ကျွန်တော် ဆရာဦးဌေးကြွယ်အကြောင်းပြောတော့
ဆက်စပ်ပြီးပြောရမယ့်သူတစ်ယောက်အကြောင်း ပေါ်လာ တယ်။ သူကတော့
စောရောဂျယ်ဆိုတဲ့ ကရင်လူမျိုးတစ်ယောက်ပါ။ စောရောဂျယ်က
တိုက်နယ်ဆေးရုံကြီးမှာ သန့်ရှင်းရေး။ ဒါပေမဲ့ နှစ်ပေါင်းများစွာဆေးရုံမှာ
တာဝန်ထမ်းလာပြီး ဆရာဝန်ကြီးတွေ မလုပ်ချင်တဲ့ အလုပ်တွေ အားလုံး
သူလုပ်ပေးရာကနေ ကျွမ်းကျင်လာတာ။
ဆရာဝန်ကြီးတွေက ရဲမှုခင်းအရ လူသေအလောင်းတွေလာပို့လို့ မစစ်ချင်ရင်
စောရော်ဂျယ်ကစစ်၊ ပြီးရင် တွေ့တာကိုပြော၊ ဆရာဝန်ကမှတ်ချက်ရေး
လက်မှတ်ထိုးပေးလိုက်တာပဲ။ အဲဒီတာဝန်တွေကို ခေတ်အဆက် ဆက် လုပ်လာတာဆိုတော့
ဆရာဝန်ကြီးတွေက ခွဲစိတ်ရင်တောင် ခွဲစိတ်ခန်းအကူနဲ့ လုပ်ပေးရတာလည်း ရှိတယ်။
နောက်ဆုံးဆရာဝန်ကြီးတွေက ဘယ်လောက်အထိ စောရော်ဂျယ်ကို ယုံသလဲဆိုရင်
နောက်ဆုံး အဆင့် ခွဲစိတ်ထားတာတွေကို ပြန်ချုပ်ဖို့အတွက် သူ့ကိုထားပြီး
ခွဲစိတ်ခန်းထဲက ထွက်လာတာမျိုးတွေတောင် ရှိတယ်။