Wednesday, January 28, 2015
"Student Union"
၁) "ကျောင်းသားသမဂ္ဂ" ဆိုတဲ့အသုံးအနှု န်းရယ်...၊ ၂) သမိုင်းဝင် အဆောက်အဦကို ပြန်လည်ဆောက်လုပ်ခွင့်ရယ်...၊ ၃) တပြည်လုံး တက္ကသိုလ်တိုင်းမှာဖွဲ့ စည်းခွင့်ရယ်...၊ စတဲ့ right to association နဲ့ right to participation ကို ခြွင်းချက်မရှိ ခွင့်ပြုတယ်ဆိုရင် ကျောင်းသား သပိတ်အောင်မြင်တယ် ပြောရမယ်...
ဒါကို မရဘဲနဲ့ အခြားဟာတွေ ရလည်း အောင်မြင်တယ်လို့ မဆိုနိုင်ဘူး...အခြားသော တောင်းဆိုချက်တွေက စီမံခန့် ခွဲမှု ဆိုင်ရာ အစ်ရှူးတွေ (Financial Management, Organizational Management, Educational Management etc.) ပါနေတယ်...အစိုးရဘက်မှာ လုပ်ဆောင်ပေးချင်သော်ငြား...အကန့် အသတ်အတားအဆီးတွေရှိနေနိုင်တယ်...ဒီစီမံခန့် ခွဲမှု အစ်ရှူးတွေမှာ trade-offs အလျော်အစားတွေ ရှိမယ်..ဒါပေမယ့်..."ကျောင်းသားသမဂ္ဂ" ဆိုတဲ့စကားလုံးကို အစိုးရရုံးတွေမှာ၊ တက္ကသိုလ်နဲ့ ကျောင်းသင်ရိုးစာအုပ်တွေမှာ၊ အစိုးရသတင်းစာနဲ့ မီဒီယာတွေမှာ မြင်တွေ့ ရအောင်၊ ကြားရအောင် လုပ်ဖို့  က ဘာအလျော်အစားမှရှိတဲ့ကိစ္စမဟုတ်...ဒါကိုအရင်လုပ်ဖို့ လိုနေတာ... ဒါကနေမှ တဆင့် ကျန်တာတွေကို ဆက်လုပ်ရမှာ..."ကျောင်းသားသမဂ္ဂ" ဆိုတဲ့စကားလုံးဟာ ဘောင်းဘီချွတ်တွေအတွက် ထမင်းလုံးတစ္ဆေဖြစ်ဆဲလား က အဓိက မေးခွန်းပဲ....ဖက်ဒရယ် ဆိုတဲ့စကားလုံးကိုတောင် လက်ခံနိုင်သေးရင် ဒီ "ကျောင်းသားသမဂ္ဂ" ဆိုတာကို ဘာကြောင့် ကြောက်ရွံ့ နေသလဲ က ဒီ သပိတ်ရဲ့ အဓိက မေးခွန်း....
No comments:
Post a Comment