"သေသွားတဲ့ ကျွန်တော့်အဖိုးပုံ...ပုံတူဆွဲပေးဗျာ၊ အိမ်မှာ ဘောင်သွင်းပြီး ချိတ်ထားချင်လို့"
"အင်း... ရပါတယ်၊ ဒါနဲ့ ခင်ဗျားအဖိုး ဓာတ်ပုံတော့ ပါလာခဲ့တယ် မဟုတ်လား"
"ပါဖို့နေနေသာသာ၊ ဓာတ်ပုံတောင် မရှိတာ၊ သူသေတာပဲ နှစ်ပေါင်း ၃၀ ရှိပြီ"
"ဒါဆိုလည်း သူ့မျက်နှာပေါက်၊ ပုံပန်းသဏ္ဌာန်ကို ခင်ဗျား မှတ်မိသလို ပြောပြဗျာ"
"အဲဒါလည်း မပြောတတ်ဘူးဗျ၊ သူသေတော့ ကျွန်တော်တောင် မမွေးသေးဘူး။ ဒါကြောင့်ပဲ ကျွန်တော်လည်း မြင်ဖူးရအောင် ဆိုပြီး ခင်ဗျားဆီလာ၊ ပန်းချီဆွဲခိုင်းနေတာလေ"
"ဟာဗျာ... ၊ ခင်ဗျားအဖိုးကို ခင်ဗျားလည်း မမြင်ဖူး၊ ကျွန်တော်လည်း မမြင်ဖူး၊ ဓာတ်ပုံလည်း မရှိဘဲ ကျွန်တော်က ဘာကြည့်ပြီး ပုံတူ ဆွဲမလဲဗျ"
"အဲလိုတော့ မလုပ်နဲ့လေဗျာ၊ တန်ရာတန်ကြေး ပေးမှာာပေါ့၊ ခင်ဗျား... ဒီထက် ပိုခက်ခဲတဲ့ပုံတွေတောင် ဆွဲနေသေးတာ မဟုတ်လား"
"နေပါဦး၊ ကျွန်တော်က ဘာပုံတွေ ဆွဲနေလို့လဲ"
"ဘုရားပုံတွေလေဗျာ။ ဘုရားမှ တစ်ပါးတည်း မဟုတ်ဘူး၊ ကမ္ဘေကမ္ဘာက ဘုရားအဆူဆူပါ ခင်ဗျား ဆွဲတာ တွေ့နေတာပဲ။ သိပ်မကြာသေးတဲ့ ကျွန်တော့်အဖိုးရဲ့ ပုံလောက်တော့ ခင်ဗျား ကောင်းကောင်းဆွဲနိုင်မှာပါ"
"ဟာ... ဂျာ.....ခညား..."
×××××××××××××××
ဆရာ Zaw Maung ကြောကြတာကို တစ်ဆင့် ကြန်ကြောကြဒါ။ ။
No comments:
Post a Comment