Sunday, November 9, 2014

အံ့ချီး ကုန်နိုင်ဖွယ် မြန်မာ့ အင်ဂျင်နီယာလက်ရာ



ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင်မြို့  ပန်းဒေါင်းပိုင်းရပ်ကွက် ကမ်းနား မြစ်ရေတားဆီးထားသော သံကူကွန်ကရစ်အား ၂၀၁၄ မတ်လတုန်းက မြို့နယ်ဆောက် လုပ်ရေးဋ္ဌာနကို အထက်လူကြီးများမှ တာဝန်ပေးစီစဉ်မှုကြောင့် ပြုလုပ် ခဲ့ပါတယ်။ ယခု၂၀၁၄ အောက်တိုဘာလကုန် မှာ အက်ကြောင်းကွဲများဖြစ်ခဲ့ပြီး မြစ်ကြောင်းထဲသို့  ပြိုကျမည့် အနေအထားဖြစ်ခဲ့သည် ။

ကွန်ကရစ်အား သုံးလက္မခန့် သာပြုလုပ်ထားပြီး အတွင်း၌ ကျောက်တုန်းအစား သဲအိတ်များအား အစားထိုးသုံး ထားပါသည်။သံကူကွန်ကရစ်အား သံချောင်းမသုံး ဘဲ ဝါးခြမ်းများအား အသုံးပြု ထားကြောင်းတွေ့ ရပါသည် ။ဆောက်လုပ်ရေးတာဝန်ခံအင်ဂျင်နီယာ၏ အံ့မခန်းပညာ တရပ်ဟု ထင်မိပါသည်။

သဘာဝအန္တရာယ်ကာကွယ်ရန် ပြည်သူများအား အကာအကွယ်ပြု ပေးမည့်အရေးပါသော အရာကို ဘာ့ကြောင့်ဤကဲ့သိုပြုလုပ်ပေးထားကြောင်း အဖြေရှာမိပါသည်။အထက်လူကြီးတွေသိသင့်ပါသည်။
တာဝန်ခံပြုလုပ်သော အင်ဂျင်နီယာကို ဂင်းနစ်စံခ်ျိန်တင်သင့်ကြောင်း နည်းပညာအား နိုင်ငံခြားမှာ လာရောက်လေ့လာနိုင်ကြရန် ကွန်ကရစ်ပြုလုပ်သော ကွန်ကရစ်မှာ သဲကျောက်များပြီး ဘိလပ်မြေ နည်းသည့် နည်းပညာမှာ နိုင်ငံတော်ကြီးအား ထောက်ပံ့သည့်သဘောလား မိမိစီးပွားရေးလား အများအကျိုးမျှော်ကိုး လို့ တင်ပြလိုက်ရပါသည်။
==========
Nobel Tiger
Via: ဗြန်ဆိုင်း
Sk

No comments:

Post a Comment