Friday, March 20, 2015

*** ‪#‎ကျနော့်‬ ပတ်ဝန်းကျင်မှ ဖုန်းနှင်.တူသောလူတွေ အကြောင်း ***

Java -
အခြေခံလူတန်းစားတွေ အားကိုးရာ သမ၀ါယမ ကုန်ဆုံဆိုင်
ဖွင့်ထားတဲ့ လူကြီး နှင့်တူသည်။

Huawei -
လူတန်းစား မခွဲခြားတတ်ပဲ တန်ရာတန်ကြေးနဲ့ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးတဲ့ ရပ်ကွက်လူကြီးနှင့်တူသည်။


Samsung -
ပရဟိတ္တ လုပ်နေသော ခပ်၀၀ လူပျိုကြီးနှင့် တူသည်။ လူချစ်လူခင်
ပေါများတယ်။ လူပျိုကြီးဖြစ်သောကြောင့် တစ်ခါတလေ ဇီဇာကြောင်သည်။
လျှာရှည်တတ်သည်။ သူ့အကြောင်းသိရင် ပေါင်းလို့ အဆင်ပြေသည်။

iPhone -
ဖျက်ဖျက်လူးနေသော sexy မော်ဒယ် girl တစ်ယောက် နှင့်တူသည်။
လိုချင်တက်မက်သူ များသည်။ သို့သော် မာနကြီး တစ်ခွဲသားနဲ့မို့ ...
အဆင့်တန်းခွဲခြားသည်။ သူ့မာနကြောင့်ပဲ တစ်ချို့မှာ မနှစ်မြို့ပဲ ..
ခပ်ဝေးဝေးကနေ ရှောင်သွားသည်။ ဒါပေမဲ့ သူကတော့ အပြုံးမပျက် ..
သူ့လောကမှာ ဘုရင်မပဲ။ သူ့ကိုချစ်တဲ့သူတွေကလဲ အားပေးမြဲ အားပေးဆဲ။
သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ။

HTC -
မြန်မာတွေ အတွက်ပါဆိုပြီး မြန်မာတွေ မကိုင်နိုင်အောင် အမြတ်ကြီးစားတဲ့
တရုတ်ကြီးနှင့် တူသည်။ အလုပ် လုပ်ရာတွင်လဲ ခွဲခြား ခွဲခြားနဲ့ ဆက်ဆံသည်။ အားလုံးက ဒါနဲ့အဆင်ပြေရင် သူက ဟိုဟာ ဒီဟာနဲ့ နည်းနည်းလေး အတွန့်တက်လိုက်ရမှ ကျေနပ်သည်။ ဒါကြောင့် လူချစ်လူခင် နည်းရှာသည်။

Sony -
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို ခန့်ခန့်ချောချော Gentleman ကြီးနှင့်တူသည်။ အသန့်ပျံ့ အလွန်ကြိုက်သည်။ အသုံးဆောင်ပစ္စည်း
ရွေးချယ် သုံးသည်။ အဲ့လိုတွေ ချေးများလွန်းလို့ သူ့ခမျာ တစ်ခါတလေ အခင်မင်ပျက်ရရှာသည်။

Nokia -
လူ့ကန့်လန့်ကြီး။ လူ့ဂွစာကြီးဟု နာမည်ကြီးသူ ဖြစ်သည်။ အများ မိုးခါးရေ
သောက်ချိန် သူက မသောက်ပဲ နေသည်။ ဒါကြောင့် အများ ရူးနေချိန် ..
သူ တစ်ယောက်တည်း မရူးသောကြောင့် အများက သူ့ကို အရူးဟု ..
ပြန်ထင်ကြသည်။ နောက်ဆုံးတော့ ဒီ ဒဏ်တွေကို မခံနိုင်တဲ့အဆုံး သူလဲ ..
မိုးခါးရေ သောက်ကာ ရူးဖို့ ပြင်ဆင်နေလေသည်။

LG -
Life is Good လို့ပြောပြီး တောထွက်သွားသော ယောဂီကြီး နှင့်တူသည်။
တစ်သီးတစ်ခြား နေထိုင်လေ့ရှိသောကြောင့် လူ့ပတ်ဝန်းကျင်မှာ အပေါင်းသင်းနည်းနေသော လူတစ်ယောက် ဖြစ်သည်။

BlackBerry -
စီးပွားရေး သမားကြီးနှင့်တူသည်။ စီးပွားရေးမှလွဲပြီး ကျန်တာ စိတ်မ၀င်စားသောကြောင့် လူတိုင်းနှင့်အဆင်မပြေ။ စီးပွားရေးသမားများကတော့ သူ့ကို လေးစား ချစ်ခင်ကြသည်။
ဘာကျန်သေးလဲဟင်။ ပျင်းတာနဲ့ စိတ်ကူးတည့်ရာ ရေးလိုက်တာပါ။
android တွေ ios တွေ .. ငြင်းခုန်ဖို့ မဟုတ်ပါဘူး။ ပျော်စေချင်လို့ရေးတာပါ။
ကျနော်ကတော့ နည်းပညာအားလုံးကို ချစ်သည်။ ချစ်လို့လဲ သူတို့နောက်..
လိုက်ရတာ ဖတ်ဖတ်ကို မောနေသည်။ မလိုက်ပဲနဲ့လဲ မနေနိုင်ဘူး
ပျော်ရွှင်ပါစေ

Mr.AD

No comments:

Post a Comment