သစ်ထူးလွင် |
- မြိုင်မြို့နယ်မှာ ယောက္ခမများကို ဓါးဖြင့်ခုတ်ပြီး နေအိမ်မီးရှို့မှု့ ဖြစ်ပွား
- တရုတ်နိုင်ငံတွင် ဖောက်ခွဲရေး ပစ္စည်းများဖြင့် ရန်လိုသူ ၆ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်
- တရားမ၀င် ဆေးဝါး ၁၀ မျိုး မသုံးစွဲကြရန် ကျန်းမာရေးဌာန ထုတ်ပြန်
- ခရမ်း-သုံးခွကားလမ်း ယာဉ်တိုက်မှု (၁)ဦးသေ၊ (၆)ဦးဒဏ်ရာရ
- ISIS စစ်သွေးကြွ များ၏ တိုက်ခိုက်မှုကြောင့် ကာဒစ်ရှ်လုံခြုံရေး တပ်ဖွဲ့ ဝင် ၂၆ ဦးသေဆုံး
- ကား ၅ စီးပေါ်ပါ ရိုဟင်ဂျာ ၁၀၀ နီးပါး ထိုင်းရဲ ထိန်းသိမ်း၊ ၁ ဦး သေဆုံး
- ကချင်ပြည်နယ်မှာ မိုးကြီး၊ စိုက်ခင်းဧက ၂ဝဝဝ ကျော်ပျက်စီး
- ဒေါ်အောင်ဆန်းစုကြည်၏ ယွန်းအုပ်လေလံ သိန်း ၂၆၀ ရရှိ
- အဲအေးရှားလေယာဉ် ပျံသန်းမှု မှတ်တမ်းတင်စက်ကို အောင်မြင်စွာ ဆယ်ယူနိုင်ပြီ
- စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဘောင်းဘီချွတ်ရထားစီးပွဲ ပြုလုပ်
- " ချစ်ချောနဲ့ ပွမ်ပွမ် တို့ရဲ့ ဘုရင်မင်းမြတ်နဲ့ အမတ် ဟာသပြကွက်" (ရုပ်/သံ)
- " ချစ်စရာ ( မန္တလေး) နဲ့ ဦးပေါစိန် တို့ရဲ့ ဟာသပြကွက်" (ရုပ်/သံ)
- ထိုင်းယာယီအလုပ်လုပ်ခွင့် ကဒ်ပြားသက်တမ်း မတ်လနောက်ဆုံး
- တောင်ငူမြို့ဈေးကြီးတွင် မပေါက်ကွဲ သေးသည့် လက်ပစ်ဗုံးတွေ့ရှိ
- ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ကားမှောက်၊ မြန်မာ ၃ ဦးသေဆုံး ၆ ဦးဒဏ်ရာရ
- မူးယစ်ဆေး သုံးစွဲမိတာ ဖခင်ရဲ့ဥပက္ခာပြုမှုတွေကြောင့်လို
့ ဖခင်ကို ပြစ်တင် ပြောဆိုလိုက်တဲ့...ဂျေစီချန်း - ပြင်သစ်အကြမ်းဘက်မှု ဆန့်ကျင်ပွဲ လူ ၄ သန်းကျော်ချီတက်
- ပျက်ကျ လေယာဉ် အမြီးပိုင်းမှာ black box မတွေ့
- ရန်ကုန်စတော့အိတ်ချိန်း ဖွင့်ဖို့ ပြင်ဆင်မှုတွေ လုပ်
- အမျိုးသား လွှတ်တော် ဥက္ကဌ ၈၈ ခေါင်းဆောင်များနဲ့ တွေ့ဆုံ
- ရွှေပြည်သာမြို့တွင် တို့ဆေးအသုံးပြု၍ လုယက်မှုဖြစ်
- ဖားကန့်မြို့ စွန့်ပစ်မြေစာပြိုကျမှု ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေ
- ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ထုတ်ပေးဖို့ ဆန္ဒပြ
- ANP ပါတီက နိုင်ငံတကာ နဲ့ မဆက်ဆံရေးမူ ချမှတ်
- ကချင်အဖွဲ့တွေ နဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးေ
တွ့ဆုံ
Posted: 12 Jan 2015 03:58 AM PST
ဇနီးဖြစ်သူ ထွက်သွားသည့် နေရာအား မပြောပြသည့် ယောက္ခမများကို ဓါးဖြင့်ခုတ်ပြီး နေအိမ်မီးရှို့သူအား အရေးယူထား နေပြည်တော်၊ ဇန်န၀ါရီ ၁၂ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ ကံကြီးတောကျေးရွာနေ တင်ထွန်းအောင်(၃၅)နှစ်သည် အရက်မူးပြီး နေအိမ်ခြံဝင်းတစ်ဝင်း တည်းနေ ယောက္ခမများဖြစ်သည့် ဦးစံထွေး(၇၁)နှစ်နှင့် ဒေါ်သိန်းရင်(၇၁)နှစ်တို့၏ နေအိမ်သို့ရောက်ရှိကာ လွန်
|
Posted: 12 Jan 2015 02:28 AM PST
တရုတ်နိုင်ငံ အနောက်ပိုင်းရှိ မွတ်စလင်အများစု နေထိုင်ရာ စင်ဂျန်းဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြိုခွင်းရေး လုပ်ဆောင်လျက်ရှိ နေရာ ယနေ့(ဇန်န၀ါရီ ၁၂ရက်)တွင် ရန်လိုတိုက်ခိုက်သူကို ၆ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာန က ဖော်ပြသည်။ စင်ဂျန်းပြည်နယ်မှ အစိုးရ သတင်းဌာန တခုဖြစ်သည့် တီယန်ရှန်း သတင်း ၀က်ဘ်ဆိုဒ်၏ ရေးသားချက်အရ ယင်းပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ထိခိုက်မှုမ
|
Posted: 12 Jan 2015 02:01 AM PST
တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ ကုမ္ပဏီထုတ် ဆေးဝါး ၁၀မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ တရားမ၀င်ဆေးဝါးတွေ ဖြစ်ကြောင်း စိစစ်တွေ့ရှိလို့ မသုံးစွဲကြဖို့ မြန်မာ ကျန်းမာရေး ၀န်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံ Shanghai Xiandai Hasen ကုမ္ပဏီထုတ် Analgin Injection ဆေး၊ Huazhong P’cal ကုမ္ပဏီထုတ် Hydrocortisone Injection, တရုတ်စာသားတွေနဲ့ဖော်ပြထားတဲ့ Erythormycin Ointment ဆေး၊ Shanxi
|
Posted: 12 Jan 2015 01:52 AM PST
အရှိန်မထိန်းနိုင်ဘဲ တံတားအုတ်ခုံအား တိုက်မိသဖြင့် (၁)ဦးသေ၊ (၆)ဦးဒဏ်ရာရ ရန်ကုန်၊ ဇန်န၀ါရီ ၁၂ ၁၁.၁.၂၀၁၅ ရက်နေ့ ၂၁၀၀ အချိန် သုံးခွမြို့နယ်၊ ခရမ်း-သုံးခွ ကားလမ်း အတိုင်း ခရမ်းမြို့နယ်ဘက်မှ သုံးခွမြို့နယ်ဘက်သို့ သာကေတမြို့နယ်နေ ယာဉ်မောင်း ကိုသန်းနွယ်ဦး (၄၂)နှစ်၊ မောင်းနှင်လာသော DD---- တိုယိုတာပရိုဘောက်စ် အငှားယာဉ်သည် သူကြီးပတုတ် ကျေးရွာ၊ မိုင်တိုင်အမှတ်(၄၁/၆)နှင့်(၄၁/
|
Posted: 12 Jan 2015 01:23 AM PST
အာဘီးလ် ၊ ၁၂-၁-၂၀၁၅ ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ မြောက်ပိုင်း Gwer ဒေသတွင်းရှိ ကာဒစ်ရှ် တပ်ဖွဲ့အား ရုတ်တရက် ဝင်ရောက် တိုက်ခိုက် ခဲ့ရာတွင် ကာဒစ်ရှ် လုံခြုံရေး တပ်ဖွဲ့ဝင် ၂၆ ဦး သေဆုံး သွားခဲ့ကြောင်း ဇန်နဝါရီ ၁ဝ ရက်တွင် လုံခြုံရေး အရာရှိ များက ပြောကြားသည်။ ISIS စစ်သွေးကြွ များသည် Zab မြစ်ကို လှေဖြင့် ဖြတ်ကူး၍ ကာဒစ်ရှ်ဒေသ မြို့တော် ဖြစ်သော အာဘီးလ်မြို့၏ အနောက် တောင်ဘက်မှ ၄ဝ ကီလိုမီတာ အ
|
Posted: 12 Jan 2015 12:41 AM PST
ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်မှာ ရဲက တရားမ၀င် ၀င်ရောက်မှု သံသယနဲ့ ကား ၅ စီးကို လိုက်လံဖမ်းဆီးရာ ကားပေါ်မှာ ရိုဟင်ဂျာ ၉၈ ဦးကို ထိန်းသိမ်းပြီး အဲဒီထဲက အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ကားတွေပေါ်မှာ ကြပ်ကြပ်ညပ်ညပ် လိုက်ပါလာခဲ့ကြတဲ့ ကျန်သူတွေဟာလည်း အစာ ရေစာပြတ်ပြီး နွမ်းနယ်နေကြတဲ့အတွက် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဟိုဆိုင်း ရဲစ ခန်း ဒုရဲမှူး ဆုမ်ဖွန်းေ
|
Posted: 12 Jan 2015 12:41 AM PST
ကချင်ပြည်နယ် မြို့အတော်များများမှာ ဒီလ ၈ ရက်နေ့ကစပြီး မိုးကြီးနေတာကြောင့် ဗန်မော်မြို့နယ်က စိုက်ခင်း ဧက နှစ်ထောင်ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ မိုးကြီးတဲ့အပြင် မိုးသီးတွေလည်း ကြွေကျခဲ့တာကြောင့် ဗန်မော်မြို့နယ် နောင်ကာ၊ ကောင်းဆင့်၊ မန်မလင်း၊ ရေလဲ စ တဲ့ကျေးရွာ (၇) ရွာက ဒေသခံတွေရဲ့ သီးနှံစိုက်ခင်း ဧကနှစ်ထောင်ကျော် ပျက်စီးခဲ့တယ်လို့ နောင်ကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြော
|
Posted: 12 Jan 2015 12:33 AM PST
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယွန်းအုပ်ကို လေလံတင်ခဲ့ရာ သိန်း ၂၆၀ ရရှိခဲ့ကြောင်း သိရသည်။ NLD ပညာရေး ကွန်ရက် (၄)နှစ် ပြည့်ရဲ့ ရန်ပုံငွေ ဂီတပွဲတော် ဒုတိယနေ့တွင် လေလံတင် ဈေးနှုန်း ခေါ်ယူ ခဲ့ရာ နောက်ဆုံးသိန်း ၂၆၀ ဖြင့် လေလံအောင်မြင်ခဲ့ကြောင်း NLD ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဇန်န၀ါရီ ၁၂ ရက်က News Watch သို့ ပြောသည်။ “လေလံက သိန်း ၂၆၀ နဲ့ ကိုတိုး အော
|
Posted: 11 Jan 2015 11:48 PM PST
အဲအေးရှားလေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင်စက် (black box)ကို အောင်မြင်စွာ ဆယ်ယူနိုင် လိုက်ပြီလို့ အစိုးရ အရာရှိက ပြောပါတယ်။ အင်ဒိုနီးရှား ရေတပ်က ရေငုပ်တပ်ဖွဲ့က ဒီနေ့ မနက် ၇ နာရီ ၁၁ မိနစ်မှာ အောင်မြင်စွာ ဆယ်ယူနိုင်လိုက်တယ်လို့ ကယ်ဆယ်ရှာဖွေရေး အဖွဲ့ ခေါင်းဆောင် ဘန်ဘမ်း စိုးလစ်ယိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လူ ၁၆၂ ယောက် လိုက်ပါသွားခဲ့တဲ့ အဲအေးရှားလေယာဉ် QZ8501 ဟာ လွန်ခဲ့တဲ့ နှစ်ပတ်က
|
Posted: 11 Jan 2015 11:46 PM PST
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ မြေအောက်ရထား စီးသူတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၁ ရက်နေ့က လူစိတ်ဝင်စားစရာ၊ ပျော်စရာရွှင်စရာ လျှပ်တပြတ်ပွဲလေးတခု ပြုလုပ်ခဲ့ကြ ပါတယ်။ ပွဲလေးကတော့ နှစ်စဉ် ပြုလုပ်လာတဲ့ ဘောင်းဘီချွတ်ရထား စီးပွဲလေးပါ။ ဇန်န၀ါရီလ ၁၁ ရက်နေ့ ဘာစီလိုနာမြို့ မြေအောက်ရထားထဲ ခရီးသည် ၁၅၀ လောက် ခရီးသည်တွေကြားမှာ ဘောင်းဘီချွတ်ခဲ့ကြတာပါ။ ဒီလှုပ်ရှားမှုလေးဟာ ၂၀၀၂ ခုနှစ်က လူ ၇ ယောက်ထဲနဲ့ စတင်ခဲ့တာလို့
|
Posted: 12 Jan 2015 12:10 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ၊ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် (ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၁၅ ခုနှစ်) ရိုက်ကူး - ကျော်ထွန်းနိုင်၊ ကျော်လွင်ဦး RFA Burmese - ရုပ်/သံ ကြည့်ရှုရန် အောက်ပါ ဓါတ်ပုံကို နှိပ်ပါ
|
Posted: 12 Jan 2015 12:10 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့် ရံပုံငွေ ဂီတဖျော်ဖြေပွဲ၊ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် (ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၁၅ ခုနှစ်) ရိုက်ကူး - ကျော်ဇောဝင်း၊ ကျော်လွင်ဦး RFA Burmese - ရုပ်/သံ ကြည့်ရှုရန် အောက်ပါ ဓါတ်ပုံကို နှိပ်ပါ
|
Posted: 11 Jan 2015 11:21 PM PST
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။ ထိုင်းနိုင်ငံတွင်း ယာယီ အလုပ်လုပ်ကိုင်ခွင့် ဘတ်ကဒ်လို့ခေါ်တဲ့ ပန်းရောင်ကဒ် ကိုင်ဆောင်ထားတဲ့ မြန်မာ-လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံက နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေ ယာယီနိုင်ငံကူး လက်မှတ် ပတ်စပို့ကို မတ်လကုန် နောက်ဆုံးထားပြီး သုံးလအတွင်း အမြန်ဆုံး ဆောင်ရွက်ဖို့ ထိုင်း အလုပ်သမား ကြီးကြ
|
Posted: 11 Jan 2015 11:20 PM PST
ပဲခူးတိုင်း တောင်ငူမြို့ ဈေးကြီးထဲက ရုံ ၁၅ မှာ မပေါက်ကွဲသေးတဲ့ ဗုံတလုံး ဒီမနက် တွေ့ရှိခဲ့ပါတယ်။ ဈေးရုံမှာ ရေယိုတတယ်ဆိုပြီး စည်ပင်သာယာ ဈေးကော်မီတီက ခေါင်မိုးက သွပ်ပြားတွေ ဖျက်နေတုန်း ရေတံလျှောက်ထဲမှာ မပေါက်ကွဲ သေးတဲ့ လက်ပစ်ဗုံး တွေ့ရှိတာ ဖြစ်တယ်လို့ တောင်ငူမြို့ခံ ကိုသားကြီးက ပြောပါတယ်။ “ဈေးကော်မီတီက အလုပ်သမားတွေခေါ်ပြီး သွပ်တွေဖြတ်တာ ရေတံလျှောက်ထဲမှာ တွေ့တာ ၉၁ လက်ပစ်ဗုံးအမျိုးအစား။ သံေ
|
Posted: 11 Jan 2015 11:17 PM PST
ထိုင်းနိုင်ငံ အလယ်ပိုင်း ပရကျူတ်ခီရီခန် ခရိုင်ထဲမှာ မြန်မာနိုင်ငံ သားတွေ တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ပြီး ၃ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်းနိုင်ငံသား ကားမောင်းသမားနဲ့ အဖော်ဖြစ်သူ စုစုပေါင်းလူ ၉ ဦး တင်ဆောင်လာတဲ့ အဖြူရောင်မှန်လုံ ဟိုင်းလပ်စ်ကားဟာ ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့ကနေ ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ကျနပူရီခရိုင်
|
Posted: 11 Jan 2015 11:13 PM PST
သြဂုတ်လမှာ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ဆေးလက် ၀ယ်ကိုင်ဆောင်မှု တို့ကြောင့် ဖမ်းဆီးခံ လိုက်ရသော ဂျေစီချန်းသည် ပြစ်မှု ထင်းရှားပါက ထောင်သုံးနှစ်အထိ ကျခံဖွယ်ရှိကြောင်း သတင်းတွေမှာ ရေးသား ခဲ့ကြပါသည်။ ဇန်န၀ါရီလ၉ရက်မှာ ချလိုက်တဲ့ စီရင်ချက် ကတော့ ထောင်ဒဏ် ၆လနှင့် ဒဏ်ကြေးယွမ်၂၀၀၀ပဲ ဖြစ်ပါသည်။ သူသည် ဖေဖေါ်ဝါရီလတွင် လွတ်မြောက်လာမှာဖြစ်တဲ့ အတွက် မိသားစုတွေနဲ့ အတူ တရုတ်နှစ်သစ်ကူးပွဲတော် ကိုဖြတ်သန်းနိုင်မှာပါ။
|
Posted: 11 Jan 2015 06:01 PM PST
လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက ပါဝင်တဲ့ လူပေါင်း ၄ သန်းနီးပါးဟာ တနင်္ဂနွေနေ့က ပဲရစ်စ်မြို့တော်နဲ့ တခြားပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေက လမ်းမတွေပေါ် ထွက်ပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရသူ ၁၇ ဦးနဲ့အတူ စည်းလုံးညီညွတ်စွာရှိကြောင်း ထုတ်ဖေါ်ပြသခဲ့ကြပါတယ်။ ဒါဟာ ပြင်သစ်နိုင်ငံသမိုင်းမှာ အကြီးမားဆုံးလမ်းပေါ်ထွက် လူထုဆန္ဒထုတ်ဖေါ်ပြသပွဲ ဖြစ်တယ်လို့ ပြင်သ
|
Posted: 11 Jan 2015 05:59 PM PST
AirAsia Flight 8501 က ဆယ်ယူလာတဲ့ လေယာဉ်ပျက်အပိုင်းအစ (ဇန်နဝါရီ ၁၁၊ ၂၀၁၅) ပျောက်ဆုံးသွားခဲ့ပြီး ပင်လယ်ပြင်အတွင်းမှာ နစ်မြုပ်နေတဲ့ AirAsia လေကြောင်း ခရီးစဉ် ၈၅၀၁ လေယာဉ်ပျက် ရောက်ရှိ နေတဲ့ နေရာနဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ blackbox ရှိတဲ့ နေရာတွေကို အမှတ်အသား ပြုလုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။ Blackbox ဟာ လေယာဉ်ပျက်ရဲ့ အစိတ်အပိုင်းတွေကြားမှာ ညပ်နေတယ်
|
Posted: 11 Jan 2015 04:23 PM PST
ရန်ကုန် စတော့ အိတ်ချိန်း ကို မြန်မာ့ စီးပွားရေး ဘဏ်က ၅၁% ပိုင်ဆိုင် ထားပြီး၊ ဂျပန် ဒိုင်ဝါ ကော်ပိုရေးရှင်း နဲ့ တိုကျိုစတော့ အိတ်ချိန်း နှစ်ခု ပေါင်းက ၄၉% ပိုင်ဆိုင် ထားတာပါ။ မြန်မာနိုင်ငံ ရဲ့ ပထမဆုံး စတော့ အိတ်ချိန်း ဈေးကွက် ကို ၂၀၁၅ အောက်တိုဘာ လထဲ မှာ စတင် ဖွင့်လှစ် နိုင် ဖို့ အတွက် ကြိုတင် ပြင်ဆင်မှု တွေ လုပ်နေ ကြပါတယ်။ ရှယ်ယာ ရောင်းသူ နဲ့ ဝယ်သူတွေ အကြား ဝန်ဆောင်မှု ပေးရမယ့် လုပ်ငန်း လိုင်စင်
|
Posted: 11 Jan 2015 02:22 PM PST
အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ခဲ့တာတွေကို ရှင်းပြခဲ့သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှ
|
Posted: 11 Jan 2015 02:21 PM PST
ရန်ကုန် ဇန်နဝါရီ ၁၁ ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ (၅)ရပ်ကွက် အပိုင်(၅/၅)ရပ်ကွက် ခတ္တာလမ်းသွယ်(၂)တွင် ဇန်နဝါရီ ၇ ရက် နံနက် ၆ နာရီခန့်က တို့ဆေး အသုံးပြု၍ လုယက်မှု တစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ထိုနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က အိမ်ရှင်ဒေါ်---သည် မျက်နှာသစ်နေစဉ် အသက်(၂ဝ)ကျော်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့က ဒေါ်---၏ ခင်ပွန်းနာမည်ကိုခေါ်၍ ''ရွာကို ပြန်မလို့။ ဘာ
|
Posted: 11 Jan 2015 02:18 PM PST
ဖားကန့် ဇန်နဝါရီ ၁၁ ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် မှော်မောင်းကုန်းနှင့် ဆွတ်နန်ကုန်းကြားရှိ ရတနာဆင်သီရိကျောက်မျက် ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ ရုတ်တရက် ပြိုကျမှုကြောင့် သေဆုံးသူများကို ဇန်နဝါရီ ၁ဝ ရက်တွင် ကုမ္ပဏီ ဘက်ဟိုးယာဉ်များဖြင့် ဆက်လက် တူးဖော်ရှာဖွေနေသော်လည်း တစ်ဦး တစ်ယောက်မျှ ထပ်မံမတွေ့ရှိသေးကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ''အခုပျောက်ဆုံးနေတဲ့စာရ
|
Posted: 11 Jan 2015 02:15 PM PST
ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ယာယီ ရပ်ဆိုင်း ထားတဲ့ တွံတေး၊ ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းကြောင်
|
Posted: 11 Jan 2015 02:12 PM PST
ပြည်နယ် အစိုးရဟာ ရခိုင် အရေးကို ကစား ကွက် တစ်ခု လို သဘော ထားပြီး ကစားဖို့ ပြင်ဆင်နေ ရခိုင် ပြည်နယ်က အင်အားကြီး ပါတီ တစ်ခု ဖြစ်တဲ့ ရခိုင် အမျိုးသား ပါတီ ANP က နိုင်ငံ တကာ အဖွဲ့ အစည်းတွေ၊ သံတမန် တွေနဲ့ တွေ့ဆုံ ဆွေးနွေး ရေးတွေကို ရပ်ဆိုင်းပြီး မဆက်ဆံရေး မူကို ကျင့်သုံး သွားတော့ မယ်လို့ ပြောပါတယ်။ ANP အနေနဲ့ အခုလို မဆက်ဆံရေး မူကို ကျင့်သုံး သွားမှာ ဖြစ်တဲ့ အကြောင်း ဇန်နဝါရီလ ၉ ရက်နေ့ က ရခိုင်ပြည်
|
Posted: 11 Jan 2015 02:10 PM PST
ကချင် လိုင်ဇာ ဒေသ က ဒုက္ခသည် စခန်း တခု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေ ကို လာရောက် လေ့လာနေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တွမ်မလန်နော်စကီး ဟာ မြစ်ကြီးနားမြို့မှာ ကချင် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ နဲ့ တနဂင်္နွေနေ့ ညနေပိုင်းမှာ တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲကို ကချင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀ ကျော်လောက် ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တွေ တက်ရောက်ကြမှာ ဖြစ်ပြီးကချင်ပြည်နယ်တွင်း
|
No comments:
Post a Comment