မေး။ ။ တစ်ခုလောက်မေးချင်လို့ .....
အဖြူဝမ်းဆက်ဝတ်ပြီး ၀ိပသနာ အားထုတ်ပေမဲ့.. အဖြူဟာ
ဝိဇ္ဖာလိုင်းလို့ပြောကြတယ်..
ဝိပသနာဘက်မရောက်ဘဲ ....၀ိဇ္ဖာလိုင်းဘက်ရောက်ပြီး
ထိရောက်အောင်မလုပ်နိုင်ရင် ရူးသွားမယ်တဲ့ .. ဟုတ်ပါသလားရှင်...
အဖြူနဲ့ သမထပဲလုပ်ရမှာတဲ့...
သိသလောက်ရှင်းပြပေးပါလား...
ဝတ်စုံလေးနဲ့ ၀ိပသနာ လုပ်ချင်တဲ့ သဘောပါ...
အညိုေ၇ာင် ထက် အဖြူရောင်ကို
ပိုကြိုက်တာရယ်..အဖြူေ၇ာင်ကို
မြင်နေရရင် စိတ်ထားဖြူစင်အောင်
နေရမှာလို့ သတိပေးနေသလိုမြင်
နေအောင်လို့.။.၀တ်စုံကိုမြင်နေရရင်
တရားထိုင်ချင်စိတ်ဖြစ်နေအောင်လို့ပါ...
ပုထုဇဉ်ဆိုတော့ ကောင်းတာဆို သိပ်မလုပ်ချင်ဘူး.....
မကောင်းမှုမှာပဲမွေ့လျော နေချင်တာ....
အားရင် တီဗီ ပဲ ကြည့်ချင်နေတော့ .....
ဖြေ။ ။ဝိပသာနာကျင့်လို့ရူးတယ်၊သမထ
ကျင့်လို့ရူးတယ်ဆိုတာမရှိပါဘူး...
ရူးရတဲ့အကြေင်းအရင်းနှစ်ချက်ရှိတယ်...ပထမ
တစ်ချက်ကရှေးဘဝကအရက်သောက်ခဲ့တဲ့
ကံနဲ့ဆိုင်တယ်...ဒုတိယတစ်ချက်ကတရားကျင့်ပုံ
ကျင့်နည်းမှားယွင်လို့ဖြစ်တယ်...ဝိပသာနာတရား
ဆိုတာသိပေးရတဲ့တရားဖြစ်တယ်...ဘာတွေကိုသိ
ပေးရမလဲဆိုတော့ မိမိရဲ့စိတ်မှာဒေါသဖြစ်နေတာ၊
လောဘနဲ့မောဟဖြစ်နေတာကိုသိပေးရတာ.......
ဒေါသဖြစ်ရင်နှလုံးခုန်မယ်၊ရင်တုန်မယ်၊မျက်နှာနီ
မြန်းပြီးပူလာမယ်...အဲဒီလက္ခဏာတွေကိုကြည့်ပေး
သိပေးနေရမယ်.....အဲလိုမသိပေးဘဲ အတင်းဖြတ်
ချရင်ရူးဖို့အကြောင်းဖန်လာလိမ့်မယ်...ကိုယ်က
ဒေါသမဖြစ်ချင်ဘူး...အစိုးမရတဲ့ခန္ဓာကဒေါသဖြစ်
နေတယ်.....ဖြစ်ချင်တာနဲ့ ဖြစ်နေတာတစ်ထပ်
တည်းမကျဘူး...အချိန်ကြာလာတော့ရူးတာပေါ့....
ဒါ့ကြောင့်တရားဆိုတာ သိပေးနေရတဲ့အလုပ်....
အဲလိုသိပေးလို့ကြာလာရင် တရားကကိလေသာ
တွေကိုအလိုပယ်ပေးလိမ့်မယ်...မပယ်မှာကိုစိတ်
မပူနဲ့......ပယ်တာက တရားရဲ့အလုပ်....သိပေး
ရမှာကကိုယ့်အလုပ်....အင်္ကျင်္ီအဖြူရောင်
ဝတ်လို့စိတ်ကြည်ရင်ဝတ်ပါ....စိတ်ကြည်ရင်
သမာဓိမြန်မြန်ရတယ်လေ.............
ဆရာတော်ရဝေနွယ်(အင်းမ)၊ဆရာတော်
အရှင်ဇဝန (မေတ္တာရှင်) ၊နဲ့ဦးရွှေအောင်စာအုပ်
တွေလည်းဖတ်လို့ကောင်းတယ်........တရားဓမ္မကို
အေးချမ်းစွာအားထုတ်နိုင်ပါစေ.....
TV. လည်းကောင်းစွာကြည့်နိုင်ပါစေ .....။
( ဝိပဿနာအကြောင်း အကျယ်တဝင့်သိလိုလျှင်
ဆရာတော်ကြီးများ၏တရားတော်များကို
ဖတ်မှတ်နာယူခြင်းဖြင့် သိမြင်နိုင်ပါသည်)
ဦးတိုးအောင်

No comments:
Post a Comment