Friday, November 28, 2014

စတော့ရှယ်ယာ Intro


Posted by HTI AUNG o
၇င်းနှီးမြုပ်နှံမှူ စတော့ ဈေးကွက်ဆိုလျှုင်လူအများထင်ထားတာက ငွေအများကြီးရှိမှ ဖြစ်မယ် တစ်ချို့ ကလဲ ငါ့ မှာ ရင်းနှီးဖို့ ငွေအများကြီးမှ မရှိတာ ဘယ်လို ရင်းနှီးမြုပ်နှံပြီး စီးပွားရှာ မလဲ လို့ ဆိုတယ်။ ကမ္ဘာ့ အချမ်းသာ ဆုံးစာရင်းဝင် တစ်ယောက်ဖြစ် တဲ့  Warren E. Buffett က  1956 မှာ ငွေ 100 နဲ့ စတော့ ရှယ်ယာစတင် ခဲ့ ပြီး ယခု လက်ရှိ သူ့ ရဲ့ ပိုင်ဆိုင်မှူ က ဘီလီယံ 40 ကျော် ထိအောင်မြင်ခဲ့ တယ်။ လူဦးရေ 53 သန်းကျော်ရှိတဲ့ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ အကြွေးက 11ဘီလီယံ ရှိချိန်မှာ သူဋ္ဌေးတစ်ယောက် ရဲ့ တစ်ဦးတည်း ပိုင်ဆိုင်မှူ က 40 ဘီလီယံ ဆိုတာ အံသြချီးကျူးစရာ လို့ ကျွန်တော် မြင်ပါတယ်။ စတော့ ရှယ်ရာ ဈေးကွက် မှာ သဘောတရားနဲ့ နည်းပညာကို သိသူများအတွက် အနာဂတ် ဘ၀ ခိုင်လုံအောင် ငွေရှာပေးနိုင်တယ်ဆို တာ အမေရိကန် လူထုရဲ့ လူနေမှူ စတိုင်က သက်သေပြနေပါတယ်။
2005 ရဲ့ ဆောင်းရာသီတစ်ခု မှာ Warren Buffett ကို ကျောင်းအင်တာဗျူး တစ်ခု မှာ ကျောင်းသား တစ်စု က ဘယ်လို ဈေးကွက်အခြေအနေမှာ ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံးလဲ လို့ မေးတော့ သူ က ” most of the time, are appropriate” လို့ ဖြေခဲ့ တယ်။ စတော့ရှယ်ယာ ဆို တာ ဈေးကွက်မှာ ကိုယ်ကြိုက်တဲ့ ကုမွဏီ ကို သဘောတွေယုံ နဲ့ ခန့် မှန်း ပြီး ၀ယ်တာမျိုးမဟုတ်ပဲ သေချာ analysis လုပ်ပြီးဝယ် ရင် undervalued stock လို့ ခေါ်တဲ့ ဈေးတန်တဲ့ စတော့ တစ်ခု တည်းနဲ့ တင် သင့် ကိုချမ်းသာအောင် လုပ်ပေးနိင်တယ် လို့ ဆိုခဲ့ တယ်။
စတော့ ရှယ်ယာမှာ လောင်းကစားလုပ်သလို ထင်ရာကို ခန့်မှန်းပြီး ၀ယ်တဲ့ ရင်းနှီးမြုပ်နှံသူများရှူံးကြတာကို ကြားဖူးမှာပါ။ အချို့ ကလဲ short term ၇ည်ရွယ်ချက်နဲ့ Risk များတဲ့ company ကို ၀ယ်ပြီး သေရင်မြေကြီး ရင်ရင် ရွေထီး လုပ်ကြတဲ့ သူ ရှိသလို long term နဲ့ သေချာ တွက်ချက်ဆုံးဖြတ် ပုံမှန်ဝင်ငွေ ရရှိပြီး တိုးတက် ကြီးပွားအောင်မြင်နေသူ ကလဲ ဒုနဲဒေးပါပဲ၊ အမှန်တစ်ကယ်တော့ ကျွန်တော့ အမြင်ပြောရရင် အချိန်အနည်းပေးပြီး လေ့လာ၊ သေချာ နည်းပညာ နဲ့ Analysis လုပ်ပြီး investment လုပ်မယ်ဆို ရင် စတော့ ရှယ်ယာ ဆိုတာ အောင်မြင်တိုးတက်လို ၊ ကြီးပွားချမ်းသာလို တဲ့ လူငယ်များအတွက် စီးပွားရေး လမ်းကြောင်းတစ်ခု ဆိုရင်မမှားပါဘူး။
စတော့ ရှယ်ရာ ရဲ့ ဈေးအတက်အကျ ဆိုတာ ကုမဏီရဲ့  fundamental အချက်အလက်တွေပေါ်မှာ အများကြီးမှူတည်နေပါတယ်။ ရှယ်ယာတစ်ခု ကိုမ၀ယ်ခင်မှာ ကုမွဏီရဲ့ performance  ကို သေချာ valuation လုပ်ဖို့ လိုပါတယ်။ ထိုသို့ လုပ်ရန်ကျွန်တော် နောက်ပိုင်း မှာ သင်ပြတဲ့ နည်းပညာများက အရေးပါသလို ၊ သူများ ရောင်းရင်လိုက်ရောင်းပြီး သူများဝယ်ရင်လိုက်ဝယ် တဲ့ အများနောက်လိုက် မဖြစ်ဖို့ နဲ့ emotional မဖြစ်ဖို့  ဆိုတာလဲ အရေးကြီး ပါတယ်။

No comments:

Post a Comment