Friday, October 24, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁၀)

သစ်ထူးလွင်


Posted: 24 Oct 2014 06:37 AM PDT
တစ်လ နီးပါး ကြာအောင် ပျောက်ဆုံးနေတဲ့ အလွတ်သတင်းထောက် ကိုပါကြီးကို တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ကြောင်း၊ အမှတ် ၂၀၈ ခြေမြန်တပ်ရင်းမှာ ထိန်းသိမ်းထားစဉ် အစောင့် စစ်သားဆီက လက်နက်ကို လုယူ ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်ခတ် ဖမ်းဆီးရာမှာ သေနတ်ဒဏ်ရာနဲ့ အသေ ဖမ်းဆီးမိခဲ့ကြောင်း ကာကွယ်ရေး ဦးစီးဌာနက အောက်တိုဘာ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၃၀ ရက်က ကျိုက်မရောမြို့ စက်လှေဆိပ်မှာ အ၀င်အထွက်
Posted: 24 Oct 2014 06:31 AM PDT
ဒီဗွီဘီကနေ ၂၂ နှစ် ကြာ ထုတ်လွှင့်ပေးနေတဲ့ လှိုင်းတိုရေဒီယို ထုတ်လွှင့်မှုကို ရပ်နားပြီး အင်တာနက်နဲ့ မိုဘိုင်းဖုန်းတွေကနေတဆင့် နားဆင်နိုင်မယ့် အွန်လိုင်း ရေဒီယိုအဖြစ် ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။ ဒီနေ့ခေတ်အချိန်ကာလမှာ လှိုင်းတိုရေဒီယို နားဆင်သူ အရေအတွက်က နည်းပါး လာတယ်လို့ စစ်တမ်းကောက်ယူမှုတွေက ပြသနေတာကြောင့် ဒီဗွီဘီအနေနဲ့ အင်တာနက်နဲ့ မိုဘိုင်းဖုန်းတွေကနေ ရယူနိုင်တဲ့ ခေတ်မီ ဒီဂျစ်တယ် မီဒီယာနဲ့
Posted: 24 Oct 2014 06:30 AM PDT
ထိုင်းနိုင်ငံတွင်း အမေရိကန်တို့ရဲ့ အဓိက စစ်ရေးလေ့ကျင်မှုကို အရင် အစီအစဉ်တွေထက် လျှော့ချလုပ်ဆောင်မယ်လို့ အမေရိကန် ပြည်ထောင်စုက အတည်ပြု လိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ အပေါ် အမေရိကန် အစိုးရဘက်က ဝေဖန်ထားတာလည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို ပြန်လည် သုံးသပ်ပြီး အတိုင်းအတာ ကိုလည်း လျှော့ချမှာ ဖြစ်တယ်လို့ ဘန်ကောက်
Posted: 24 Oct 2014 06:28 AM PDT
တပ်မတော်က ဖမ်းဆီးပြီး ပျောက်ဆုံး နေတဲ့ တက်ကြွ လှုပ်ရှားသူ တဦးလည်းဖြစ် အလွတ် သတင်း ထောက်လည်း ဖြစ်တဲ့  ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး ဟာ အောက်တိုဘာလ ၄ရက်နေ့က ထွက်ပြေးဖို့ ကြိုးစားခဲ့ရာ သေနတ်လု တာကြောင့် ပစ်ခတ်မူတွေ အတွင်း သေဆုံး သွားခဲ့ကြောင်း  သတင်း ထုတ်ပြန်ထားတဲ့ စာကို ကာကွယ်ရေး ၀န်ကြီးဌာန ကနေ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကို  ပေးပို့ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်  မအေးမာက
Posted: 24 Oct 2014 05:08 AM PDT
ဗြိတိန် ၂ ဦးကို သတ်မှုနဲ့ ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားရုံးအချုပ်ခန်းမှာ စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးက သူတို့အနေနဲ့ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ထိုင်းရဲနဲ့ စကားပြန်က အတင်းဝန်ခံခိုင်းတာဖြစ်ပြီး ၀န်မခံရင် ဓာတ်ဆီလောင်းမီးရှို့ ခံရမယ်လို့ ခြိမ်းခြောက်ခံရတဲ့အကြောင်း ဒီကနေ့ မိဘတွေနဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ကော့စမွီမှာ သွားရောက်
Posted: 24 Oct 2014 05:08 AM PDT
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ဟာ ဒီနေ့ မိဘတွေနဲ့ တွေ့ဆုံခဲ့ရာမှာ သူတို့ မသတ်ကြောင်း ထပ်မံ ပြောဆိုလိုက်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က စကားပြန်နဲ့ သူတို့ကို စစ်ဆေးခဲ့စဉ်က ရိုက်နှက်ညှင်းပန်းပြီး အဓမ္မထွက်ဆိုစေခဲ့တာဖြစ်ကြောင်း ပြောတယ်လို့ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်က ပြောပါတယ်။
Posted: 24 Oct 2014 05:08 AM PDT
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ စွပ်စွဲ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ကော့စမွေ အကျဉ်းထောင်မှာ မိဘတွေ လိုက်လံ တွေ့ဆုံနေပါတယ်။ ထိုင်းနိုင်ငံက လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ စွပ်စွဲ အဖမ်းခံရပြီး ကော့စမွေ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးကို သူတို့ရဲ့ မိဘတွေဟာ အောက်တိုဘာ ၂၄ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့တာြ
Posted: 24 Oct 2014 05:08 AM PDT
အောက်တိုဘာလ ၂၄ ရက် ၂၀၁၄ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ကျိုင်းဟင်ရပ်ကွက်တွင် စည်ပင်သာယာ ၀န်ထမ်း ဦးသိန်းဇော်က မိမိနေအိမ်အတွင်း ဗုံးခွဲရာ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ပါသည်။ အောက်တိုဘာလ ၂၃ ရက် နေ့ခင်းပိုင်းက မြို့နယ်တရားရုံးကအပြန် မိမိနေအိမ်အတွင်း ဗုံး ၂ လုံးပစ်ခွဲရာ တာချီလိတ်မှလာသော ဧည့်သည် တဦးအပါအဝင် စည်ပင်ဝန်ထမ်းတဦး၊ မိုင်းယန်းတပ် ခလရ ၂၈၁ တပ်ကြပ်ကြီး ဇနီးတဦး
Posted: 24 Oct 2014 05:01 AM PDT
အောက်တိုဘာလ ၂၄ ရက် ၂၀၁၄ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ၂ ၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဇော်နှင့် အဖွဲ့သည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့၌ တညအိပ်ခရီး ရောက်ရှိကာ ၀ နှင့် မိုင်းလား တပ်ဖွဲ့အားတွေ့ဆုံ၍ ငြိမ်းချမ်းရေး အတွက် စံပြ ဖြစ်ရန် တိုက်တွန်းစကား ပြော ဆိုလိုက်သည်။ ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့သည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ အောက်တိုဘာ ၂၂ ရက်နေ့
Posted: 24 Oct 2014 04:57 AM PDT
ဂန့်ဂေါမြို့နယ်မှ အမျိုးသားတစ်ဦးအား အမြတ်ခွန် မဲပေါက်သည်ဟု လိမ်လည် ပြောဆို၍ ငွေတောင်းခံရယူသွားမှုမှ (၁)ဦးကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီးရမိ ရန်ကုန်၊ အောက်တိုဘာ ၂၄ ၁၄.၁၀.၂၀၁၄ ရက်နေ့ ၀၉၀၀ အချိန်တွင် မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါ မြို့နယ်နေ ဦးကျော်ဝင်းထံသို့ ဦးဝင်းမင်းထွန်းဆိုသူမှ ဖုန်းဖြင့် ဆက်သွယ်လာပြီး အမြတ်ခွန် မဲပေါက်၍ ငွေကျပ်သိန်း(၁၃၀၀) ရရှိမည်ဖြစ်ကြောင်း၊
Posted: 24 Oct 2014 04:57 AM PDT
တလနီးပါးကြာ ပျောက်ဆုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ဝင်ဟောင်း၊ အလွတ်သတင်းထောက် အောင်နိုင်(ခ) ကိုပါကြီးဟာ တပ်မတော်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အောက်တိုဘာလ လ ၂၃ ရက်နေ့စွဲနဲ့ အဖွဲ့အစည်းအမည်ဖော်ပြမထားတဲ့ သတင်းထုတ်ပြန်ချက် တခုမှာ အောင်နိုင် (ခ) ကိုပါကြီးကို စက်တင်ဘာလ ၃၀ ရက်က ကျိုက်မရောမြို့ စက်လှေဆိပ်မှာ ခမရတပ်ရင်က ဗိုလ်ကြီး စိုဇေယျာလင်း
Posted: 24 Oct 2014 04:53 AM PDT
ရန်ကုန်တိုင်း ဒေသကြီးအတွင်း စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်မောင်း လေးထောင်ကျော်ကို ဇူလိုင်လမှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ လေးလ အတွင်း ဖမ်းဆီး အရေးယူ ခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ခွဲမှူးရုံမှ သတင်းရရှိသည်။ ““လစဉ် စည်းကမ်းမဲ့ယာဉ်မောင်း တွေများနေလို့ ဖမ်းဆီးမှုလည်း များနေတာဖြစ်ပါတယ်။ ဒီဖမ်းဆီးမှုတွေပပျောက်အောင် စည်းကမ်းမဲ့ယာဉ်မောင်းတွေကို အနီးကပ် ထိန်းသိမ်းရတဲ့ မိဘအုပ်ထိန်းသူ၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့
Posted: 24 Oct 2014 04:43 AM PDT
မကြာမီက ထိုင်းဝန်ကြီးချုပ် မြန်မာပြည်ကို လာရောက်လည်ပတ်ပြီး ဗမာအစိုးရနဲ့ ဆွေးနွေးတဲ့ကိစ္စတွေမှာ မြန်မာအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ရေးလည်း ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင်ကပဲ ရွှေ့ ပြောင်းလုပ်သားတွေကို အတင်းအကျပ် နှင်ထုတ်မှာမဟုတ်ဘဲ တရားဝင်နေထိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ထိုင်းဝန်ကြီးချုပ်က ဦးသိန်းစိန်ကို အကြောင်းကြားခဲ့ပါသေးတယ်။ တချိန်တည်းမှာပဲ မြန်မာပြည်မှာ ကျွမ်းကျင်လုပ်သား
Posted: 24 Oct 2014 12:05 AM PDT
အောက်တိုဘာလ ၂၄ ရက် ၂၀၁၄ နမ့်ခမ်းမြို့အနီး ကောင်းဝိုင်းကျေးရွာ၊ ဝါလိုက်ကျေးရွာ၊ နမ့်ဆရီးကျေးရွာ၊ နမ့်ယားကျေးရွာတို့ မြန်မာစစ်တပ် တပ်မ (၈၈)တပ်ရင်းများ ရောက်ရှိလာပြီး စစ်ကြောင်း (၄)ကြောင်းဖြင့် TNLA တပ်မတော် တပ်ရင်း (၁၁၂)ရှိရာသို့ ချဉ်းကပ်တိုက်ခိုက်လာနေကြောင်း သိရသည်။ ကောင်းဝိုင်းကျေးရွာတွင် ရောက်ရှိနေသည့် မြန်မာတပ်များမှ ယနေ့ နံနက်ပိုင်း ၀၈း၃၀မှ စပြီး TNLA တပ်မတော် မိုဘိုင်းစခန်းဆီသို့ ဦးတည်ပြီး
Posted: 23 Oct 2014 11:15 PM PDT
သထုံ အောက်တိုဘာ ၂၃ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ၊ ရန်ကုန်-သထုံ အဝေးပြေးလမ်းမပေါ်တွင် အရက်သေစာ သောက်စားပြီး ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သောကြောင့် တစ်ဖက်ယာဉ်ကြောမှ ၁၂ ဘီး ကုန်တင်ယာဉ်အား ၀င်ရောက် တိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၂ ရက်၊ ညနေ ၅ နာရီခွဲ အချိန်ခန့်က အရက်သေစာ သောက်စားထားပြီး ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ ဘီးလင်းမှ သထုံဘက်သို့ သထုံမြို့နယ်
Posted: 23 Oct 2014 09:55 PM PDT
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ အလုပ်သမား တွေဆီက ဘတ်ငွေ သန်းပေါင်း ၃၀ နီးပါး လိမ်လည်ခဲ့တဲ့ ကုမ္ပဏီကို သက်ဆိုင်ရာ စစ်တပ်နဲ့ ရဲတွေက ၀င်ရောက် ဖမ်းဆီး ခဲ့ပါတယ်။ ထိုင်းနိုင်ငံ စီးပွားရေး ဆိုင်ရာ ဒုစရိုက်မှုနှိမ်နင်းရေး ဌာနက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်နဲ့ မြန်မာ အလုပ်သမားကူညီရေးအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အင်အား ၃၀ နီးပါးဟာ ဘန်ကောက် ဖလမ်းဆောင်နယ်မြေ ဒီကေအိမ်ယာမှာရှိတဲ့ စန်ကျောက်ပင်း (Sun Jao
Posted: 23 Oct 2014 09:47 PM PDT
ဂရိုဇနီ ၊ ၂၄-၁၀-၂၀၁၄ အဘူဘာကာ အယ်လ် - ဘက်ဒါဒီ အဖြစ် လူသိများသော အစ္စလာမ်မစ် စစ်သွေးကြွ ခေါင်းဆောင် အီဘရာဟင် ဆမာရီ သည် အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) အတွက် အလုပ်လုပ်ပေး နေသည့် အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း ရုရှား ချေချင်ညာ ဒေသမှ ခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ် က ပြောကြား ခဲ့သည်။ ဘက်ဒါဒီ သည် ၄င်း၏ မျက်နှာဖုံးကို ချွတ်၍ CIA အမှုထမ်း ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ဝန်ခံ ပြောကြား သင့်ကြောင်း
Posted: 23 Oct 2014 07:22 PM PDT
DVB-TV စတင်ပေါ်လာခြင်း ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရေဒီယိုစတင်ပေါ်ပေါက်လာတဲ့နေ့ကို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့လို့ တရားဝင်သတ်မှတ်ထားပေမဲ့ DVB-TV ပေါ်လာတဲ့နေ့ကို အဲဒီလို အတိအကျမှတမ်းတင်ထား တာမျိုး မတွေ့ရသေးပါဘူး။ (ကျနော်မတွေ့တာလဲဖြစ်နိုင်ပါတယ်။ သိသူတွေ ဖြည့်ပေးကြပါရန်)။ ကျ နော မှတ်မိသလောက်ကတော့ ၂၀၀၅ ခုနှစ်အစောပိုင်းမှာ TV လွှင့်ဖို့ အလှူရှင်ရလာတယ်ဆိုတဲ့ သ တင်း စကြားရပါတယ်။ (DVB-TV ရဲ့
Posted: 23 Oct 2014 07:19 PM PDT
ထိုင်းနိုင်ငံ၊ ရတ်ခ်ျ ဘူရီ ခရိုင်၊ ဖိုထာရမ်းမြို့မှာ ဘဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူ ထိုင်းအမျိုးသားနဲ့ မြန်မာ အမျိုးသမီး ဇနီးမောင်နှံ အသတ်ခံခဲ့ရတဲ့အမှုမှာ၊ ဘဲခြံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၄ ယောက် ကျူးလွန်ခဲ့ကြတာဖြစ်ပြီး၊ အဲ့ဒီထဲက မြန်မာ အမျိုးသားနှစ်ယောက်ကို ဖမ်းမိထားကြောင်း ထိုင်း ရဲတပ်ဖွဲ့က ကြေညာပါတယ်။ ရတ်ခ်ျ ဘူရီ ခရိုင် ရဲအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ရာမှာ
Posted: 23 Oct 2014 07:19 PM PDT
အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတအသစ် Joko Widodo ရဲ့ သမီးဖြစ်သူက ပုံမှန် ကျင်းပလေ့ရှိတဲ့ အစိုးရ ၀န်ထမ်း အလုပ် အတွက် စစ်ဆေးတဲ့ စာမေးပွဲကို သာမန်နိုင်ငံသား တယောက် နည်းတူ ၀င်ရောက်ဖြေဆိုခဲ့ပါတယ်။ ပုံမှန် အားဖြင့် နိုင်ငံခေါင်းဆောင်တွေ အကြီးအကဲတွေရဲ့ မိသားစုဝင်တွေအနေနဲ့ အထူးအခွင့်အရေးခံစားခွင့်ပေးလေ့ရှိတာကို သမ္မတ သမီးက ငြင်းပယ်ခဲ့ပါတယ်။ Kahiyang Ayu ဟာ ကြာသာပတေးနေ့ Solo မြို့မှာ ကျင်းပခဲ့တဲ့
Posted: 23 Oct 2014 07:19 PM PDT
နိုင်ဂျီးရီးယားနိုင်ငံ ​အရှေ့မြောက်ပိုင်းမှာ ​အမျိုးသမီးငယ် ​၂၅ ​ယောက် ​ထပ်မံ ​ဖမ်းဆီးခံနေရပြီး ​ဘိုကိုဟာရမ်အဖွဲ့ရဲ့ ​လက်ချက် ​ဖြစ်နိုင်တယ်လို့ ​မိဘတွေက ​ယူဆနေကြပါတယ်။ ဧပြီလတုန်းကလည်း ​ကျောင်းသူ ​အယောက်ပေါင်း ​၂၀၀ ​ကျော်ကို ​ဘိုကိုဟာရမ်အဖွဲ့က ​ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ​ကျောင်းသူ ​အယောက် ​၂၀၀ ​ကျော် ​ပြန်လည်လွတ်မြောက်ရေးအတွက် ​အစိုးရနဲ့ ​ဘိုကိုဟာရမ်အကြား ​ဆွေးနွေးမှုတွေ 
Posted: 23 Oct 2014 07:19 PM PDT
နိုင်ဂျီးယား နိုင်ငံမှာ အစိုးရ စစ်တပ် နဲ့ စစ်သွေးကြွ ဘိုကိုဟာရမ် အုပ်စု အကြား၊ အပစ်ရပ် ကြေညာခဲ့ အပြီးမှာကို၊ အမျိုးသမီးနဲ့ မိန်းကလေး ငယ်တွေကို အဆိုပါ စစ်သွေးကြွတွေ က ဖမ်းဆီး ခေါ်ဆောင် သွားမှုတွေ ရှိနေဆဲ ဆိုတဲ့ သတင်းတွေ အပေါ် စုံးစမ်း နေပါကြောင်း နိုင်ဂျီးရီးယား အစိုးရက ဆိုပါတယ်။ တကယ် ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ခွဲခြမ်း စိတ်ဖြာ အတည်ပြု နိုင်ဖို့ တာဝန်ရှိသူ တွေ ဆောင်ရွက် နေကြောင်း အစိုးရ ပြောခွင့်ရ
Posted: 23 Oct 2014 07:18 PM PDT
နယ်စည်းမခြား ​ဆရာဝန်များ ​အဖွဲ့နဲ့ ​အာဖရိကမှာ ​သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ ​အမေရိကန် ​ဒေါက်တာတစ်ဦးမှာ ​အီဘိုလာရောဂါပိုး ​ဖြစ်နေကြောင်း ​သိရပါတယ်။ Craig ​Spencer ​လို့ ​သိရတဲ့ ​ဆရာဝန်ဟာ ​အိုဘိုလာ ​ပျံ့နှံ့မှု ​ဖြစ်နေတဲ့ ​ဂီနီနိုင်ငံကနေ ​အမေရိကန်နိုင်ငံကို ​ပြန်ရောက်လာပြီး ​နာမကျန်းဖြစ်ရာကနေ ​စမ်းသပ်ရာက ​အီဘိုလာပိုးကို ​တွေ့ရှိတာဖြစ်ပါတယ်။ အခုအခါမှာ ​သူ့ကို ​သီးသန့်ခွဲထားလိုက်ပါပြီ။ ​သူနဲ့ 
Posted: 23 Oct 2014 07:07 PM PDT
အထွေထွေ ရွေးကောက်ပွဲ ပြီးစီးသွားတဲ့ နောက်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ပြည်ထောင်စု ကြုံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့ ပူးပေါင်း လက်တွဲပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး ဆိုတာ မဖြစ်နိုင်စရာ မရှိဘူးလို့ ပြည်ထောင်စု ကြုံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး က ပြောကြားလိုက်ပါတယ်။ အခုလ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့က ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ RFA ကေ
Posted: 23 Oct 2014 07:06 PM PDT
ကနေဒါနိုင်ငံ မြို့တော် အော့တဝါ မှာ ဖြစ်ခဲ့တဲ့ စစ်သားတစ်ဦး သေနတ်နဲ့ ပစ်သတ် ခံရပြီး၊ ပါလီမန် အဆောက်အဦ အတိုက်အခိုက် ခံရမှူမှာ ကျူးလွန်ခဲ့သူ မီခေး ဇာဟက်ဖ် ဘီဘူး ဆိုသူဟာ တစ်ကိုယ်တော် ပြုမူခဲ့တာ လို့ ယုံကြည် ရကြောင်း ကနေဒါ ရဲတပ်ဖွဲ့ က ပြောပါတယ်။ အခုလို တိုက်ခိုက်မှု ကျူးလွန်ဖို့ရာ မစ္စတာ ဘီဘူးကို အားပေးကူညီ ထောက်ပံ့သူ တွေ ရှိမရှိကို ဆက်လက် စုံစမ်း နေပါတယ် လို့ ရဲမင်းကြီး ဘော့ဘ် ပေါလ်ဆင် က ဆိုပါတယ်။ အသက်

No comments:

Post a Comment