Saturday, December 20, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၁၂)

သစ်ထူးလွင်


Posted: 19 Dec 2014 06:38 AM PST
ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးအတွက် သက်သေထွက်ဆိုပေးမယ့်သူတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးကို အမျိုးသားလွှတ်တော်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာကော်မရှင်က တာဝန်ယူပေးမှာဖြစ်တယ်လို့ အထူးစုံစမ်းရေးကော်မတီ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။ ကမာရွတ်မြို့နယ်က ရန်ကုန်လွှတ်တော်ရုံးခွဲမှာ အမျိုးသားလွှတ်ေ
Posted: 19 Dec 2014 06:22 AM PST
အမေရိကန် ပြည်ထောင်စုကနေ ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်မယ် ဆိုရင် အမေရိကန်နဲ့ ရုရှား တို့ရဲ့ ရေရှည် ဆက်ဆံရေးကို ထိခိုက် ပျက်ပြား စေနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ရော့ဗ်က သတိပေး လိုက်ပါတယ်။ မစ္စတာ လက်ရိုဗ့်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အခုလို သတိပေး စကား ပြောကြား ခဲ့တာပါ။ အမေရိကန်နဲ့ အီးယူ ဥရောပ သမဂ္ဂ တို့ရဲ့
Posted: 19 Dec 2014 06:20 AM PST
အီရတ်နိုင်ငံမှာပြုလုပ်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေတွင်း အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ IS ရဲ့ ထိပ်တန်း ခေါင်းဆောင် သုံးယောက်ကို ချေမှုန်းနိုင်ခဲ့ တယ်လို့ အမေရိကန် အစိုးရ အရာရှိတွေက ပြောပါတယ်။ Kurd တပ်ဖွဲ့တွေရဲ့ မြေပြင် တိုက်ခိုက်မှုတွေမှာလည်း ဒီ ဆူနီ အစွန်းရောက် စစ်သွေးကြွတွေကို အကြီးအကျယ် အနိုင် တိုက်ထုတ်နိုင်နေတယ်လို့ ဆိုပါတယ်။ အခုလို အနိုင် တိုက်ထုတ်နိုင်တဲ့ အခြေအနေက စစ်သွေးကြွတွေအတွက် အီရတ်
Posted: 19 Dec 2014 06:17 AM PST
ဓာတ်ပုံ – NLD Chairperson လွှတ်တော်ကချပေးထားတဲ့ ငွေကျပ်သိန်း ၁ ထောင်ရန်ပုံငွေကို ခွဲဝေသုံးစွဲရေးနဲ့ပတ်သက်ပြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်  အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကော့မှူးမြို့နယ်အုပ်ချုပ်ရေးရုံးမှာ ကျေးရွာအုပ်ချုပ်ရေးမှုးတွေ၊ မြို့နယ်ဖွံ့ဖြိုးရေးကော်မီတီ နဲ့ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း
Posted: 19 Dec 2014 06:11 AM PST
''အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးဖို့ အစိုးရပိုင်းက အမြန်ဆုံး ကြိုးစား သင့်ပါတယ်''ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက စက်မှုဇုန် အလုပ်သမား နှင့် အလုပ်ရှင်အဖွဲ့အစည်း များနှင့်တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။ လှိုင်သာယာ စက်မှုဇုန် ကနောင်ခန်းမ၌ ပြုလုပ်သောတွေ့ဆုံပွဲတွင် အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်ပြီး အလုပ်သမားနှင့် အလုပ်ရှင်ကြားအငြင်းပွားမှု၊ အလုပ်သမား ဆန္ဒပြမှုများ ထွက်ပေါ်ခြင်း အများဆုံးဖြစ်
Posted: 19 Dec 2014 06:05 AM PST
လတ်တလောအချိန် ကာလတွင် ရန်ကုန်မြို့ရှိ မော်တော်ယာဉ်များ မောင်းနှင်သွားလာရာလမ်းကြောင်း များတွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ် လျက်ရှိရာ ယခုအခါ အများပြည်သူများ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များ၌ ယာဉ်ကြောပိတ် ဆို့မှုများဖြစ်ပေါ်လျက်ရှိပြီး အဆိုပါ ကိစ္စများဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ မော်တော် ယာဉ်စီးရေတိုးပွားလာသည့်ကိစ္စများ အပြင် စည်းကမ်းမဲ့ယာဉ်မောင်းနှင် မှုများနှင့် ကျွမ်း
Posted: 19 Dec 2014 05:36 AM PST
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား-တောင်ညို ခရီးစဉ်အတွက် အားမာန်သစ်(လိုက်ထရပ်) ယာဉ်လိုင်း အမည်ဖြင့် ခရီးသည်များ ပို့ဆောင်ပေး လျက်ရှိပြီး နေပြည်တော် မထသ ကြီးကြပ် မှုနှင့် လက်ပံခါးလှ ရွာထိပ်တွင် စည်းကမ်း ထိန်းသိမ်းရေးဂိတ် တခု၊ ရွှေနံ့သာရပ်ကွက် အနီးတွင် စည်းကမ်းထိန်း သိမ်းရေးဂိတ် တခုတို့ ဖွင့်လှစ်ထားပြီး ယာဉ်တစီးငွေ ၅၀၀ ကျပ် ကောက်ခံလျက်ရှိသည်။ အားမာန်သစ်ယာဉ်လိုင်းသည် ပျဉ်း မနား-တောင်ညိုလမ်းတွင် မြ
Posted: 19 Dec 2014 05:34 AM PST
သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ် မြောက်ပိုင်းက မန်နျူရာ ဆင်ခြေဖုံးက အိမ်တအိမ်မှာ ကလေး ၈ ဦး သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူ ကလေးတွေရဲ့ မိခင် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးက ဓားထိုးခံဒဏ်ရာတွေနဲ့ ဆေးရုံကို ရောက်လာခဲ့ပေမယ့် အခြေအနေက တည်ငြိမ်နေတယ်လို့ ပြောပါတယ်။ အခုထိတော့ တစုံတဦးမှ ဖမ်းဆီးခြင်းမရှိသေးသလို ဒဏ်ရာရတဲ့ အမျိုးသမီးက စုံစမ်းစစ်ဆေးမှုကို ကူညီနေတယ်လို့ ပြော
Posted: 19 Dec 2014 05:33 AM PST
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်း တက္ကသိုလ်က မြန်မာသံဃာ ၁၅ ပါး အပါအ၀င် သံဃာတော် အပါး ၄၀ အစာအဆိပ်သင့်ပြီး ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။ အဲဒီတက္ကသိုလ်မှာ ပညာသင်နေတဲ့ နိုင်ငံပေါင်းစုံက သံဃာတွေက ဒီဇင်ဘာလ ၁၈ ရက် မနက်က ဆွမ်းဘုန်းပေးစဉ်မှာ အစာအဆိပ်သင့်ခဲ့ကြတာလို့ သံယာတွေကို သွားရောက်ကြည့်ရှုအားပေးခဲ့တဲ့ အရှင်တေဇက ဒီဗွီဘီကို မိန့်ပါတယ်။ “ဘီအေကျောင်းသား သံဃာတွေက ဆယ်ရက်တရားစခ
Posted: 19 Dec 2014 05:31 AM PST
ခရီးသည်တင်ယာဉ်မှ အရှိန်လွန်ကာ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိ တိမ်းမှောက်ခဲ့သဖြင့် (၂)ဦးသေ၊ (၆)ဦးဒဏ်ရာရ ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ၁၈.၁၂.၂၀၁၄ ရက်နေ့ ၀၅၃၀ အချိန်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အတိုင်း တောင်မှမြောက် သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော 5A---ဟိုင်းလတ်အပြာယာဉ်သည် မိုင်တိုင်အမှတ် (၂၉/၂)အနီးအရောက် ၀ဲဘက်ယာဉ်ကြောသို့ အရှိန်လွန်ရောက်ရှိသွားပြီး တိမ်းမှောက်သွားခဲ့ရာ ၎င်းယာဉ်ပေါ်တွင် တ
Posted: 19 Dec 2014 05:28 AM PST
လှည်းကူးမြို့နယ်တွင် ယာဉ်တစ်စီးမှ တိုက်မိခဲ့၍ အမျိုးသား(၂)ဦးသေဆုံး နေသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူ လျက်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ၁၈.၁၂.၂၀၁၄ ရက်နေ့ ၀၆၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေး ကျေးရွာနေ ကိုထွန်းနိုင်မှ ၎င်းသည် ဘိုးရင်ကလေးကျေးရွာရှိ ပိုက်ကြီးဝဲ ကျေးရွာနှင့် မလစ်ကျေးရွာသို့ ဖောက်လုပ်ထားသော မြေသားလမ်းပေါ်တွင် အမျိုးသား(၂)ဦး သေဆုံးနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှု ခဲ့ြေ
Posted: 19 Dec 2014 05:22 AM PST
မြန်မာနိုင်ငံအရှေ့ဘက် တရုတ်ပြည်နယ်စပ်ရှိ ရမ္မက်လောဘတို့ဆုံရာ ပြိုးပြက်တောက်ပသည့် မိုင်းလားမြို့တွင် ရနိုင်သောအစားအသောက်များသည် အလွယ်တကူ မူးမေ့အော့အန်တတ်သူများအတွက် မဟုတ်ပါ။ အစားအသောက်စာရင်းပါ ဟင်းနှင့် သောက်သုံးဖွယ်ရာအများစုသည် ရှားပါးတိရစ္ဆာန်တို့၏ အသွေးအသားများသာဖြစ်သည်။ မြစ်နံဘေးရှိ စားသောက်ဆိုင်တဆိုင်တွင် ကျားအရိုးပဒေသာကို ၁၂ ပေကျယ်သည့်အနက်ရောင် ယမကာကန်ထဲ၌စိမ်ထားရာ ဟောင်းလောင်းဖြစ်နေသော
Posted: 19 Dec 2014 05:20 AM PST
ရန်ကုန်မြို့လယ်ရှိ အခန်းကျဉ်းလေးထဲတွင် ကွန်ပြူတာ စာစီစာရိုက်သံများက ဂျောက်ဂျောက်ဂျက်ဂျက်၊ နရီစီးချက် မမှန်သော်လည်း တိတ်ဆိတ်မှုအား တွန်းလှန်ထားသည့်နှယ်။ ကီးဘုတ်ကို တစ်ဖြောင်းဖြောင်းရိုက်နေသူများအနက် ကျောလယ်ပိုင်း အထိ ရှည်လျားသော ဆံနွယ်များအား လျော့ရိလျော့ရဲ စည်းနှောင်ထားသော်လည်း သေသပ်မှုရှိသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီး၏ အမည်မှာ မဇင်မာမြင့် ဖြစ်သည်။ ခန္ဓာကိုယ်မှာ ပိန်ပိန်ပါးပါး၊ အမျိုးသားဝတ်
Posted: 19 Dec 2014 12:36 AM PST
ဓါတ်ပုံ - နိုဝင်ဘာ ၁၉ ရက်က လိုင်ဇာတွင်အစိုးရတပ်မတော်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် ကျဆုံး ဗိုလ်လောင်းများ ဒီဇင်ဘာ ၁၉ ရက် ၂၀၁၄ ရန်ကုန်မြို့ မြန်မာ့ငြိမ်း ချမ်းရေးစင်တာမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ လာမည့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တွေ့ဆုံ မည်ဟု ဆိုသော်လည်း တတိုင်းပြည်လုံး အပစ်ရပ်
Posted: 19 Dec 2014 12:29 AM PST
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရဲတွေဟာ မသန့်တဲ့ ဝက်သေတွေကို ပုံစံပြောင်း ရောင်းချတယ်လို့ သံသယရှိတဲ့ ရာဇဝတ်လုပ်ငန်းစု ငါးစုက အဖွဲ့ဝင် ၃၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အရာရှိတွေက ဒီဇင်ဘာ ၁၇ ရက်နေ့က ပြောပါတယ်။ ဝက်သေ ၂၅.၄ တန်နဲ့ ဝက်သားတွေကို သိမ်းဆည်းရမိပြီး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၆.၂ သန်းဖိုး ရှိတယ်လို့ ကျိုးချင်မြို့ ပြည်သူ့လုံခြုံရေးဗျူရို ရဲအရာရှိ ချန်ဝေရန်က ပြောပါတ
Posted: 19 Dec 2014 12:28 AM PST
နေရပ်ပြန်ရာတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - မလေးရှားရောက်မြန်မာများ) မလေးရှားအစိုးရက နိုင်ငံခြားသားတွေကို အလုပ်လုပ်ခွင့်ပေးတဲ့ 6P အစီအစဉ်ကို အလုပ်ရှင်တွေနဲ့ တရားဝင် ပါမစ်လျှောက်ထားသူတွေ အကျုံးဝင်တဲ့ နိုင်ငံခြားသားအလုပ်သမား ၃ သိန်းကျော်ကို ယာယီအလုပ်လုပ်ကိုင်ခွင့်သက်တမ်းတနှစ်တိုးမြှင့်ကြောင်း ကြေညာချက်ကို မလေးရှားသတင်းတွေက ရေးပါတယ်။ 6P အစီအစဉ်ဆိုတာဟာ တရားမဝင် အလုပ်လုပ်နေကြ
Posted: 19 Dec 2014 12:25 AM PST
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ကွယ်လွန်သည် ဟူ၍လည်းကောင်း၊ ကိုယ်တစ်ခြမ်း လေဖြတ်သွားသည် ဟုလည်းကောင်း အွန်လိုင်း လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘုတ်ပေါ်တွင် သတင်းများ ပျံ့နှံ့လျက်ရှိရာ မဟုတ်မမှန်ကြောင်း၊ ဦးသန်းရွှေမှာ ကျန်းမာရေး ကောင်းမွန်ကြောင်း နှင့် ဘုရား၊ တရား အလုပ်လုပ်လျက် ရှိကြောင်း ၎င်းနှင့် တွေ့ ဆုံခွင့်ရခဲ့သူ သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးအံ့မော
Posted: 19 Dec 2014 12:22 AM PST
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ တောင်ငူ အကျဉ်းထောင်တွင် ထောင်ဒဏ်(၁၃)နှစ် ကျခံနေရသော ဦးဆန်းဆင့်အား နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲရာတွင် စွပ်စွဲချက် (၃)ချက်၌ ယခုအစိုးရသည်အတု၊ နောက်လာမည့် အစိုးရသည် အစစ်ဖြစ်သည်ဟု ပြောကြားသည့် စွပ်စွဲချက် ပါဝင်ကြောင်း ဦးဆန်းဆင့်၏ ရှေ့နေဖြစ်သူ တရား လွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ တရုတ်ပြ
Posted: 19 Dec 2014 12:19 AM PST
မလေးရှားနိုင်ငံမှာ ဒီနှစ်အတွင်း မြန်မာ အယောက် ၂၀ သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် တရားခံတွေကို ရဲတပ်ဖွဲ့က အပူတပြင်း ပိုက်စိတ်တိုက်ရှာဖွေမှုတွေ ရှိနေတယ်လို့ မလေးရှားရောက်မြန်မာတွေက ပြောပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အသိအမှတ်ပြု လက်မှတ်အတု လုပ်ဆောင်မှုတွေကို စစ်ဆေးဖော်ထုတ်နေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အစိုးရက ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တရားမ၀င်နိုင်ငံခြားသားတွေ မလေးရှားနိုင်ငံကနေ ထွ
Posted: 19 Dec 2014 12:16 AM PST
မုံရွာ ၊ ၁၉-၁၂-၂၀၁၄ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ၌ ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသ နေသူများကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက် များအရ ဖော်ထုတ် အရေးယူလျက် ရှိကြောင်း သိရသည်။ ''ဆေးဝါး ကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးများ ကုသ နေတာဟာ ပြည်သူ့ ကျန်းမာရေး အတွက် အသက် အန္တရာယ် စိုးရိမ်ဖွယ် ရှိတာကြောင့် ဥပဒေအရ တားမြစ် ကန့်ကွက်တာပါ .. '' ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တွင် တာဝန် ထမ်းဆောင်
Posted: 19 Dec 2014 12:08 AM PST
ရန်ကုန် ၊ ၁၉-၁၂-၂၀၁၄ ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီတွင် မှတ်ပုံတင် ထားသည့် ခရီးသည် တင်ယာဉ် အစီးရေထက် နေ့စဉ် ယာဉ် အစီးရေ ၂၄ဝဝ ခန့် လျော့နည်း ပြေးဆွဲလျက် ရှိကြောင်း မ-ထ-သ (ဗဟို)မှ စာရင်း အတိအကျ ထုတ်ပြန် ကြေညာ ထားသည်။ ရန်ကုန်မြို့တွင်း၌ ပြေးဆွဲလျက် ရှိသည့် ယာဉ်လိုင်း အရေအတွက်မှာ စုစုပေါင်း ၃၆၅ လိုင်းအထိ ရှိနေပြီး မှတ်ပုံတင် ထားသည့်
Posted: 18 Dec 2014 11:01 PM PST
လှိုင်မြို့နယ်၊ တက္ကသိုလ်ဝင်းအတွင်း လက်တွန်းလှည်းဖြင့် ရောင်းချသည့် ကိုရီးယားအကင် ဆိုင်မှ ဂက်စ်မီးဖိုပေါက်ကွဲမှုဖြစ် ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ၁၉.၁၂.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်တွင် လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ရန်ကုန် တက္ကသိုလ်ဝင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းထွက်ပေါ်ခဲ့ပါသည်။ အဆိုပါ သတင်းနှင့်ပတ်သက်၍ လှိုင်မြို့မ ရဲစခန်းတပ်ဖွဲ့ဝင်များမှ အတည်ပြု စုံစမ်းစစ်ဆေးခဲ့ရာ ဖြစ်စဉ်မှာ အဆိုပါအချိန်တွ
Posted: 18 Dec 2014 09:45 PM PST
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ဦးတည်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေပြီလို့ ပြောဆိုနေကြပေမယ့် တရားစီရင်ရေးစနစ်ဟာ သိသိသာသာ တိုးတက် ပြောင်းလဲ လာတာ မရှိသေးပဲ အင်မတန်မှ အားနည်းနေဆဲ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။ ဒီနေ့ခေတ် မြန်မာ့တရားစီရင်ရေးစနစ်အပေါ် ဘယ်လိုရှုမြင်သလဲဆိုတာကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဂတိလိုက်စားမှုတွေ အတော်
Posted: 18 Dec 2014 09:40 PM PST
ကာကွယ်ရေး ၀န်ကြီးဌာန အများဆုံး ပါဝင်သိမ်းယူထားတဲ့ မြေယာသိမ်းဆည်း မှုတွေထဲက မြေဧက ၃ သိန်းကျော်ကို ပြန်လည်စွန့်လွှတ်ပြီး ဖြစ်တယ်လို့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ မြေသိမ်းတာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်ရဲ့ လယ်မြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြာည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်က အစီရင်ခံစာ ၇ ခု တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။
Posted: 18 Dec 2014 09:26 PM PST
မြန်မာနိုင်ငံအရှေ့ ပိုင်းဒေသနေ အရပ်သားတွေကို အစိုးရတပ်က သတ်ဖြတ်ညှဉ်းဆဲရာမှာ တာဝန်အရှိဆုံး စစ်ဗိုလ်သုံးဦးရဲ့ အမည်ကို Harvard Law School လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။ လက်ရှိ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို၊ အထူးစစ်ဆင်ရေးဗျူရိုကစစ်ဦးစီး ဗိုလ်ချုပ်ခင်ဇော်ဦးနဲ့ နေပြည်တော်ရဲ့  တိုင်းမှူးဗိုလ်ချုပ်မောင်မောင်အေးတို့ကို ရာဇဝတ်မှု ကျူးလွန်သူအဖြစ် ဖော်ပြပါတယ်။ ၂၀၀၆ က ၂၀၀၈ အထိ မြန်

No comments:

Post a Comment