Friday, December 26, 2014

တွယ်ရာမဲ့

တွယ်ရာမဲ့

(၁)
   - မနက်လေးနာရီ အိပ်ယာဘေး စားပွဲပေါ်က ဖုန်းထမြည်လာသည်။ ပေါ်လာသော နံပါတ်တခုက နာမည်မပါ။ ဖုန်းကို ပိတ်ရင်း စောင်ကို ခေါင်းအထိ အလုံဆွဲပြီး အတင်းပြန်အိပ်ဖို့ ကြိုးစားလိုက်သည်။ အိပ်ရေးပျက်ညများ ဆက်တိုက်ကြုံခဲ့သည့်အလျောက် တခဏအတွင်း အိပ်မောကျသွားရာမှ အိပ်မက်ဆိုးတခုကြောင့် လန့်နိုးလာသည်။ တကိုယ်လုံး ပူအိုက်နေပြီး ဆောင်းမနက်ခင်းမှာပင် ချွေးပျံနေလေသည်။ 

- နာရီလက်တံတို့သည် ခြောက်နာရီသို့ ညွှန်ပြနေသော်လည်း အပြင်တွင် မိုးကား မလင်းသေးပေ။ မြူတွေဆိုင်းနေပြီး နှင်းငွေ့များ ဝေနေသည်။ အစောပိုင်းက ဖုန်းလာခဲ့သည်ကို အမှတ်ရကာ ဖုန်းကို ကြည့်လိုက်မိသည်။ များလှသည့် ဖုန်းခေါ်ဆိုမှုများနှင့်အတူ ပို့ထားသည် စာတစောင်ကို တွေ့ရသည်။ ခေါ်ထားသော ဖုန်းနံပါတ်များကို မစစ်သေးပဲ စာအား ဦးစွာကြည့်လိုက်မိသည်။
    ---- Hey, it's me----. She passed away this early morning! ဟူသော စာတိုလေးတခုက စောင့်ကြိုနေသည်။ စာထဲက ပို့သူ၏ အမည်ကား မျက်လုံးများကိုေ၀၀ါးစေခဲ့လေပြီ။ အလွတ်ရနေသော နံပါတ်တခုကို ကောက်နှိပ်လိုက်သည်။ တတူတူမြည်နေသော တယ်လီဖုန်းအသံက ကမ္ဘာပျက်မည့် အချက်ပေးသံအလား။

-- ဟလို---
- ဟုတ်ကဲ့ ကျနော်ပါ အန်တီ-
-- အေး သမီး ဆုံးသွားပြီကွယ်--
ငိုသံဖြင့် ပြောသော စကားသည်ကား နားထဲတွင် ပေါက်ကွဲထွက်သွားပြီး အိပ်ယာပဲတွေ ထိုင်ချလိုက်မိသည်။ ခဏကြာမှ ကားသော့ယူပြီး အိမ်ဘက်သို့ ထွက်လာလိုက်သည်။ အိမ်တွင် ကလေးတွေပဲ ရှိသည်မို့ ဆေးရုံဘက်ကို မိုင်ကုန်မောင်းထွက်လာသည်။ အခန်းနံပါတ်ကို ဖုန်းဆက်မေးရင် လှေခါးထစ်များကို ကျော်လွှားကာ တက်လာသည်။ လူတွေ အတော်များလှသည်။ ငိုသူက ငို၊ နှစ်သိမ့်သူက နှစ်သိမ့်။ တွေ့ပါပြီ။ အဖြူရောင် ပိတ်များကြားတွင် အိပ်စက်နေသည်အလား။ မျက်နှာက အဖြူရောင်သန်းကာ ရောဂါကို အပြင်းအထန် ခံစားသွားရပုံပင်။ 

- ဘယ်လိုဖြစ်ရတာလဲဗျာ-
-- ဒီလပိုင်းတွေအတွင်း သူ့နှလုံး အခြေအနေအရမ်းဆိုးလာတယ်၊ ဆေးတွေလည်း ပုံမှန် မသောက်ဘူး။ နောက် ဟိုရက်တွေက သမီးလေး နေမကောင်းလို့ ပြုစုရင်း သူလည်း ဘုန်းဘုန်း လဲတော့တာပါပဲ။ တကယ်တော့ ကလေးမွေးပြီးကတည်းက သူ့အခြေအနေက သိပ်မကောင်းဘူး--

- သူ့ခင်ပွန်းသည်က ထိုင်ရာမှ ထကာ မင်းအတွက်ဆိုပြီး ဒိုင်ယာရီစာအုပ်တအုပ်နှင့် စာတစောင် လာပေးသည်။ အခန်းကထွက် နီးစပ်ရာ ခုံမှာ ၀င်ထိုင်ရင်း စာကို အမြန် ဖောက်ဖတ်လိုက်သည်။

---- မောင်   သမီးလေးကို စောင့်ရှောက်ပါနော်။ သမီးလေးက မောင့်သမီး၊ မောင့်သွေးပါ။ စိတ်ချပါရစေမောင်ရယ်-----

------------------------------------------------------------------------------------------------

--------------------------------

No comments:

Post a Comment