Sunday, November 23, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁၁)

သစ်ထူးလွင်


Posted: 23 Nov 2014 07:23 AM PST
ကချင်ပြည်နယ် လိုင်ဇာမှာ ရှိတဲ့ ကေအိုင်အေ ဌာနချုပ် နားက ဗိုလ် သင်တန်း ကျောင်းကို အစိုးရ စစ်တပ်က ပစ်ခတ်လို့ သေဆုံး ခဲ့တဲ့ ဗိုလ်လောင်း သင်တန်းသား (၂၃)ဦးအတွက် ဝမ်းနည်းခြင်း အထိမ်း အမှတ် လွမ်းသူ့ ပန်းခွေချ ဆုတောင်းတဲ့ လှုပ်ရှားမှု ကို ရန်ကုန်မှာ ပြုလုပ်ခဲ့ ပါတယ်။ သေဆုံး ခဲ့တဲ့ ဗိုလ်လောင်း တွေအတွက် တကိုယ်လုံး အနက်ရောင် အဝတ် အစားတွေ ဝတ်ဆင် ထားတဲ့ လူငယ် (၁၀ဝ) လောက် ဟာ မြန်မာ ငြိမ်းချမ်း ရေး စင်တာ MPCေ
Posted: 23 Nov 2014 06:36 AM PST
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးမှာ အခက်အခဲတွေ ရှိနေသေးပေမယ့် ရအောင်ညှိနှိုင်းသွားရမှာပဲ ဖြစ်ကြောင်း အပြောင်းအလဲတွေ လုပ်ဖို့လိုနေ တယ်ဆိုတာသိရင် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲတဲ့ သတ္တိရှိဖို့ လိုအပ်ကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို နားဆင်ဖတ်ရှုနိုင်ပါတယ်။ ဦးသန်းလွင်ထွန်း။ ။ အခု မကြာသေးခင်ရက်ပိုင်း
Posted: 23 Nov 2014 05:50 AM PST
ကင်ညာ နိုင်ငံမှာ ဘတ်စ်ကား တစ်စီးပေါ်က ခရီးသည် ၂၈ ဦးကို ဆိုမာလီ ဘာသာရေး အစွန်းရောက် လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ al-Shabab တွေက သတ်ဖြတ် ခဲ့တာဟာ တိုင်းပြည်ထဲမှာ ဘာသာရေး စစ်ပွဲတွေ ဖြစ်လာစေ ဖို့ ရည်ရွယ် လုပ်ဆောင်ခဲ့တာ ဖြစ်တယ် ဆိုပြီး၊ ကင်ညာသမ္မတ အူဟူရူ ကဲန်ညားတား ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ သူတို့ ရည်ရွယ်ချက် က ဒီတိုင်းပြည် ထဲက မွတ်ဆလင်မ်တွေ နဲ့ မွတ်ဆလင်မ် မဟုတ်သူတွေ ကြားထဲမှာ ပဋိပက္ခ ဖြစ်လာစေဖို့
Posted: 23 Nov 2014 05:26 AM PST
မြန်မာလူငယ် ၂ ဦး ဖမ်းဆီးခံ ထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ညနေပိုင်း ဘန်ကောက် ရောက်ပါတယ်။ ဦးခင်အောင်မြင့်တို့ အဖွဲ့ဟာ မြန်မာလူငယ် ၂ ဦးကိစ္စ လိုက်ပါ လုပ်ဆောင် ပေးနေတဲ့ အထူးအဖွဲ့နဲ့ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပြီး အဖွဲ့မှာ ဥပဒေပညာ ကျွမ်းကျင်သူတွေနဲ့ မှုခင်းဆေး ပညာရှင်တွေ လိုက်ပါလာတယ်လို့ သိရပါတယ်။ မြန်မာလူငယ် ၂
Posted: 23 Nov 2014 05:22 AM PST
ခိုတောင်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီး ချုပ်နှောင် ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံ ရရှိရေး အတွက် ဘန်ကောက် မြန်မာသံရုံးက ငွေကြေး စိုက်ထုတ် လုပ်ဆောင်ပေး သွားမယ်လို့ အမှုကိစ္စ လိုက်ပါ လုပ်ဆောင် ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ “ဒီနေ့မနက်ပိုင်းကပဲ သံအမတ်ကြီးနဲ့ ကျနော်တို့တွေ့ဆုံပြီး အစည်းအဝေး လုပ်ကြပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်ကတော့ အာမခံယူဖို့ပါ။ သံအမတ်ကြီးက အာမခံယူဖို့ ငွေရေးကြေးရေး
Posted: 23 Nov 2014 05:14 AM PST
ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၃)ရက် ည(၆း၁၉)နာရီအချိန်က တာချီလိတ်မြို့တွင် အင်အား (၄.၄) အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့သည်။ တာချီလိတ်ခရိုင်အတွင်း နှင့် ဆက်စပ်နေသော မြို့များဖြစ်သည့် တာလေ၊ မိုင်းဖြတ် နှင့် ကျိုင်းလပ်မြို့များတွင် ငလျင်နှင့် ပတ်သက်၍ ဖြစ်ပေါ်မှု မရှိခဲ့ဘဲ၊ တာချီလိတ်မြို့နယ် တစ်ခုတည်းသာ လှုပ်ခတ်သွားတာ ဖြစ်ကြောင်း နှင့် ည(၆)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ အပါအ၀င် မြင်းခြံမြို့အနီးတွင် အင်အား (
Posted: 22 Nov 2014 11:40 PM PST
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့် က ပဲခူးရိုးမတောင်ပေါ် မြို့ ချောင်း - မင်းလှ - စိန်ကန့် လန် လမ်း မိုင်တိုင် အမှတ် (၆၄/၇) နဲ့ (၆၄/၈)ကြားမှာ ၀ါးများ သယ်ဆောင် လာသည့် ယာဉ်တိမ်းမှောက်မှု ကြောင့် ၃ ဦး သေဆုံး သွားကြောင်း သတင်းရရှိပါတယ်။ အဆိုပါ လမ်းအတိုင်း မင်းလှမြို့ ဘက်ကနေ မြို့ ချောင်းဘက်ကို ဦးတည်မောင်းနှင် လာတဲ့ ဒ/၉၆၂၂ တိုယိုတာဒိုင်နာ(ဖြူပြာရောင်)(၆)ဘီးယာဉ်ဟာ ရှေ့ဘရိတ်ပေါက်ပြီး
Posted: 22 Nov 2014 10:50 PM PST
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့က ပြင်းအား ၆ ဒသ ၃ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီး လူ ၂ ဦး သေဆုံးသွားပါတယ်။ အသက် ၇၀ အရွယ် အမျိုးသမီးဟာ ခေါင်းပေါ်ကို အပျက်အစီး အပိုင်းအစ ပြုတ်ကျလို့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ ငလျင်ဗဟိုချက်ဖြစ်တဲ့ တာဂုံမြို့က မူလတုန်း ကျောင်းတကျောင်းမှာလည်း ငလျင်လှုပ်တဲ့အချိန်မှာ ရုတ်ရုတ်သဲသဲဖြစ်ပြီး ကျောင်းသား ၄၂ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
Posted: 22 Nov 2014 10:30 PM PST
၂၀၁၂ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနဲ့ ပတ်သက်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတခုကို မန္တလေးမြို့မှာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင် ပြုလုပ်ခဲ့ပြီး အလုပ်သမား ၆၀၀ လောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီနေ့မနက်ပိုင်းက သမဂ္ဂအဖွဲ့ချုပ်ဝင် စက်မှုဇုန်အလုပ်သမား ၆၀၀ လောက်ဟာ မန္တလေးစက်မှုဇုန်ကို တပတ်ပတ်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာလို့ သမဂ္ဂပြန်ကြားရေးတာဝန်ခံ ကိုသက်နှင်းအောင်က ပြောပါတယ်။ ဒီနေ့
Posted: 22 Nov 2014 10:21 PM PST
အိန္ဒိယအမျိုးသား ထောက်လှမ်းရေး အေဂျင်စီက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာလူမျိုး ခါလစ်မိုဟာမက် ဆိုသူဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ တွေနဲ့ အဆက်အသွယ်ရှိ သူဖြစ်တယ်လို့  ဒီနေ့ထုတ် ဟင်ဒူစတန်တိုင်းမ်စ်း သတင်းတစ်ပုဒ်မှာ ဖေါ်ပြထား ပါတယ်။ ခါလစ်မိုဟာမက်ဟာ လက်ရှကာအီးတိုင်ဘာ အကြမ်းဖက်အဖွဲ့ ဝင်တွေနဲ့အတူ စစ်သွေးကြွတွေကို မြန်မာနိုင်ငံ ထဲမှာ သင်တန်းပေးခဲ့တယ်လို့လည်းဆိုပါတယ်။ သူ့အိမ်ကိုရှာဖွေတဲ့အခါမှာ
Posted: 22 Nov 2014 06:28 PM PST
မန္တလေး ၊ ၂၃-၁၁-၂၀၁၄ အလှူခံ လုပ်ဆောင်သူ များအား သံဃနာယက အဖွဲ့က သတ်မှတ် ထားသော စည်းကမ်းချက် နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာ မပါလျှင် တိုင်ကြား နိုင်ကြောင်း ကလျာဏမိတ္တ လူမှုကူညီရေး အသင်း ဥက္ကဌ ဦးခင်မောင်တင့် ထံမှ သိရသည်။ စည်းကမ်းချက်များ ဖြစ်သည့် မြို့နယ်အလိုက် သံဃနာယက အဖွဲ့ ထောက်ခံချက် လက်မှတ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်မှတ်၊ တူညီဝတ် စုံတို့နှင့် အခြားသော စည်းကမ်းချက် များကို
Posted: 22 Nov 2014 05:45 PM PST
အမေရိကန် ပြည်ထောင်စု အရှေ့မြောက်ဖက် မှာ နှင်းမုန်တိုင်းဒဏ် ခံရပြီးတဲ့ နောက်မှာ ရေလွှမ်းမိုး မဲ့ အန္တရာယ် ဒီရက် ပိုင်း အတွင်း ကျရောက် နိုင်တဲ့ အကြောင်း အမေရိကန် နယူးယောက် ပြည်နယ် အရာရှိတွေ က ဒေသခံတွေ ကို ကြိုတင် သတိပေးထားပါပြီ။ ရာသီဥတုဒဏ် အဆိုးဝါးဆုံးခံရ တဲ့ နယူးယောက် ပြည်နယ်၊ ဘတ်ဖလိုး မြို့ခံ ကိုမျိုးသန့် က ရှစ် ပေ နှင်းထု အရေပျော်တဲ့ နောက်ပိုင်း မှာ ရေလွှမ်းမိုးနိုင်မဲ့ အခြေအနေ ကို အာဏာပိုင် တွေ
Posted: 22 Nov 2014 04:31 PM PST
ပြီးခဲ့တဲ့လအတွင်း ဖြစ်ပွားခဲ့တဲ့ သတင်းထောက်ကိုပါကြီး သေဆုံးမှု ဖြစ်စဉ်အပါအ၀င် တပ်မတော်နဲ့ လူ့အခွင့် အရေးဆိုင်ရာ ကိစ္စတွေ၊ တပ်မတော်နဲ့ နိုင်ငံတကာ ဆက်ဆံရေး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အနာဂတ် နိုင်ငံရေး စတာတွေနဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းတို့ တွေ့ဆုံမေးမြန်းခန်း တတိယနဲ့ နောက်ဆုံးပိုင်းဖြစ်ပါတယ်။
Posted: 22 Nov 2014 04:28 PM PST
မြန်မာပြည်တွင်း မှာ နိုင်ငံခြားငွေ လိုအပ်ချက် ကြောင့် ဒေါ်လာဈေး မြင့်တက် နေခဲ့တာမှာ တချို့ ပြည်တွင်း စီးပွားရေး ကုမ္ပဏီတွေ နဲ့ ဘဏ်တွေကလည်း ငွေဈေး ကစားခဲ့တဲ့ အတွက် ဗဟိုဘဏ် ကနေ သတိ ပေးမှုတွေ ပြုလုပ် ခဲ့ရပါတယ်။ ဗဟိုဘဏ် ရဲ့ ဒေါ်လာပေါက်ဈေး သတ်မှတ်နှုန်းရဲ့ ဝ.၈% အတိုး အလျှော့ လုပ်ပြီးပဲ ဒေါ်လာ အရာင်းအဝယ် လုပ်ရမယ် ဆိုတဲ့ စည်းမျဉ်း ရှိပေမယ့်၊ တချို့ဘဏ်တွေက ဈေးနှုန်းမြင့် လာခဲ့လို့ သတိပေးစာ ထုတ်ခဲ့ရတယ် ဆိုပြီး
Posted: 22 Nov 2014 12:59 PM PST
အသတ်ခံလိုက်ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ကရင်အစည်းအရုံး KKO အဖွဲ့ဝင်ဖြစ်တဲ့ အထောက်အထား မတွေ့ရကြောင်း အဲဒီအမှုကို စစ်ဆေးနေတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်က ပြောပါတယ်။ ကိုပါကြီးသေဆုံးမှုကို စစ်ဆေးရာမှာ စစ်တပ်ကစွပ်စွဲသလို ကရင်အစည်းအရုံး KKO အဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူဖြစ်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရကြောင်း ဒေါက်တာဥာဏ်ဇော်က ပြောပါတယ်။ "အဲ့ဒါကတော့
Posted: 22 Nov 2014 12:45 PM PST
နိုဝင်ဘာလ (၁၉) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကချင်၊ လိုင်ဇာ ဗိုလ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ဒီ့မတိုင်မီ ရက်ပိုင်းအတွင်း ကချင်ဘက်က ထိပါးတိုက်ခိုက်မှုတွေ အပေါ် စစ်ရေးသဘော တရားအရ သတိပေး တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗွီအိုအေနဲ့ တွေ့ဆုံစဉ်မှာပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုးရိမ်စရာပြန်ဖြစ်လာနေတဲ့
Posted: 22 Nov 2014 12:40 PM PST
ကင်ညာနိုင်ငံမြောက်ပိုင်းမှာ al-Shabab စစ်သွေးကြွ သေနတ်သမားတွေက ဘတ်စ်ကား တစ်စင်းကို ခြုံခိုတိုက်ခိုက်ခဲ့တာမှာ ကားပေါ်ပါလာသူ အယောက် ၆၀ ထဲက မွတ်ဆလင်မဟုတ်သူ ၂၈ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။ Somalia နိုင်ငံနဲ့ နယ်စပ် Mandera မြို့ကနေ ၃၁ မိုင်လောက်ဝေးတဲ့နေရာမှာ Bus ကားကို ဖမ်းဆီးတိုက်ခိုက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ Mombasa မြို့က ဗလီတွေအပေါ် လုံခြုံရေးတပ်တွေက လတ်တလောက်
Posted: 22 Nov 2014 12:26 PM PST
နိုဝင်ဘာလ (၂၃)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 22 Nov 2014 12:23 PM PST
နိုဝင်ဘာလ (၂၃)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 22 Nov 2014 12:21 PM PST
နိုဝင်ဘာလ (၂၃)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 22 Nov 2014 08:34 AM PST
ကေအိုင်အေဋ္ဌာနချုပ် လိုင်ဇာမြို့က ဗိုလ်လောင်းသင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ကေအိုင်အိုရဲ့ အစိုးရအပေါ် ယုံကြည်မှုဟာ အောက်ဆုံးအဆင့်ထိ လျော့ကျသွားနိုင်တယ်လို့ KIA ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီနေ့ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ပစ်ခတ်မှုဟာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာဖြစ်ကြောင်း၊ ဒီပစ်ခတ်မှုကြောင့် ယုံကြည်မှုလျော့ကျနိုင်ကြောင်း
Posted: 22 Nov 2014 08:33 AM PST
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်က ရပ်ဆိုင်းပေးဖို့ ဒေသခံ ၅၀ ခန့်က ဒီကနေ့ ဆန္ဒဖော် ထုတ်ခဲ့ကြ ပါတယ်။ ဦးတင်အေးဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အဖြစ် ခန့်အပ်စဉ်တုန်းက ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဖြစ်ခဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ကိုသန်းထိုက်ဦးက ပြောပါတယ်။ "နိုင်ငံတော်သမ္မတဟာ
Posted: 22 Nov 2014 08:24 AM PST
al-Shabab ဆိုမာလီ စစ်သွေးကြွ တွေက ကင်ညာ နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဘတ်စ်ကား တစီးပေါ်က ခရီးသည် ၂၈ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ ခရီးသည် ၆ဝ လောက် တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ နိုင်ရိုဘီ မြို့တော် သွားလမ်းပေါ်မှာ စီးနင်း တိုက်ခိုက် ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုဟာ ခရစ်ယာန် ဘာသာဝင် တွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်လို့ ကင်ညာ ရဲချုပ် David Mwole Kimaiyo က ဆိုပါတယ်။ နိုင်ငံ မြောက်ပိုင်းက လာတဲ့
Posted: 22 Nov 2014 08:23 AM PST
၂ဝ၁၅ မြန်မာ နိုင်ငံ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ တွေ သမာသမတ် ရှိဖို့၊ ဘာသာရေး နဲ့ လူမျိုးရေး လူနည်းစု တွေကို ခွဲခြား ဖိနှိပ် တာတွေ မလုပ်ဖို့ နဲ့ ရိုဟင်ဂျာ တွေကို တူညီတဲ့ အခြေခံ နဲ့ နိုင်ငံသား ဖြစ်ခွင့် အပြည့်အဝ ပေးဖို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မတီ ဆုံးဖြတ်ချက် က တောင်းဆို လိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ လူ့အခွင့်အရေး ကော်မီတီရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ် ချက်တရပ်ကို မနေ့က တညီတညွတ်

No comments:

Post a Comment