သစ်ထူးလွင် |
- တောင်အာရှ AL-Qaida ခါင်းဆောင် ဖြစ်နိုင်သူ ၅ဦး ပါတစ္စတန် ဖမ်းဆီး
- ကျောင်းသားသမဂ္ဂလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် ဆရာမတစ်ဦးကို ကျောင်းပြောင်းခိုင်း
- နိရဉ္စရာ ရခိုင် သတင်းဂျာနယ်ပြည်တွင်းတွင် စတင်ဖြန့်ချိ
- အရှိန်မထိန်းနိုင်သော ပြိုင်ကားတစ်စီး လမ်းဘေး ပလက်ဖောင်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်
-
ပန်းလှိုင်မြစ်ကြောင်းတိုးချဲ့မှု
ကြောင့် ဧရာဝတီတိုင်းတွင် အိမ်ခြေ ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ် - လက်နက်တိုက် ဖေါက်၍ သေနတ်ခိုးယူသူများ ဘူးသီးတောင်တွင် ဖမ်းဆီးခံရ
- မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ကင်းပတ်လမ်း များနှင့် ခြံစည်းရိုး ကာရံမှုလုပ်ငန်းများ ပြီးစီးတော့မည်
- ရန်ကုန် လမ်း ၄၀ အလယ်ဘလောက်တွင် ဆိုက္ကားသမားနှင့် ကားသမား ခိုက်ရန်ဖြစ်ပွား
- ကလေးငယ်များ လူကုန်ကူးခံရမှု အဆိုးဆုံးနိုင်ငံများတွင် မြန်မာပါဝင်
- ဂူဂဲလ်မှာ မြန်မာဘာသာပြန်နိုင်ပြီ
- ISIS အဖွဲ့မှ ထိပ်တန်း ခေါင်းဆောင်တစ်ဦး အကျင့်ပျက် ခြစားမှုဖြင့် ခေါင်းဖြတ် ကွပ်မျက်ခံရ
- ထိုင်း အကျဉ်းထောင်က မြန်မာလူငယ်နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့
- တရုတ်အမျိုးသားများ နှင့် လက်ထပ်ရန် စီစဉ်ထားသည့် ဗီယက်နမ် သတို့သမီးများ ထွက်ပြေးမှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက်ရှိ
- CIA လုပ်ရပ် ညွှန်ကြားရေးမှုး ကာကွယ်ပြောဆို
- ငွေစက္ကူပုံစံ ပိုက်ဆံအိတ်များ ရဲတပ်ဖွဲ့များ လိုက်လံသိမ်းဆည်း
- တရားလိုကို ရဲကရိုက်နှက်မှု တာမွေတွင်ဖြစ်ပွား ပြစ်မှု ကျူးလွန်ကြောင်း မခိုင်လုံဘဲ ရိုက်နှက်စစ်ဆေးဟု စွပ်စွဲခံရမှု တစ်လအတွင်း ၂ ကြိမ်ဖြစ်
- တအန်းပလောင်နဲ့ အစိုးရတပ် အကြား ၁၀ ရက် အတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်
-
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင်
့ ဒေသခံကြား မြေယာပိုင်ဆိုင်မှု မစစ်ဆေးနိုင်သေး - ကာဘူးလ်မှာ ရှိတဲ့ ပြင်သစ်ကျောင်း တိုက်ခိုက်ခံရ
- ဟောင်ကောင်ဆန္ဒပြပွဲ ရဲအင်အား ၇ ထောင်ကျော်ဖြင့် ရှင်းလင်း
- ကိုယ်ကျိုးစီးပွားအတွက် စည်းကမ်းမဲ့ ပြုလုပ်ကြခြင်းကြောင့် သစ်တောများ ပျက်စီးရခြင်းဖြစ်
- သစ်ခိုးထုတ်မှုအမြင့်ဆုံး နိုင်ငံစာရင်းတွင် မြန်မာ အဆင့် ၅ ရောက်
- မိကျောင်းကန်လူထု ထပ်မံဆန္ဒပြ
- ထားဝယ် ရန်ကုန် ကားလမ်း ဓါးပြတိုက်မှုဖြစ်
- ၁၂-ပွင့်ဆိုင် စစ်ကိုင်းတိုင်း လွှတ်တော် တောင်းဆို
Posted: 12 Dec 2014 07:31 AM PST
al Qaida တွေကို ပါကစ္စတန် ဖမ်းမိ။
အသစ် ဖွဲ့စည်းလိုက်တဲ့ တောင်အာရှ Al-Qaida အဖွဲ့ရဲ့
ကရာချိမြို့ခေါင်းဆောင်လို့ ယူဆရသူ အပါအ၀င် အဖွဲ့ဝင် ၅ ဦးကို
ဖမ်းဆီးလိုက်ကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။ Shahid Usman နဲ့
တခြား အဖွဲ့ဝင် ၄ ဦးတို့ကို တိုင်းပြည်တောင်ပိုင်း ဆိပ်ကမ်းမြို့မှာ
အခုသီတင်းပတ်အတွင်း ဖမ်းဆီး ရမိလိုက်ကြောင်း လုံခြုံရေး အရာရှိတွေက
ပြောပါတယ်။ Usman ဟာ Al-Qaida အဖွဲ့ရဲ့ ကရာချိမြို့ခေါ
|
Posted: 12 Dec 2014 07:22 AM PST
စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ အမှတ်(၇) အခြေခံ ပညာ မူလတန်း
ကျောင်းက ဆရာမ ဒေါ်ဌေးဌေးဝေက သူဟာ ကျောင်းသား သမဂ္ဂ လှုပ်ရှားမှုတွေမှာ
ပါဝင်ခဲ့တဲ့အတွက်ကြောင့် ကျောင်းအုပ်ဆရာမကြီးက ကျောင်းပြောင်းခိုင်းတာကို
မကျေနပ်ကြောင်းပြောပါတယ်။
ဒီနေ့ စစ်ကိုင်းမြို့မှာ ဆရာမဒေါ်ဌေးဌေးဝေက သတင်းမီဒီယာသမားတွေနဲ့
တွေ့ဆုံပြီး ပြောလိုက်တာပါ။
ကျောင်းအုပ်ဆရာမကြီးရဲ့အမိန့်စာ
|
Posted: 12 Dec 2014 06:59 AM PST
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို ဦးစားပေး တင်ပြထားတဲ့
ပြည်ပ အခြေစိုက် နိရဉ္စရာ ရခိုင်သတင်း ဂျာနယ်ကို ပြည်တွင်းမှာ ဒီနေ့
စတင်ဖြန့်ချိ လိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို တိုင်းရင်းသား
ညီအစ်ကို မောင်နှမတွေ သိစေချင်တဲ့အတွက် ထုတ်ဝေရတာလို့ ဂျာနယ် အယ်ဒီတာချုပ်
ဦးခိုင်မြတ်ကျော်က ပြောပါတယ်။
“ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဂျာနယ်တွေ၊ သတင်းစာတွေက တအားကို အားန
|
Posted: 12 Dec 2014 12:27 AM PST
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
၁၁.၁၂.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း
အတိုင်း စံပြဈေးမီးပွိုင့်ဘက်မှ အသင်းတိုက် မီးပွိုင့်ဘက်သို့
မောင်းနှင်လာသော 4C---Celica အနီရောင် ပြိုင်ကားသည် ရွှေနားပန်
ကျောင်းတိုက်ရှေ့ အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ပလက်ဖောင်းပေါ်သို့
ရောက်ရှိကာ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ယာဉ်ကိုထားကာ ထွက်ပြေး
တိမ်းရှောင်သွားခဲ့ ပါသည်။
ထိုသို့
|
Posted: 11 Dec 2014 10:10 PM PST
ပုသိမ်၊ ဒီဇင်ဘာ ၁၀
ဧရာဝတီမြစ်နှင့် ရန်ကုန်မြစ်တို့ကြား ဆက်သွယ်ထားသည့် တိမ်ကောနေသော
ပန်းလှိုင်မြစ် အား မြစ်ေ ကြာင်း ပြန်လည် တိုးချဲ့ရာတွင် ပါဝင်သွားခဲ့သော
ဧရာဝတီတိုင်းဒေ သကြီး ညောင်တုန်းမြို့နယ် အတွင်းရှိ အိမ်ခြေ (၄၀၀)ကျော်မှာ
နစ်နာကြေးများရရှိမှု မရှိသည့် အပြင် မြေနေရာ အစား ပြန် လည်ရရှိခြင်း
မရှိဘဲ ဖယ်ရှားဖျက် သိမ်းပေးခဲ့ရသောကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်နေရကြောင်း
ဒီဇင်ဘာလ ၅ရက်နေ့တွင် နစ်နာ သူ
|
Posted: 11 Dec 2014 10:01 PM PST
ဘူးသီးတောင်
ဒီဇင်ဘာ ၁၂
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ မောင်နှမပုလဲတောင်ရွာတွင် အခြေစိုက်သော
ခမရ (၅၆၄)တပ်ရင်း လက်နက်တိုက်ကို ဖေါက်ပြီး လက်နက် ခိုးယူသွားသော စစ်သား
တစ်ဦးနှင့် အရပ်သား နှစ်ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ကြောင်း သတင်း
ရရှိသည်။
ဖမ်းဆီးခံရသူ စစ်သားမှာ အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ တပ်သား
မောင်မိုးနှင့် ဘူးသီးတောင်မြို့နယ် အုတ်တောင်ကျေးရွာမှ
အောင်ထွန်းကျော်နှင့် မော
|
Posted: 11 Dec 2014 09:57 PM PST
စစ်တွေ ၊ ၁၂-၁၂-၂၀၁၄
မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ကင်းပတ်လမ်းများ နှင့် ခြံစည်းရိုး
ကာရံမှု လုပ်ငန်းများ ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တရားမဝင်
ကူးသန်း သွားလာမှုများ မပြုလုပ်နိုင် စေရန် နှစ်နိုင်ငံ နယ်စပ် တစ်လျှောက်
ခြံစည်းရိုးများ ကာရံခြင်း၊ ခြံစည်းရိုး တစ်လျှောက် ကင်းပတ်လမ်းများ
ဖောက်လုပ် နေခြင်းကို ဆောင်ရွက်လျက် ရြှိ
|
Posted: 11 Dec 2014 10:04 PM PST
လမ်း ၄၀ အလယ်ဘလောက်နှင့် မဟာဗန္ဓုလ လမ်းထောင့်တွင် ကားပါကင်ထိုးရာမှ ဆိုက္ကား
သမားနှင့် ကားသမား ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်း အချိန်တွင် ခိုက်ရန်
ဖြစ်ပွား ကြောင်း သိရသည်။
ဘေးပတ်ဝန်းကျင်က ပြောပြချက်အရ ကားသမားက တောင်းပန်သည့်ကြားမှ ဆိုက္ကား သမားက
ကားမှန်ကို ရိုက်ခွဲ လိုက်ကြောင်း၊ ယင်းကြောင့် အနီးဝန်းကျင်မှ ကားသမားများ
ရောက်လာပြီး ၀ိုင်းဝန်း ထိုးကြိတ် ရိုက်နှက်လိုက်ကြောင်း၊ Probox ကားမှ
ကားသမားလည်းေ
|
Posted: 11 Dec 2014 09:43 PM PST
ကမ္ဘာပေါ်မှာ ကလေးပေါင်း ၁၂ သန်းလောက် နှစ်စဉ် လူကုန်ကူးခံနေရပြီး
အဆိုးဝါးဆုံးဒေသဟာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင် အာရှဒေသတွေ ဖြစ်တယ်လို့
ရွှေ့ပြောင်းသွားလာနေတဲ့ ကလေးများဆိုင်ရာကွန်ရက်က ပြောပါတယ်။
unicefဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးသူငယ်လူကုန်ကူးမှု
ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်း
|
Posted: 11 Dec 2014 09:41 PM PST
အင်တာနက်နဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှုတွေ ပေးနေတဲ့ ဂူဂဲလ်ကုမ္ပဏီရဲ့ Google
Translate ဘာသာပြန်မှာ မြန်မာ ဘာသာကိုလည်း စတင်ထည့်သွင်းထား လိုက်ပါတယ်။
ဒီအတွက် https://translate.google.com
အင်တာနက်လိပ်စာကနေတဆင့် တခြားဘာသာစကားတခုကနေ မြန်မာဘာသာ ဒါမှမဟုတ် မြန်မာ
ဘာသာကနေ တခြားဘာသာစကားတခုကို အပြန်အလှန် ဘာသာ ပြန်ဆိုနိုင်တဲ့
ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဂူဂဲလ်က ဘာသာပြန်ဝန်ဆောင်မှု အဖြစ် မြန်မာ ယူနီ
|
Posted: 11 Dec 2014 08:32 PM PST
မိုဆူးလ် ၊ ၁၂-၁၂-၂၀၁၄
ISIS စစ်သွေးကြွ အဖွဲ့သည် ၄င်းတို့အဖွဲ့ အတွင်းမှ ခေါင်းဆောင်များ အနက်
ခေါင်းဆောင် တစ်ဦးကို ဘဏ္ဍာရေး ဆိုင်ရာ အကျင့်ပျက် ခြစားမှု၊ လျှို့ဝှက်
ကြံစည်မှုနှင့် အီရတ် မြောက်ပိုင်းရှိ မိုဆူးလ်မြို့ကို လျစ်လျူရှုခြင်း
ကဲ့သို့သော ပြစ်မှုများဖြင့် ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း သိရသည်။
မူအာမာသော်ဟာလာ အမည်ရှိ အဆိုပါ ကွပ်မျက်ခံ စစ်သွေးကြွ ခေါင်းဆောင် သည်
မိုဆူးလ်မြို့ အတွင်းရှိ အခွန်ငွေ
|
Posted: 11 Dec 2014 08:29 PM PST
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုနဲ့ ဖမ်းဆီး တရားစွဲဆို ခံနေရသူ
မြန်မာ လူငယ်နှစ်ဦးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ထံကို အကူအညီတောင်းခံတဲ့စာတစ်စောင် မနေ့က
ရေးသား ပေးပို့ခဲ့တယ်လို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။
မိမိတို့အနေနဲ့ ပြစ်မှုတစုံတရာမကျူးလွန်ခဲ့ပဲနဲ့
အကျဉ်းထောင်ထဲမှာမနေလိုကြောင်း၊ မတရားသဖြင့် ဓါးစာခံဖြစ်နေရတာကြောင့်
တရားမျှတမှုကို လို
|
Posted: 11 Dec 2014 06:53 PM PST
ပေကျင်း ၊ ၁၂-၁၂-၂၀၁၄
တရုတ် ရဲတပ်ဖွဲ့သည် နိုင်ငံ အတွင်းရှိ အမျိုးသားများနှင့် လက်ထပ်ရန်
စီစဉ်ထားသည့် ဗီယက်နမ် နိုင်ငံမှ သတို့သမီး ဦးရေ ၁ဝဝ ထွက်ပြေးမှုနှင့်
စပ်လျဉ်း၍ လိုက်လံ ရှာဖွေလျက် ရှိကြောင်း မီဒီယာများ က ယမန်နေ့တွင်
ဖော်ပြထားသည်။
အဆိုပါ ဗီယက်နမ် သတို့သမီး များသည် တရုတ်နိုင်ငံ အတွင်းရှိ ကျေးလက်ဒေသမှ
ဆင်းရဲသည့် အမျိုးသားများနှင့် လက်ထပ်ရန် စီစဉ်ပေးခြင်း ခံရပြီးနောက်
ယင်းသို့ ထွက်ပြေးခဲ့ ခြ
|
Posted: 11 Dec 2014 06:43 PM PST
(CIA) ညွှန်ကြားရေးမှူး John Brennan ရဲ့ CIA ဌာနချုပ်က
သတင်းစာရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၁၊ ၂၀၁၄)
၂၀၀၁ ခုနှစ်က အမေရိကန်ပြန်ထောင်စု အပေါ် အကြမ်းဖက် တိုက်ခိုက်မှုကြီး
ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်သမား တွေလို့ သံသယရှိသူတွေကို
ဆက်ဆံတဲ့နေရာမှာ ပိုမိုထိရောက်စေတဲ့ နည်းလမ်းတွေ အသုံးပြုပြီး
စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်
|
Posted: 11 Dec 2014 06:26 PM PST
ပုံညွှန်းစာ - မြန်မာနိုင်ငံသုံး ငွေစက္ကူများအား တရားဝင် ခွင့်ပြုချက်
မရှိဘဲ ဗွီနိုင်းဖြင့် ပြုလုပ် ထားသော ခေါက်ပိုက်ဆံ အိတ်များ
သိမ်းဆည်းနေသည့် မှတ်တမ်းဓာတ်ပုံ
ရန်ကုန်၊ ဒီဇင်ဘာ ၉
မင်္ဂလာတောင်ညွန်မြို့နယ်၊ ရွှေပြည့်စုံဈေး ရှိ မြန်မာနိုင်ငံ သုံး
ငွေစက္ကူပုံစံယူ ပုံနှိပ်ထားသော ပိုက်ဆံ အိတ် များ ရောင်း ချလျက်ရှိသော
ဆိုင်များမှ ပိုက်ဆံအိတ်များကို ဒီဇင် ဘာလ ၅ရက်တွက် အရှေ့တိုင်းခရိုင်
ရဲတပ်ဖွဲ့မှူး ဦးေ
|
Posted: 11 Dec 2014 06:43 PM PST
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုဇာနည်လှိုင်
တစ်ယောက်၂ ရက်ခန့် မျိုသိပ် ထားရသော အစိုင်အခဲများ အန်ထုတ်
လိုက်ရသောကြောင့် ကျေနပ် သွားဟန်ဖြင့် ရုံးသွားရဦးမည်ဟု နှုတ်ဆက်သည်။
မြန်မာသံတော်ဆင့် သတင်းဌာန ပြည်သူများ၏ တိုင်ကြား စာဌာနသို့ ပြစ်မှု
ကျူးလွန်သည်ဟု မခိုင်လုံဘဲ မြို့နယ်ရဲစခန်းက ရိုက်နှက်သည်ဟု စွပ်စွဲ
တိုင်ကြားမှု ရောက်ရှိလာသည်မှာ ယခုကိစ္စနှင့် ဆိုပါက တစ်လ
|
Posted: 11 Dec 2014 06:25 PM PST
အစိုးရတပ်နဲ့ အကြား နယ်မြေပိုင်းခြားမှု သဘောတူမှု မရှိတဲ့ အတွက် စစ်ရှိန်
လျှော့မချ နိုင်တာလို့ TNLA က ပြောပါတယ်။
ရှမ်းပြည် မြောက်ပိုင်း တအန်း ပလောင် ဒေသမှာ ဒေသခံ တအန်း လက်နက်ကိုင် အဖွဲ့
TNLA နဲ့ အစိုးရ တပ်တွေ အကြား ရင်ဆိုင် တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို
ဖြစ်ပေါ် နေခဲ့တာမှာ အခု ဒီဇင်ဘာ လထဲမှာ တိုက်ပွဲ ၇ ကြိမ် ရှိနေပြီ
ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ ရက် ကပဲ တအန်း ၊ ကချင်နဲ့ ကိုးကန့် တပ်ပေါင်းစု တွေနဲ့
|
Posted: 11 Dec 2014 06:44 PM PST
ပြီးခဲ့တဲ့ ဇူလိုင်လက ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ - Kotoe Taunggyi)
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်က ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်နဲ့
ဒေသခံ တောင်သူတွေကြား မြေယာပိုင်ဆိုင်မှု အငြင်းပွား ပြဿ နာကို ပြီးခဲ့တဲ့ ၁
နှစ်ကျော်က လက်ခံရရှိ ထားပေမယ့် ဒီကနေ့ထိ သွားရောက်စစ်ဆေး ပေးနိုင်ခြင်း
မရှိဘူးလို့ မြေသိမ်းမှု စုံစမ်းရေး အဖွဲ့က ပြောပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဟာ တိုင်းရင်းသားလက်နက် ကိုင်အ
|
Posted: 11 Dec 2014 06:17 PM PST
ခန်းမထဲ အဝင်နေရာမှာပဲ အသေခံ ဗုံး ခွဲလိုက်တာ လို့ မျက်မြင် သက်သေတွေက
ပြော။
အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်မှာ ရှိတဲ့ ပြင်သစ်တွေ
ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ ပြဇာတ် ကပြ နေကြစဉ် အသေခံ ဗုံးခွဲ တိုက်ခိုက်တာ
ခံခဲ့ရပါတယ်။
လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အကြောင်း တင်ဆက်နေတဲ့ ပြဇာတ်ကို ပစ်မှတ်ထား
တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အသေခံ ဗုံးခွဲခဲ့သူဟာ ဆယ်ကျော်သက် တစ်ဦးလို့
သိရပါတယ်။
အစောပိုင်း သတင်းတွေ အရ၊ ဂျာမ
|
Posted: 11 Dec 2014 06:17 PM PST
နောက်ဆုံး လက်ကျန် ဟောင်ကောင် ဆန္ဒပြပွဲတွေကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်က
ဟောင်ကောင် အာဏာပိုင်တွေ စတင် ၀င်ရောက်ရှင်းလင်း ခဲ့ကြပါတယ်။
ရဲတွေရဲ့ အနီးကပ် စောင့်ကြည့်မှုနဲ့ ရှင်းလင်းရေး အလုပ်သမားတွေက အမာရာတီ
နယ်မြေက Admiralty ဆန္ဒပြစခန်းကို ၂ နေရာကနေ ၀င်ရောက်ရှင်းလင်း ခဲ့ကြတာပါ။
ဝင်ရောက် ရှင်းလင်းတော့မယ့်အချိန်မှာ ဆန္ဒပြကျောင်းသားတွေကို ဖယ်ရှားပေးဖို့
သတိပေးချက်ဖတ်ကြားခဲ့ပါတယ်။ အစပိုင်း အခုအခံ နည်းနည်းရှိ
|
Posted: 11 Dec 2014 06:17 PM PST
ရန်ကုန်၊ ဒီဇင်ဘာ ၆
နိုင်ငံ၏ အခြေအနေပေါ် မူတည်၍ ဥပဒေ စိုးမိုးမှုကို မျက်ကွယ်ပြုကာ
ကိုယ်ကျိုးစီးပွားအတွက် စည်းကမ်း မဲ့ ပြုလုပ်ကြခြင်းများကြောင့် သစ်တောများ
ပျက်စီးသွား ရခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့ (UMFCCI)
ခန်းမတွင် ပြုလုပ်သည့် ““လူနှင့်ပတ်ဝန်း ကျင်”” ဟောပြောပွဲတွင် ပါဝင်သည့်
သစ်တော ပညာရှင် ဦးသန်းထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။
““၁၉၉၀ ခုနှစ်ကနေပြီးတော့ ၂၀၁၀ ခုနှစ်အထိ
|
Posted: 11 Dec 2014 06:15 PM PST
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
သစ်ခိုးထုတ်မှုအမြင့်ဆုံး နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ အဆင့် ၅သို့
ရောက်ရှိနေကြောင်း မြန်မာအစိမ်းရောင် ကွန်ရက်က ပြုလုပ်သော
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် မိုးလေ၀သ နှင့် ဇလဗေဒပညာရှင်
ဦးထွန်းလွင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်း
မှုနှင့် သစ်ခိုးထုတ်မှုများ၏ အဆက်အစပ် ကို ဦးထွန်းလွင်က ပြောကြား
ခဲ့ခြင်းဖြစ်သည်
|
Posted: 11 Dec 2014 04:02 PM PST
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနံဘေး မှာ ၉ လနီးပါး
ဖွင့်ထားခဲ့တဲ့ မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူ ၁၀၀ ကျော်ဟာ
ဆူးလေဘုရားနဲ့ မြို့တော်ခန်း မရှေ့မှာ ဒီကနေ့ လမ်းလျှောက် လှည့်လည်ပြီး
ဆန္ဒပြခဲ့ ကြပါတယ်။
အစိုးရက တစ်ပတ်အတွင်း သူတို့ နဲ့တွေ့ဆုံ ဆွေးနွေးပေး ဖို့ တောင်းဆို
ခဲ့တာကို လာရောက်ညှိနှိုင်းခြင်း မရှိတဲ့အ တွက် အခုလို ဆန္ဒပြကြတာ
ဖြစ်တယ်လို့ သပိတ်တိုက်ပွဲ ဝင်နေသူ တစ်ဦး ဖြစ်တဲ့ ဦး
|
Posted: 11 Dec 2014 03:58 PM PST
ဓါးပြတိုက်မှု အတွင်း ပစ်ခတ်မှုကြောင့် KNLA တပ်သား နှစ်ယောက်သေဆုံး
ထားဝယ် ကနေ ရန်ကုန်ကို လာတဲ့ အောင်ရတနာ ခရီးသည်တင် ကားတစ်စီးဟာ ဒီဇင်ဘာလ ၁၀
ရက် ဗုဒ္ဓဟူး ညနေ ၆ နာရီခွဲ လောက်မှာ ဓားပြတိုက် ခံခဲ့ရပါတယ်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ် မလွှဲတောင်လမ်းပိုင်းမှာ ဓါးပြတိုက်ခဲ့တာ
ဖြစ်ပြီး ခရီး သည်တွေရဲ့ ငွေတွေ အပါအဝင် ရွှေထည်၊ လက်ဝတ်လက်စားတွေနဲ့
လက်ကိုင်ဖုန်း စတဲ့ ပစ္စည်း စုစုပေါင်း ကျပ်ငွေ ၂၇ သိန်းကျော်ဖိုးပါ
|
Posted: 11 Dec 2014 03:55 PM PST
နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတဲ့ ၁၄ပွင့်ဆိုင် နိုင်ငံထိပ်သီး ဆွေးနွေးပွဲ
(အောက်တိုဘာ ၃၁၊ ၂၀၁၄)
စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်က ၁၂ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး
အတွက် တခဲနက် အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။ ၆ ပွင့်ဆိုင် တွေ့ဆုံ
ဆွေးနွေးရေး အစား ၁၂ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ်ဖို့
အဆိုကိုတော့ ချင်းတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးနိုးထန်ကပ်က အရေးတကြီး အဆိုအဖြစ်
ဒီဇင်ဘာလ ၉ ရက်နေ့မှာ တင်သွင်းပြီး
|
No comments:
Post a Comment