၆ နှစ်အရွယ် သမီးလေး တစ်ဦးဟာ ဗြိတိန်က Southern Rail ဆီကို စာ ပို့ပါတယ်။ သူ့စာကတော့ မြန်မာလို ဆီလျော်သလို ဘာသာပြန်ရင် အောက်ပါ အတိုင်း ဖြစ်ပါတယ်။
"ဘူတာရုံက တာဝန်ရှိသူများရှင်.
သမီး ဒယ်ဒီဟာ အမြဲ အိမ်ပြန်နောက်ကျပါတယ်။ သူ့ကို အရမ်းသတိရပါတယ်။ ဘာလို့လဲဆို သူက သမီးကို အိပ်ရာဝင်ချိန် လာမကြည့်ပေးလို့ပါ။ သမီးဝမ်းနည်းမိပါတယ်။ ကျေးဇူးပြုပြီးတော့ သူ့ကို အချိန်မှန် အိမ်ရောက်အောင် ပို့ပေးပါ။
သမီးကို ဒစ်စနေးပန်းခြံ လိုက်မပို့နိုင်တာကလည်း သမီးဖေဖေရဲ့ ပိုက်ဆံတွေကို ဦးတို့ ရထားက ယူကုန်တာကြောင့်လို့လဲ ပြောပါတယ်။ သမီး ဒစ်စနေးပန်းခြံကိုလည်း သွားချင်ပါတယ်"
ကလေးမလေး Ella Porter ရဲ့ အဖေဟာ Shoreditch ကို သွားပြီး ရုံးတက် အလုပ်လုပ်ဖို့အတွက် တစ်နှစ်ကို ဗြိတိန်ပေါင် ၄၀၀၀ လောက်ကို ရထားစီး စရိတ်မှာ အသုံးပြုနေရသတဲ့။ ဒါ့အပြင် London Bridge ဖြတ်သန်းတဲ့ Southern နဲ့ Network Rail ရထားများဟာ အကြောင်း အမျိုးမျိုးကြောင့် နောက်ကျ နေ ပါတယ်။
ကလေးမရဲ့ စာကို ရရှိတဲ့ စာက မီဒီယာကို ပေးခဲ့ပြီး မီဒီယာမှ စာရရှိသူတစ်ဦးဟာ ရထားပုံနဲ့ ယခုလို ပုံဖန်တီးလို့ ဗြိတိန်က လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေမှာ မျှဝေလိုက်တော့ လူကြိုက်များပြီး သနားဂရုဏာ သက်စရာ ကောင်းတဲ့ အကြောင်းအရာလေး ဖြစ်လာပါတယ်။
ဒါကြောင့် Southern Rail Network မှ ရထားများကို မြန်ဆန်အောင်နဲ့ အကုန်ကျ သက်သာအောင် စဉ်းစားပေးရန် အခြေအေန တစ်ခုအထိ ရောက်ရှိခဲ့ ပါတယ်။
No comments:
Post a Comment