Saturday, November 22, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၁၁)

သစ်ထူးလွင်


Posted: 22 Nov 2014 06:08 AM PST
လက်ရှိ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးနေကြတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) အပါအဝင် ပြုပြင်ရေး ကိစ္စတွေမှာ တပ်မတော်အနေနဲ့ မပြုပြင်ရေး ဘက်က ရပ်တည်ခဲ့ရတဲ့ အကြောင်းရင်းတွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗွီအိုအေနဲ့ ပထမဦးဆုံး သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ NLD နဲ့ ၈၈ ပွင့်လင်းမျိုးဆက်ကနေ ကောက်ယူပြီး လွှတ်တော်ကိုတင်ပြခဲ့တဲ့
Posted: 22 Nov 2014 06:04 AM PST
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှုများနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၇ရက်နေ့က အောက်လွှတ်တော်တွင် အပြင်းအထန် တင်ပြဆွေးနွေး ခဲ့ကြသည်။ ယခင်ဆွေးနွေး ငြင်းခုံမှုများအရ လွှတ်တော်တွင် ၂၅% နေရာယူထားပြီး ယင်းကြောင့်ပင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဟန့်အတားဖြစ်နေရသည့် တပ်မတော်သား ကိုယ်စားလှယ်များမှ ပုဒ်မ ၄၃၆နှင့် ၅၉(စ) တို့အား ပြင်ဆင်ခြင်းအားဖြင့် တိုင်းပြည်အတွက် အကျိုးကျေးဇူး
Posted: 22 Nov 2014 06:04 AM PST
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း မန္တလေးတိုင်း မြင်းခြံမြို့မှာ ရှိတဲ့ နည်းပညာ တက္ကသိုလ်နဲ့ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ စုပေါင်းပြီး ဒီကနေ့ ဆန္ဒပြခဲ့ကြ ပါတယ်။ အမျိုးသား ပညာရေး ဥပဒေကို အလိုမရှိကြောင်း အစိုးရကို သိစေချင်လို့ နယ်မြို့တွေမှာလည်း ဆန္ဒပြတာ ဖြစ်ကြောင်း ဆန္ဒပြ ကျောင်းသားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အမျိုးသားပညာ
Posted: 22 Nov 2014 06:09 AM PST
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် တစ်ဘက်ကမ်းမှာ MEC မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီက ပိတ်လိုက်တဲ့ သမ္ဗန်ဆိပ်ကို ပြန်ဖွင့်ပေးဖို့ တောင်းဆို နေတဲ့ ကျောင်းသား မိဘတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ကို အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒီကနေ့ သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။ ဒီကိစ္စကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးပေးဖို့အတွက် ကျောင်းသားမိဘနဲ့ ဒေသခံတွေကို စာရေးတင်ပြဖို့ြ
Posted: 22 Nov 2014 06:00 AM PST
မြန်မာနိုင်ငံတ၀န်း ဆေးဆိုင် အတော်များများမှာ ကိုယ်ဝန်ဖျက်ချတဲ့ တရားမ၀င် ဆေးတွေကို အလွယ် တကူ ၀ယ်ယူရရှိနိုင် နေတာကြောင့် ကိုယ်ဝန်ဖျက်ချ မှုနှုန်းတွေ အလွန်များ လာတယ်လို့ မန္တလေးက ဆေးဆိုင်တွေက ပြောပါတယ်။ ဆေးဆိုင်ဝန်ထမ်း တဦးက “တားဆေးလာမေး တဲ့သူတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ဘယ်လို ဆေး ကို သောက်ရမလဲလို့ လာမေးတာလည်း ရှိတယ်။ အသက်အ ရွယ်တွေကတော့ ၂၀ ကျော်တွေ များတယ်” လို့ ပြောပါတယ်။ ကိုယ်ဝန်ဖျက်ချခဲ့တဲ့
Posted: 22 Nov 2014 04:39 AM PST
ရန်ကုန်၊နိုဝင်ဘာ ၂၂ ၂၁.၁၁.၂၀၁၄ရက်နေ့ ၂၂၃၀အချိန် အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းအတိုင်း ပြည်တော်သာဘက်မှ အင်းစိန်ပန်းခြံဘက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း ကိုနေဝင်းထွန်း (၃၈)နှစ်မောင်းနှင်လာသော 4E---AD ဗင် ကိုယ်ပိုင်ယာဉ်သည် ဟိုက်ဘတ်မှတ်တိုင်အနီး အရောက် လမ်း၏ယာဘက်ဘေးတွင် လမ်းလျှောက် သွားနေသော အင်းစိန်မြို့နယ်နေ ကိုသက်ထွန်းအောင်အား ဝင်ရောက်တိုက်မိ ခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ကိုသက်ထွန်းအောင်တွင်
Posted: 21 Nov 2014 10:30 PM PST
နယူးဇီလန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မလေးရှား သံတမန်  မွတ်ဟာမက် ရာဇာမာန်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်ကို  မနေ့က ငြင်းဆန်လိုက်ပါတယ်။ ၀ယ်လန်တန်မြို့နယ်တရားရုံးမှာ အယူခံကို လျှောက်လဲခဲ့ပြီးနောက် ဂျူရီလူကြီးတွေနဲ့ ဖွဲ့ထားတဲ့ ခုံရုံးလမ်းကြောင်းကိုလည်း ရွေးချယ်လိုက်တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။ အသက် ၃၈ နှစ်အရွယ် မလေးရှား သံတမန်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ရည်ရွယ်ချက်နဲ့
Posted: 21 Nov 2014 10:29 PM PST
အန္တနန္နာရီဗို၊ နိုဝင်ဘာ ၂၂ မဒါးဂတ်စကားနိုင်ငံတွင် ပလိပ်ရောဂါဖြစ်ပွား၍ လူ ၄၀ ဦးသေဆုံးပြီး ၈၀ ကျော် ကူးစက်ခံထားရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ထုတ်ပြန်ကြောင်း BBC တွင် ဖော်ပြပါရှိသည်။ မြို့တော် အန္တနန္နာရီဗိုတွင် ပလိပ်ရောဂါ အမြန်ကူးစက်ပြန်နှံ့နိုင်မည့် အန္တရာယ်ရှိသည်ဟုလည်း WHO က သတိပေးသည်။ သွေးစုပ်သည့် မှက်၊ ချင်၊ ယင်၊ သန်း စသော အင်းဆက်များသည် ပိုးသတ်ဆေးများကို ခုခံနိုင်စွမ်း မြင့်မားနေ၍
Posted: 21 Nov 2014 08:14 PM PST
မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင် နေသူတွေကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာကြဖို့နဲ့၊ သတ်မှတ်ရက် နောက်ပိုင်း ဖမ်းဆီး အရေးယူမှာ ဖြစ်တဲ့ အကြောင်း မလေးရှား အာဏာပိုင်တွေ က အခု ရက်ပိုင်းကပဲ ထပ်မံ ကြေညာခဲ့ ပြန်ပါတယ်။ ဒီ အခြေအနေမှာ မလေးရှားရောက် မြန်မာတွေ တချို့လည်း မြန်မာသံရုံးကနေ CI လို့ခေါ်တဲ့ သက်သေခံ ကဒ်ပြားတွေ ထုတ်ယူပြီး မြန်မာပြည်ကို ပြန်တဲ့ အရေအတွက်ဟာ အပတ်စဉ် အယောက် ၆၀ လောက်
Posted: 21 Nov 2014 08:13 PM PST
ငါးပေနီးပါးမြင့်ပြီး ပေါင် ၃၀၀ နီးပါးအလေးချိန်ရှိတဲ့ စက်ရုပ်အများ အပြားကို အမေရိကန် ပြည်ထောင်စု၊ ဆီလီကွန် ဗဲလီးက Microsoft ကုမ္ပဏီဝင်းထဲမှာ လုံခြုံရေး အစောင့်တွေအဖြစ် ကင်းလှည့်စောင့်ကျပ်ဖို့ မကြာသေးခင်က စပြီးအသုံးပြုပါတယ်။ လေဆာတွေ၊ ကင်မရာတွေနဲ့ အာရုံခံကိရိယာအမျိုးမျိုး တပ်ဆင်ထားတဲ့ အလိုအလျောက်ရွေ့လျားတဲ့ စက်တွေကိုတော့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် ငလျင်ဒဏ်သင့်သူတွေကို ရှာဖွေတဲ့နေရာမှာ
Posted: 21 Nov 2014 08:13 PM PST
အိမ်နီးချင်းနိုင်ငံတွေ နဲ့ အငြင်းပွားတာတွေကို ဖြေရှင်းရေး ဆွေးနွေးတာတွေ ပိုကောင်းချင် တယ်လို့ တရုတ်ကာကွယ်ရေး ၀န်ကြီးက သောကြာနေ့မှာ ပြော လိုက်ပါတယ်။ ဒါဟာဖြင့် မြေပြင်နဲ့ရေပြင် နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွား တာတွေ ကနေ ပြင်းထန်တဲ့ ထိပ်တိုက်တွေ့တာတွေ လ အတော်ကြာဖြစ်ပြီး တဲ့နောက် ပြန်ပြီး သင့်မြတ်ချင်တဲ့ လေသံမျိုး ထွက်လာတာပါ။ အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံတွေနဲ့ တရုတ်အကြား အရေးပေါ်
Posted: 21 Nov 2014 08:13 PM PST
လေတပ် ဗိုလ်မှူးကြီးဟောင်း အက်ဒဂါ ဆီဗာယော့စ် နဲ့ ရေမွန် ကက်ဆရက်စ် တို့ဟာ အယ်လ်ဘာတို ဘာရှလေ ကို ညှဉ်းပမ်း နှိပ်စက်မှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ ပါတယ်။ ၁၉၇၃ ခုနှစ်က ဗိုလ်ချုပ်ကြီး အော်ဂတ်စတို ပီနိုရှေး အာဏာသိမ်း ခဲ့ပြီး တဲ့နောက်မှာ သူ့ကို အဲဒီလိုဖမ်းဆီး နှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။ လေတပ်ဗိုလ်ချုပ်ကြီး ဘာရှလေ ဟာ ၁၉၇၄ ခုနှစ် မတ်လတုန်းက ရက်သတ္တပတ်နဲ့ ချီပြီး နှိပ်စက်ခံရတဲ့ အတွက် သေဆုံးခဲ့တာြ
Posted: 21 Nov 2014 08:13 PM PST
ယခုလ ၁၉ရက်နေ့ နေ့လယ်ပိုင်းက KIO ဌာနချုပ် စစ်သင်ကျောင်း တစ်ခုအား အစိုးရတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့ရာ ယင်းအထဲတွင် ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း ၈ ဦးပါဝင်ကြောင်း သတင်းရရှိသည်။ ၎င်းအပြင် ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း (၅) ဦးလည်း ဒဏ်ရာ ရရှိခဲ့ပြီး ယင်းအထဲမှ ဗိုလ်လောင်း (၃) ဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု ရက္ခိုင့်တပ်မတော်နှင့် နီးစပ်သူ တစ်ဦးမှ ပြောကြားသည်။ နိုဝင်ဘာလ ၁၉
Posted: 21 Nov 2014 08:07 PM PST
အမေရိကန် ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်ရာမှာ မြန်မာငွေ တန်ဖိုး ကျဆင်း နေတာဟာ တိုင်းပြည်ရဲ့ကုန်သွယ်မှု ကျဆင်းလာတဲ့ အချက်ကြောင့်လည်း ပါဝင်တယ်လို့ စီးပွားရေးနဲ့ကူး သန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒု ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ပြောပါတယ်။ နိုဝင်ဘာ ၂၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာရဲ့ မေးခွန်းကို ဒုဝန်ကြီးက  ပြန်လည်ဖြေဆို ခဲ့တာ ဖြစ်ပါတယ်။ “ကျနော်တို့
Posted: 21 Nov 2014 06:21 PM PST
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက် တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ မှာ နိုဝင်ဘာလ ၂၁ ရက်၊ သောကြာနေ့က မဲမခွဲဘဲ အတည်ပြု လိုက်ပါ တယ်။ လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့ တချိန်ထဲမှာပဲ အထူးသဖြင့် တော့ ရခိုင်ပြည်နယ်ဘက်မှာ ကုလသမဂ္ဂက ရိုဟင်ဂျာလို့ခေါ်တဲ့ မူစလင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အခုဆုံးဖြတ် ချက်ထဲမှာ အဓိက
Posted: 21 Nov 2014 06:18 PM PST
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက သူ သမ္မတဖြစ်ရေး အတွက် ဘယ်သူကပဲ ထောက်ခံထောက်ခံ ကြိုဆိုမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကြာသပတေးနေ့က နေပြည်တော်မှာ ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့််တွေ့ဆုံ မေးမြန်းခန်း အတွင်း သူရဦးရွှေမန်းက အဲဒီလိုပြောတာပါ။ ဒါ့အပြင် ပြိုင်ဆိုင်ရမယ်ဆိုရင်လည်း တရားသော ယှဉ်ပြိုင်ခြင်းနဲ့ ယှဉ်ပြိုင်သွားမယ် လို့ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
Posted: 21 Nov 2014 06:14 PM PST
ယူကရိန်း နိုင်ငံမှာ သမ္မတဟောင်း ဗစ်တာ ယနုကိုဗစ်ခ်ျ ကို ဖြုတ်ချ နိုင်ခဲ့တဲ့၊ ဥရောပ အပေါ် လိုလားကြောင်း ပြသခဲ့တဲ့ ဆန္ဒပြပွဲတွေ ရဲ့ တစ်နှစ်မြောက် အထိမ်းအမှတ် အဖြစ် မြို့တော် ကိယက်ဗ် ရဲ့ လွတ်လပ်ရေး ရင်ပြင်မှာ ထောင်ပေါင်း များစွာသော လူတွေ စုဝေး နေကြပါတယ်။ လက်ရှိ သမ္မတ ပက်ထရို ပိုရိုရှဲန်ကို က ယူကရိန်း ပြည်သူတွေ ရဲ့ အိမ်မက်ဟာ တဖြည်းဖြည်း နဲ့ အကောင်အထည် ပေါ်လာပြီ လို့ လူထုကြီးကို ပြောကြား ခဲ့တာကို
Posted: 21 Nov 2014 06:12 PM PST
အမေရိကန် ကွန်ဂရက်စ် လွှတ်တော် ကို ကြီးစိုးထားတဲ့ အတိုက်အခံ ရီပတ်ဘလီကန် တွေရဲ့ ဒေါသတကြီး ဝေဖန်သံတွေ ကြားကပဲ၊ သမ္မတ အိုဘားမားဟာ သူ့ရဲ့ လူဝင်မှုဆိုင်ရာ မူဝါ အပြောင်းအလဲ တွေကို ဆက်လက် ဖော်ဆောင် သွားမယ် ဆိုပြီး ကတိပေး ပြောကြား လိုက်ပါတယ်။ ၂ ပါတီ ပူးတွဲ ဖော်ဆောင် ရမယ့် ပြင်ဆင် မှုမျိုးကို ရီပတ်ဘလီကန် တွေ ဦးဆောင်နေတဲ့ ကွန်ဂရက်စ် လွှတ်တော် ကနေ ပတ်သက်ခွင့် မရအောင်၊ သမ္မတ အိုဘားမား အနေနဲ့ ဘုရင် သဖွယ်ြ
Posted: 21 Nov 2014 04:55 PM PST
ဝါရှင်တန် နိုဝင်ဘာ ၂၁ အမေရိကန် ပြည်ထောင်စု အရှေ့မြောက်ပိုင်း၌ နှင်းမုန်တိုင်း တိုက်ခတ်မှု ကြောင့် သေဆုံးသူဦးရေ ၁ဝ ဦးအထိ ရှိလာပြီဖြစ်ပြီး နှင်းပိုမို ကျလာနိုင်သည့် အတွက် အာဏာပိုင်များက ဒေသခံ ပြည်သူများကို သတိပေးချက် ထုတ်ပြန်ထားသည်။ ဘတ်ဖဲလိုးမြို့အပါအဝင် အမေရိကန်ပြည်ထောင်စု နေရာအနှံ့အပြားသည် နှင်းထု ၅ ပေအောက် ရောက်ရှိနေပြီး နယူးယောက်၌ ၁ဝ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနကြေ
Posted: 21 Nov 2014 04:52 PM PST
ကိုင်ရို နိုဝင်ဘာ ၂၁ အီဂျစ်အစိုးရက အစ္စလာမ္မစ် စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်း ရန် အရှိန်မြှင့် လိုက်ပြီ ဖြစ်သည့် အတွက် ဆိုင်းနိုင်းကျွန်း မြောက်ပိုင်းရှိ နယ်စပ်ဒေသ ကျောင်းများအား အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ် သည်။ အစိုးရစစ်တပ်သည် ဘာသာရေး အစွန်းရောက်များအား လေကြောင်း စစ်ဆင်ရေးများ ဆင်နွဲနေစဉ်တွင် ဒေသအတွင်းရှိ ကလေးငယ်များ၏ ပညာရေးအခြေအနေအတွက် စိုးရိမ် နိုင်ဖွယ်ရှိကြောင်း ဒေသခံပြည်သူများ
Posted: 21 Nov 2014 04:50 PM PST
ရန်ကုန် နိုဝင်ဘာ ၂၁ နှစ်(၅ဝဝ)ပြည့် ကက်သလစ် (ခရစ်ယာန်) သာသနာ ဂျူဘီလီပွဲတော် ကို ရန်ကုန်မြို့ စိန်မေရီကာ သီဒြယ်သလစ်ဘုရားရှိခိုးကျောင်း၌ နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်ထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။ ''ပွဲကျင်းပရခြင်းကတော့ ပထမဦး ဆုံးအနေနဲ့ မြန်မာပြည်မှာ ရောက်ရှိလာတဲ့ ကျွန်တော်တို့ရဲ့ ရှေးရိုး သာသနာတော်ပြုတွေကို ပြန်ပြီးတော့ ဂုဏ်ပြုတာပါ။ ပြီးတော့ ဘုရားရှင်ကို ပြန်ပြီးတော့ ကျေးဇူးတင်တာပါ။ ဒီနှစ် ၅ဝဝ
Posted: 21 Nov 2014 05:00 PM PST
မီးနေသည် နနွင်းမှိုင်းရှူရန် ဒယ်အိုးမီးဖို အတွင်း နနွင်းထည့်ကာ နေအိမ်တံခါးနှင့် ပြူတင်းပေါက်များ ပိတ်ပြီး အိပ်ရာမှ သတိလစ် သေဆုံး နေပြည်တော်၊ နိုဝင်ဘာ ၂၁ ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် ၈ နာရီ ၅ဝ မိနစ်အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံ၌ သတိလစ်နေသည့် မိသားစု တစ်စု ရောက်ရှိ နေကြောင်း သတင်းအရ တောင်ကြီး နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်
Posted: 21 Nov 2014 04:45 PM PST
နေပြည်တော်၊ နိုဝင်ဘာ ၂၁ ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့နယ်၊ ရေပုံးကျေးရွာနေ ဦးအောင်ဝေ(၅၃)နှစ်သည် သားဖြစ်သူ မောင်ချစ်သဲဦး(ခ)ဖိုးခွား (၂၈)နှစ်မှာ ၁၈-၁၁-၂ဝ၁၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ရေပုံးကျေးရွာအရှေ့ဘက် တောထဲသို့ တောလည်သွားရာမှ ပြန်ရောက်မလာကြောင်း သိရှိရသဖြင့် ရွာသာများနှင့်အတူ သွားရောက်ရှာဖွေရာ ၂ဝ-၁၁-၂ဝ၁၄ ရက်နေ့ နံနက် ၈
Posted: 21 Nov 2014 04:37 PM PST
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်တို့တွင် စက်မှုလုပ်ငန်း လုပ်ကိုင်ခြင်း မရှိသော ဂိုဒေါင်၊ လူနေအိမ်၊ ဈေးဆိုင်ခန်းများ၊ မြေကွက်လပ် အဖြစ်ရှိသော မြေကွက်များစာရင်းအား တိုင်းဒေသကြီး အစိုးရမှ နိုဝင်ဘာ ဒုတိယအပတ်တွင် ရုံးစာပေးပို့ တောင်းဆိုထားကြောင်း လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က မြန်မာ သံတော်ဆင့်သို့ ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး
Posted: 21 Nov 2014 04:34 PM PST
သုံးရက်မတက်ရင် ကျောင်းထုတ်ပစ်မယ်ဆိုပြီး မှာလိုက်တယ်။ အခု ကျွန်မတို့ ကျောင်းသားတွေ ကို ဓာတ်ပုံ ရိုက်ပြီးတော့လည်း သူတို့ရဲ့ ကျောင်းက အခန်းတွေမှာ ချိတ်ထားပါတယ်။ ဆန္ဒပြကျောင်းသား လူငယ်များ ဆိုပြီးတော့ ချိတ်ထားပါတယ် . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရန်ကုန်မြို့၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ရန်ကုန်ဘက်ကမ်း အလုံမြို့နယ် အ.ထ.က (၇) ၌ လာေ ရာက် ကျောင်းတက် နေရသည့် ေ

No comments:

Post a Comment