Friday, March 6, 2015

လူဖြစ်ရှုံးတဲ့ ခေတ်



ခံပြင်းသမျှ
အံတင်းထားလိုက်ပါ ညီမရေ...

ဆေးသမားလိုလို
ခွေးသားလိုလိုကောင်က
ညီမရဲ့လည်ပင်းညှစ်
ဖမ်းပိုင်ခွင့်ရှိတဲ့ခေတ်
လူလာဖြစ်ရတာကိုက
လူဖြစ်ရှုံးလှပြီ...

ကျောင်းသားကို
သူတောင်းစားက ဂုတ်ခဲ
တုတ်ဆွဲပြီး ရိုက်လိုရိုက်
ခွေးနဲ့ရှူးတိုက်တဲ့ခေတ်
လူလာဖြစ်ရတာကိုက
လူဖြစ်ရှုံးလှပြီ...

သူခိုးတွေအုပ်ချုပ်
ဂျပိုးတွေ လူမိုက်လုပ်
အာဏာရှင်လက်ကိုင်တုတ်တွေနဲ့
ဘရုတ်ဘရက်ခေတ်
လူလာဖြစ်ရတာကိုက
လူဖြစ်ရှုံးလှပြီ...

လူကို ခွေးကိုက်
လူမိုက်တွေ ကောင်းစား
သူတောင်းစားက နန်းတက်
အခန်းပျက်နေတဲ့ခေတ်
လူလာဖြစ်မှတော့
လူ့အခွင့်ရေးပါမက
လူဖြစ်ပါရှုံးလှပြီ...

ညီမလးရေ...
ခံပြင်းသမျှ
အံတင်းထားလိုက်ပါအုံးကွယ်...

Koko Kokomg 

No comments:

Post a Comment