Monday, December 22, 2014

ဘူဖေး(Buffet) ကို ကျန်းမာရေးညီညွှတ်ပြီး ပေးရတာနဲ့တန်အောင် စားကြရအောင်!!!


လူတော်တော်များများမှာ ဘူဖေးဆိုတာ သွားစားတဲ့အခါ စားနိုင်မှတန်တယ်ဆိုတဲ့ အတွေးတွေရှိကြပါတယ်... အဲ့အတွေးကြောင့်ပဲ သိပ်မစားနိုင်တဲ့သူက ဘူဖေးဆိုတာနဲ့ ဆိုင်နားကိုတောင်မကပ်တော့ဘဲ ရှောင်သွားကြသလို... စားနိုင်ပါတယ်ဆိုတဲ့သူတိုင်းကလည်း တကယ်စားတဲ့အခါ ထင်သလောက်မစားနိုင်ကြပါဘူး... ဆိုင်ပိုင်ရှင်တိုင်းကလည်း စဖွင့်ကတည်းကတွက်ထားပြီးသားပါ သင်ဘယ်လောက်ပဲစားစား သူ့အရင်းပြုတ်အောင် စားနိုင်လောက်တဲ့အထိ မစီစဉ်ထားပါဘူး...
အစကတည်းက တန်အောင်စားမယ်လို့ တွေးပြီးဝင်သွားတဲ့သူက တော်တော်များများ မိနစ်(၂၀)လောက် အကြာမှာတော့ အစားနှေးသွားပြီးနောက် ဆက်မသွင်းနိုင်တော့ပါဘူး... အစားပေါင်းစုံအောင် ယူပြီးတဲ့အခါ ရိုးသွားခြင်း အီသွားခြင်း အလောတကြီးစားတဲ့အခါ အစာမခြေနိုင်သေးတဲ့အတွက် ဘယ်လောက်ပဲစားနိုင်ပါတယ်ဆိုတဲ့သူလည်း တန်အောင်မစားသွားနိုင်ကြပါဘူး... အဲ့တော့ ကျွန်တော်အခုရေးပြတာကတော့ အစားများလို့ အစာမကြေ ရင်ပြည့်ရင်ကယ်လည်းမဖြစ် ပေးရတာနဲ့ တန်ယုံတင်မက ဆိုင်ရှင်ကပါ ဟင်းထပ်မဖြည့်တော့ဘဲ တားယူရတဲ့အထိစားနိုင်မယ့် နည်းလမ်းကိုပြောပြမှာပါ...
ခုနည်းလမ်းအတိုင်း ဘူဖေးဆိုင်တွေမှာစားကြည့်လိုက်ပါ... မကြာခင်မှာ Buffet Master တစ်ယောက်အဖြစ်နဲ့ ဘူဖေးဆိုင်တိုင်းက မဝင်ရဆိုင်ဘုတ်ချိတ်ပြီး ကန့်သတ်ထားရမယ့် သူတစ်ယောက်ဖြစ်လာမှာ မလွှဲပါဘူး... 
★Buffet Master Level 1 >> သစ်သီးများ
(ဖရဲသီး၊ နာနတ်သီး၊ ပန်းသီး၊ ကီဝီသီး၊ နဂါးမောက်သီး စသဖြင့်...)
အသီးတွေကတော့ စားပြီး နာရီဝက်အတွင်းမှာ အစာကြေပါတယ်... အစာမစားခင် နာရီဝက်စောပြီး သစ်သီးများကို သုံးဆောင်တာက ကျန်းမာရေးနဲ့ကိုက်ညီပြီး အစာလမ်းကြောင်းကို နှိုးဆွပေးစေနိုင်တဲ့အစွမ်းရှိတာကြောင့် ဆိုင်ရှင်တွေ မျက်ခုံလှုပ်စေဖို့ အကောင်းဆုံး သွေးပူလေ့ကျင့်ခန်းရဲ့အစပါပဲ...
Buffet Master Level 2 >> လတ်ဆတ်သော ငါးများ 
(ဆယ်လ်မွန်ငါး၊ တူနာငါး၊ ခရု၊ ကမာစသည့် အခွံမာအကောင်များ စသဖြင့်...)
ပင်လယ်စာအစိမ်းတွေကတော့ အစာကြေဖို့ အချိန်အများယူရပါတယ်... ခန့်မန်းခြေအားဖြင့် အချိန်(၂)နာရီလောက် ကြာပါတယ်... ဒါကြောင့် အသီးစားပြီး နာရီဝက်ကြာပြီးနောက် အဲ့အစာတွေသာ စဆွဲပါတော့... သင်က အသားပဲစားမယ် အဲ့အစာတွေမစားဘူးဆိုရင်တော့ ဘူဖေးဆိုင်မှာစားရတာ တန်မှာမဟုတ်တော့ပါဘူး... ဒါကြောင့် စကားများမနေပါနဲ့ ဆွဲနိုင်သလောက်ဆွဲသာဆွဲ...
သတိ : ပင်လယ်စာနှင့် ဓာတ်မတည့်သူများ သတိထားစားသုံးပါ!!!”
★Buffet Master Level 3 >> ပင်လယ်စာများ 🍤🍤🍤
(ကဏန်း၊ ပုဇွန်၊ ကင်းမွန် စသဖြင့်...)
ပင်လယ်စာအစိမ်းတွေ စားပြီးပြီဆိုတော့ကာ အကျက်ဘက်ကိုလှမ်းရအောင်... ဘူဖေးဆိုင်သွားပြီဆိုကတည်းက အိနြေ္ဒတွေ သိက္ခာတွေ ဆိုင်ပြင်မှာထားခဲ့လိုက်ပါ... ရှက်နေတာကြောင့် ပုဇွန်တစ်ကောင် ၂ကောင် ကဏန်း တစ်ဖတ် ၂ဖတ်လောက်ပဲယူပြီး ရပ်မသွားပါနဲ့... ၅/၆ ကောင်လောက် ဆွဲရင်တောင် အဲ့အရာတွေက သွားကြားတောင်ညပ်မှာ မဟုတ်ပါဘူး... ကိုယ်ပေးထားသလောက်ရဲ့ အရင်းလောက်ပြန်ရဖို့က ဒီအဆင့်မှာစားထားနိုင်မှပါ... ဒီအဆင့်မှာ တန်အောင်စားပြီးရင်တော့ သွေးပူလေ့ကျင့်ခန်းလုံလောက်သွားပါပြီ... နောက်အဆင့်ကတွေကတော့ အမြတ်ထွက်အောင်ဆွဲရတော့မှာပါ...
★Buffet Master Level 4 >> အသားအမျိုးမျိုး 🍗🍗🍗
(ကြက်၊ ၀က်၊ ဆိတ်၊ အမဲ အစရှိသဖြင့်...)
ဒီအဆင့်မှာတော့ ဗိုက်မှာ အစာရှိတယ်ဆိုယုံ အာသာပြေတယ်ဆိုယုံလောက်သာ စုံအောင်စားနိုင်ရင်လုံလောက်ပါပြီ... အသားတွေကို လွန်လွန်ကြူးကြူးစားသုံးတာကလည်း ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်...
သတိ : ကျန်းမာရေးနဲ့သင့်တော်မှုရှိအောင် စီမံချက်ပြုတ်ထားတဲ့ဟင်းလျာကိုသာ အဓိကစားသုံးပေးပါ...”
★Buffet Master Level 5 >> အသုပ်စုံ 
(အရွက်၊ အစုံသုပ်၊ သင်္ဘောသီးထောင်း စသဖြင့်...)
ဒီအဆင့်ကတော့ အရသာငြိမယ့်အဆင့်ပဲရှိပါသေးတယ်...
အဲ့အဆင့်မှာတင် ရပ်လိုက်မယ်ဆိုပါက အမှားကြီးမှားသွားပါပြီး...
★Buffet Master Level 6 >> အဓိကဟင်းလျာ 
(ခေါက်ဆွဲ ပြုတ်/ကြော်၊ ဂျုံဖြင့်လုပ်သောအစာများ စသဖြင့်...)
အသုပ်စုံတွေကြောင့် ခံတွင်းရှင်းသွားပြီဆို ဗိုက်ကလေးပြည့်အောင် အဓိကဟင်းပွဲတွေဖြစ်တဲ့ ခေါက်ဆွဲကြော်ဖြစ်ဖြစ် ခေါက်ဆွဲပြုတ်ဖြစ်ဖြစ် ကြိတ်လို့ရပါပြီ... ဒါပေမယ့် သတိပြုရမှာက ဆန်နဲ့လုပ်ထားတဲ့ ကြာဇံ ဒါမှမဟုတ် ထမင်းကိုတော့ မစားမိပါစေနဲ့... အလွယ်တကူ ဗိုက်တင်းပြီး အစာမကြေဖြစ်စေနိုင်လို့ပါ...
ဒီအဆင့်မှာ ဗိုက်ဝအောင်ဆွဲပြီးပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ အစားဇယားလေးပြီးသွားပါပြီ... ဒါပေမယ့် ပိုက်ဆံရှင်းပြီး ထပြန်ဖို့ မလောလိုက်ပါနဲ့ဦး... အချိုပွဲလေးတည်းဖို့ ကျန်ပါသေးတယ်...
★Buffet Master Level 7 >> အချိုပွဲ
ဒီအဆင့်ကတော့ နောက်ဆုံးပိတ်အဆင့်ပါပဲ... အရောင်အသွေးစုံလင်စွာနဲ့ အရသာရှိစွာဆွဲဆောင်နေတဲ့ ရေခဲမုန့်တွေ ကိတ်မုန့်တွေကို အရသာခံပြီး စားမြုံပြန်လိုက်ကြရအောင်... ဒီအဆင့်ထိရောက်ပြီးပြီဆိုရင်တော့ ရေကိုအများကြီး မသောက်မိပါစေနဲ့... အစာချေဖို့ ခက်သွားနိုင်ပါတယ်...
သတိ : ဆီးချိုသွေးချို ဝေဒနာရှင်များ ဒီအဆင့်ကို မသွားပါနဲ့တော့...”
အဲ့အဆင့်ထိပြီးသွားပြီ ဆိုင်ရှင်လည်း မျက်နှာကြီးဆူပုတ်ပြီး ကြည့်နေပြီဆို ကျွန်တော်တို့ရဲ့ ဘူဖေးစစ်ဆင်ရေးကြီး အောင်မြင်စွာပြီးဆုံးသွားပါပြီ...
““ဘူဖေးဘိုးတော်ကြီးဖြစ်ရန်အတွက် မှတ်သားရန် အကျဉ်းချုပ်””
① အသီး → ငါး → ပင်လယ်စာ → အသား → အသုပ် → အဓိကပွဲ → အချိုပွဲ စသည့်အစီအစဉ်အတိုင်း စားသုံးပါ...
② အချိုရည်တွေထက် သဘာဝသစ်သီးဖျော်ရည်များကိုသာ သောက်သုံးပါ...
③ အဆီများတဲ့အစာ၊ အကင်တွေကို လျော့စားပါ...
④ ကိုယ်နဲ့မတည့်သော ရှောင်သောအစားများရှိပါက သေချာစွာမေးမြန်းပြီးမှ စားသုံးပါ...
⑤ ဒီအဆင့်အားလုံးပြီးသွားတောင်မှ ဗိုက်မဝသေးဘူးဆို အစကပြန်စစားပါ... ဒါပေမယ့် ဆိုင်ရှင်က ရိုက်မောင်းထုတ်မခံရအောင်လည်း ဂရုစိုက်ပါ...
😜
⑥ အစားအသောက်များ အလေအလွှင့်မဖြစ်ရအောင် မိမိစားနိုင်သလောက်သာ ယူဆောင်ကြဖို့လည်း ဂရုပြုပါ...
⑦ ဤစာပါအချက်အားလုံးသည် ကိုယ်တွေ့စားသောက်ခဲ့ပြီးဖြစ်သဖြင့် စိတ်ချယုံကြည်စွာ လိုက်နာစားသောက်နိုင်ပါကြောင်း အာမခံပါသည်...
(‪#‎iSnow‬ >> Buffet Master MaMe Ba...)

No comments:

Post a Comment