လောက၌ မည်သည့်အ ရာမျှ အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ ဖြစ်ရပ်တိုင်း ဖြစ်ရပ်တိုင်းတွင် ယင်းဖြစ်ရပ်ကို ဖြစ်ထွန်း ပေါ်ပေါက်စေသော အကြောင်းတရားများ ရှိသည်သာဖြစ်ပါ၏။ အကြောင်းမဲ့ အကျိုး တရားဟူ၍ မရှိပါချေ။
ပုထုဇဉ်လူသားတို့နှင့် အမြဲမပြတ် ထိတွေ့ဆက်ဆံနေရသော လောကဓံတ ရား ရှစ်ပါးရှိပါသည်။ ထိုလောကဓံတရား ရှစ်ပါးမှာ
(၁) လာဘ်ရခြင်း၊
(၂) လာဘ်နည်း ခြင်း၊
(၃) အခြံအရံများခြင်း၊
(၄) အခြံအရံ နည်းခြင်း၊
(၅) ကဲ့ရဲ့ခံရခြင်း၊
(၆) ချီးမွမ်းခံရ ခြင်း၊
(၇) ချမ်းသာခြင်း၊
(၈) ဆင်းရဲခြင်းတို့ ဖြစ်ပါ၏။
(၂) လာဘ်နည်း ခြင်း၊
(၃) အခြံအရံများခြင်း၊
(၄) အခြံအရံ နည်းခြင်း၊
(၅) ကဲ့ရဲ့ခံရခြင်း၊
(၆) ချီးမွမ်းခံရ ခြင်း၊
(၇) ချမ်းသာခြင်း၊
(၈) ဆင်းရဲခြင်းတို့ ဖြစ်ပါ၏။
မည်သည့် လောကဓံတရားမျှ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အ ကြောင်းမဲ့ ဖြစ်ပေါ်လာသည် မဟုတ်ချေ။ လာဘ်ရခြင်းတွင်လည်း လာဘ်ရစေသော အကြောင်းရင်းတို့ ရှိသကဲ့သို့ လာဘ်နည်း ခြင်းတွင်လည်း လာဘ်နည်းစေသော အ ကြောင်းရင်းတို့ ရှိပါလိမ့်မည်။ ထို့အတူ အ ခြံအရံများခြင်းတွင် အခြံအရံများစေသော အကြောင်းရင်းတို့ရှိသကဲ့သို့ အခြံအရံနည်း ခြင်းတွင်လည်း အခြံအရံနည်းစေသော အ ကြောင်းရင်းတို့ ရှိပါလိမ့်မည်။
အထက်ပါဓမ္မပဒတွင် အနှိုင်းမဲ့ သိတော်မူ မြင်တော်မူသော မြတ်စွာဘုရား သည် ချမ်းသာစေသော အကြောင်းတရား များကို ဟောကြားတော်မူခဲ့ပါသည်။ ထိုအ ကြောင်းတရားများကို ဖြည့်ဆည်းလိုက်နာ သော် ချမ်းသာမှုကို ရနိုင်ပေမည်။ ဤတွင် ချမ်းသာမှုဟူသည်မှာ ဓနဥစ္စာ ကြွယ်ဝမှုကို သာ ဦးတည်ဆိုလိုခြင်းမဟုတ်ပါ။
စိတ်ကြည် လင်ချမ်းသာမှုကိုပါ ဆိုလိုခြင်းဖြစ်ပါ၏။ ရုပ် ပိုင်းချမ်းသာမှုနှင့် စိတ်ပိုင်းချမ်းသာမှုဟူ၍ နှစ်မျိုးရှိရာ ဓနဥစ္စာသာ ချမ်းသာပြီး တပူ ပင်ပင်၊ တကြောင့်ကြကြနှင့် စိတ်မချမ်းသာ သော် ထိုသူကို ချမ်းသာသည်ဟု ဆို၍မရ ပါ။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွင် အလွန်အမင်း ဆင်းရဲချို့တဲ့ နွမ်းပါးလွန်းနေလျှင်လည်း စိတ် ချမ်းသာမှုကို ရနိုင်ရှာမည်မဟုတ်ပါ။ သို့တ စေ ထိုချမ်းသာနှစ်မျိုးတွင် စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုက ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှုထက် ပိုမို၍ အမွန်အမြတ်ပြုဖွယ် တန်ဖိုးထားဖွယ် ဖြစ်ပါ၏။

အချို့သူများသည် ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသည့်တိုင် စိတ်မချမ်းသာ ကြ။ ထိုသို့ဖြစ်ရသည်မှာ အပြစ်မကင်းသော မိစ္ဆာအာဇီဝနည်းဖြင့် လောဘဇောတိုက် ကာ ရှာဖွေထားသောကြောင့် ပစ္စည်းဥစ္စာ တို့ဖြင့် ပြည့်စုံကုံလုံလင့်ကစား အထက်ပါ ချမ်းသာကို ဖြစ်စေတတ်သော သီလ၊ သဒ္ဓါ တရား၊ ပညာတို့တွင် အားနည်းသောကြောင့် ဖြစ်ပါ၏။
အချို့သူတို့သည် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမှုမရှိ။ သို့တစေ အလွန်အ မင်း ဆင်းရဲကျပ်တည်းလွန်းမှုတော့မရှိ။ ထို သူတို့သည် သမ္မာအာဇီဝမှုဖြင့် ရှာဖွေရရှိ တာကလေးနှင့် ခြိုးခြိုးခြံခြံ မျှမျှတတ နေ ထိုင်ကာ စိတ်အေးချမ်းသာနေသူများလည်း ရှိပါသည်။ ထိုသူတို့သည် ဓနဥစ္စာ ကြွယ်ဝ ချမ်းသာမှုမရှိသည့်တိုင် သီလ၊ သဒ္ဓါတရား၊ ပညာတို့တွင် သက်ဝင်သောကြောင့်
ဖြစ်ပါ၏။
ဖြစ်ပါ၏။
အထက်ပါအဆုံးအမ တော်တွင် မြတ်စွာဘုရားက သီလနှင့်ပြည့်စုံခြင်း၊ သဒ္ဓါ
တရားရှိခြင်း၊ ဥာဏ်ပညာရှိခြင်း၊ မကောင်းမှုကိုမပြုခြင်းတို့
သည် ချမ်းသာစေ၏ဟု ဟောတော်မူခဲ့ပါ၏။ သီလသည် ဗုဒ္ဓဘာ
သာဝင်တို့၏ ကျင့်စဉ်ကြီးများတွင် အခြေခံ အုတ်မြစ်ဖြစ်ပါ၏။ သီလမလုံခြုံသော် သမာ ဓိမတည်နိုင်။ ပညာဥာဏ် အလင်းရောင် ရဖို့ကား မမျှော်လင့်နိုင်။ မြတ်စွာဘုရားက ဗာဟီရသုတ္တန်ဒေသနာတော်တွင် အယူအ မြင်မှန်ကန်ခြင်းနှင့် သီလစင်ကြယ်ခြင်းသည် ကုသိုလ်ကောင်းမှုတို့၏ အဦးအစဟု ဟော တော်မူခဲ့ပါသည်။ အချို့က သီလဟူသည် ဥပုသ်နေ့များတွင်သာ ဆောက်တည်နေ သော ရှစ်ပါးသီလကို ဆိုလိုသည်ဟု ထင် မှတ်မှားလျက်ရှိပါ၏။ စင်စစ် သီလနယ် ပယ်သည် ဤမျှမကပါ။ စင်စစ် သီလဟူ သည် အမြဲစောင့်ထိန်းနေရမည့် ကိုယ်ကျင့် တရားဖြစ်ပါ၏။

သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ သူတစ်ပါးသားမယားကို ပြစ်မှား ခြင်း၊ မုသားစကား ပြောဆိုခြင်း၊ သေရည် အရက်သောက်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း ဟူသော ငါးပါးသီလသည် နိစ္စသီလဖြစ်ပါ သည်။ အမြဲ စောင့်ထိန်းကျင့်သုံးနေရမည့် ကိုယ်ကျင့်တရားဖြစ်ပါ၏။ ထို့ပြင် သေရည် အရက်၊ အဆိပ်၊ လက်နက်၊ အသား၊ လူ ရောင်းဝယ်ခြင်းဟူသော မိစ္ဆာအာဇီဝ ငါး မျိုးမှ ရှောင်ကြဉ်ပြီး သန့်ရှင်းစင်ကြယ်စွာ အသက်မွေးခြင်းသည်လည်း သီလပင်ဖြစ်ပါ ၏။ ဆိုရသော် မိမိကို အကြောင်းပြုလျက် လူနှင့် သက်ရှိသတ္တဝါတို့ ဆင်းရဲဒုက္ခရောက် စေသော ပြုမူဆောင်ရွက်ချက် မှန်သမျှကို ရှောင်ကြဉ်ခြင်းသည် လူ့ကျင့်ဝတ်ဖြစ်ပါ၏။
စင်စစ် ကံငါးပါး လုံခြုံခြင်းဟူ သောသီလသည် လူ့တန်ဖိုးဖြစ်ပါ၏။ လူ့ ဂုဏ်သိက္ခာ၏ အရင်းအမြစ်လည်း ဖြစ်ပါ၏။ တရားစောင့်သူကို တရားက ပြန်လည်စောင့်ရှောက်တတ်ပါ၏။ သီလနှင့် ပြည့်စုံသောသူကို သူဆောက်တည်သော သီလက ပြန်လည်စောင့် ရှောက်ပါလိမ့်မည်။
မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ် နာအောင်၊ ဆင်းရဲဒုက္ခရောက်အောင် မပြု လုပ်ခဲ့သောကြောင့် သီလနှင့်ပြည့်စုံသူတွင် မုန်းသူဟူ၍မရှိ။ ချစ်ခင်လေးစားသူတွေ သာရှိပါသည်။ မည်သည့် မကောင်းမှုကိုမျှ မပြုခြင်းသည် ဘဝတွင် မလိုလားအပ်သော ဆုံးရှုံးပျက်သုဉ်းမှုများမှ ကာကွယ်သော ဘဝ ၏ အကောင်းဆုံး ကာကွယ်ရေး ဥပဒေသ ကြီးလည်း ဖြစ်ပါ၏။ သီလကိုလုံခြုံအောင် စောင့်ထိန်းသော်
မိမိ၏လိုအင်ဆန္ဒများ ပြည့်ဝလာနိုင်မည် ဖြစ်ကြောင်း ကျေးဇူးရှင်ကုံလုံဆရာတော်ကြီး က ဤသို့မိန့်တော်မူခဲ့ပါ၏။
မိမိ၏လိုအင်ဆန္ဒများ ပြည့်ဝလာနိုင်မည် ဖြစ်ကြောင်း ကျေးဇူးရှင်ကုံလုံဆရာတော်ကြီး က ဤသို့မိန့်တော်မူခဲ့ပါ၏။
''မိမိက ဘာကံမှ တကယ်တမ်း လုံခြုံအောင်မစောင့်ထိန်းနိုင်ဘဲနဲ့ သူများဆီ သွားတောင်းနေလို့ကတော့ အပိုပဲ။ ဘုန်းကြီး က တည့်တည့်ပြောနေတာနော်။ တချို့က ပြောကြတယ်။ တို့များ သူရသလိုရချင်တယ်၊ သူဖြစ်သလို ဖြစ်ချင်တယ်တဲ့။ အဲဒီလိုရချင် ဖြစ်ချင်ရင် ကံငါးပါးကို တကယ်လုံခြုံအောင် စောင့်ထိန်း။
တကယ်ဖြစ်ချင်ရင် တကယ် လုပ် အဟုတ်ဖြစ်ရမယ် ဆိုတယ်မဟုတ်လား။''
သဒ္ဓါတရားနှင့်ပတ်သက်၍ လူ အတော်များများက အလှူကြီးပေးလှူသူကို သာ သဒ္ဓါတရားရှိသူဟု ထင်မှတ်တတ်ကြပါ ၏။ စင်စစ် သဒ္ဓါတရားဟူသည် ရတနာသုံး တန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း ကို ဆိုလိုပါသည်။ ကျေးဇူုးတော်ရှင်အရှင် ဇနကာဘိဝံသဆရာတော်ကြီးက ''မြန်မာ တွေက အလှူဒါန ကြီးကြီးကျယ်ကျယ်ပေး လှူမှ သဒ္ဓါတရားရှိတယ်လို့ယူဆတယ်။ သဒ္ဓါ တရားဆိုတာ ရတနာသုံးပါးကို နှစ်နှစ်ကာ ကာ ယုံကြည်တာကို သဒ္ဓါတရားရှိသူလို့ဆို ရပါတယ်''ဟု မိန့်တော်မူခဲ့ပါ၏။

အင်္ဂုတ္တရ ပါဠိတော် တတိယ၊ စာမျက်နှာ(၁၈၁)တွင် မြတ်စွာဘုရားက အထက်တန်းစားဗုဒ္ဓဘာ သာဝင်တို့၏ သွင်ပြင်လက္ခဏာငါးရပ်ကို ဟောကြားတော်မူခဲ့ပါသည်။ ထိုငါးရပ်တွင် ပထမအချက်မှာ ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာ ယုံကြည်ခြင်းဖြစ်ပြီး စတုတ္ထ အချက်မှာ လောကီမင်္ဂလာကို မယုံကြည် ဘဲ ကံကိုသာ အနှစ်သာရအားဖြင့် ယုံကြည် ခြင်းဖြစ်ပါ၏။
ဗုဒ္ဓ ဓမ္မ သံဃ ဟူသော ရတနာ သုံးပါးအပေါ်၌ စွဲစွဲမြဲမြဲယုံကြည်သူသည် သဒ္ဓါတရားနှင့်ပြည့်စုံသူဖြစ်ပါ၏။ သဒ္ဓါတ ရားနှင့်ပြည့်စုံသူသည် စွမ်းနိုင်သမျှ မကောင်း မှုတွေကို ရှောင်ကြဉ်မည်။ စွမ်းနိုင်သမျှ ကု သိုလ်ကောင်းမှုတွေပြုသည်။
အတွင်းသန္တာန် ၌ သဒ္ဓါတရားတည်ကိန်းသောကြောင့် စိတ် နှလုံးကြည်လင်ဖြူစင်သည်။ စိတ်လည်းစင် ကြယ်၊ ကံလည်းစင်ကြယ်သောကြောင့် ထို သူ၏ ဘဝသည်လည်း စင်ကြယ်ငြိမ်းချမ်း လေတော့သည်။
ပညာဟူသည် အမှားနှင့်အမှန်၊ ဒုစရိုက်နှင့် သုစရိုက်၊ ကုသိုလ်နှင့်အကုသိုလ် ကို ကွဲကွဲပြားပြားသိနိုင်၏။ အမှန်တရားကို ကြည်ကြည်လင်လင် သိမြင်နိုင်စွမ်းရှိ၏။ ထိုးထွင်း၍လည်း သိတတ်၏။ သိအပ်သည် တို့ကို သိနိုင်စွမ်းလည်းရှိပါ၏။ စိတ်ကိုလည်း ဖြူစင်သန့်ရှင်းစေနိုင်စွမ်းရှိပါသည်။ စင်စစ် ပညာသည် ကုသိုလ်စေတသိက် ၂၅ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပါ၏။
တန်ဖိုးရှိသော ဘဝကောင်းဘဝ မွန်ကို တည်ဆောက်လိုသူတိုင်းသည် ပညာ ကို မြတ်နိုးရမည်။ ပညာကို အမြဲတစေရှာဖွေ သင်ကြားဆည်းပူးလေ့လာရမည်။ လောက ၌ ရုပ်ပိုင်းဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် သင် ကြားတတ်မြောက်အပ်သော ပညာရှိသကဲ့ သို့ စိတ်ပိုင်းဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် သင်ကြားဆည်းပူးအပ်သော ပညာလည်းရှိ ပါ၏။ လူအတော်များများသည် ဘဝအဆင့် အတန်းမြင့်မားရေးအတွက် တတ်အပ်သော 'ပညာ'ကိုသာ တန်ဖိုးထားလေ့ရှိပါသည်။ စိတ်ပိုင်းဘဝအတွက် လိုအပ်သောပညာကို မြတ်နိုးတန်ဖိုးထားစွာ ရှာဖွေရကောင်းမှန်း သိသူက နည်းပါးနေပါ၏။ ဘဝရပ်တည်ရေး အတွက် အထောက်အပံ့ပြုသော ပညာသည် လိုအပ်သကဲ့သို့ စိတ်ဖြူစင်သန့်ရှင်းမှုနှင့်ကိုယ် ကျင့်တရားကောင်းမွန်မှုအတွက် အထောက် အကူပြုသော ဓမ္မပညာလည်း လိုအပ်ပါ၏။ အထူးသဖြင့် ဗုဒ္ဓဓမ္မမှ ပေးအပ်သောပညာ ကား ပစ္စုပ္ပန်ဘဝအတွက်သာမက သံသရာ အတွက်ပါ နှစ်ဖြာကောင်းကျိုးကို သယ်ပိုး နိုင်သောကြောင့် ထိုပညာကို မြတ်မြတ်နိုးနိုး တန်ဖိုးထား လေ့လာဆည်းပူးအပ်ပါသည်။
ဗုဒ္ဓဓမ္မကို နာကြားခြင်း၊ ဖတ်ရှု ခြင်း၊ လေ့လာဖတ်မှတ်သင်အံခြင်းမှ ရအပ် သော အသိပညာသည် စိတ်နှလုံးကိုသန့်စင် ပြေလွင်စေပါ၏။ လောကဓံကို မှန်ကန်တည် ငြိမ်စွာ ရင်ဆိုင်နိုင်စေပါသည်။ လောကီ ပညာရပ်များသည် ဘဝရပ်တည်ရေးဆိုင် ရာ ရုပ်ပိုင်းဘဝဖွံ့ဖြိုးတိုးတက်ရေးကို ပေး စွမ်းနိုင်ပါ၏။ လောကုတ္တရာပညာရပ်ကား စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင် ကြဉ်းပေးပါ၏။ ထို့ကြောင့် မြတ်စွာဘုရား က ပညာသည် ချမ်းသာကိုဖြစ်စေ၏ဟု ဟောတော်မူခဲ့ခြင်းဖြစ်ပါ၏။
ဘုရားရှင်အသီးသီး၏ အဆုံး အမတော်သည် ''မကောင်းမှုရှောင် ကောင်း မှုဆောင် ဖြူအောင်စိတ်ကိုထား''ဟူ၍ဖြစ် ပါ၏။ လူတို့သည် နေ့စဉ်ပင်ကြံစည်၊ ပြော ဆို၊ ပြုမူဆောင်ရွက်ကြရာ ပြုသမျှကံသုံးပါး သည် ကောင်းမွန်ဖို့လိုပါသည်။ ကံသုံးပါး ကောင်းမှ အကျိုးပေးကောင်းပါလိမ့်မည်။ ကံ သုံးပါးမကောင်းလျှင် အကျိုးပေးမကောင်း။ မကောင်းတာ ကြံ၊ မကောင်းတာ ပြောဆို၊ မကောင်းတာ ပြုမူဆောင်ရွက်လျှင် မကောင်း ကျိုးတွေကိုသာ တွေ့ကြုံခံစားလာရပေမည်။ ထို့ကြောင့် မကောင်းမှုမှရှောင်ကြဉ်ခြင်းသည် ဘဝယ် မကောင်းတာတွေ ဖြစ်ပေါ်မလာနိုင် အောင် တားဆီးကာကွယ်ပေးပါသည်။

ဘဝဝယ် မကောင်းကျိုးတွေမခံ စားရမှသာ၊ မကောင်းတာတွေ ဖြစ်ပေါ်မလာ မှသာ စိတ်ပေါ့ပါးကြည်လင်ပါလိမ့်မည်။ စိတ်ရွှင်လန်းအေးချမ်းပါလိမ့်မည်။ စိတ် ချမ်းသာမှုသည် ဘဝဝယ် အကောင်းဆုံးဆု လာဘ်ကြီး ဖြစ်ပါသည်။ ထို့ကြောင့်လည်း မြတ်စွာဘုရားက မကောင်းမှုမပြုခြင်း သည် ချမ်းသာစေ၏ဟုဟောတော်မူခဲ့ခြင်း ဖြစ်ပါ၏။ ။
- မင်းနန်(မော်ကျွန်း) ရေးသားသည်။
|───────────Yangon Media Group ──────────|
|───────────Yangon Media Group ──────────|
No comments:
Post a Comment