Sunday, October 26, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၀)

သစ်ထူးလွင်


Posted: 26 Oct 2014 05:48 AM PDT
ပြည်တွင်းမှာ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရထားတဲ့ နော်ဝေ အခြေစိုက် တယ်လီနော ကုမ္ပဏီ ကနေ မိုဘိုင်း ဆင်းကတ် ၁ သန်းကို အောက်တို ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ ရောင်းချပေး နေပါတယ်။ မှောင်ခို ဈေးကွက် ဖြစ်ပေါ် မလာဖို့ အတွက် ပုံမှန် ရောင်းချဈေး ၁၅၀၀ ကျပ်နဲ့ မှတ်ပုံတင်တစ်ခုကို ဆင်းကတ် ၁ ကတ်နှုန်း ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ တယ်လီနော ဆင်းကတ်တွေကို စက်တင်ဘာ ၂၇
Posted: 26 Oct 2014 05:43 AM PDT
လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ထရီပိုလီမြို့က လမ်းတွေပေါ်မှာ ပေါက်ကွဲမှုတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ အပြီး အောက်တိုဘာလ ၂၅ ရက်နေ့က လက်ဘနွန်စစ်တပ်နဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ထရီပိုလီမြို့တွင်း စစ်တပ်နဲ့ အစ္စလာမ္မစ်သေနတ်သမား တွေကြား အရင်တိုက်ပွဲအတွင်း အနည်းဆုံး စစ်သွေးကြွ ၂ ယောက် သေဆုံးပြီး အရာရှိ တယောက် အပါအဝင် စစ်သား ၆ ယောက် ဒဏ်ရာရ ထားပါတယ်။
Posted: 26 Oct 2014 05:35 AM PDT
ဂျပန်အဘိုးအိုတစ်ဦးကို သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသည့် ထိုင်းလင်မယားအား ထိုင်းရဲများက အခြား လူသတ်မှုများဖြင့် ထပ်မံ၍ စွဲချက်တင်လိုက်ကြောင်း သိရ သည်။ ဖနာချန်နော့ ချိုင်ယာပါနှင့် ဆွမ်ချိုင်း ကွယ်ဘန်ယန်တို့သည် အသက် ၇၉ နှစ်အရွယ် ဂျပန်အဘိုးအို ယိုရှီနိုရီရှီမာတိုအား သတ်ဖြတ်မှုဖြင့် ကြာသပတေး နေ့က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအဘိုးအို ပျောက်ဆုံးပြီးနောက် တစ်လအကြာတွင် ခုတ်ထစ်ဖြတ်တောက်ထားသည့် အဘိုးအို၏
Posted: 26 Oct 2014 05:23 AM PDT
ဧရာဝတီတိုင်း ဒေသကြီး  မော်လမြိုင်ကျွန်းမြို့ နယ် ကျွဲခြံကျုံလမု ကျေးရွာအုပ်စု ကျွဲခြံကျုံလမု ကျေးရွာတွင် အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီခန့် က ကျေးရွာအတွင်း မီးပေးထားသော မီးကြိုးမှ လူ(၄)ဦးဓာတ်လိုက် သေဆုံးကြောင်း သစ်ထူးလွင်မှ သိရသည်။ ဖြစ်ပွားပုံမှာ ကျွဲခြံကျုံလမုကျေးရွာ နေ ဒေါ်အေးမူ၏ နေအိမ်ရှေ့ ၌ မောင်မင်းထက်ကျော်(၁၁)နှစ်သည် မပန်းအိဖြိုး (၃) နှစ် အားချီ၍ နေအိမ်မှ အထွက်တွင် ကျေးရွာအတွင်း ဦးဝင်းကြည်
Posted: 26 Oct 2014 05:11 AM PDT
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ PR အချိးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ပီအာစနစ် ကန့်ကွက်ပွဲကို ပြည်သူတွေ ရာနဲ့ချီ တက်ရောက်ခဲ့ပြီး ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင် လမ်းဆုံအနီး ပတ္တမြားလမ်းကနေ လှော်ကားလမ်းဆုံအထိ ချီတက် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ပီအာ စနစ်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့က မြို့ကြီးတချို့မှာ အရပ်ဖက်
Posted: 26 Oct 2014 05:09 AM PDT
အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံရမှု အမှုမှန် ဖော်ထုတ် ပေးရေး အတွက် အဖွဲ့အစည်း ၄၀ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ဆန္ဒပြ တောင်းဆိုနေကြပါတယ်။ ကိုပါကြီးဟာ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က မွန်ပြည်နယ်မှာ ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းကို လိုက်ပြီးအပြန် ကျိုက်မရောမြို့ပေါ်မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက်
Posted: 25 Oct 2014 08:14 PM PDT
လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲ မှာ လယ်သမားအရေး ကူညီ ဆောင်ရွက် ပေးနေတဲ့ ဦးဝင်းချိုက အနောက်ပိုင်း ခရိုင်ကိုယ်စားပြု ကော်မတီဝင် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေထံ ပွင့်လင်းမြင်သာစွာ ချပြနိုင်ဖို့အတွက် အခုလို ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဦးဝင်းချိုကြေ
Posted: 25 Oct 2014 08:13 PM PDT
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံး ခဲ့ရတဲ့ အပေါ် နိုင်ငံသား အခွင့်အရေး ချိုးဖေါက်ခံရမူနဲ့ တရားမဲ့ သတ်ဖြတ်အနိုင်ကျင့်ခံရမူအဖြစ် အရပ်ဘက်အဖွဲ့အစည်း ၃ဝ ဝန်းကျင်က ဒီကနေ့ သဘောထားထုတ်ဖေါ်ကြမယ်လို့ သိရပါတယ်။ ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ် နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေကို သတင်းလိုက်ယူနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့လို့
Posted: 25 Oct 2014 07:28 PM PDT
ရေဒီယို အစီအစဉ် ရပ်နားခြင်း ရုပ်သံမှတ်တမ်း တင်ဆက် - ကိုမောင် ရိုက်ကူး၊ တည်းဖြတ် - ကိုမောင်၊ ကိုသက် DVB TV News
Posted: 25 Oct 2014 07:10 PM PDT
မြို့ သစ်မြို့ ၊ အောက် (၂၆) မကွေးတိုင်း၊ မြို့ သစ်မြို့ ၌ ခရီးတစ်ခေါက် ရောက်ခဲ့စဉ် တရားရုံးတွင် လည်းကောင်း၊ ကျေးရွာအပိုင် ရဲစခန်းများ၌ လည်းကောင်း၊ အမှုပွဲစားများဖြင့် မသိနားမလည်သော တောသူ တောင်သား များအား လူလည်လုပ်၊ အမြတ်ထုတ် နေသည်များကို တွေ့ ခဲ့ရပါသည်။ မြို့ သစ်မြို့ တရားရုံးမှ တာဝန်ရှိသူနှင့် တွေ့ ဆုံမေးမြန်းခဲ့ရာတွင် ‘ကျွန်တော်တို့ ရုံးမှာ အမှုပွဲစားများကို ဖော်ထုတ် တိုင်တန်းဘို့ နဲ့ 
Posted: 25 Oct 2014 06:57 PM PDT
ကိုပါကြီး ပစ်သတ် ခံရမှုမှာ အစိုးရ စစ်တပ်ဘက်က တည်ဆဲ ဥပဒေတွေ၊ လုပ်ထုံး လုပ်နည်းတွေကို လျစ်လျူရှုပြီး ဥပဒေမဲ့ လုပ်တယ် လို့ ယူဆထားတဲ့ ကျန်ရစ်သူ မိသားစုက တရားစွဲဖို့ ပြင်ဆင် နေပါတယ်။ ကိုပါကြီးကို ဖမ်းဆီးပြီး ထိန်းသိမ်း ထားခဲ့တဲ့ လုပ်ရပ်တွေမှာ ဥပဒေနဲ့ အညီ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်တာမျိုး၊ တရားရုံးမှာ ရမန်ရယူတာမျိုး မရှိတဲ့ အပြင်၊ သေဆုံး သွားတဲ့ အခါမှာလည်း သေမှုသေခင်း ဖွင့်ဖို့ ပျက်ကွက်ရုံ သာမက၊ေ
Posted: 25 Oct 2014 06:55 PM PDT
ဆီရာလီယွန်း နိုင်ငံက အီဘိုလာ ရောဂါသည် တွေကို ပြုစု ကုသမှု ပေးခဲ့တဲ့ အမေရိကန် သူနာပြု ကေစီ ဟစ်အော့ဇ် ဟာ အမေရိကန် နိုင်ငံကို ပြန်လည် ဝင်ရောက် လာတဲ့အခါ၊ သူမကို ၃ ပတ်ကြာ တစ်ယောက်တည်း သီးခြား ခွဲပြီး ထားခံ ခဲ့ရတဲ့ အတွက် အဲဒီ စည်းမျဉ်း အပေါ် ဝေဖန် လိုက်ပါတယ်။ အီဘိုလာ ကူးစက်မှု အကြီးအကျယ် ဖြစ်ပေါ်နေတဲ့ အနောက် အာဖရိက နိုင်ငံတွေ ကနေ အမေရိကန်ကို ဝင်လာကြသူ ဘယ်သူ့ကို မဆို၊ အခုလို သီးခြား ခွဲထားဖို့ စည်းမျဉ်းသစ်
Posted: 25 Oct 2014 06:07 PM PDT
အောက်တိုဘာ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) လက်အောက်ခံ တပ်မဟာ(၆) ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNL A)တပ်သား စောတာနိုကို သတ်ခဲ့သူဟု ယူဆရသူ တစ်ဦးကို နယ်ခြားစောင့်တပ်-BGF တာဝန်ရှိသူများက မြ၀တီခရိုင် ရဲတပ်ဖွဲ့ သို့ လွှဲပြောင်း ပေးလိုက်ပြီး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။ အောက်တိုဘာ ၇ရက် ည ၇နာရီအချိန်က ယင်းသို့ လွဲပြောင်း ပေးလိုက်ရာတွင် နယ်ခြားစောင့် တပ်အရာရှိများ၊ြ
Posted: 25 Oct 2014 05:59 PM PDT
မြောက်ကိုရီးယားနိုင်ငံဘက်ကို ဝါဒဖြန့် စာရွက်တွေ ဖြန့်ဝေဖို့ လုပ်နေတဲ့ တက်ကြွ လှုပ်ရှား သူတွေနဲ့ ဒီလို မဖြန့်ဝေဖို့ တားဆီး ချင်ကြတဲ့ တောင်ကိုရီးယား နယ်စပ်မြို့က မြို့ခံတွေကြား စနေနေ့က အခြေအတင် အဓိကရုဏ်းတွေ ဖြစ်ပွား ခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရကို ဝေဖန်ထားတဲ့ စာရွက်စာတမ်းတွေကို လေပူဖောင်းတွေမှာ ချိတ်ဆွဲပြီး ဒီလအစောပိုင်းတုန်းက လုပ်သလို မြောက် ကိုရီးယားနိုင်ငံထဲ လွှတ်တင်ဖို့ တက်ကြွလှုပ်ရှားသူတွေက
Posted: 25 Oct 2014 05:29 PM PDT
အနောက် အာဖရိကနိုင်ငံ တခုဖြစ်တဲ့ မာလီနိုင်ငံမှာ အီဘိုလာ ရောဂါနဲ့ ပထမဆုံး သေဆုံးသူ ရှိပြီ ဆိုတာကို သိခဲ့ရ တဲ့နောက် ကုလသမဂ္ဂက အရေးပေါ် ကယ်ဆယ်ကူညီရေး ပစ္စည်း ပေါင်ချိန် ၂,၀၀၀ ကျော် ကို လေကြောင်းနဲ့ ပို့ဆောင် ပေးခဲ့ပါတယ်။ အရေးပေါ် ပစ္စည်းတွေထဲမှာ လက်အိတ်တွေ မျက်နှာဖုံးတွေနဲ့ တကိုယ်ရည် ကာကွယ်ရေး ဆိုင်ရာပစ္စည်းတွေ ပါဝင်ပါတယ်။ အီဘိုလာရောဂါ နှိမ်နင်းရာမှာ အမြန်ဆုံးလှုပ်ရှားနိုင်ဖို့က အခရာဖြစ်တယ်လို့  WFP
Posted: 25 Oct 2014 05:25 PM PDT
မုံရွာ အောက်တိုဘာ ၂၅ မုံရွာမြို့ နန္ဒဝန်ရပ် နယ်မြေ(၆)နေ အသက်(၁၆)နှစ် အရွယ် အမျိုးသမီး ငယ်တစ်ဦးကို အိမ်ဖော် အလုပ် ရမည်ဟု သွေးဆောင် စည်းရုံးကာ ပြည့်တန်ဆာ လုပ်ငန်းကို စေခိုင်းခဲ့သူ အမျိုးသမီး နှစ်ဦးအား မုံရွာ မြို့နယ် ရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီခွဲက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် ညနေ ၆ နာရီခွဲ တွင် မ---- (၁၆)နှစ်သည်
Posted: 25 Oct 2014 05:09 PM PDT
အီရတ် မြောက်ပိုင်း မှာ တပ်စွဲထားတဲ့ ကဒ့် တပ်ဖွဲ့ဝင်တွေ ဟာ အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ တပ်တွေ သိမ်းပိုက် ထားတဲ့ စစ်ဆင်ရေး အရ ဗျူဟာကျတဲ့ ဇူးမား မြို့ ကို ပြန်လည် သိမ်းပိုက် နိင်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဂျုံးဆိုလီ က သတင်း ပေးပို့ လိုက်ပါတယ်။ အခုလို အိုင်အက်စ် တွေ လက်ထဲက နယ်မြေ တွေ ပြန်သိမ်းနိုင်အောင်လည်း အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့ တွေ က ပြီးခဲ့တဲ့ သောကြာ နေ့ ကတည်း က လေကြောင်း တိုက်ပွဲ တွေ
Posted: 25 Oct 2014 05:04 PM PDT
ပြည်သူလူထုကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်သောအဖွဲ့နှင့် ပါတီမရှိလျှင် ပြည်သူလူထုက သူတို့ကို ဦးဆောင်မည်၊ သူတို့ဘက်က ရပ်မည့်သူကို ရှာလာကြပေမည်။ နိုင်ငံတကာမှ ဝေဖန် သုံးသပ်သူများ က မြန်မာနိုင်ငံမှ အတိုက်အခံတို့၏ လှုပ်ရှားမှုနှင့် အတိုက်အခံ ပီသမှုမရှိ ဟု ဝေဖန်သုံးသပ်ခြင်းမှာ … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို လေ့လာ သုံးသပ်ရာတွင် လွှတ်တော်ထဲတွင်ရော၊ြ
Posted: 25 Oct 2014 05:03 PM PDT
ပြင်ဦးလွင် အောက်တိုဘာ ၂၅ ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုး လမ်း မိုင်တိုင်အမှတ် (၂၈ မှ ၃ဝ) အတွင်းရှိ သုံးတောင်ကျေးရွာတွင် လွန်ခဲ့သောရက်ပိုင်းက ရောက်ရှိလာသော မြွေကြီးသုံးကောင်ကို စိတ်ဝင် တစားဖြင့် လာရောက် ကြည့်ရှုကြသော ပရိသတ်များ အလွန်များ ပြားကြောင်း သိရသည်။ မြွေကြီးသုံးကောင်ကို လာရောက် ကြည့်ရှုကြသော ဧည့်ပရိသတ်များသည် တည်ဆောက်ဆဲဂြိုဟ်ပြေနံပြေ ဘုရားသို့လည်း အလှူငွေများ ထည့်ဝင်လှူဒါန်းကြရာ အောက်တို
Posted: 25 Oct 2014 04:56 PM PDT
ရန်ကုန် အောက်တိုဘာ ၂၅ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရယူ ထားသော တယ်လီနော မြန်မာမှ ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် များကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၄၄ မြို့နယ်အတွင်း အောက်တိုဘာ ၂၆ ရက် နံနက် ၇ နာရီမှ စတင်ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များမှ သိရှိရသည်။ စက်တင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့၌ စတင် ရောင်းချပေးခဲ့ပြီး နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် လည်း
Posted: 25 Oct 2014 12:36 PM PDT
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ တရားခံအဖြစ် ဖမ်းဆီးစွပ်စွဲခံထားရသူ မြန်မာလူငယ်နှစ်ဦးက ကနဦးထွက်ဆိုထားတဲ့ ဖြောင့်ချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီးတဲ့နောက် ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ချေ အလားအလာတွေနဲ့ ပတ်သက်လို့ ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။ RFA Burmese
Posted: 25 Oct 2014 12:35 PM PDT
ကိုယ့်လူမျိုးအတွက် ဆောင်ရွက်ရာမှ လမ်းမှားအမြင်သို့ ပြောင်းသွားလျှင် ထိုင်းနိုင်ငံအပေါ် အာရုံရောက်နေသော နိုင်ငံတကာအမြင်က လွတ်ထွက် သွားကာ မိမိနိုင်ငံ၏ တည်ငြိမ်မှုအပေါ် မိမိကိုယ်တိုင် ဖျက်ဆီးသည့် အဖြစ်မျိုး ရောက်ရှိသွားမည်ကို ဆင်ခြင်ရန် လိုအပ်လှပေသည် … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ● ရေခံမြေခံ၊ ကျွန်းနောက်ခံ ထိုင်းနိုင်ငံ၊ ကော့တောင်းကျွန်း အပန်းဖြေစခန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး
Posted: 25 Oct 2014 12:33 PM PDT
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီး ခင်ဗျာ … စကား ဆိုတာ ပြောပြီးရင် တည်မှ ကောင်းပါတယ် ခင်ဗျ။ အခုတစ်မျိုး တော်ကြာ တစ်မျိုး မကြာခဏ လုပ်နေရင်တော့ သမိုင်းကြောင်း ကောင်းမှာ မဟုတ်ဘူး ခင်ဗျ … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြားသိလိုက်ရတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးရဲ့ စကားကတော့ ယခုအချိန်အထိ ဥက္ကဋ္ဌကြီးရဲ့ သက်တမ်း တစ်လျှောက်မှာေ
Posted: 25 Oct 2014 12:30 PM PDT
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်ရဲ့ ဖမ်းဆီးပစ်သတ်ခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်ရဲ့ ရုပ်အလောင်းကို ပြန်ရရှိဖို့ ကြိုးပမ်းသွားမယ့်အပြင် တာဝန်ရှိသူတွေကို ဥပဒေအရ တရားစွဲဆိုသွားမယ်လို့ ဇနီးဖြစ်သူ မသန္တာက ပြောပါတယ်။ ကိုပါကြီးရဲ့ဇနီး မသန္တာကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။ RFA Burmese
Posted: 25 Oct 2014 12:23 PM PDT
အီဂျစ်နိုင်ငံ ရေရှည်တည်တံ ခိုင်မြဲရေး အတွက် ဂျီဟတ်ဒစ်တွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ စစ်ပွဲတရပ် ကို ဆင်နွဲ တိုက်ခိုက် နေရပြီလို့ အီဂျစ်သမ္မတ အဗ္ဗဒယ် ဖါတာ အဲဆီဆီက ပြောကြားခဲ့ပါတယ်။ ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ဂျီဟတ်ဒစ်တွေနဲ့ တိုက်ခိုက်မှုတွေ အတွင်း အီဂျစ်စစ်သား ၃၀ ကျော် သေဆုံးခဲ့ပြီးတဲ့ နောက် တရက် နိုင်ငံကို တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို

No comments:

Post a Comment