Monday, November 3, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၁၁)

သစ်ထူးလွင်



Posted: 03 Nov 2014 07:48 AM PST
တရုတ် နိုင်ငံမှာ အစိုးရက သတ်မှတ် ထားတဲ့ မီးသင်္ဂြိုလ် ရမယ့် အလောင်း အရေအတွက်ကို ပြည့်မီအောင် သင်္ချိုင်း ဖောက်သူတွေ ဆီက အလောင်းတွေ လိုက်ဝယ်တဲ့ ဂွန်ဒေါင်း ပြည်နယ်က အရာရှိ ၂ ယောက်ကို ဖမ်းဆီး လိုက်ပါတယ်။ သူတို့ဟာ အစိုးရက သတ်မှတ် ထားတဲ့ မီးသင်္ဂြိုလ် ရမယ့် လစဉ် အရေအတွက်ကို ပြည့်မီအောင် အလောင်း တစ်လောင်းကို အမေရိကန် ဒေါ်လာ ၅၀၀ နီးပါး ပေးပြီး တစ်ဒါဇင်လောက် ဝယ်ခဲ့တယ်လို့ ပြောပါတယ်။ တရုတ်တို့ရဲ့ ဓလေ့ ထုံးစံအရေ
Posted: 03 Nov 2014 06:56 AM PST
ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ သက်ငယ်စပါးဈေးတွေ ကျဆင်းနေတဲ့အတွက် တောင်သူတွေအရှုံးမပေါ်စေဖို့ ဒီလကစပြီး ဧည့်မထစပါး တင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ၀ယ်ယူသွားမယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက ကြေညာလိုက်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီက နိုင်ငံတော်အရန်ဆန်နဲ့ တပ်မတော်ရိက္ခာအတွက် ဝယ်ယူမှာဖြစ်ပြီး အခုနိုဝင်ဘာလမကုန်ခင်မှာ
Posted: 03 Nov 2014 06:55 AM PST
နိုင်ငံရေးပုဒ်မတွေအပြင် တခြားပုဒ်မတွေနဲ့ ထောင်ချခံထားရသူ ၂၇ ဦးကို အစိုးရက နိုင်ငံရေး ပြစ်မှုတွေပယ်ဖျက်ပြီး တခြားပြစ်မှုတွေနဲ့ ဆက်လက်အရေးယူနေတာဟာ မဖြစ်သင့်ကြောင်းနဲ့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPS တို့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ အဲ့ဒီ ၂၇ ဦးဟာ သူတို့မကျူးလွန်တဲ့ပြစ်မှုတွေကို အတင်းဝန်ခံခိုင်းတာတွေ
Posted: 03 Nov 2014 06:37 AM PST
ထိုင်း တောင်ပိုင်း ကော်တောင် ကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး စက်တင်ဘာ လလယ်က သတ်ဖြတ် ခံရမှုနဲ့ စွပ်စွဲ ခံထား ရသူ မြန်မာ နိုင်ငံသား ၂ ဦး အမှုကို ထိုင်း အထူး မှုခင်း ဌာန DSI က ကိုယ်တွယ်ဖို့ စာတင် လိုက်ပါတယ်။ ကော်တောင် ကျွန်း လူသတ် မှုဟာ နိုင်ငံ တကာ အဆင့် ဖြစ်နေ တာကြောင့် ထိုင်း တရား ရေး ဝန်ကြီး ဌာန အောက်မှာ ရှိတဲ့ အထူး မှုခင်း ဌာန DSI က ကိုယ်တွယ် ဖို့ အတွက် ထိုင်း ရှေ့နေများ ကောင်စီက ဒီအမှုကို အကျိုးေ
Posted: 03 Nov 2014 06:29 AM PST
ပြီးခဲ့တဲ့လ နောက်ဆုံး ပတ်လောက်ကနေ စတင်ပြီး စစ်ရေး တင်းမာ နေခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အောင်ဘာလေ ကျေးရွာဖက်မှာ အခု အခါမှာတော့ အစိုးရတပ်တွေ ပြန်လည် ရုပ်သိမ်းတာတွေ ရှိတာကြောင့် အခြေအနေဟာ အရင်လို ပြန်လည် တည်ငြိမ်လာနေပြီ ဖြစ်ပါတယ်။ အရင်က နေရပ်စွန့်ခွာပြီး ထွက်ပြေး ဖို့ပြင်ဆင်ခဲ့တဲ့ အောင်ဘာလေကျေးရွာမှာ အခုဆိုရင် ကျောင်းတွေ၊ ဈေးတွေ ပြန်ဖွင့်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။  သတင်းအပြည့်အစုံကို
Posted: 03 Nov 2014 05:58 AM PST
တူရကီနိုင်ငံ အီစတန်ဘူလ် မြို့ အနီးက ပင်လယ်နက် ထဲမှာ ရွှေ့ပြောင်း ဝင်ရောက် သူတွေကို တင်ဆောင်လာတဲ့ စက်လှေ တစ်စီး နစ်မြုပ်ခဲ့တဲ့ အတွက် လူ ၂၄ ယောက် ထက် မနည်း သေဆုံးခဲ့ပါတယ်။ ပျောက်ဆုံး နေသူတွေကိုလည်း ကယ်ဆယ်ရေး သင်္ဘ࿿ောတွေနဲ့ ရဟတ်ယာဉ် တွေက ရှာဖွေနေပါတယ်။ ကလေးတွေ အများစု ပါဝင်တဲ့ ရွှေ့ပြောင်း လာသူ ၄၀ လောက် လိုက်ပါလာတဲ့ စက်လှေဟာ Bosphorus ရေလက်ကြား အနီးမှာ တနင်္လာနေ့ မနက် စောစောပိုင်းက နစ်မြုပ်
Posted: 03 Nov 2014 04:27 AM PST
တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက် မြန်မာရွာခေါ် အကွက်(၉)တွင် အသက်(၂၇)နှစ်ရှိ အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် ကြိုးဆွဲချ၍ သတ်သေသည့် ဖြစ်စဉ်တစ်ခု ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၃)ရက် (၁၁)နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အသက်(၂၇)နှစ်အရွယ်ရှိ ပြုံးမောင်မောင်သည် ၀မ်ကောင်းရပ်ကွက် မြန်မာရွာခေါ် အကွက်(၉)ရှိ အိမ်အမှတ်(၉/၄၉) နေအိမ်အခန်းငှားတွင် နေထိုင်သူဖြစ်ပြီး
Posted: 03 Nov 2014 04:06 AM PST
(ဝမ်ချိုင်း)၏ တိုက်ခန်း တစ်ခု အတွင်းမှာ သေဆုံး နေသည့် အမျိုးသမီး နှစ်ဦးကို သတ်ခဲ့သူ အသက်(၂၉)နှစ်အရွယ် အမေရိက(မာရေး-လိုင်းန်) ဘဏ်၏ အလုပ်သမား ဖြစ်သူ ဗြိတိန်လူမျိုး တစ်ဦးအား ဟောင် ကောင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါသည်။ အမျိုးသမီးနှစ်ဦးထဲမှ တစ်ဦး၏ ရုပ်အလောင်းကိုတော့ တိုက်ခန်း၏ ဝရံတာရှိ လက်ဆွဲသေတ္တာထဲမှာ ဝှက်ထားတာကို တွေ့ခဲ့ရပြီး အသက်(၂၅)နှင့်(၃၀)ကြား နောက်ထပ် အမျိုးသမီး တစ်ဦးကိုတော့
Posted: 03 Nov 2014 03:56 AM PST
တောင်ကြီး နိုဝင်ဘာ ၃ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့ဖြစ်သော နိုဝင်ဘာ ၁ ရက်နေ့က မီးပုံးပျံတစ်ခု ပျက်ကျခဲ့၍ ဒဏ်ရာရသူ ၁၄ ဦးမှ ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦးမှာ စိုးရိမ်ရသော အနေအထားတွင် ရှိကြောင်း တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံမှ သိရသည်။ အမျိုးသမီးနှစ်ယောက်နှင့် အမျိုးသားတစ်ယောက်မှာ စိုးရိမ်ရသောကြောင့် အရေးပေါ်ဆေးဝါး ကုသမှု ခံယူနေရကြောင်း စ၀်စံထွန်းဆေးရုံမှ တာဝန်ရှိသူ
Posted: 03 Nov 2014 03:56 AM PST
ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အထူးအဖွဲ့ဖွဲ့စည်းပြီး ပြန်စစ်ဆေးပေးဖို့ မြန်မာသံရုံး အထူးအဖွဲ့ရဲ့ တောင်းဆိုချက်ကို ထိုင်းတရားရေးဝန်ကြီးဌာနက လက်ခံတယ်လို့ မြန်မာသံရုံးအထူးကိုယ်စားလှယ်တွေက ပြောပါတယ်။ ထိုင်းရဲတွေက လူသတ်မှုကို စစ်တုန်းက မြန်မာလူငယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ရိုက်နှက်စစ်တာ ပေါ်လွင်တဲ့အတွက်ြ
Posted: 03 Nov 2014 03:22 AM PST
ကမ္ဘာ့ကုလသမဂ္ဂအစီရင်ခံစာမှာ လူ့အခွင့်အရေး အစီရင်ခံစာကို မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တင်သွင်း စရာ မလို အပ်တော့ဘူးဆိုတဲ့ သဘောမျိုး အစိုးရသစ်ဆိုတဲ့ အသိုင်းအ၀ိုင်းထဲက တာဝန်ရှိသူတချို့ရဲ့အသံတွေ ထွက် လာ နေချိန်မှာပဲ ကျွန်တော်တို့တစ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ထပ်ခါတလဲလဲ ကြုံတွေ့ ခံစားနေကြ ရတာဘာကြောင့်ပါလဲ . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရဲ့
Posted: 03 Nov 2014 03:18 AM PST
စစ်တပ်ဆိုရင် ကြောက်မယ်လို့ထင်၊ ရမ်းချင်တိုင်းရမ်းသမျှ ငြိမ်ခံနေကြမယ်ဆိုရင် ကျုပ်တို့တွေ သမိုင်းမလှ … ရာဇ၀င် ရိုင်းကြရတော့မပေါ့။ ဒီတော့ စစ်တပ်မကလို့ ဘာကြီးပဲဖြစ်ဖြစ် အယုတ်အရမ်းသဏ္ဌာန် အစွယ် ထုတ်ပြလာရင် ထုတ်လာတဲ့ အစွယ်ကျိုးအောင် ကျုပ်တို့ပြည်သူတွေက ဦးချိုးဖို့ လိုလိမ့်မယ် … ငြိမ်ခံကြမှာ မဟုတ်ကြောင်း သရုပ်သကန် ပြကြရမယ် . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ တယ်လည်း အကျင့်၊ အကြံ၊
Posted: 03 Nov 2014 03:11 AM PST
ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် ကျွန်းကြီးကျေးရွာမှာ မိမိလယ်က စပါးကို ၀င်ရိတ်သိမ်းကြတဲ့  အသက် ၇၀ ကျော် အဖိုးအဘွားအပါဝင် မိသားစု ၅ ဦးဟာ ခိုးမှုနဲ့ တရားရင်ဆိုင်ရပြီး တရားရုံးက အလုပ်ကြမ်းနဲ့  ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။ ကျွန်းကြီးကျေးရွာနေ အသက် ၇၀ ကျော်အရွယ်  ဦးဘကောက်၊ ဒေါ်ရီတို့နဲ့ သူ့ရဲ့ သားသမီးတွေကို မော်ကျွန်းမြို့နယ်တရားရုံးက ပိုင်နက်ကျူးကျာ်မှုနဲ့ အကျိုးပျက်စီးမှုပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်
Posted: 03 Nov 2014 03:09 AM PST
မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံ ကိုအသွား မော်စကိုလေဆိပ်မှာ ရုရှားစစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ နိုဝင်ဘာလ ၁ ရက်နေ့က ရန်ကုန်က ထွက်ခွာသွားပြီး ရုရှားနိုင်ငံေ
Posted: 03 Nov 2014 03:04 AM PST
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်စု (၃) ခုဖြစ်သော ကျွဲတက်၊ မညင်းပြင်နှင့် အိုင်ဝမ်း တို့တွင် ရာသီဥတု ဖေါက်ပြန်ပြီး ဒီရေများ ၀င်ရောက်ရာမှ စပါးမသီးဘဲ လယ်ဧက ထောင်နှင့် ချီပြီး ပျက်စီးသွားခဲ့သည်ဟု သိရသည်။ “ ကျွန်တော်တို့ ကျွဲတက်အုပ်စုမှာ စိုက်ပျိုးဧက ၈၉၈ ဧကရှိပါတယ်။ အဲဒီအထဲက လယ်သမား ၃၀ ကျော်ပိုင်ဆိုင်တဲ့ လယ်ဧက ၃၅၉ ဧက ပျက်စီးသွားပါတယ်။ စပါးလုံးဝ မရပါဘူး ခင်ဗျား” ဟု ကျွဲတက်ေ
Posted: 03 Nov 2014 02:31 AM PST
ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်း ထောင့်တွင်ရှိ သော ကုန်သည်ကြီးများ ဟိုတယ် (ယခု ဆူးလေ ရှန်ဂရီလာ ဟိုတယ်)ဘေးမှ ဖြတ်လျှောက်လာတိုင်း ထူးဆန်းသော ခံစားချက်တခုကို ကျွန်တော်အမြဲ ခံစားရသည်။ ဗိုလ်ချုပ်လမ်းဘက်မှ ကုန်သည်ကြီးများ ဟိုတယ်ဘေးသို့ ဖြတ်လျှောက်လာလျှင် ဟိုတယ်စားသောက်ခန်းမ အတွင်းဝယ် ၀တ်ကောင်း စားလှဝတ်ထားကြသော နိုင်ငံခြားသား ဧည့်သည်များ၊ နံနက်စာ၊ နေ့လယ်စာ၊ ညစာများကို စမတ်ကျကျ
Posted: 03 Nov 2014 02:20 AM PST
နေပြည်တော်၊ နိုဝင်ဘာ ၃ ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၄၉/၅) အနီး၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊
Posted: 03 Nov 2014 02:18 AM PST
အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သုံးသပ်ဆွေးနွေးကြမယ့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသား ထု အရေးပေါ် အစည်းအဝေးကျင်းပမယ့် နေရာကို အာဏာပိုင်တွေက ခွင့်မပြုဘူးလို့ အစည်းအဝေး စီစဉ်တဲ့ ကျောင်းသားတွေက ပြောပါတယ်။ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ရန်ကုန် မရမ်းကုန်းမြို့နယ် ခ၀ဲခြံ မျက်မမြင်ကျောင်းမှာ လာမယ့် နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဓာတ်ပုံ - နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု
Posted: 03 Nov 2014 02:16 AM PST
၂၀၁၅ ခုနှစ်အတွက် ချစ်သူကို အဖြေပေးဖို့ ကမ္ဘာမှာ အကောင်းဆုံး နေရာ စာရင်း နံပါတ် ၁မှာ မြန်မာ နိုင်ငံမှာ ရှိတဲ့ ပုဂံကို ကမ္ဘာ့အကြီးဆုံး ခရီးသွား လမ်းညွန်ကို ထုတ်ဝေတဲ့ Lonely Planet က  ရွေးချယ် လိုက်ပါတယ်။ ပုဂံရဲ့ နေထွက်တာဟာ အိမ်မက် ဆန်သလို ဒီလို နေထွက်လာတာကို ဘုရားပေါ်ကနေ တက်ကြည့်မယ်ဆိုရင် အမှောင်လွှမ်းနေတဲ့ မြေပြင်ဟာ ရွှေရောင် တောက်ပတဲ့ ရှုခင်း အသွင်ပြောင်းသွားတာကို မြင်ရမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
Posted: 03 Nov 2014 02:14 AM PST
နေပြည်တော်၊ နိုဝင်ဘာ ၃ ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ကားလေးဝင်းအနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ မုံရွာမြို့၊ အမှတ်(၁၄)ယာဉ်ထိန်းဒုတိယရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူသွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မုံရွာ-မန္တလေးကားလမ်းအတိုင်း မြောက်မှတောင်သို့ မုံရွာမြို့နယ်၊ မြေနဲကျေးရွာနေ
Posted: 03 Nov 2014 02:12 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၃ ၂.၁၁.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန် ခရမ်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ခရမ်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦးစိန်ဝင်း၊ (၈၂)နှစ်ဖြစ်ပြီး နေအိမ်ထုပ်တန်းတွင် ပလပ်စတစ်နိုင်လွန်ကြိုးအား အသုံးပြုကာ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။ ဖြစ်စဉ်အား စုံစမ်းရာ သေဆုံးသူသည် ကျန်းမာရေး
Posted: 03 Nov 2014 02:09 AM PST
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ ကျောက်စိမ်းမှော်မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြေစာပုံကြားကနေ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်နေတဲ့ လူသေအလောင်း တွေ့ရှိခဲ့ပါတယ်။ လုံးခင်းကျေးရွာအုပ်စု ဆန်ခါမဆွတ်ယန်ရွာက တောက်ပကြယ်ကုမ္ပဏီပိုင် မြေစာသယ်ကား ၁ စီးဟာ အဲဒီနေ့က မြေစာတွေ လာသွန်ချတဲ့ အခါမှာ လူရွယ်တဦးရဲ့ အလောင်းကို တွေ့ ရှိကြောင်း ဒေသခံတွေက ပါတီကို အကြောင်းကြားခဲ့တယ်လို့ ဖားကန့်မြို့နယ်
Posted: 03 Nov 2014 02:07 AM PST
ပြင်သစ်နျူးကလီးယားဓာတ်ပေါင်းဖိုတွေပေါ် ဖြတ်ပျံသန်းခဲ့တဲ့ Drone လေယာဉ်တွေကို ပြင်သစ်အာဏာပိုင်တွေ လိုက်လံစုံစမ်းမှုတွေ လုပ်နေကြပါတယ်။ ဒီ Drone လေယာဉ်ငယ်တွေ ဘယ်က လာတယ်။ ဘယ်သူက ထိန်းချုပ်တယ်ဆိုတာကို ပြင်သစ်အာဏာပိုင်တွေက မသိကြပါဘူး။ နျူးကလီယားစက်ရုံတွေနဲ့ ၅ ကီလိုမီတာအတွင်းနဲ့ အမြင့်မီတာ  ၁ သောင်းအတွင်း ဘာမှ ဖြတ်ပျံသန်းခွင့် မရှိပါဘူး။ ဒါပေမယ့် ပြင်သစ်နိုင်ငံတ၀န်းက နျူး
Posted: 02 Nov 2014 07:01 PM PST
အမျိုးသားတွေ ​ယှဉ်ပြိုင်တဲ့ ​ဘောလီဘောပြိုင်ပွဲကို ​ကြည့်ရှုတဲ့ အတွက် ​အီရန်အမျိုးသမီး တစ်ဦး ​ထောင်ဒဏ် ​တစ်နှစ်ချမှတ် ခံလိုက်ရပါတယ်။ အီရန်လူမျိုး ​ဗြိတိန်နိုင်ငံသူ ​Ghoncheh ​Ghavami ​ဟာ ​အီရန် ​အမျိုးသား ​ဘောလီဘော ​အသင်းနဲ့ ​အီတလီနိုင်ငံတို့ ​ယှဉ်ပြိုင်တဲ့ပွဲကို ​ကြည့်တဲ့ အတွက် ​အပြစ်ပေး ခံရတာဖြစ်ပြီး ​ဒါကို ​အာဏာပိုင်တွေက ​အစိုးရကို ​ဆန့်ကျင်တဲ့ ​လုပ်ရပ်တွေ ​လုပ်တယ်ဆိုပြီး ​ပြစ်ဒဏ် 
Posted: 02 Nov 2014 07:01 PM PST
အီရတ်နိုင်ငံ ​အနောက်ပိုင်းမှာ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေက ​Albu ​Nimr ​လို့ခေါ်တဲ့ ​လူမျိုးစုဝင် ​အယောက် ​၃၀၀ ​ကို ​သတ်ပစ်လိုက်တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။ အီရတ်နိုင်ငံ ​လူ့အခွင့်အရေး ​ဝန်ကြီးဌာနရဲ့ ​အဆိုအရ ​အစွန်းရောက်သမားတွေက ​Albu ​Nimr ​လူမျိုး ​အယောက်ပေါင်း ​၃၂၂ ​ယောက်လောက်ကို ​သတ်ပစ်ခဲ့တယ်လို့ ​ဆိုပါတယ်။ အမျိုးသမီးနဲ့ ​ကလေးငယ်တွေရဲ့ ​အလောင်းပေါင်း ​၅၀ ​ကို ​လည်း ​ရေတွင်း 

No comments:

Post a Comment