YoYarLay with Bo Myint Naing and 2 others
အမေရိကန်မှာ ကြီးမားတဲ့ တီထွင်မှုတွေကို ပြုလုပ်နိုင်တာ MIT အပြင် အခြားသော တက္ကသိုလ်များစွာ ပါဝင်ပါသေးတယ်။ ယင်းထဲမှာ တစ်ခုကတော့ Florida International University ဖြစ်ပြီး ထိုကျောင်းမှ အင်ဂျင်နီယာ ကျောင်းသား များဟာ ရဲတွေကို အစားထိုးနိုင်မယ့် စက်ရုပ်များကို တီထွင်ပြသ ခဲ့ပါတယ်။ ယင်းစက်ရုပ်များကို ၂၀၁၆ ခုနှစ်မှာ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ သူ့ကို Telebot လို့ အမည်ပေးထား ပါတယ်။
ပထမဆုံး ခြေလမ်း ကတော့ လမ်းတွေမှာ စောင့်ကြပ်တဲ့ ရဲ ဖြစ်ပြီး ကား ပါကင်ထိုးသူများကို စစ်ဆေးခြင်း၊ လိုင်စင် နံပါတ်များကို တောင်းကြည့်ခြင်း တို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ လက်နက် တပ်ဆင်မှုကတော့ စမ်းသပ်မှု အောင်မြင်ပြီးမှ ထည့်သွင်းမှာ ဖြစ်ပါတယ်။ သူတို့ဟာ အနီးစပ်ဆုံး ဘယ်သူတွေနဲ့ တူလဲဆို robocop တို့နဲ့ တူမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာသာ မြင်တွေ့ခဲ့ရတဲ့ Robocop များနဲ့ တူပြီး မတူတာ တစ်ခုကတော့ သူဟာ လူတွေနဲ့ လည်ပတ်စရာမလိုပဲ စက်ရုပ်ကိုယ်တိုင် သွားလာမှာ ဖြစ်ပါတယ်။ အရပ်ကလည်း ၆ ပေ ရှိပါတယ်။ လူမပါပေမယ့် လူရဲ့ ထိန်းချုပ်မှုနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်။
ပင်စင်ယူသွားတဲ့၊ တိုက်ပွဲကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းသွားတဲ့ ရဲများကို အလုပ် နေရာ ပေးစရာ နေရာ တစ်ခုအဖြစ် Control Center တစ်ခုမှာ ပေးထားပြီး တစ်ယောက်ကို စက်ရုပ် တစ်ရုပ်နှုန်းနဲ့ ထိန်းချုပ်မောင်းနှင်စေမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ စက်ရုပ်မှာ လက်နက်များ တပ်ဆင်မှာ ဖြစ်တာကြောင့် သင်တန်းများလည်း ထပ်ပေးအုံးမှာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ စက်ရုပ်ရဲ တီထွင်အောင်မြင်မှုဟာ ကမ္ဘာက စောင့်ကြည့်သူများ အတွက် သတိထားစရာ ဖြစ်လာခဲ့ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
#aungkham_yyl
#tech_yyl
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
#aungkham_yyl
#tech_yyl
No comments:
Post a Comment