Monday, December 8, 2014

The Notebook In Real Life



Jack ရဲ့ စိတ်ထဲမှာ တစုံတရာ ခံစားနေရတယ်။ ဒီအကြောင်းတွေကို ပြောပြချင်ပေမယ့် ပြောမထွက်တာကြောင့် အဖော်ဖြစ်တဲ့ ဒိုင်ယာရီထဲမှာ ရေးချလိုက်မိတယ်။
-- အရမ်းလှတဲ့ ညနေခင်းပါပဲ။ အရမ်းလှတဲ့ ကောင်မလေးတယောက်နဲ့ တွဲကခဲ့တယ်။ ပြန်တွေ့မယ်လို့ မျှော်လင့်မိပါရဲ့---


နောက် ၁၆ လ ကြာတဲ့အခါမှာ သူရဲ့ စိတ်ကူးထဲက ကောင်မလေး Phyllis နဲ့ ပြန်တွေ့ပြီး ဘ၀ခရီးကို အတူဆက်ဖို့ လက်ဆက်ဖြစ်ခဲ့ကြပါတယ်။ ချစ်စ ကြင်စကနေ ရာစုနှစ် တ၀က်ကျော်တဲ့အထိ Kent, England မှာ နေထိုင်ပြီး ဆိုးတူ ကောင်းဖက် မျှဝေခဲ့ကြတယ်။ မကုန်ခမ်းတဲ့ အချစ်တွေနဲ့ ပျော်ပျော်ကြီး ဖြတ်သန်းနေတဲ့ သူတို့ ဘ၀ထဲကို သတိမေ့တယ် ဆိုတဲ့ ရောဂါကပ်ဆိုးကြီးက ခုတ်မောင်းလာပါတော့တယ်။
Phyllis ဟာ သတိမေ့တဲ့ ရောဂါကို စတင် ခံစားလာရပြီး အခြေအနေက ပိုပိုဆိုးလာပါတော့တယ်။ နောက်ဆုံး ချစ်သူခင်ပွန်းကို ဒုက္ခမပေးချင်တာနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာမှာ သွားနေရပါတယ်။ အရာအားလုံးကိုလည်း မေ့နေခဲ့ပါပြီ။
ခင်ပွန်းသည်က စလို့ အရာအားလုံးကို မေ့သွားခဲ့ပြီဖြစ်တဲ့ ဇနီးအတွက် Jack လက်လျှော့မယ်ထင်သလား။ ဇနီးရှိတဲ့ ဂေဟာကို နေ့တိုင်းသွားတယ်။ နေ့တိုင်း သူ့ဒိုင်ယာရီထဲက အကြောင်းအရာတွေကို ဖတ်ပြတယ်။ မိသားစုဝင်တွေ အိမ်မွေးအကောင်လေးတွေရဲ့ ဓာတ်ပုံတွေကို ပြတယ်။ အရာအားလုံးကို မေ့နေပေမယ့် Phyllis ဟာ Jack ကို ချစ်နေတဲ့ အသိစိတ်ကတော့ ပျောက်မသွားပါဘူး။ ခင်ပွန်းသည် လာတိုင်း မျက်နှာက ပြုံးရွှင်နေတတ်တယ်။ ဒီလို အချစ်တွေနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ကြတာ အခုဆိုရင် အသက် (၇၀) တောင် ကျော်လာရောပေါ့--------
မူရင်းလင့် - http://listverse.com/…/stories-of-love-that-endured-the-te…/
သူတို့ ဓာတ်ပုံရှိတယ်။

No comments:

Post a Comment