Tuesday, January 6, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၁)

သစ်ထူးလွင်


Posted: 06 Jan 2015 04:18 AM PST
အိန္ဒိယနိုင်ငံ၊ မဒ္ဒယာပရာဒက်ရှ် ပြည်နယ်တွင် မိန်းမငယ်လေးများအား ကာယိနြေ္ဒပျက်ပြားအောင် နှောင့်ယှက်သူတဦးသည် ၎င်း၏ပြစ်မှုအတွက် သမရိုးကျ မဟုတ်သည့်နည်းဖြင့် အပြစ်ပေးခံခဲ့ရသည်။ ရဲမေတဦးနှင့် စော်ကားခံရသူ မိန်းကလေးများက ဗီရတ်ဒိုနီဆိုသူကို လူစည်ကားရာ လမ်းလယ်ခေါင်တွင် ခါးကုန်းနေစေပြီးမှ တင်ပါးကို အလှည့်ကျ ရိုက်ကြသည်။ အသက် ၂၃နှစ်အရွယ် ဒိုနီသည် မိန်းကလေးများကို လက်ခေါက်မှုတ်ခေါ်ခြင်း၊ သံသေးသံကြောင်အော်ဟစ် နှော
Posted: 06 Jan 2015 04:09 AM PST
အီရတ်နဲ့ ဆော်ဒီအာရေဗျ နယ်စပ်မှာ အသေခံဗုံးခွဲမှုနဲ့ သေနတ်ပစ်တိုက်ခိုက်မှု တခုကြောင့် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့ အစောပိုင်းက ဆော်ဒီ နယ်ခြားစောင့် တပ်သား ၂ ယောက် သေဆုံးတယ်လို့ ဆော်ဒီပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဆော်ဒီပြည်ထဲရေး ဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ အီရတ်လုံခြုံရေးအကဲခတ် မူစတာဖာ အလာနီ ကတော့ အသေခံဗုံးခွဲသမားသုံးစွဲမှုဟာ အိုင်အက်စ်စစ်သွေးကြွတွေရဲ့ လုပ်ရပ်လို့ ထောက်ပြပါတယ်။ ဆော်
Posted: 06 Jan 2015 04:05 AM PST
လက်ပံတောင်း ကြေးနီစီမံကိန်း အလုံးစုံ ပျက်သုန်းသွားအောင် လူနည်းစုတစုက စနစ်တကျ လှုံ့ဆော်နေတယ်လို့ စွပ်စွဲချက်အပါအ၀င် အကောင်အထည် ဖော်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်ကို ပညာရှင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ ရွာသားတွေက ပယ်ချလိုက်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နေ့က လက်ပံတောင်းတောင်ဒေသမှာ လုံခြုံရေးအင်အားသုံးပြီး မြန်မာ ၀မ်ပေါင်ကုမ္ပဏီက အတင်းအကျပ်ခြံစည်းရိုးခတ်မှုမှာ လယ်ယာမြေလျော်ကြေး မယူတဲ့ ရွာသားတွေနဲ့ အဓိကရုဏ်းဖြစ်
Posted: 06 Jan 2015 03:50 AM PST
အီရတ်အစိုးရ သတင်းပေး အဖြစ် စွပ်စွဲခံရသူ အီရတ်ရဲတပ်ဖွဲ့ဝင် ၈ ဦးအား ကွပ်မျက်သည့် ဓါတ်ပုံများကို IS အဖွဲ့က ထုတ်လွှင့်လိုက်သည်။ အဆိုပါ ဓါတ်ပုံများသည် နောင်တွင်ထုတ်လွှင့်မည့် ဗီဒီယိုမှ ဖမ်းယူထားခြင်းဖြစ်သည်။ “တရားစီရင်သည့်နေ့”ဟု အမည်ပေးထားသည့် အဆိုပါ ဓါတ်ပုံများတွင် အီရတ် ၈ ဦးအား (အမေရိကန် က အကြမ်းဖက်သမားအား ဖမ်းဆီးစစ်ဆေးသည့်)ဂွမ်တာနာမိုဘေး အကျဉ်းစခန်းမှ အကျဉ်းသားဝတ်စုံနှင့် ဆင်တူသော လိမ္မော်ရောင်
Posted: 06 Jan 2015 03:49 AM PST
လွန်ခဲ့သည့် (၄) နှစ်ခန့်ကပင် ဦးခေါင်းခွံ အရင်းပိုင်း အကျိတ်ကြောင့် မျက်လုံးပြူးထွက်လာသည့် အမျိုးသမီးငယ်မှာ ရန်ကုန်ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသမှု ရတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးငယ်မှာ ၂၁ နှစ် အရွယ် မခိုင်ယဉ်မွန်ဖြစ်ပြီး ဟင်္သာတမြို့နယ်၊ ကံကြီးတောင်ကျေးရွာကဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်ကပင် မျက်လုံးပြူးလာသည့်အတွက် ကျန်းမာရေးစစ်ဆေးရာ ဦးနှောက်အစပ်နှင့် မျက်လုံးအပေါ် ကြားတွင် အကျိတ်ဖြ
Posted: 06 Jan 2015 03:44 AM PST
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် မဒေါက်ကျေးရွာ အုပ်စုထဲမှာ အင်းရေလျှံမှုကြောင့် တောင်သူ လယ်သမား ၉ ဦးကို  အင်းသူကြီးက အကျိုးဖျက်ဆီးမှုနဲ့   တရားစွဲ ဆိုလိုက်ပါတယ်။ Farmတောင်သူတွေဟာ လယ်ထဲကို ၀င်လာတဲ့ရေတွေ ကျသွားအောင် ရေနုတ်မြောင်းကို ဖွင့်ချခဲ့တဲ့အပေါ် အင်းသူကြီးက မကျေနပ်လို့ ရဲစခန်းကို တိုင်တန်းခဲ့တာဖြစ်ပြီး ပုဒ်မ ၄၂၇  အကျိုးဖျက်ဆီးမှုနဲ့တရားစွဲခံနေရတာလို့ တရားစွဲခံ အင်းကပ်ပလိပ်ရွာက လယ်သမားတဦးက  
Posted: 05 Jan 2015 11:39 PM PST
ပေကျင်း ဇန်နဝါရီ ၅ တရုတ်သစ်တော အရာရှိ တစ်ဦးသည် ကားတစ်စီး ၏ နောက်ဖုံး အတွင်း မျောက်အကောင် ၅ဝနီးပါး သယ်ဆောင်လာသည်ကို တွေ့ရှိ ခဲ့ပြီးနောက် တရား မဝင် မှောင်ခို သယ်ဆောင်လာ သည်ဟု ယူဆရသူနှစ်ဦး ကို ဖမ်းဆီး လိုက်ကြောင်း ဒေးလီးမေးလ် သတင်းဌာန က သတင်း ဖော်ပြ ထားသည်။ တရုတ်နိုင်ငံတောင်ပိုင်း ဇူအမ်ဒေသတွင် ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ မျောက်များကို ရိုးရာတိုင်းရင်းဆေးဖော်စပ်ရ
Posted: 05 Jan 2015 11:26 PM PST
မန္တလေး ဇန်နဝါရီ ၅ မန္တလေးမြို့တွင် ညနေခင်းနှင့် ညဦးပိုင်း အချိန်များ၌ ကားဖြင့် တိုက်မိသည်ဆိုကာ လျော်ကြေးငွေ ဟန်ဆောင် တောင်းသူ များပြားလာ သည့်အတွက် ကားပိုင်ရှင်များအနေ ဖြင့် ကင်မရာ တပ်ဆင်အသုံးပြုလာ ကြကြောင်းသိရသည်။ မန္တလေးစက်မှုဇုန်၊ မြို့သစ်အစ ရှိသည့်လူအသွားအလာနည်းသည့် ကားလမ်းမကြီးများတွင် ကားဖြင့် ပွတ်တိုက်မိသည်ဆိုကာဟန်ဆောင် ငွေတောင်းခံမှုများ မကြာခဏများ ပြားလာသည့်အတွက် ပြဿနာဖြစ် ပါက သက်သေရစေရ
Posted: 05 Jan 2015 11:23 PM PST
အစက စိတ်မကူးခဲ့ရိုး အမှန်ပါ။ ဒါပေမဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးက ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ပြင်ဆင်နိုင်တော့မယ်ဆိုလို့ အခုလို စိတ်ကူးဖြစ်ခဲ့တယ်ဆိုပါတော့။ ဒီလိုပါ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီး ၂၀၁၅ ခု ရွေးကောက်ပွဲအမီ မပြင်နိုင်ရင် ပုဒ်မ ၅၉၊ ပိုဒ်ခွဲ (စ)အရ ကျွန်တော်တို့ ယုံကြည်တဲ့၊ လေးစားချစ်ခင် ရတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် သမ္မတဖြစ်ပိုင်ခွင့်မရှိတော့ဘူးလေ။ အဲဒီမှာ ပြည်ထောင်စုလွှတ်တော်
Posted: 05 Jan 2015 10:53 PM PST
အရှိန်မထိန်း နိုင်သောယာဉ်မှ လမ်းဘေးတွင် ရပ်နေသောသူ (၂)ဦးကို တိုက်မိပြီး ရပ်ထားသော ယာဉ်အား တိုက်မိသဖြင့် (၂)ဦးသေ၊ (၂)ဦး ဒဏ်ရာရ ရန်ကုန်၊ ဇန်န၀ါရီ ၆ ၅.၁.၂၀၁၅ ရက်နေ့ ၂၂၃၀အချိန် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်း လမ်းအတိုင်း သမကုန်း အ၀ိုင်းဘက်မှ အောင်ဇေယျ တံတားဘက်သို့ လှိုင်သာယာ မြို့နယ်နေ ယာဉ်မောင်း ကိုကျော်နန္ဒ (၂၁)နှစ် မောင်းနှင်လာသော HSE----ဟိုက်အေ့စ်ယာဉ်သည် လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊
Posted: 05 Jan 2015 10:31 PM PST
ဖယောင်းတိုင်မီးမှ တစ်ဆင့် နေအိမ်အား မီးလောင်ကျွမ်းရာမှ နေအိမ်(၆)လုံး မီးလောင်မှုဖြစ် ရန်ကုန်၊ ဇန်န၀ါရီ ၆ ၅.၁.၂၀၁၅ ရက်နေ့ ၂၀၅၅ အချိန်တွင် ကွမ်းခြံကုန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာအုပ်စု၊ မေတ္တာကျေးရွာ၌ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။ ထိုသို့ သွားရောက်စစ်ဆေးရာ မေတ္တာကျေးရွာနေ ဦးသန်းစိုးသည် ၎င်း၏ နေအိမ်ဘုရားစင်တွင် ဖယောင်းတိုင်
Posted: 05 Jan 2015 10:31 PM PST
မိုင်ယာမီ၊ ဇန်န၀ါရီ ၆ ဖလော်ရီဒါပြည်နယ်၏ ပထမဆုံး လိင်တူလက်ထပ်ပွဲများကို မိုင်ယာမီတွင် ယမန်နေ့က ကျင်းပခဲ့ပြီး လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်းအား တရားဝင်ခွင့်ပြုလိုက်သည့် ၃၆ ခုမြောက် ပြည်နယ် ဖြစ်လာသည်။ ဖွဲ့စည်းပုံဥပဒေနှင့် ဆန့်ကျင်လျက် လိင်တူချင်း ထိမ်းမြားမှုကို ယခင်က ဤပြည်နယ်၌လည်း ကန့်သတ်တားမြစ်ခဲ့၍ နယ်လှည့်တရားသူကြီး ဆာရာဇတ်ဘယ်က ယခုလို လက်ထပ်ခွင့်ရလာချိန်တွင် မိုင်ယာမီဒိတ်ခရိုင်တွင်းရှိ လိင်
Posted: 05 Jan 2015 09:14 PM PST
ဒက္ကား၊ ဇန်န၀ါရီ ၆ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် လက်ရှိ အစိုးရ ထောက်ခံသူများနှင့် အတိုက်အခံပါတီ BNP အကြား အပြန်အလှန် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ရသည်။ ယင်းသေဆုံးမှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံအ၀န်းတွင် သွားလာရေးများ ပြတ်တောက်သွားခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့သည် လွန်ခဲ့သော နှစ်က ဘင်္ဂလာဒေ့ရှ်တွင် ကျင်းပ ပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ ဖြစ်သည်။ ယင်းရွေးေ
Posted: 05 Jan 2015 09:12 PM PST
အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဖို့ထ်ဝါ့သ်က ရေတပ် ရေငုပ်သမားတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်ထဲ ပျက်ကျခဲ့တဲ့ အဲအေရှား လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း သေတ္တာနက်ကို ပင်လယ်ကြမ်းပြင်မှာ ရှာဖွေနေပါတယ်။ ရေတပ်အရာရှိတွေက seascan လို့ လူသိများတဲ့ ဆိုနာအသံလှိုင်းသုံး ရေအောက် ပုံရိပ်ဖမ်းပစ္စည်းကို တိုက်ခိုက်ရေးသင်္ဘောပေါ် တင်နေတာကိုလည်း တွေ့ရပါတယ်။ အမေရိကန်ရေတပ် ဒုတိယတန်းရေငုပ်သမား
Posted: 05 Jan 2015 09:05 PM PST
ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲမှာ အရွေးခံရတဲ့ ကိုယ်စားလှယ်တွေ နိုင်ငံ့ ဝန်ထမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အသိပေးလာတဲ့ အပေါ် လက်မခံနိုင်တဲ့ အကြောင်း အနောက်ပိုင်းခရိုင် ကိုယ်စားပြု အရွေးခံ ကိုယ်စားလှယ် က ပြောပါတယ်။ ပြည်သူက ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ်တွေ ဟာ ဝန်ထမ်းတွေ မဟုတ်တဲ့အတွက် ဝန်ထမ်းအဖြစ်ကျမ်းကျိန်စရာ မလိုအပ်ဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွ
Posted: 05 Jan 2015 09:05 PM PST
ထိုင်းနိုင်ငံကဘက်က တရားမ၀င် မှောင်ခို သွင်းလာတဲ့ ကြက်ဥ၊ ဘဲဥတွေကြောင့် ကြက်ငှက်တုတ်ကွေး ရောဂါ ကူးစက် ပျံ့ပွား လာမယ့် အန္တရာယ် နဲ့ဒေသတွင်း ကြက်ဥဈေးကွက် ပြိုလဲသွားမယ့် အရေး မြန်မာ ကြက်မွေးမြူရေး သမားတွေ စိုးရိမ်နေကြကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်း ကဖေါ်ပြပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့က ထိုင်းနိုင်ငံက မှောင်ခိုဝင်လာတဲ့ ကြက်ဥ၊ ဘဲဥ ငါးသောင်း ကျော် ဖမ်းမိခဲ့ပြီး၊ နိုဝင်ဘာလ ကလည်း လေးသောင်းကျော် ဖ
Posted: 05 Jan 2015 09:01 PM PST
ပြင်ပအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ လှုံ့ဆော်တဲ့ အတွက် လူနည်းစု တချို့ဟာ စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းစဉ်တွေ ကို ဟန့်တား နှောင့်ယှက်နေပြီး၊ အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်သွားအောင် ပြဿနာ တစ်ခုမဟုတ် တစ်ခု ဖန်တီး နေကြတယ်လို့ လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကောင် အထည်ဖော် ဆောင်ရွက်မယ့် ကော်မတီက သတင်း ထုတ်ပြန်လိုက်ပါတယ်
Posted: 05 Jan 2015 08:40 PM PST
မုန်တိုင်းထန်နေတဲ့ Java ပင်လယ်ကိုဖြတ်ပြီး ပျံသန်းနေရာကနေ ပျောက်ဆုံး သွားခဲ့တဲ့ AirAsia လေယာဉ်ခရီးစဉ် ၈၅၀၁ ကို စနစ်တကျ လိုအပ်တဲ့ အတည်ပြုချက်တွေ မရှိဘဲ ပျံသန်းခွင့် ပြုလိုက်တယ်ဆိုတဲ့ အချက် ပေါ်ထွက်လာခဲ့ပြီး တဲ့နောက် အင်ဒိုနီရှား အစိုးရက လေကြောင်း ဆိုင်ရာ တာဝန်ရှိသူ အများအပြားကို တာဝန်က ရပ်ဆိုင်း ထားလိုက်ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကနေ စင်္ကာပူနိုင်ငံကို ပျံသန်းနေစဉ်ပျက်ကျသွားတဲ့
Posted: 05 Jan 2015 08:35 PM PST
စစ်ကိုင်းတိုင်းအတွင်းက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအရေး ဒေသခံ ပြည်သူနဲ့ ရဲလုံခြုံရေး တွေကြား ပဋိပက္ခအတွင်း သေနတ်ဒဏ်ရာနဲ့ သေဆုံး ခဲ့ရတဲ့ ဒေါ်ခင်ဝင်းအမှုကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကွင်းဆင်းစုံစမ်းမှု အဆုံးသတ်ပြီဖြစ်ပြီး နိုင်ငံတော်သမ္မတကို တင်ပြတော့မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သေဆုံးသူ ဒေါ်ခင်ဝင်းအမှု မျှတတဲ့ တရားစီရင်မှု ရစေဖို့ ရဲစခန်းမှာ အမှုဖွင့်ထားသလို ပုဒ်မ ၁၄၄ ချိုးဖောက်မှု
Posted: 05 Jan 2015 08:28 PM PST
ပေကျင်း ၊ ၆-၁-၂၀၁၅ တရုတ်နိုင်ငံတွင် အသက် ၄၇ နှစ် အရွယ်ရှိ ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီး တစ်ဦးကို အသေရိုက်နှက် ခဲ့သည့် ရဲအရာရှိ နှစ်ဦးကို အာဏာပိုင် များက ဖမ်းဆီး ခဲ့ကြောင်း သိရသည်။ ကော့တိုင်ဝေ နှင့် ရမ်ဟိုင်ပို အမည်ရှိ အဆိုပါ ရဲအရာရှိ နှစ်ဦး ဖမ်းဆီးမှုကို ရှန်ရှီး ပြည်နယ် တိုင်ယွမ်မြို့ ရှိ အစိုးရရှေ့နေ ရုံးက အတည်ပြု ထားပြီး ၄င်းတို့ နှစ်ဦးကို အာဏာ အလွဲသုံးစား လုပ်မှုဖြင့် ဖမ်းဆီးခဲ့ခြ
Posted: 05 Jan 2015 08:26 PM PST
လန်ဒန် ၊ ၆-၁-၂၀၁၅ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းရှိ ဒါနာဆိပ်ကမ်း အပြင်ဘက် တွင် ရပ်နားထားသည့် ဂရိပိုင် ရေနံတင် သင်္ဘော တစ်စီးကို လစ်ဗျား တိုက်လေယာဉ် များက ဇန်နဝါရီ ၄ ရက်က ဗုံးကြဲ တိုက်ခိုက်ခြင်း နှင့် စပ်လျဉ်း၍ ဂရိ အစိုးရက အပြင်းအထန် ကန့်ကွက် ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှု ကြောင့် အသက် ၂၉ နှစ်အရွယ် ဂရိနိုင်ငံသား တစ်ဦးနှင့် ရိုမေးနီးယား နိုင်ငံသား တစ်ဦးတို့ သေဆုံးခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံ
Posted: 05 Jan 2015 05:51 PM PST
ဘင်ဒရိုဘင် (ရွာတော်) ၊ ဇန်န၀ါရီ ၅ အမည်မသိ အကြမ်းဖက် အဖွဲ့တစ်ခုမှ ၀ှက်ထားသော မိုင်း ၁၂ ခုကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်က  ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်း ရရှိသည်။ ၎င်းမိုင်းများကို နယ်စပ် မှတ်တိုင် ၄၉ အနီးတွင် ၀ှက်ထားခြင်း ဖြစ်ပြီး ရှာဖွေ တွေ့ရှိပြီးနောက် ယင်းမိုင်းများကို ဖျက်ဆီးပစ်မည်ဟု နတ်ချောင်းဆရီမြို့နယ် အမှတ် (၃၁) BGB တပ်ရင်းမှူး ဗိုလ်မှူးချုပ် ဟာဆန် မော်ချေး ချော်ဒူရီက ပြောသည်။ အကြမ်းဖက်အ
Posted: 05 Jan 2015 04:28 PM PST
မန္တလေးတိုင်း မြင်းခြံ ခရိုင်မှာ စက်မှု စီမံကိန်း အတွက် သိမ်းဆည်း ထားတဲ့ လယ်မြေဧက တစ်သောင်းကျော် အတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ တောင်သူ ၁ဝ ဦးကို လွတ်ပေးဖို့  ဒေသခံ တောင်သူတွေနဲ့ လယ်သမားအရေး ကူညီနေသူတွေ တောင်သူ တစ်ထောင်လောက်က ငါန်းဇွန်မြို့ မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ တောင်သူတွေနဲ့ တွေ့ဆုံညှိုနှိုင်းမှုတွေမလုပ်ဘူးဆိုရင် မန္တလေးမြို့ မှာ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုသွား
Posted: 05 Jan 2015 02:52 PM PST
                      နေပြည်တော်- မန္တလေး အမြန်လမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွား နေပြည်တော် ဇန်နဝါရီ ၅ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၅ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၃၃၂/ဝ)အနီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဇော်လင်းဦး(၄၈ နှစ်) မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် ကျောင်းသူပေါင်း ၅၂ ဦး (အမျိုးသား သုံးဦး၊ အမျိုးသမီး ၄၉ ဦး)
Posted: 05 Jan 2015 02:51 PM PST
ထိုင်းနိုင်ငံ၊ ခေါင်လက်ဒေသတွင် အသက် ၁၄ နှစ်အရွယ် မြန်မာ မိန်းကလေး အား အဓမ္မပြုကျင့်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း ၀န်ခံထားသည့် တရားခံ မြန်မာနိုင်ငံသား ကိုနိုင် အား ထောင်ဒဏ် ၈ နှစ် ချမှတ် ခဲ့သည် ။ ပြစ်မှုကျူး လွန်ရာတွင် ကူညီပေးခဲ့သည့် တရားခံ၏ ဇနီးဖြစ်သူ မရီ ကိုလည်း ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ ကိုနိုင်နှင့် မရီဟု ရဲတပ်ဖွဲ့က ဖော်ပြသည့် တရားခံ ၂ ဦးအား အပြစ်ရှိကြောင်း ဖန်ငါရှိ တာကူပါ စီရင်စု တရားရုံးက

No comments:

Post a Comment