သစ်ထူးလွင် |
- ဟင်္သာတမြို့ပညာရေးဌာနကို ဆန္ဒထုတ်ဖေါ်မည်
- လှည်းကူးမြို့နယ်မှာ လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး
- ဗဟန်းမြို့နယ်မှာ အဲယားကွန်းအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်
- အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် ကေအိုင်အေ ဗိုလ်လောင်း ၂၀ ကျဆုံး
- လိုင်ဇာမြို့က KIA ဗိုလ်သင်တန်းကျောင်းပေါ် လက်နက်ကြီးကျ ၂၀ဦးသေ၊ ၁၆ဦး ဒဏ်ရာရဟုဆို
- အစိုးရနှင့် တိုက်ပွဲအတွင်း KIA ဗိုလ်တဦးကျ
-
ထိုင်းတွင် ရခိုင်အမျိုးသမီးတစ်ဦးသတ်ဖြတ်
ခံရ - သားကြောဖြတ်ခံရသည့် အမျိုးသမီးများ သေဆုံးမှု ကြွက်သတ်ဆေး နှင့် ဆက်စပ်မှုရှိ
- သူရဦးရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြောဆိုချက် ဒေါ်အောင်ဆန်းစုကြည် လက်ခံ
- မယ်ကမ္ဘာပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဟွန်ဒူးရပ်စ်အလှမယ် ပျောက်ဆုံးနေ
- အပျိုစင် စစ်မစစ် စစ်ဆေးမှုကြောင့် အင်ဒိုရဲတပ်ဖွဲ့ ဝေဖန်ခံနေရ
- ကိုဝေဠု လွတ်ပြီ
- လှိုင်မြစ်တစ်ဖက်ကမ်းက သမ္ဗာန်ဆိပ်ကို ပြန်ဖွင့်ပေးဖို့ ဆန္ဒပြ
- အိန္ဒိယတွင် အိမ်သာပိုမိုတည်ဆောက်ပေးရေး ဆန္ဒထုတ်ဖော်
- ထိုင်းအာဏာသိမ်း ၀န်ကြီးချုပ်ကို ကျောင်းသား ၅ ဦး ဆန္ဒပြ
- ဟောင်ကောင်ဆန္ဒပြသူများ ဥပဒေပြုလွှတ်တော်တွင်း တံခါးချိုးဖောက်ဝင်ရောက်
- စစ်တွေနည်းပညာ တက္ကသိုလ်မှ ကျောင်းသား တစ်ဦး စာမေးပွဲကျ၍ ကြိုးဆွဲချသေဆုံး
- ဘူးသီးတောင်တွင် ကုန်ဈေးနုန်းတက်၍ လူထု စားဝတ်နေရေး အခက်အခဲဖြစ်
-
အိုင်ဗရီကို့စ်ဆန္ဒပြစစ်သားများ
အား စစ်တန်းလျားသို့ပြန်လာကြရန် ကာကွယ်ရေးဝန်ကြီးတောင်းဆို - ခရိုအေးရှားပရိသတ် ဘောလုံးကွင်းထဲကို မီးကျည်နှင့် မီးခိုးဗုံးများ ပစ်ပေါက်
- မြောက်ကိုရီးယား ICC ခုံရုံးတင်ရေး ကြိုးပမ်းဖို့အဆို ကုလအတည်ပြု
- ဂျူးဘုရားကျောင်းတိုက်ခိုက်မှု သေဆုံးသူ ၅ ဦးရှိပြီ
- တိုက်ခိုက်မှုကို ပြင်းထန်စွာ တုန့်ပြန်မယ်လို့ အစ္စရေးဆို
- ဂျေရုဆလမ် တိုက်ခိုက်မှု အပေါ်တုံ့ပြန်သံ
- လူငယ်တွေ အနာဂတ်ရင်းနှီးမြှုပ်နှံဖို့ ကုလတိုက်တွန်း
Posted: 19 Nov 2014 03:37 AM PST
ဟင်္သာတ၊
နိုဝင်ဘာ ၁၉။
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် လက်ပံစုကျေးရွာမှ ဒေသခံ (၂၀၀)
ဦးခန့်သည် (၂၀.၁၁.၂၀၁၄) နေ့၊ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီထိ
ဟင်္သာတမြို့နယ် ပညာရေးဌာနကို ဆန္ဒဖေါ်ထုတ်မည် ဖြစ်ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ပွဲကို ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ငြိမ်း/စီခွင့်ပြုချက်
အမှတ် ၁၂/၂၀၁၄ ဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
အ.မ.က လက်ပံစု(နောက်)ကျောင်းဆောင်ဟော
|
Posted: 19 Nov 2014 03:29 AM PST
ရန်ကုန်၊
နိုဝင်ဘာ ၁၉
၁၈.၁၁.၂၀၁၄ ရက်နေ့ ၂၀၂၀ အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်း
အတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ ကရင်ပြည်နယ်၊ ဘားအံမြို့နေ ယာဉ်မောင်း
ကိုအောင်ကျော်ဟိန်း မောင်းနှင်လာ သော 7D---Toyo Ace ယာဉ်သည် ရိပ်သာရပ်ကွက်၊
လမ်းလယ်ကျွန်းအမှတ်(၁၁၆)အရောက် လမ်းဖြတ်ကူးသူ လှည်းကူးမြို့နယ်နေ
ကိုမင်းမင်းထွေးအား ဝင်ရောက်တိုက်မိခဲ့ပါသည်။
ထိုသို့ တိုက်မိခဲ့သဖြင့် ကိုမင်းမင်းထွေးမှာ ယာချိုစောင်း၊
|
Posted: 19 Nov 2014 03:26 AM PST
ရန်ကုန်၊
နိုဝင်ဘာ ၁၉
၁၈.၁၁.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင် ဗဟန်းမြို့မ ရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အနောက်ရပ်ကွက်၊
အနောက်ဈေးဟောင်း လမ်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ
သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါလမ်းနေ ဒေါ်ခိုင်ခိုင်ဝင်းသည် နေအိမ်
အိပ်ခန်းနံရံတွင် တပ်ဆင် ထားသော အဲယားကွန်းအားဖွင့်၍ အလုပ်သို့
သွားနေခဲ့ရာမှ ၁၄၅၅ အချိန်တွင် အဲယားကွန်းမှ
|
Posted: 19 Nov 2014 03:11 AM PST
ကချင်ပြည်နယ်
ခယာဘွမ် အခြေစိုက် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း ၃၈၉ က လိုင်ဇာအရှေ့ဘက်
ဝေကြိုင်ဘွမ်မှာရှိတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)ရဲ့ အရာရှိ
ဗိုလ်သင်တန်း ကျောင်းကို ပစ်ခတ်တဲ့ အတွက် အရာရှိ သင်တန်း သား ၂၀ ကျဆုံးပြီး
၁၆ ဦး ဒဏ်ရာ ရသွားတယ်လို့ ကေအိုင်အေက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။
ဒီကနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပစ်ခတ်မှုကြောင့် စစ်ရေးပြကွင်းမှာ စစ်ရေး
လေ့ကျင်နေတဲ့ အရာရှိငယ်
|
Posted: 19 Nov 2014 03:07 AM PST
ဒီကနေ့
နေ့လယ်ပိုင်းက ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော်ဌာနချုပ်ရှိရာ
လိုင်ဇာမြို့က ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း အဆောက်အဦပေါ်ကို
အစိုးရတပ်ဖက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ခဲ့လို့ ၂၀ ဦးသေဆုံးပြီး
၁၆ ယောက်ဒဏ်ရာရသွားတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က
ဦလမိုင်ဂွန်ဂျာက ဘီဘီစီကို ပြောပါတယ်။ မန်စီ မြို့နယ်မှာ ရှိတဲ့ ကေအိုင်အေ
တပ်ရင်း (၁၆)၊ (၁၇) အခြေစိုက်ဒေသတွေမှာလည်း အစိုးရတပ်နဲ့
|
Posted: 19 Nov 2014 02:42 AM PST
ကချင်ပြည်နယ်
မန်စီမြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ
တပ်ရင်း ၂၇ နယ်မြေအတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA
ဘက်မှ ဗိုလ် ဖောင်ဂျေး လဒွဲ (Du Hpauje La Doi) ကျဆုံးခဲ့သည်ဟု KIA တပ်ရင်း
၁၂ နှင့် ၂၇ မှ တာဝန်ရှိသူများက ပြောသည်။
အစိုးရ၏ တပ်ရင်း ခမရ (၃၁၇) တပ်အင်အား ၁၀၀ ခန့်သည် KIA တပ်မဟာ ၃ လက်အောက်ခံ
တပ်ရင်း ၂၇ နယ်မြေသို့ ဝင်ရောက်လာသဖြင့် နမ်ဆာ (Nam Sa) နှင့် ခပရာ
|
Posted: 19 Nov 2014 02:37 AM PST
ထိုင်းနိုင်ငံတွင်
ရခိုင်အမျိုးသမီး တစ်ဦး ယခုလ ၁၆ ရက်နေ့က သတ်ဖြတ်ခံခဲ့ရသည်။
သတ်ဖြတ်ခံရသူမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နယ်၊ အပေါက်ဝကျေးရွာ
ချောင်းဝရပ်ကွက်မှ ဦးကျော်လှဝင်း၏ ဇနီးဒေါ်မလှခိုင်အသက် (၄၄) နှစ်
ဖြစ်ကြောင်း သိရသည်။
သူမသည် ထိုင်းနိုင်ငံ တောင်ပိုင်း နခေါ်စိန်ဌာမရ မြို့  (ခေါ်) စိန်ချွန်တွင်
ပန်းရံအလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးဖြစ်ပြီး
ထိုင်းလူမျိုးတစ်ဦးမှ သတ်ဖြတ်ခဲ့ကြောင်း
|
Posted: 19 Nov 2014 02:33 AM PST
နယူးဒေလီ
၊ ၁၉-၁၁-၂၀၁၄
အိန္ဒိယနိုင်ငံတွင် သားကြောဖြတ် ခံရပြီးနောက် သေဆုံးခဲ့ ရသည့် အမျိုးသမီး ၁၃
ဦးမှာ ခွဲစိတ်မှု ပြုလုပ်စဉ် အတွင်း ၄င်းတို့အား ထိုးသွင်းပေး ခဲ့သော
ကြွက်သတ်ဆေး ပါဝင်သည့် ပဋိဇီဝဆေး နှင့် ဆက်နွှယ်မှု ရှိနိုင်ကြောင်း ဒေသတွင်း
အရာရှိများက ပြောကြားသည်။
ကနဦး စစ်ဆေးမှုများ အရ သေဆုံးခဲ့သည့် အမျိုးသမီး များအား ထိုးသွင်း
ပေးခဲ့သည့် ပဋိဇီဝဆေးရည် ထဲတွင် ကြွက်သတ်ရာ၌ အသုံးပြုသည့်
|
Posted: 19 Nov 2014 02:29 AM PST
၂၀၁၅
ရွေးကောက်ပွဲပြီးမှ အခြေခံ ဥပဒေ ပြင်ဆင်မယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက
သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(အန်အယ်ဒီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံကြောင်း ထုတ်ဖော်
ပြောကြား လိုက်ပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန် သတင်းမီဒီယာ တွေရဲ့
မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က “သူက Process (လုပ်ငန်းစဉ်)ကို
ပြောတာပါ။ Process က ဒီလိုပဲ
|
Posted: 19 Nov 2014 02:27 AM PST
မယ်ကမ္ဘာပြိုင်ပွဲ
ဝင်ပြိုင်ဖို့ လန်ဒန်ကို ခရီးမထွက်မီ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက
ပျောက်နေတဲ့ ဟွန်ဒူးရပ်စ်အလှမယ်အတွက် စိုးရိမ်မှုတွေ တိုးနေပါတယ်။
ဟွန်ဒူးရပ်စ်အလှမယ် မာရီယာ ဟိုဆေး အယ်လ်ဗာရာဒို ဟာ ရာဇဝတ်ဂိုဏ်းတွေ
ထိန်းချုပ်ထားတဲ့ ဟွန်ဒူးရပ်စ် အနောက်ပိုင်းစန်တာ ဘာဘာရာဒေသတွင်းမှာ သူ
ညီမနဲ့အတူ ပျောက်ဆုံးခဲ့တာပါ။
သူအမေကတော့ သမီး ၂ ယောက်ကို ဖမ်းထားတဲ့သူတွေ လွှတ်ပေးဖို့ အသနားခံခဲ့ပါ
တယ်။ သူတို့
|
Posted: 19 Nov 2014 02:18 AM PST
လူ့အခွင့်အရေး
စောင့်ကြည့်သူများ အဖွဲ့သည် ကမ္ဘာ့မူဆလင် အများဆုံး နေထိုင်ရာ
အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသားရဲတပ်ဖွဲ့မှ ရဲမေလောင်းများအား အပျိုစင်
စစ်မစစ် စစ်ဆေးနေခြင်းသည် ယင်းအမျိုးသမီးများအတွက် အန္တရာယ်ရှိပြီး
ကာယိနြေ္ဒ ထိခိုက်ပျက်ပြားစေ၍ ရပ်တန့်ရန် တိုက်တွန်းလိုက်ကြောင်း AFP
သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။
ရဲမေလောင်းများအနေဖြင့် အိမ်ထောင်မရှိသူ ဖြစ်ရမည့်အပြင် အပျိုစင်လည်း
ဖြစ်ရန် လိုအပ်နေကာ
|
Posted: 19 Nov 2014 02:16 AM PST
လျှပ်စစ်မီတာခတွေ
တိုးမြှင့်ကောက်ခံမယ်လို့ လွှတ်တော်က ဆုံးဖြတ်လိုက်တာကို ကန့်ကွက်
ဆန္ဒပြမှုအပြင်၊ မိုးထိမိုးမိ ရွှေလုပ်သားတွေရဲ့ ဆန္ဒပြတာကို ကူညီတဲ့
အတွက်ထောင် ၃ လချမှတ်ခံခဲ့ရတဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုဝေဠု
ဟာလွတ်ရက်စေ့ပြီး မနေ့မနက်က အင်းစိန်ထောင်ကနေ ပြန်လွတ်ခဲ့ပါတယ်။
ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသား အယောက် ၄၀ လောက်ရှိနေသလို၊ ရာဇဝတ်
အကျဉ်းသားတွေ ထဲမှာလဲ HIV ဝေဒနာ ဖြစ်နေသူတွေ အတွက်
|
Posted: 19 Nov 2014 02:14 AM PST
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ထဲမှာပါ
|
Posted: 19 Nov 2014 02:10 AM PST
အိန္ဒိယရှိ
လူပေါင်း သန်း ၆၀၀ ခန့်သည် အိမ်သာမရှိဘဲ နေထိုင် နေကြ ရကြောင်း အစီရင်ခံ
စာများ အရ သိရသည်။
ဝမ်းရောဂါကြောင့် လည်းကောင်း၊ အခြားသော ကျန်းမာရေးနှင့် မညီညွတ်သော၊
သန့်ရှင်းမှု အားနည်း သော အခြေအနေများမှ တစ်ဆင့် ဖြစ်ပွားသည့်
ရောဂါများကြောင့် လည်းကောင်း အိန္ဒိယရှိ ကလေးငယ် များစွာ နှစ်စဉ် သေဆုံး
လျက်ရှိကြောင်း သိရသည်။
အိမ်သာမရှိသည့် အတွက် အဆင်ပြေသလို ဖြေရှင်း နေရသည့် အမျိုးသမီးများ
အနေဖြင့်လည်း
|
Posted: 19 Nov 2014 02:10 AM PST
စစ်အာဏာသိမ်းပြီးတက်လာတဲ့
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ဆန့်ကျင်တဲ့ အနေနဲ့
ခေါင်ကန် တက္ကသိုလ်က ထိုင်းဥပဒေ ကျောင်းသား ၅ ဦးက လက်ချောင်း ၃
ချောင်းထောင် ဆန္ဒပြခဲ့ကြပါတယ်။
ဒီ ဥပဒေကျောင်းသားတွေဟာ ၀န်ကြီးချုပ်ရဲ့ မိန့်ခွန်းကိုနားထောင်ဖို့အတွက်
ခေါင်ကန် ခရိုင်ခန်းမကို ရောက်ရှိလာစဉ်ဆန္ဒပြခဲ့ကြတာလို့
ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ်က စတင်စကားပြောတဲ့ အချိန်မှာေ
|
Posted: 19 Nov 2014 02:08 AM PST
ဟောင်ကောင်က
ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတစုဟာ နိုဝင်ဘာ ၁၉ ရက် ဒီနေ့မနက်
အစောပိုင်းက ဥပဒေပြုလွှတ်တော်တွင်းကို ဘေးတံခါးကနေ ချိုးဖောက်
ဝင်ရောက်ခဲ့ကြလို့ ရဲတွေက ငရုတ်ကောင်းရည်တွေနဲ့ ပက်ခဲ့တယ်လို့
မျက်မြင်သက်သေတွေက ဆိုပါတယ်။
တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့မြို့တွင်း အခြေအနေတွေ တည်ငြိမ်ပြီးမှ
တင်းမာမှုတွေ ပြန်မြင့်လာခဲ့တာပါ။
တရားဥပဒေ အာဏာတည်စေရေး အဖွဲ့ဝင် အယောက် ၃၀ လောက် ရောက်လာပြီး
|
Posted: 18 Nov 2014 09:07 PM PST
ရခိုင်ပြည်နယ်
စစ်တွေမြို့ နည်းပညာ တက္ကသိုလ်မှ ကျောင်းသား တစ်ဦးသည် ဒုတိယနှစ်
စာမေးပွဲကျရာမှ ကြိုးဆွဲချ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ် ကျိန်ကျောင်ကျေးရွာမှ (ဘ)
ဦးမောင်ဦးသာနှင့် (မိ) ဒေါ်မညီးတို့၏သား ညီညီဇံ (၂၀) နှစ်ဖြစ်ကြောင်း သူ၏
ဆွေမျိုးများက ပြောကြားသည်။
နည်းပညာတက္ကသိုလ် (စစ်တွေ)မှ ဒုတိယနှစ် ကျောင်းသားများ၏ စာမေးပွဲ
အောင်စာရင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ရာ
|
Posted: 18 Nov 2014 09:09 PM PST
ရခိုင်ပြည်နယ်
အနောက်ဘက်နယ်စပ် ဘူးသီး တောင်မြို့တွင် စားသောက်ကုန် ဈေးနုန်းများ
တဖြည်းဖြည်း မြှင့်တက် လာနေ သဖြင့် လူထု အနေဖြင့် စားဝတ် နေရေး အခက်အခဲ
ဖြစ်ပေါ်နေကြောင်း ဒေသခံ များက ပြောကြား သည်။
ကုန်ဈေးနုန်းမှာ နိုဝင်ဘာ ဒုတိယအပတ်မှ စပြီး တဖြည်းဖြည်း မြှင့်တက်လာ
နေကြောင်း၊ အောက်တို ဘာလ အတွင်းက ပေါ်ဆန်မွေး တစ်အိတ် ၂၈၀၀၀ ကျပ်
ဈေးရှိနေရာမှ နိုဝင်ဘာလ ဒုတိယ အပတ်တွင် တစ်အိတ်လျှင် ၃၁၀၀၀ ကျပ်ထိြ
|
Posted: 18 Nov 2014 09:06 PM PST
အိုင်ဗရီကို့စ်
ကာကွယ်ရေးဝန်ကြီး ပေါလ်ကော့ဖီက မြို့နှစ်မြို့၌ ဆန္ဒပြနေကြသည့်
စစ်သားများအား စစ်တန်းလျားများသို့ ပြန်လာကြ ရန် တောင်းဆို လိုက်ကြောင်း
သိရသည်။
စစ်သားများသည် အရေးပါသော မြို့တစ်မြို့ဖြစ်သည့် အဘစ်ဂျန်မြို့ နှင့် ဒုတိယ
အရေးပါဆုံး မြို့ဖြစ်သည့် ဘူယာခီမြို့တို့တွင် လမ်းမကြီးများကို ပိတ်ဆို့ကာ
၎င်းတို့မရရှိသေးသည့် ခံစားခွင့်များကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
စစ်သားများ၏ တောင်းဆိုချက်များကိုြ
|
Posted: 18 Nov 2014 08:55 PM PST
အီတလီနဲ့
ကစားတဲ့ ယူရိုခြေစစ်ပွဲမှာ ဥရောပ ဘောလုံး အဖွဲ့ချုပ်က အပြစ်ပေးတာကို
ခံရဖို့ မျှော်လင့်ထား တယ်လို့ ခရိုအေးရှား နည်းပြ နီကို ကိုဗက်က
ပြောဆို လိုက်ပါတယ်။
အဲဒီပွဲစဉ်ကို အီတလီနိုင်ငံ မီလန်မြို့က ဆန်စီရိုကွင်းမှာ
ယှဉ်ပြိုင်ခဲ့တာပါ။ ၁ ဂိုးစီ သရေကျတဲ့ ဒီပွဲမှာ ခရိုအေးရှား
ပရိသတ်တချို့က ကွင်းထဲကို မီးကျည်တွေ၊ မီးခိုးဗုံးတွေနဲ့
ပစ်ပေါက်ခဲ့ပါတယ်။
အဲဒီလုပ်ရပ်ကြောင့်
|
Posted: 18 Nov 2014 08:47 PM PST
လူသားထုအပေါ်
ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မြောက်ကိုရီးယားနိုင်ငံကို ICC လို့ခေါ်တဲ့
နိုင်ငံတကာခုံရုံး တင်သင့် မတင့်သင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့
စဉ်းစားဆုံးဖြတ်ပေးဖို့ တောင်းဆိုချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက
မဲခွဲအတည်ပြုလိုက်ပါတယ်။
ဥပဒေတခုလို မဖြစ်မနေ လိုက်နာစရာမလိုတဲ့ ဆုံးဖြတ်ချက်ကို ဂျပန်နိုင်ငံနဲ့ EU
ဥရောပသမဂ္ဂတို့က မူကြမ်းရေးဆွဲခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ တခဲနက်
အတည်ပြုခဲ့ကြတာပါ။
|
Posted: 18 Nov 2014 08:46 PM PST
အစ္စရေးလ်နိုင်ငံ
ဂျေရုဆလင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု အတွင်း ဒဏ်ရာရရှိခဲ့တဲ့
ရဲတပ်ဖွဲ့ဝင်တဦး ထပ်မံ သေဆုံးသွားတဲ့ အတွက် သေဆုံးသူ အရေအတွက် စုစုပေါင်း ၅
ဦး ရှိသွားပြီ ဖြစ်ပါတယ်။
အသားခုတ်တဲ့ ဓားမတချောင်း အပါအ၀င် ဓားတွေနဲ့ သေနတ်တလက် ကိုင်ဆောင်ထားတဲ့
ပါလက်စတိုင်းလူမျိုး နှစ်ယောက်ဟာ ဂျေရုဆလင်မြို့မှာရှိတဲ့
ဂျူးဘုရားရှစ်ခိုးကျောင်း တခုအတွင်းကို အင်္ဂါနေ့ မနက်ပိုင်းက ၀င်ရောက်
တိုက်ခိုက်တာပါ။ ေ
|
Posted: 18 Nov 2014 06:00 PM PST
ဂျေရုဆလင်မြို့မှာ
သေနတ်နဲ့ ဓားမတွေကို ကိုင်ဆောင်တဲ့ ပါလစ္စတိုင်းသား နှစ်ဦးက
ဂျူးလူမျိုး ဘုရား ဝတ်ပြုသူတွေကို သတ်ဖြတ်ခဲ့ပြီးနောက် ပြင်းထန်စွာ
တုန့်ပြန်မယ်လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ဟားမတ်အဖွဲ့နဲ့
ပါလစ္စတိုင်းသမ္မတတို့က ဂျေရုဆလင်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင်
လုပ်ဆောင်တယ်လို့ စွပ်စွဲလိုက်ပါတယ်။
အဲဒီအပေါ် ပြင်းထန်စွာ
|
မနေ့
က ဂျေရူဆလမ်မြို့ က ဂျူးဝတ်ပြုကျောင်း ကို ပါလက်စတိုင်း လူငယ်နှစ်ဦး
တိုက်ခိုက်မှုကြောင့် လေးဦး သေဆုံးပြီး လူတချို့ ဒဏ်ရာရတဲ့ ဖြစ်ရပ် ကို
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ပြစ်တင် ရှုံ့ချတဲ့သတင်း ကို ဘီဘီစီ သတင်းထောက်
နာဒါတောဖစ် က ပေးပို့ လိုက်ပါတယ်။
သေဆုံး ဒဏ်ရသူတွေ ရဲ့ မိသားစု ဝင်တွေ ကိုလည်း ဝမ်းနည်းစကား ပါးလိုက်ပါတယ်။
တဆက်ထဲမှာဘဲ နှစ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ ဂျေရူဆလမ်မြို့ မှာ
တင်းမာမှု
|
ဆင်းရဲတဲ့နိုင်ငံတွေ
အနေနဲ့ လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံခြင်း အားဖြင့်
နိုင်ငံရဲ့ဖွံ့ဖြိုးမှု ကြီးကြီးမားမား တိုးတက်လာမှာဖြစ်တယ်လို့ UNFPA
ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ရဲ့ ကမ္ဘာ့လူဦးရေ အခြေပြ အစီရင်ခံစာမှာ
အကြံပေးထားပါတယ်။
မြန်မာနိုင်ငံမှာရော လူငယ်တွေ အနာဂတ်အတွက် နိုင်ငံအနေနဲ့ ဘယ်လို
ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါသလဲ။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့
|
No comments:
Post a Comment