Tuesday, December 30, 2014

သစ်ပင် ထဲက စားသောက်ဆိုင်

Sunland Baobab လို့ အမည်ရတဲ့ သစ်ပင်ထဲက စားသောက်ဆိုင် ဟာ တောင်အာဖရိကနိုင်ငံမြောက်ပိုင်း Limpopo ပြည်နယ်ရဲ့ Modjadjiskloof လို့ အမည်ရတဲ့ မြို့ငယ်ထဲမှာ ရှိပါတယ်။ သူက စားသောက်ဆိုင် ဆိုပေမယ့် ဘီယာဘား၊ အရက်ဘား ဆန်ဆန် ဆောက်ထားတဲ့ Bar တစ်ခု ဖြစ်ပါတယ်။

နှစ်ပေါင်း ၆၀၀၀ ကျော်မက ရှင်သန်ခဲ့ပြီး ယနေ့တိုင်လည်း မပျက်မယွင်း အခိုင်အမာ တည်ရှိနေတဲ့ ရှေးဟောင်း သက်ရှိ သစ်ပင်ထဲမှာ ဆောက်ထားတဲ့ ဘား ဖြစ်ပါတယ်။ သစ်ပင်ရဲ့ လုံးပတ်က ၃၃ မီတာ ဝန်းကျင် ရှိပြီး အမြင့်က ၁၉ မီတာ ဝန်းကျင် ရှိပါတယ်။ ယင်းသစ်ပင်ကို ပိုင်တဲ့သူဟာ ၁၉၉၃ ခုနှစ်လောက်က စလို့အတွင်းကို စားသောက်ဆိုင်ငယ်လေး အဖြစ် ပြောင်းလဲခဲ့ပါတယ်။ သဲကန္တာရ ပတ်ဝန်းကျင်မှာ ထီးထီးကြီး ရပ်တည်နေတဲ့ ယင်းသစ်ပင်ရဲ့ အထဲမှာ စားသောက် နိုင်သလို၊ သူ့တစ်ဝိုက် အပြင်မှာလည်း စားပွဲများ ချလို့ စားသောက်ဆိုင် တစ်ခုပမာ ဖွင့်လှစ်ထားပါတယ်။ အထဲမှာ ကာဘွန်ဒိုင်ဆောက်ဆိုဒ် အငွေ့အတွက်လည်း ကြောက်စရာမရှိသလို သာမန် အိမ်တစ်လုံးလိုပဲ အထဲမှာ ရှိနေပါတယ်။ သူ့အလိုသူလည်း အကန့် နှစ်ကန့် ခွဲထားပြီးသား ဖြစ်နေပြီး နှစ်ဖက်မှာ ကြိုက်တဲ့ဖက် ထိုင်နိုင်ပါတယ်။
Sunlund ကို ရောက်ရှိသူများအတွက် Sunland Baobab လို့ အမည်ရတဲ့ သစ်ပင်တွင်းက စားသောက်ဆိုင်လေးဟာ ဘမ္ဘာလှည့်ခရီးသွားလာရေးသမား များ အတွက် လည်ပတ် စားသောက် စရာ နေရာ တစ်ခု ဖြစ်လာပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment