Friday, January 9, 2015

ဟာသ စုစည်းမှု (၉-၁)

#‎ယောက်ျား‬ Vs မိန်းမ
နေ့လည်စာ ထွက်စားခြင်း
Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက်သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။
Female- သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။

 

ပိုက်ဆံရှင်းချိန်
M - 3600 ကျတယ်။ တစ်ယောက် ထောင်တန် တရွက်စီထုတ်လိုက်တယ်။ ပြန်အမ်းဖို့ ပိုက်ဆံလဲဘယ်သူမှ တောင်းမနေဘူး။
F - 3600 ကျတယ်။ ဘယ်သူကဘယ်လောက် ဆိုပြီး အသေးစိတ် အတိအကျခွဲတယ်။ အဲဒီအတိုင်း ပိုက်ဆံစုပြီး ရှင်းလိုက်တယ်။

ပစ္စည်းဝယ်ခြင်း
M - လိုအပ်လာရင် ၅၀၀ တန်ပစ္စည်းကိုလည်း ၁၀၀၀ ပေးဝယ်တယ်။
F - မလိုအပ်သော်လည်းပဲ ၁၀၀၀ တန်ပစ္စည်းကို ၅၀၀ ရရင် ဝယ်ထားလိုက်တယ်။

ရေချိုးခန်း
M - သွားတိုက်တံ၊ ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပုဝါ အဲဒီ(၅)မျိုးလောက်ပဲရှိတတ်သည်။
F - အနည်းဆုံး (၁၀)မျိုးနှင့်အထက်ရှိတတ်သည်။ အချို့ပစ္စည်းများမှာ ယောက်ျားလေးများ မသိသော ပစ္စည်းများ ဖြစ်နေတတ်သည်။

အချစ်
M - လိုချင်တာတစ်ခုတည်း ဒါပေမယ့် မိန်းမတွေအများကြီးဆီက။
F - လိုချင်တာအများကြီး ဒါပေမယ့် ယောက်ျား တစ်ယောက်တည်းဆီက။

လက်ထပ်ခြင်း
M - မိန်းမတစ်ယောက်ကို မပြောင်းလဲလောက်ဘူးလို့ ယူဆပြီးလက်ထပ်လိုက်ပေမယ့် ပြောင်းလဲသွားတယ်။
F - ယောက်ျားတစ်ယောက်ကို ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆပြီး လက်ထပ်လိုက်ပေမယ့် မပြောင်းလဲသွားဘူး။

အဝတ်အစား ကောင်းကောင်းဝတ်ခြင်း
M - မင်္ဂလာဆောင်သွားချိန်နှင့် အသုဘလိုက်ပို့ချိန်မှာသာ ဝတ်သည်။
F - ဈေးဝယ်ထွက်ချိန်၊ အမှိုက်သွန်ချိန်၊ ဖုန်းပြောချိန်၊ သစ်ပင်ရေလောင်းချိန်၊ စာတိုက်ပုံးထဲမှာ စာသွားယူချိန်၊ စာအုပ်ဖတ်ချိန်၊ မည်သည့် ပွဲလမ်းသဘင်မဆိုတက်ချိန်

ကလေးများ
M - အိမ်မှာ ကလေးတစ်ယောက် မရှိချိန်မှပဲ ဖခင်ဖြစ်သူက သတိထားမိတယ်။
F - မိခင်ဖြစ်သူက ကလေးအပြင်၊ ကလေးရဲ့ သူငယ်ချင်းတွေ၊ ကျောင်းသင်ခန်းစာတွေ၊ ကြိုက်တတ်တဲ့အစားတွေ၊ ဆေးခန်းရက်ချိန်းတွေကအစ မှတ်မိတယ်။

စကားများခြင်း
စကားများတိုင်း မိန်းမဖြစ်သူရဲ့ စကားနဲ့ပဲ အဆုံးသတ်တယ်။ အကယ်၍ ယောက်ျားဖြစ်သူက ထပ်ပြောမိရင် အဲဒါက နောက်ပြဿနာတစ်ခုရဲ့ အစဖြစ်သွားရော။

နေ့စဉ်ကိစ္စ
ယောက်ျားတစ်ယောက် ကအပြစ်တစ်ခုလုပ်မိရင် မေ့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတာ့ တူညီတဲ့ကိစ္စတစ်ခုကို မှတ်မိဖို့ လူနှစ်ယောက်မလိုဘူး။ မိန်းမက အမြဲမှတ်မိနေတော့ မလိုတော့ဘူးလေ။
Credit-no name
‪#‎အောင်မြင်မှုရဲ့‬ လျှို့ဝှက်ချက်
ဦးတိုနီရဲ့ အိမ်ထောင်သက်တမ်းဟာ ၄၅ နှစ်တောင်ရှိနေပါပြီ၊ သားသမီး ၁၁ ယောက်၊ မြေး ၂၂ ယောက်နဲ့အတူ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဒီလို တစ်သက်တာ လက်တွဲနိုင်ဖို့ အိမ်ထောင်ရှင်တစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို သားသမီးနဲ့ မြေးတွေက ဝိုင်းပြီးတော့ မေးမြန်းကြတဲ့အခါ ဦးတိုနီက..
``ဟိုး… လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာက ငါတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ကတိထားခဲ့ကြတယ်`` လို့ စလိုက်တော့ အားလုံးက သိချင်ဇောများသွားပါတယ်။
အဲဒီနောက် သူဆက်ပြောတာက ``အဲဒီကတိက အိမ်ပေါ်ကနေ ရန်ဖြစ်လို့ အရင်ဆင်းတဲ့သူက ကလေးတွေအကုန်လုံး တစ်ပါတည်းခေါ်သွားရမယ်လေ``တဲ့။
Credit- No Name


" ‪#‎ဟာ‬ သူငယ်ချင်း မင်းနဲ့တွေ့ရတာ သိပ်ဝမ်းတာတယ်ကွာ ၊ ငါတို့တွေ့ရတာတောင်ကြာပြီပဲ "
" အေးကွာ ၊ ငါလည်းအရမ်းဝမ်းသာတာပဲ ၊ သူငယ်ချင်း မင်းအကူအညီလိုရင်ပြော ၊ ငါကူညီမယ် "
" မင်းက ဘယ်မှာအလုပ် လုပ်တာမို့လို့လဲ "
" မီး သဂြိုလ်စက် "
တိန်~~~
mmm


#‎ကံကောင်းသူတွေလိုတယ်‬
ရုံးမှာ Accountant တစ်ယောက်အမြန်လိုနေတယ်။ ခက်တာ လာလျှောက်တဲ့သူတွေက အယောက်တစ်ထောင်နီးပါးပဲ။ ကျွန်တော့် “ဘောဇိ”လည်း စားပွဲပေါ်က Resume အပုံကြီးကိုကြည့်ပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။
ခဏကြာတော့ Resume ပုံကြီးထဲက တွေ့ကရာအောက်ဆုံး (၅၀)ကို ရွေးထုတ်ပြီး ကျန်တာတွေကို “မဖတ်တော့ဘူးကွာ။ သွားသာ လွှင့်ပစ်လိုက်ပါ”တဲ့။ ကျွန်တော်လည်း ရုတ်တရက်ကြောင်သွားတယ်။ “ဆရာရယ်။ ဒီအပုံထဲ အတော်ဆုံးသူတွေပါနေရင် ဘယ်လိုလုပ်မလဲ”လို့ ပြန်မေးမိတယ်။
သူက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး “သွားပစ်မှာသာ ပစ်စမ်းပါကွာ။ မင်းဘာနားလည်လို့လဲ။ ဒီလိုအချိန်မျိုးမှာ ငါတို့နား ကံကောင်းတဲ့သူတွေပဲရှိနေဖို့ လိုတယ်ကွ”တဲ့။ မှတ်သားလောက်ပါဘိ “ဘောဇိ”ရယ်


"‪#‎မစားဘူးကွာ‬"
တောသားနှစ်ယောက် မြို့တက်လာကြတယ် ခရီးကလည်း မရောက်သေး ဗိုက်ကလည်း ဆာနေပြီ ဒီလို့နဲ့ ထမင်းဆိုင်တန်းနားကို ရောက်ခဲ့တယ် ဧည့်ကြိုတွေက လာပါကိုရယ် စားပါဦးမောင်လေးရယ်ဆိုတော့ အားနာနာနဲ့  ၀င်စားလိုက်ကြတယ် စားပြီးတာနဲ့ထသွားမယ် ပြင်တော့ပိုက်ဆံပေးသွားဦးလေဆိုတော့  ဟာ့ မင်းတို့ပဲ ခေါ်ကျွေးပြီးတော့လေ ဆိုင်ရှင်က အော် တော်တော်တုံးတဲ့  တောသားတွေပဲ ဒါထမင်းဆိုင်ဟဲ့ ဆို တော့ အောက်သီးအောက်သက်နဲ့ ပါလာတဲ့ပိုက်ဆံလေးနဲ့ ရှင်းပေးလိုက်ရတယ် ရှေ့သို့ဆက် သွားတော့  ညနေလည်းစောင်းနေပြီ ဗိုက်ကဆာလာပြန်ပြီ ခဏနေ စတုဒီသာ ကျွေးနေတဲ့  ရှေ့ နား ရောက်လာတော့ ဧည့်ကြိုတွေက ခေါ်ကြတာပေါ့ လာပ်ါစားပါအကို လာပါစားပါမောင်လေးဆိုတော့ တောသား နှစ်ယောက်ကပြန်ပြောလိုက်တယ် ဒီမှာ မင်းတို့မြို့သူမြို့သားတွေ လည်တယ်ဆိုတာငါတို့တောသားတွေ အိပ်နေသလောက်ပဲ ရှိတယ် မစားဘူးကွာ ။
mmm
 


 

No comments:

Post a Comment