Friday, January 23, 2015

တရုတ်ကလာတဲ့ (အသားတု)



Social Action for Women - SAW added 2 new photos.
လားရှိုးမြို့ ကိုရင်တစ်ပါး တရုတ်ကလာတဲ့(အသားတု)စားမိပြီး (၁၅.၁.၂၀၁၅)ဆေးရုံတင်ထားခဲ့သည်။
(၁၇.၁.၂၀၁၅)ညနေ(၄း၀၀)ကုသခြင်းမရ သောကြောင့်ပျံလွန် တော်မူခဲ့ကြောင်းသိရှိရပါသည်။
သတင်းတင်ထားသူက အကြောင်းစုံရေးသားဖေါ်ပြထားခြင်းမရှိပါ၊ အသားတုစားပြီး အဆိပ်တက် ခဲ့ကြောင်း ဖေါ်ပြထားသဖြင့် သတ်သတ်လွတ်သမားများအတွက် ပြုလုပ်ထားသည့် အသားတု များတွင်းမှ မသန်း၇ှင်းသော အဆိပ်ဖြစ်စေမည့် ဓါတု ဓါတ်ပေါင်းများပါလာ ခြင်းဖြစ်နိုင်သည်။

တရုတ်နိုင်ငံအတွင်းမှာပင် အစိုးရခွင့်ပြုချက်မရဘဲ ခိုး၍ ထုတ်လုပ်နေသည့် အသားတုစီးပွား လုပ်ငန်းများအများအပြား၇ှိနေပြီး စံချိန်မမှီခြင်း ပြည်သူမျာ စားသောက်ပြီးနောက် အဆိပ်တက်ခြင်း တို့ ကြောင့် တရုတ်အစိုးသည်ပင် ၂၀၁၃ ခုနှစ်အတွင် လူပေါင်း ၉၀၀ကျော် ဖမ်းဆီးအရေးယူနေခဲရပါသည် ။
အဆိုပါ တရားမ၀င် အသားတု ထုတ်နေသည့် စီးပွားရေးသမားများ၏ ဈေးကွက်မှာ နယ်စပ် လမ်းကြောင်းများမှတဆင့် မြန်မာနိုင်ငံတွင်းသို့  ဈေးနုံးနည်းနည်းဖြင့် ရောင်းချ နေကြခြင်းဖြစ်သည်။
ရောဂါပေါင်းစုံအတွေ့ ကြုံရှိနေပြီးဖြစ်သည့် မြန်မာပြည်သားတို့ အဖို့  ဈေးကြီးသော သားငါးများ ၀ယ်မစားနိုင်ကြသဖြင့် တရုတ်အသားတုများဖြင့်သာ အာသာဖြေနေကြရသည်ကို အန္တရယ်မရှိဟု ပေါ့ပေါ့တန်တန်မတွေးကြဘို့ လိုပါသည်။
အသားတုများအားလုံး အဆိပ်၇ှိနေသည်မဟုတ်ဘဲ အသားတုတွင်း ဖြစ်ပေါ်နေသည့် မသန့် ရှင်းသော အဆိပ်ဓါတ်ဖြစ်ပေါ်နေသည့် စုံးပြူး အသားတုတွင်းပါလာတတ်ပါသည်။
ယခုတလော တရုတ်နိုင်မှဝင်ရောက်လာသော ၀က်အသားများသည် ပင် တရုတ်နိုင်ငံတွင် ရောဂါကြောင့်သေဆုံးသည့် သက်များကို ရေခဲရိုက်၍ မြန်မာနိုင်ငံတွင်းသို့  တင်သွင်းနေသည် ဟုသိရသဖြင့် စာသုံးသူများ အနေနှင့် သတိထားကြရန် လိုအပ်ပါသည်။
Saihark Hark

No comments:

Post a Comment