိုယ်တိုင် ချိုးဖောက်ရာရောက်တယ်လို့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဖမ်းဆီးခံကျောင်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေးနဲ့ ဗဟိုချုပ်ကိုင်မှုရှိနေတဲ့ ပညာရေးဥပဒေ ပြင်ဆင်ပြောင်းလဲရေးအတွက် ကျောင်းသားတွေ ဆက်ပြီး
Posted: 24 Mar 2015 11:55 PM PDT
ရန်ကုန် မတ် ၂၄ သင်္ကြန်ရက်များအတွင်း ရန်ကုန် မြို့ပေါ်တွင် ပြေးဆွဲလျက်ရှိသော ခရီးသည် ယာဉ် မော်တော်ယာဉ် များကို ယာဉ်စီးခပိုမိုတောင်းခံပါက ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်း ကမ်းထိန်းသိမ်း ရေးနှင့် ကြီးကြပ်မှုဗဟိုကော်မတီမှ တာဝန်ရှိ တစ်ဦးက ပြောသည်။ ''ပြည်သူများ သွားလာမှုအဆင် ပြေချောမွေ့စေဖို့ သင်္ကြန်ရက်များ အတွင်းမှာ ခရီးသည်ယာဉ်လိုင်းများတိုးချဲ့ပြေးဆွဲေ
Posted: 24 Mar 2015 11:51 PM PDT
၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာဖို့ အတွက် မြန်မာ အာဏာပိုင်တွေရဲ့ ဖိတ်ကြားချက်ကို အမေရိကန်အခြေစိုက် Carter Center က ကြိုဆိုလိုက်ပါတယ်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် မြန်မာအစိုးရနဲ့ အရပ်သားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကို ကူညီသွားမယ်လို့ ဆိုပါတယ်။ Carter Center ဒီမိုကရေစီရေးရာဌာနရဲ့ တွဲဘက်အတွင်းရေးမှူး Jonathan Stonestreet ကို ဦးကျော်ဇံသာက အဲ့ဒီကိစ္စအတွက် ဆက်သွယ်မေးမြန်းရာ
Posted: 24 Mar 2015 11:50 PM PDT
လှိုင်သာယာမြို့နယ်က မဲရုံတစ်ခုတွင် မဲပေးရန် စောင့်ဆိုင်းနေ သူများကိုတွေ့ရစဉ်။ (Photo: AFP) ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို လာရောက်လေ့လာဖို့ EU ဥရောပသမဂ္ဂနဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ ကာတာဌာန တို့ကို ဖိတ်ကြားမယ်လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတမှုရှိရှိ ကျင်းပတယ်ဆိုတာ သေသေချာချာ စောင့်ကြည့်လေ့လာ ဖို့ အီးယူနဲ့ ကာတာဖေါ
Posted: 24 Mar 2015 11:50 PM PDT
အော့တ၀ါ ၊ ၂၅-၃-၂၀၁၅ ကနေဒါ အစိုးရသည် ဆီးရီးယား နှင့် အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ အဖွဲ့ တည်နေရာများကို ဗုံးကြဲ တိုက်ခိုက်မှု တိုးမြှင့်ရန် အတွက် ယင်းနိုင်ငံ များသို့ ဗုံးကြဲ တိုက်လေယာဉ်များ ထပ်မံ ပေးပို့သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်း က မတ် ၂၃ ရက်တွင် ပြောကြားသည်။ ယခုအခါ ကနေဒါနိုင်ငံ၏ စီစဉ်မှုသည် ISIS စစ်သွေးကြွ တို့အပေါ် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်နေသည့် အမေရိကန် နိုင်
Posted: 24 Mar 2015 11:49 PM PDT
နယူးဒေလီ ၊ ၂၅-၃-၂၀၁၅ ဆိုမာလီ ပင်လယ်ဓားပြ များသည် ၄င်းတို့ အခြေချရာ ဆိုမာလီယာ ကမ်းလွန်အနီး ဧဒင်ပင်လယ်ကွေ့ မှ အိန္ဒိယနိုင်ငံ အနီးသို့ နေရာပြောင်းရွှေ့ အခြေချလျက် ရှိကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီး မနိုဟာပါရီကာ က သမုဒ္ဒရာ အတွင်း လုံခြုံရေးဆိုင်ရာ အခြေအနေနှင့် ပတ်သက်၍ ပြုလုပ်ေ သာ ဆွေးနွေးပွဲ တစ်ခု၌ ပြောကြားသည်။ ဧဒင်ပင်လယ်ကွေ့ ဒေသအတွင်း၌ ပင်လယ်ဓားပြ မှုသည် အကြီးမားဆုံး ခြိမ်းခြောက်လျက် ရြှိ
Posted: 24 Mar 2015 11:40 PM PDT
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားခေါင်းဆောင်တချို့ကို  ဒီနေ့ မနက် ၁၀နာရီ လောက်က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့  အချုပ်ကားတွေနဲ့ ခေါ်ဆောင်သွားပါတယ်။ ကျောင်းသားတွေဟာ တရားရုံးကို ခေါ်ဆောင်လာရာလမ်းတလျှောက် အချုပ်ကားပေါ်မှာ သွေးသစ္စာ (အရေးကြီးပြီ) သီချင်းကို သံပြိုင်သီဆိုခဲ့ကြသလို သမဂ္ဂအလံတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်
Posted: 24 Mar 2015 11:36 PM PDT
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဒက်ထရွိုက်မြို့က တိုက်ခန်းတခုမှာ အေးခဲထားတဲ့ ၁၁ နှစ်သားနဲ့ ၁၄ နှစ်သမီး ကလေးအလောင်းတွေကို ရေခဲသေတ္တာထဲမှာ ရှာတွေ့ခဲ့တဲ့အတွက် မိခင်ဖြစ်သူကို ဖမ်းဆီးပြီး ရုံးတင် တရားစွဲထားတယ်လို့ မတ် ၂၄ ရက်နေ့ ဒက်ထရွိုက် ဖရီးပရက်စ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ခြံပိုင်ရှင်က ခြံကို စီမံခန့်ခွဲဖို့ အလုပ်ခန့်ထားတဲ့ လူတယောက်က မနက်ပိုင်းမှာ အလောင်းတွေကို ရှာတွေ့ခဲ့တာလို့ သတင်းစာက ဖော်ပြ
Posted: 24 Mar 2015 05:36 PM PDT
ပြင်သစ်နိုင်ငံ Alps တောင်တန်းမှာ ဂျာမန်ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တဲ့နေရာမှာ ရှာဖွေရေး ကြိုးပမ်းအားထုတ်မှုတွေကို အင်္ဂါနေ့နှောင်းပိုင်းက ဆိုင်းငံ့လိုက်ပါတယ်။ အဲဒီနေ့စောစောပိုင်းက ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်ပေါင်း ၁၄၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦး အားလုံး အသက်ဆုံးရှုံးခဲ့တယ်လို့ သက်ဆိုင်ရာအစိုးရအရာရှိတွေက ပြောကြားခဲ့ပြီး၊ အဲဒီပျက်ကျခဲ့တဲ့ တောင်ထူထပ်တဲ့နေရာမှာ ညအချိန် ကျရောက်ခဲ့
Posted: 24 Mar 2015 05:34 PM PDT
အောင်တံခွန် အမှတ်(၃)ရေယာဉ် သင်္ဘောနစ်မြုပ်ရာနေရာ အနီးက မျောက်ကြိမ်တောင်မြင်ကွင်း။ Photo: RFA ရခိုင်ပြည်နယ်က အောင်တံခွန် အမှတ်(၃) ရေယာဉ် နစ်မြုပ်မှုကို စုံစမ်းစစ်ဆေးဖို့အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေပါဝင်တဲ့ စုံစမ်းရေးအဖွဲ့ကို ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်း လိုက်ပါတယ်။ စုံစမ်းရေးအဖွဲ့ဟာ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မြေ ပုံ စတဲ့ မြို့တွေမှာ စုံစမ်းလေ့လာပြီး တွေ့ရှိချက်တွေ

No comments:

Post a Comment