#အမေရိကန် အမျိုးသားစောင့်ကြည့်ရေးအေဂျင်စီ၏ သတင်းအချက်အလက်များ သိမ်းဆည်းရာဌာနသို့ သမ္မတအိုဘားမားသွားရောက်လည်ပတ်ရာ ပထမဦးစွာ ဘောလုံးကွင်းအရွယ်ရှိ အဆောက်အဦးတစ်ခုသို့ရောက်ရှိသွားသည်။
အိုဘားမား - ဒီအဆောက်အဦးက ဘာလုပ်တာတုန်း???
အရာရှိ - ဒါက ကျနော်တို့ အင်တာနက်က လိုအပ်မယ်လို့ ထင်တဲ့ သတင်းအချက်အလက်တွေကို သိမ်းထားတာပါ။
အိုဘားမား - သြော်.. အတော်များများ သိမ်းထားတာပဲ.. ကောင်းပါ့။ ဒါနဲ့ အဲဒီဘေးက ၅ထပ်တိုက်ကြီးက..???
အရာရှိ - အဲဒါက ကိုယ်ပုံကိုယ်ရိုက်တင်တဲ့ဓာတ်ပုံတွေ၊ ကိုယ့်စတေးတပ်၊ ကိုယ့်ဓာတ်ပုံပြန် Like လုပ်တာတွေကို အချက်အလက်တွေရှာဖွေရင် မရှု့ပ်အောင် သပ်သပ်ဖယ်ထားတာပါ။
အိုဘားမား - သြော်.. သူက ၅ ဆလောက်တောင် ပိုများနေတာပါလား။ ဒါနဲ့ သူ့အနောက်က အကြီးဆုံး အဆောက်အဦးကြီးက ရုံးချုပ်နဲ့ဝန်ထမ်းတွေအားလုံးနေတဲ့ နေရာလား??
အရာရှိ - အောက်ဆုံးအထပ်ကတော့ ရုံးချုပ်အပါအဝင် ဝန်ထမ်းအားလုံးနေတဲ့ နေရာပါ။ အပေါ် ၄၉ ထပ်ကတော့ မြန်မာနိုင်ငံဖေ့ဘွတ်ဒေတာတွေကို သပ်သပ်ဖယ်ထားတာပါ။ သူက ရှာရဖွေရတာ ရှုပ်လို့ပါ...
အိုဘားမား - ဟေ....
Credit-No Name

#ခေတ်သစ်စကားစုများ
ငါတို့တွေ ကမ်းခြေတွေမှာတိုက်မယ်။ လေယာဉ်ကွင်းတွေမှာတိုက်မယ်။ ကွင်းပြင်တွေမှာတိုက်မယ်။ လမ်းတွေထဲမှာတိုက်မယ်။ တောင်ကုန်းတွေပေါ်မှာတိုက်မယ်။ ငါတို့ဘယ်တော့မှ လက်နက်မချဘူး။
(ဝင်စတန်ချာချီ)
ဓာတ်ပုံတင်လည်းဆဲမယ်။ note ရေးလည်းဆဲမယ်။ လင့်ရှဲလည်းဆဲမယ်။ သတင်းရေးလည်းဆဲမယ်။ ဆဲစရာမရှိရင် ကိုယ့်ဝေါ်ပေါ်မှာ ကိုယ်ဆဲမယ်။ ငါတို့ဘယ်တော့မှ အဆဲမရပ်ဘူး။
(အွန်လိုင်းဖိုက်တာများ)

#မိန်းမ တစ်ယောက် အထပ်၂၀မြင့်တဲ့ တိုက်ခန်း တစ်ခုရဲ့ အပေါ်ဆုံးအထပ်မှာ အခြားယောက်ကျား တစ်ဦးနဲ့ ဖောက်ပြန်နေတယ် .. ခဏအကြာမှာ သူ့ ယောက်ကျား ပြန်လာသံကိုကြားတော့ သူ့ ချစ်သူ ကို စက်ရုပ်လို ငြိမ်ငြိမ်လေး ရပ်နေဖို့ ပြောလိုက်တယ် .. သူ့ ယောက်ကျားလဲ အခန်းထဲ ၀င်လာရော အဲလူကို လက်ညှိုးထိုးပြီးမေးတယ် ..
ယောက်ကျား - အဲဒါ ဘာကြီးလဲ ??
မိန်းမ - ရှင် ခရီးသွားတုန်း ကျမ ဆန္ဒတွေ ဖြေဖျောက်ဖို့ ဝယ်ထားတဲ့ စက်ရုပ်လေ ..
ယောက်ကျား - အော် .. ဟုတ်လား .. ထားလိုက်ပါတော့ .. ငါ အခု အချစ်စိတ်တွေ အရမ်းနိုးကြွနေတယ် .. မင်းနဲ့ ချစ်တင်းနှောကြရအောင် ..
မိန်းမ - ဒီနေ့ တော့ အဆင်မပြေသေးလို့ နားလိုက်ပါမောင်ရယ် .. ကျမ မောင့် အတွက် ကော်ဖီသွားဖျော်ပေးမယ်နော် ..
အဲလိုပြောပြီး မိန်းမထွက်သွားတော့ ယောက်ကျားတစ်ယောက်ထဲ တင်းပြီးကျန်ခဲ့တယ် .. ဒီတော့ မထူးပါဘူးဆိုပြီး ဒီ အရုပ်ကြီးကို ပဲ အာသာဖြေလိုက်တော့မယ် ဆိုပြီး အရုပ်ကြီးနားကပ်လာတော့ ဟိုလူလဲ အလန့် တကြားနဲ့ စက်ရုပ်အသံလုပ်ပြီး ..
" System Error Wrong Hole .. System Error Wrong Hole" လို့ အော်တယ် ..
အဲတော့ ယောက်ကျားဖြစ်သူ က တင်းသည်ထက်ပိုတင်းသွားပြီး ဒီသောက်သုံးမကျတဲ့ အရုပ်ကြီးကို ပြတင်းပေါက်ပစ်ချမယ် လုပ်တော့မှ ဟိုလူက ...
" Software Updated .. Try Again " လို့ အော်လိုက်တယ် ..
တိန်~~
Credit > Thor DgnOne Alumnus

No comments:
Post a Comment