Thursday, November 20, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၁၁)

သစ်ထူးလွင်


Posted: 20 Nov 2014 07:24 AM PST
မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ လွှတ်တော်ကသာ အဓိက တာဝန် အရှိဆုံးဖြစ်ပြီး သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ ရဲ့ အဆုံးအဖြတ် မဟုတ်ဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ဒါ့အပြင် တိုင်းပြည် တပြည်လုံးကိစ္စကို လူလေးယောက် ထဲနဲ့ ဆွေးနွေးတာဟာ မပြည့်စုံဘူး လို့မြင်တယ်ဆိုပြီးတော့ လည်း ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အပေါ် တုန့်ပြန် ပြောဆိုပါတယ်။ ဒီကနေ့ေ
Posted: 20 Nov 2014 07:19 AM PST
မြန်မာပြည်ရဲ့ပထမဆုံး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေမူကြမ်းကို နိုဝင်ဘာ ၂၀ ရက်က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ ဥပဒေကြမ်း ကော်မတီက တင်သွင်း လိုက်ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက တင်သွင်းလိုက်တာ ဖြစ်ပြီး၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရာမှာ လွှတ်တော်အဆင့်မှာတင် ပြင်ဆင်လို့ရတဲ့အပိုင်းနဲ့ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲလုပ်ပြီးမှ ပြင်ဆင်လို့ရတဲ့အပိုင်းဆိုပြီး နှစ်ပိုင်းရှိရာမှာ
Posted: 20 Nov 2014 07:19 AM PST
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အတည်ပြုရေး အတွက် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ ကျင်းပ သွားမှာဖြစ်ပြီး အဲဒီ့အတွက် ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ တင်သွင်း ခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို တင်သွင်းခဲ့တဲ့ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြည်သူ့ လွှတ်တော်မှာ အခုလို ထည့်သွင်း တင်ပြခဲ့ပါတယ်။ "ဒီနေ့ ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့အညီ
Posted: 20 Nov 2014 07:17 AM PST
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးထင်လင်းဦးကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ချောင်းဦးမြို့နယ် သာသနာရေး ဦးစီးဌာနက သာသနာ ညှိုးနွမ်းစေမှုနဲ့ ချောင်းဦးမြို့နယ် တရားရုံးမှာ ဒီနေ့ တရားစွဲ လိုက်ပါတယ်။ မြို့နယ်သံဃ မဟာနာယက အဖွဲ့ရဲ့ တာဝန် ပေးချက်အရ စာရေးဆရာ ထင်လင်းဦးကို ပုဒ်မ ၂၉၅(က) သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲတာဖြစ်တယ်လို့ ချောင်းဦးမြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူး
Posted: 20 Nov 2014 07:10 AM PST
ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦးကို သတ်ဖြတ်မှု သံသယနဲ့ စွပ်စွဲ ဖမ်းဆီးထားတဲ့ မြန်မာလူငယ်  ၂ ဦးကို အာမခံ လျှောက်ခွင့် ပေးလိုက်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ အလုပ်သမား ၂ ဦးရဲ့ အာမခံအတွက် ၁ ဦးကို ဘတ်ငွေ ၅ သိန်း ပေးဆောင်ရမှာ ဖြစ်သလို မြန်မာသံရုံးနဲ့ တိုင်ပင်ပြီး လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့လောက် အာမခံ အမြန်ဆုံးတင်သွင်းနိုင်ဖို့ ဆောင်ရွက်သွား မယ်လို့ သူက ပြောပါတယ်။
Posted: 20 Nov 2014 07:09 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ၂၀.၁၁.၂၀၁၄ ရက်နေ့ ၁၆၅၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရွှေတိဂုံ ဘုရားလမ်းနှင့်(၂၇)လမ်းကြားရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လူငယ်(၂)ဦးမြေပိမိမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်မှာ အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြေကြီးများ သိုလှောင်ရာ၌ အသုံးပြုသည့် ပေ(၄၀)ပတ်လည်၊အမြင့်ပေ(၂၀)ခန့်ရှိ သံဖြင့် ပြုလုပ်ထားသော ကန်၏ (၂၇)လမ်းဘက်အခြမ်းရှိ
Posted: 20 Nov 2014 06:45 AM PST
နိုဝင်ဘာ ၂၀ ရက် ၂၀၁၄ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲ သူများ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မြို့ပေါ် ရပ်ကွက်အချို့မှာ ဘိန်းဖြူ ရာဘ စသည့် မူးယစ် ဆေးဝါးများကို လမ်းကြို လမ်းကြားတွင် ပေါ်တင်ရောင်းဝယ် သုံးစွဲနေသည်ဟု လားရှိုးမြို့သား များကပြောသည်။ လားရှိုးမြို့ ပန်အုတ် ရပ်ကွက် ခေါ် ရပ်ကွက် ၅ က ၃၇ လမ်းကစလို့ ၄၃ လမ်းအထိ တရုတ်ဘုံကျောင်းလမ်း နှင့် အခြားလမ်းကြားများတွင် ဘိန်းဖြူ၊ ရာဘ၊ အိုက်စ်
Posted: 20 Nov 2014 06:43 AM PST
နိုဝင်ဘာ ၂၀ ရက် ၂၀၁၄ သျှမ်းပြည်တောင်ပိုင်း၊ အရှေ့တောင်ပိုင်း သံလွင်မြစ်ဝှမ်းအတွင်း ကျွန်းသစ်များ ခိုးထုတ်သည့် မှောင်ခို သစ်တင် ကားတစီး တိမ်းမှောက်ရာ လုံခြုံရေးလိုက် ယူပေး သည့် အစိုးရ တပ်မတော် ရဲဘော်တဦး သေဆုံးသည်ဟု နီးစပ် သည့်အသိုင်း အ၀ိုင်းကပြောသည်။ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းဆတ်မြို့နယ် အတွင်းရှိ ကျွန်းသစ်များအား သယ်ထုတ်စဉ်
Posted: 20 Nov 2014 06:41 AM PST
မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု အန္တရာယ်များတဲ့နိုင်ငံ ၁၃ နိုင်ငံမှာ ပါဝင်တယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ ကမ္ဘာတ၀န်း အကြမ်းဖက်မှုဆိုင်ရာ ညွှန်းကိန်း Global Terrorism Index မှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို သြစတြေးလျနိုင်ငံက စီးပွားရေးနဲ့ ငြိမ်းချမ်းရေးသိပံ္ပက ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အကြမ်းဖက်မှုအန္တရာယ်ရှိတဲ့ ၁၃ နိုင်ငံထဲမှာ အန်ဂိုလာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ အိုင်ဗရီကို့စ်၊
Posted: 20 Nov 2014 06:41 AM PST
ဝါရှင်တန်၊ နိုဝင်ဘာ ၂၀ သြစတြေးလျအခြေစိုက် စီးပွားရေးနှင့် ငြိမ်းချမ်းရေး အင်စတီကျုမှ မကြားသေးမီက ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု ညွှန်းကိန်း အစီရင်စာအရ အကြမ်းဖက်အန္တရာယ် ပိုမိုရင်ဆိုင်ရဖွင်ရှိသည့် ၁၃ နိုင်ငံ အနက် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာတို့လည်း ပါဝင်လာကြောင်း Channelnewsasia တွင် ဖော်ပြထားသည်။ ယင်းအစီရင်ခံစာတွင် အကြမ်းဖက်တိုက်ခိုက်မှု အားလုံး၏ ၈၂ ရာခိုင်နှုန်းသည် နို
Posted: 20 Nov 2014 06:39 AM PST
ယူကရိန်း အရှေ့ပိုင်းမှာ အစိုးရတပ်နဲ့ ခွဲထွက်ရေး သူပုန်တွေကြား အပစ်ရပ်ဖို့ သဘောတူခဲ့တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်ကနေ စပြီး ခုချိန်ထိ တစ်နေ့ကို ပျမ်းမျှ ၁၃ ယောက် သေဆုံး ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပြောပါတယ်။ သီတင်းပတ် ၈ ပတ်ကြာ ကာလအတွင်း အကြမ်းဖက်မှုတွေ နှစ်ဘက်စလုံးမှာ ဆက်လက် ဖြစ်ပေါ် နေခဲ့ရာမှာ သေဆုံးသူ စုစုပေါင်း ၉၅၇ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာေ
Posted: 20 Nov 2014 06:37 AM PST
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အနောက်ပိုင်းမှာ ၃ ရက်အတွင်း တနှစ်လုံး ကျဆင်းလေ့ရှိတဲ့ နှင်းထု ပမာဏလောက် နှင်းကျခဲ့လို့ နိုဝင်ဘာ ၁၉ ရက်နေ့အထိ သေဆုံးသူ ၇ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒေသတွင်း နှင်းက ၅ ပေလောက်ထိ ကျခဲ့ပြီး ကားမောင်းသူတွေဟာ လမ်းပေါ်က သူတို့ကားထဲမှာ ညလုံးပေါက် နေခဲ့ရပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ မနက်က နှင်းမုန်တိုင်း ခဏရပ်သွားပေမယ့် မကြာခင် နှင်းတွေပိုကျမယ်လို့ ခန့်မှန်းကြောင်း
Posted: 20 Nov 2014 06:29 AM PST
အမေရိကန် ပြည်ထောင်စု၊ နယူးယောက် ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က လူ ၇ ဦး သေဆုံး ခဲ့ရတဲ့ ထုထည် ကြီးမားတဲ့ နှင်းမုန်တိုင်းတွေ တိုက်ခတ် ခဲ့ပြီးနောက် နိုင်ငံ အရှေ့မြောက်ပိုင်းမှာ နောက်ထပ် ဆီးနှင်းထု ၃ ပေ အထိ ထပ်မံ တိုက်ခတ် ကျဆင်း နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ နယူးယောက် ပြည်နယ်၊ ဘက်ဖလို မြို့က တချို့ နေရာတွေမှာ ဆီးနှင်းထုဟာ ၅ ပေ အထိ ကျဆင်း ခဲ့ပြီး ဖြစ်ကာ အခုလို အချိန်မှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း
Posted: 20 Nov 2014 06:27 AM PST
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါမှော်ရွာ အနီးက တောက်ပကြယ် ကျောက်စိမ်း ကုမ္ပဏီ လုပ်ကွက်မှာ ရေမဆေး ကျောက်ရှာသူ ကိုဂွမ်ဂျာအောင် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူ ပေးဖို့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ဒေသခံ ၂၀၀၀ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။ ကိုဂွမ်ဂျာအောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ညက တောက်ပကြယ် ကျောက်စိမ်း ကုမ္ပဏီ လုပ်ကွက်မှာေ
Posted: 20 Nov 2014 06:33 AM PST
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့နောက် KIO က သူတို့ ဌာနချုပ် အနီး ခရာဘွမ်တောင်ကြောမှာ ဖြန့်ကျက်ထားတဲ့ အစိုးရရဲ့ လက်နက်ကြီးတွေနဲ့ စစ်စခန်းတွေကို ရုတ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်ကို လက်မခံဘူး ဆိုရင် လက်ရှိဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ်မှာ ထိခိုက်လာမယ့် အခြေအနေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေြ
Posted: 20 Nov 2014 06:15 AM PST
လိုင်ဇာဗဟိုဌာနချုပ် အနီး ခရာဘွမ်တောင်ကြော တလျှောက်က လက်နက်ကြီးတွေ ဖယ်ရှားပေးဖို့နဲ့ စစ်စခန်းတွေ ရုပ်သိမ်းပေးဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က အစိုးရကို တောင်းဆို လိုက်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချောမွေ့အောင်မြင်ဖို့ အတွက် အခုလို ဖယ်ရှားပေးဖို့ တောင်းဆိုတာလို့ နိုဝင်ဘာ ၂၀ ရက် ကေအိုင်အို ထုတ်ပြန်ချက်မှာ ရေးပါတယ်။ မနေ့က ခရာဘွမ်တောင်ကြောပေါ်မှာ တပ်စွဲထားတဲ့ အစိုးရစစ်တပ်က
Posted: 20 Nov 2014 06:02 AM PST
ကေအိုင်အို ဌာနချုပ် အနီးရှိ ဗိုလ်လောင်း သင်တန်းကျောင်းကို အစိုးရတပ်က မနေ့က လက်နက်ကြီးနဲ့ ပစ်ခတ် လို့ ကေအိုင်အို ဗိုလ်လောင်း ၂၀ ကျော်သေဆုံးသွားခဲ့ရာမှာ၊ အဲ့ဒီမှာ သင်တန်းတက်နေတဲ့ ABSDF မြောက် ပိုင်းကျောင်းသား တပ်မတော်အဖွဲ့ က ၂ ယောက်လည်း ပါဝင်တယ်လို့ သတင်းရရှိပါတယ်။ မနေ့နေ့လည်ပိုင်းက လိုင်ဇာမြို့အရှေ့ဖက် ကေအိုင်အို ဗိုလ်လောင်း သင်တန်းကျောင်း ကို စကခ ၃ လက်အောက် ခံတပ်တွေ နေရာယူထားတဲ့ ခါယာတောင်ကနေ
Posted: 20 Nov 2014 06:02 AM PST
ကချင် KIA ဌာနချုပ် လိုင်ဇာအနီးမှာ ရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကချင် အရာရှိလောင်း၂၀ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က ဒီလို သွေးထွက်သံယို ပဋိပက္ခတွေ တားဆီးနိုင်ရေး အတွက် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှု အဖွဲ့တွေနဲ့ ဆက်ဆံရေးရုံးတွေ ပိုမိုဖွင့်လှစ်သွားရမှာ ဖြစ်ကြောင်း ဒါ့အပြင် တပ်မတော် အနေနဲ့လည်း သတင်းထုတ်ပြန်မှုတွေ
Posted: 20 Nov 2014 06:02 AM PST
မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ လွှတ်တော်ကသာ အဓိက တာဝန်အရှိဆုံး ဖြစ်ပြီး သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ ရဲ့ အဆုံးအဖြတ် မဟုတ်ဘူးလို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ဒါ့အပြင် တိုင်းပြည် တပြည်လုံးကိစ္စကို လူလေးယောက် ထဲနဲ့ ဆွေးနွေးတာဟာ မပြည့်စုံဘူးလို့ မြင်တယ်ဆိုပြီးတော့ လည်း ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးအပေါ် တုန့်ပြန် ပြောဆိုပါတယ်။ ဒီကနေ့ေ
Posted: 20 Nov 2014 06:02 AM PST
မြန်မာပြည်ရဲ့ အာဏာအရပ်ရပ်ကို နှစ်ပေါင်းများစွာ ချုပ်ကိုင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ နိုင်ငံရေးမှာ ဦးဆောင်လွှမ်းမိုးမှု မရှိတော့ဘူးလို့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော် လွှတ်တော်အစည်းအဝေးပြင်ပမှာ သတင်းထောက်တွေရဲ့ အမေးကို ကြံ့ခိုင်ရေးပါတီ  ဒုဥက္ကဋ္ဌ ဦးဌေးဦးက ဖြေကြားသွားခဲ့တာပါ။ “လွှဲပြီးပြီပဲဗျာ။
Posted: 20 Nov 2014 05:57 AM PST
နိုဝင်ဘာ ၂၀ ရက် ၂၀၁၄ နိုဝင်ဘာ ဒုတိယပတ် နှင့် တတိယ ပတ်အတွင်းမှာ အွန်လိုင်းပေါ်ပျံ့နှံ့နေသည့်- `မြန်မာ့ တပ်မတော် စစ်ကြောင်း တကြောင်းက သျှမ်းကျေးလက်ရွာသား နှစ်ဦး အားသတ်ဖြတ်´ သည့်ပုံသည် သျှမ်းပြည် အလယ်ပိုင်း ကျေးသီး မြို့နယ် ပန်စယ်ရွာသားများ ဖြစ်ကြပြီး သတ်ဖြစ်နေသည့် တပ်ဖွဲ့သည် နောင်ချို အခြေစိုက် အမှတ် ၁၁၄ ခြေမြန် တပ်ရင်းမှ သတ်ဖြတ်သည့် ဓါတ်ပုံဖြစ်သည်ဟု အချက်အလက်ရှာဖွေ ကောက်ယူသည့် နိုင်ငံရေး
Posted: 20 Nov 2014 05:37 AM PST
မြောက်ကိုရီးယားက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုပြီး ကုလသမဂ္ဂ ကော်မတီ တခုက ပြစ်တင် ရှုတ်ချထားတာ ကို တုန့်ပြန်တဲ့ အနေနဲ့ နျူကလီးယား စမ်းသပ်မှု အသစ် လုပ်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ထား ပါတယ်။ လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုလုပ်ဖို့ မြောက်ကိုရီးယား အနေနဲ့ ဆက်ပြီး ရှောင်မနေနိုင် တော့ဘူးလို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ြေ
Posted: 20 Nov 2014 05:27 AM PST
အသက်လိမ်၍ မှတ်ပုံတင်ပြုလုပ်ပေးပြီး ဟန်ဆောင်လက်ထပ်ကာ အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ရန်ကြံစည်သူကို အလုပ်နှင့်ထောင်ဒဏ်ခုနစ်နှစ်ချ ဇလွန် နိုဝင်ဘာ ၁၉ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် ဇော်ဂျီ ကွင်းကျေးရွာမှ အမျိုးသမီးတစ်ဦး ကို အသက်လိမ်၍ မှတ်ပုံတင်ပြု လုပ်ပေးပြီး လိမ်လည် လက်ထပ်၍ အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်သူကို လူကုန် ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေ ဖြင့် အရေးယူ လိုက်ကြောင်း
Posted: 19 Nov 2014 10:22 PM PST
UWSA ဝပြည် သွေးစည်းလုံး ညီညွတ်ရေး တပ်မတော် မှာ တရုတ်နိုင်ငံလုပ် အနီအောက် ရောင်ခြည်သုံး FN-6 ပခုံးထမ်း လေယာဉ်ပစ် ဒုံးကျည်တွေ ပိုင်ဆိုင်နေပြီလို့  ဂျိမ်းစ် စစ်ရေးမဂ္ဂဇင်းက ဖော်ပြပါတယ်။ တတိယ မျိုးဆက် နည်းပညာနဲ့ ထုတ်လုပ်ထား တဲ့ လေကြောင်း ရန်ကာကွယ်ရေး FN-6 ဒုံးကျည်တွေကို UWSA တပ်မှာ မြင်တွေ့ ခဲ့ရသူ တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားရေးသား ထားတာဖြစ်ပါတယ်။ အဲ့ဒီဒုံးကျည်ဟာ အမြင့်မီတာ ၃၅၀၀ အထိ ပစ်ခတ်
Posted: 19 Nov 2014 09:59 PM PST
ထိုင်းငါးဖမ်းလှေတွေပေါ်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ လူကုန်ကူး ခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လူကုန်ကူး ခံရသူတွေ အတွက် ကူညီဆောင်ရွက် ပေးနေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တွေ အပါအ၀င် ထိုင်းအစိုးရ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ထိုင်းနိုင်ငံ တောင်ပိုင်း စုန်ခလမြို့မှာ ဆွေးနွေးပွဲ တစ်ခု ဒီကနေ့ ကျင်းပ ခဲ့ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း

No comments:

Post a Comment