Wednesday, October 15, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၁၀)

သစ်ထူးလွင်


Posted: 15 Oct 2014 06:26 AM PDT
အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်က ဒုတိယမြောက် ကျန်းမာရေး ဝန်ထမ်း တစ်ဦး အီဘိုလာ ထပ်မံ ကူးစက် ခံခဲ့ရတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ အပတ်က အီဘိုလာနဲ့ သေဆုံးသွားတဲ့ Thomas Duncan ကို ပြုစု ပေးခဲ့တဲ့ ဒဲလက်စ်မြို့ ဆေးရုံက ဒုတိယမြောက် ကျန်းမာရေး ဝန်ထမ်း ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ Thomas Duncan ဟာ အမေရိကန် နိုင်ငံမှာ ပထမဆုံး အီဘိုလာ ရောဂါရှင် ဖြစ်ပြီး သူ့ကို ပြုစု ပေးခဲ့တဲ့
Posted: 15 Oct 2014 05:00 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းက တပ်သိမ်းမြေတွေမှာ ထွန်တုံးတိုက်ပွဲလုပ်ခဲ့တဲ့ လယ်သမားတွေကို တရားစွဲဆို ထောင်ချခဲ့ရာက လယ်သမား ၇ ဦး ရွှေဘိုအကျဉ်းထောင်ကနေ  ဒီနေ့ ပြန်လည် လွတ်မြောက်လာပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ကန့်ဘလူက လယ်သမား ၅၆ ယောက်ကို ထောင်ဒဏ် ၃ လကနေ ၂ နှစ်အထိ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ လွတ်လာတာကတော့  ထောင်ဒဏ် ၃ လချမှတ်ခံရသူတွေဖြစ်ပြီး လျှော့ရက် ၂ ရက်နဲ့
Posted: 15 Oct 2014 04:57 AM PDT
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က မဖြူနှင်းထွေးကို ဒီနေ့ ပြန်လွှတ်ပေး လိုက်ပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် ပဉ္ဓမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့အတွက်
Posted: 15 Oct 2014 03:43 AM PDT
အင်းစိန်ထောင် အတွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးဖို့ အတွက် ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ RFA Burmese https://www.facebook.com/pages/RFA-Burmese/39218993127
Posted: 15 Oct 2014 03:40 AM PDT
ခိုထောင်ကျွန်းလူသတ်မှုတွင် တရားစီရင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လေ့လာရန် ဗြိတိန်နှင့် မြန်မာနိုင်ငံတို့မှ လေ့လာသူများအဖွဲ့ကို ခွင့်ပြုရန် ထိုင်းနိုင်ငံက မူအားဖြင့် သဘောတူလိုက်သည်။ ယင်းလူသတ်မှုက ဗြိတိန်နှင့် မြန်မာနှစ်နိုင်ငံလုံး၌ မီဒီယာများ၏ ပြစ်တင်ဝေဖန်မှုများပေါ်ထွက် စေခဲ့သည်။ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ဆွမ်ယော့ပွမ်ပန်မူအန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ကီယတ်
Posted: 15 Oct 2014 03:25 AM PDT
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်း လူသတ်မှုနဲ့ ဆက်စပ်ပြီး အစိုးရ သက်သေအဖြစ် ထိန်းသိန်းထားတဲ့ ကိုမောင်မောင် အပါအ၀င် ၃ ဦးကို မနေ့က ကော့စမွီခရိုင် တရားရားရုံးမှာ ကြားနာပြီး တဲ့နောက် ထိုင်းရဲက လွတ်လပ်စွာ သွားလာခွင့် ပေးလိုက်တယ်လို့ သံရုံးက ဖွဲ့ပေးထားတဲ့ အထူးကိုယ်စားလှယ် အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ “ပြီးခဲ့တဲ့ အပတ်တုန်းက ကော့စမွီ ဘော်ဖုရဲစခန်းမှာ သက်သေမောင်မောင်ကိုေ
Posted: 15 Oct 2014 03:24 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ( ဗ.က.သ ) အဖွဲ့ဝင် မဖြူနှင်းထွေးရဲ့အမှုကို ဒီနေ့ ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး ဝမ်ပေါင်ကုမ္ပဏီက ဝန်ထမ်းနှစ်ဦးကို ဒေသခံတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး မဖြူနှင်းထွေးကို ပြီးခဲ့တဲ့စက်တင်ဘာ ၁၂
Posted: 15 Oct 2014 03:22 AM PDT
မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီးပါတီကို ထူထောင်ခွင့် ရရှိဖို့အတွက် မွန်အမျိုးသမီးတွေက ဦးဆောင်ပြီး သက်ဆိုင်ရာကို မနေ့ကလျှောက်ထား လိုက်ပါတယ်။ လက်ရှိနိုင်ငံရေးပါတီတွေမှာ အမျိုးသမီးတွေ တန်းတူရည်တူ နေရာမရရှိသေးတာကြောင့် နိုင်ငံရေးမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် အခုလို အမျိုးသမီးနိုင်ငံရေးပါတီကို ထူထောင်ဖို့ကြိုးစားတာဖြစ်တယ်လို့ ပါတီဥက္ကဌတာဝန်ယူမယ့် မိသန်းရှင်က ပြောပါတယ်။
Posted: 15 Oct 2014 02:41 AM PDT
ဆော်ဒီအာရေး ဗီးယားနိုင်ငံ မြို့တော် ရီယယ်မှာ  ဆော်ဒီ သေနတ်သမား တယောက်က အမေရိကန် နိုင်ငံသား တယောက်ကို အောက်တိုဘာ ၁၄ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခဲ့ တယ်လို့ ရဲအရာရှိ တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဒေသတွင်းမှာ မငြိမ်မသက် အခြေအနေတွေ ပေါ်ပေါက်နေချိန်မှာ အနောက်တိုင်းသား တွေရဲ့ လုံခြုံရေး အတွက် စိုးရိမ်မှုတွေ ပိုပြီး  မြင့်တက်လာစေပါတယ်။ အမေရိကန်ပြည်သား ၂ ယောက် ဆီဆိုင်တခုမှာ ကားရပ်နေတုန်း ပစ်ခတ်မှုြ
Posted: 15 Oct 2014 02:37 AM PDT
မြန်မာနိုင်ငံတွင် မိုးရာသီမှာ စိုက်ပျိုးထားတဲ့ ပဲတွေ  ရာသီဥတုကြောင့် အထွက်နှုန်း လျော့ကျမှု ရှိခဲ့တဲ့အပြင်  တရုတ်ဈေးကွက်ကလည်း မြေပဲဆန်တွကို ဈေးနှုန်းမြှင့်ပြီး ၀ယ်လိုအား ရှိလို့ ဆီကြိတ်စက်တွေမှာ ကုန်ကြမ်းရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆီစက်လုပ်ငန်းရှင်တွေက ပြောပါတယ်။ မြေပဲဆန် အဓိက စိုက်ပျိုးထွက်ရှိတဲ့ မြန်မာပြည်အလယ်ပိုင်း မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ မိုးတွင်းကာလ ဇွန်နဲ့ ဇူလိုင်လတွေမှာ
Posted: 15 Oct 2014 02:35 AM PDT
အောက်တိုဘာလ ၁၅ ရက် ၂၀၁၄ သျှမ်းပြည်တိုးတက်ရေး ပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ တပ်မတော်ကြား တိုက် ခိုက်မှုသည် အစိုးရ တပ်မတော်က စစ်ရေးပြင်ဆင်ကာ ထိုးစစ်ဆင်တိုက်ခိုက် နေခြင်းဖြစ်ကြောင်း Pyidaungsu Institute (PI) မန်နေဂျင်း ဒါရိုက်တာက ပြောကြား လိုက်သည်။ “အစိုးရစစ်တပ်က အပစ်ရပ်သဘောတူစာချုပ်ကို မလိုက်နာဘူး။ SSPP/SSA နဲ့ အစိုးရတပ်တို့ ပက်ပင်တိုးမိလို့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ အစိုးရစစ်တပ်က
Posted: 15 Oct 2014 02:34 AM PDT
အောက်တိုဘာ ၁၅ ရက် ၂၀၁၄ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း သွားရောက်လှုပ်ရှား သည့် မြန်မာ စစ်ကြောင်းမှူး တဦး က ဒေသခံ ပြည်သူ့ စစ်များအား ရရာသေနတ်များ ရှာဝယ်ပေးရန် ခိုင်းစေခဲ့ကြောင်း နီးစပ်သူတဦး က ပြောသည်။ အောက်တိုဘာ ၁၂ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်းလက်အောက်ခံ တာကော် အခြေစိုက် ခြေလျင် တပ်ရင်း အမှတ် ၂၉၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရဲကိုက ၎င်း၏တပ်ရေးဗိုလ်ကြီးအား ဌာနေပြည်သူ့စစ် တပ်ဖွဲ့ထံ
Posted: 15 Oct 2014 02:32 AM PDT
ဆားဘီးယားနဲ့ အယ်ဘေးနီးယားတို့ ယှဉ်ပြိုင်တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ညက ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်မှာ ဖြစ်ပွားတဲ့ ရန်ပွဲမှာ နှစ်ဖက်ဘောလုံးသမားတွေနဲ့ ပရိသတ်တွေ ပါဝင်ခဲ့လို့ ပွဲစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ ဒီပွဲကို ဆားဘီးယားနိုင်ငံ ဘဲဂရိတ်မြို့က ပါတီဇန်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တာပါ။ ပထမပိုင်းကစားချိန် ဘောလုံးပွဲအတွင်းမှာ အယ်ဘေးနီးယား ပရိသတ်တချို့က နှစ်နိုင်ငံကြားမှာ နိုင်ငံရေးအရ
Posted: 15 Oct 2014 02:15 AM PDT
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်း ခံထား ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က မဖြူနှင်းထွေးကို ဒီနေ့ ပြန်လွှတ်ပေး လိုက်ပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် ပဉ္ဓမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့အတွက်
Posted: 15 Oct 2014 02:58 AM PDT
အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာ တားမြစ်ချက် ဖောက်ဖျက် ကျူးလွန်သူ တွေကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါ အပြစ်ပေးနိုင်အောင် ထည့်သွင်း ပြဌာန်းဖို့ နိုင်ငံတော် သမ္မတက သဘော ထား မှတ်ချက်ပေး ခဲ့တာကို ပြည်ထောင်စု လွှတ်တော်က လက်မခံ ခဲ့ပေမယ့် အခြေခံ ဥပဒေကို လိုက်နာတဲ့ အနေနဲ့ နိုင်ငံတော် သမ္မတက အဲဒီဥပဒေကို အတည်ပြု လက်မှတ်ရေးထိုး ပေးခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ် ပြန်ထားပါတယ်။ြ
Posted: 14 Oct 2014 08:03 PM PDT
အောက်တိုဘာ ၁၃ ရက်နေ့ က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ရန်ကုန်-ညောင်ဦး-မန္တလေး-ဟဲဟိုး ခရီးစဉ် KBZ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ်မှာ IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း တချို့ကို တွေ့ခဲ့အပြီး လုံခြုံရေး စိုးရိမ်မှုတွေ ဖြစ်သွားခဲ့ကြပါတယ်။ မန္တလေး လေဆိပ်မှာ လေယာဉ် ဆိုက်ထားချိန် လေယာဉ် သန့်ရှင်းရေး လုပ်စဉ်မှာ အဲဒီ စာရွက် စာတမ်းတွေကို တွေ့ရှိခဲ့တာြ
Posted: 14 Oct 2014 08:03 PM PDT
ထိုင်းနိုင်ငံ ​ကော့တောင်ကျွန်းမှာ ​ဗြိတိန်နှစ်ဦး ​အသတ်ခံခဲ့ရတာနဲ့ ​ပတ်သက်ပြီး ​ထိုင်းရဲတွေရဲ့ ​စုံစမ်းစစ်ဆေးရေးမှာ ​သံသယဝင်နေကြတဲ့အတွက် ​ဗြိတိန်ရဲတွေက ​စုံစမ်းစစ်ဆေးရေးမှာ ​ကူညီနိုင်ကြောင်း ​ကမ်းလှမ်းထားတာကို ​ထိုင်းဝန်ကြီးချုပ်က  ​ဗြိတိန်တွေရဲ့ ​အကူအညီကို ​မလိုဘူးလို့လည်း ​ပြောလိုက်ပါတယ်။ ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​မြန်မာ ​ရွှေ့ပြောင်းအလုပ်သမား ​နှစ်ဦးက ​သတ်ပစ်ကြောင်း ​ထိုင်းရဲတွေကြေ
Posted: 14 Oct 2014 08:03 PM PDT
ဟောင်ကောင်အစိုးရဌာနချုပ် အပြင်ဘက်က အဓိကကျတဲ့ နေရာတွေမှာရှိတဲ့ ဆန္ဒပြသူတွေကို ရဲက ဖယ်ရှားနေပါတယ်။ ဆန္ဒပြသူတွေ ကာရံထားတဲ့ အတားအဆီးတွေကို ဒီကနေ့မနက် အစောပိုင်းတုန်းက ရဲတွေက စက်ကိရိယာတွေကို သုံးပြီး ဖယ်ရှားနေစဉ်မှာပဲ ဆန္ဒပြသူ အများအပြား အဖမ်းဆီးခံရပြီး သူတို့တွေကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။ အင်္ဂါနေ့ နှောင်းပိုင်းတုန်းကတော့ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက် ရင်ဆိုင်မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီးေ
Posted: 14 Oct 2014 08:03 PM PDT
အောက်တိုဘာလ ၁၃ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ပြန်လည် ပေါင်းစည်းခြင်း သဘောတူညီချက် ကြေညာချက် ကို ကရင် အဖွဲ့အစည်း အကြီးဆုံး ဖြစ်တဲ့ KNU က အတည်ပြုလိုက်ပါပြီ။ ဒီ အကြောင်း နဲ့ ပတ်သက်ပြီးတော့ KNU တွဲဖက် အတွင်းရေးမှူး ၁ ဗဒိုသောသီဘွဲ က ဘီဘီစီ ကို ရှင်းပြရာမှာ ၁၃ ရက်နေ့ က ထုတ်ထားတဲ့ သဘောတူညီချက်ရဲ့ စာတမ်း ကို အခြေခံပြီး ပြောရမယ် ဆိုရင် KNLA
Posted: 14 Oct 2014 08:02 PM PDT
ဆီးရီးယားနိုင်ငံ ​ကိုဘာနီမြို့အတွင်းက ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေကို ​နှစ်ရက်အတွင်း ​ဝေဟင်တိုက်ခိုက်မှု ​၂၁ ​ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် ​Kurdish ​တပ်ဖွဲ့ဘက်က ​အသာစီးမှု ​ပြန်လည်ရရှိနေပါတယ်။ ​အဲဒါကြောင့် ​ကိုဘာနီမြို့အနောက်ပိုင်းက ​အချက်အချာကျတဲ့ ​တောင်ကုန်းတစ်ခုကိုလည်း ​ပြန်လည် ​ရယူနိုင်ခဲ့ပါတယ်။ အမေရိကန်က ​Kurdish ​တပ်တွေကို ​ဝေဟင်ကနေ ​ကူညီတိုက်ခိုက်နေပြီး ​IS ​တပ်ဖွဲ့တွေ ​၁၀ ​ရက်ကြာ 
Posted: 14 Oct 2014 08:02 PM PDT
ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အလွန်အမင်း အထူးစိုးရိမ်ပူပန်တဲ့ အကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ပြောဆို လိုက်ပါတယ်။ အဲဒီမှာ မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ထဲ ကျမသွားရအောင် Kurdish တိုက်ခိုက်ရေး သမားတွေက အပြင်းအထန် ခုခံနေကြရပါတယ်။ စစ်သွေးကြွတွေကို နှိမ်နင်းရေးနဲ့ပတ်သက်ပြီး သမ္မတ အိုဘားမားဟာ နိုင်ငံခြားစစ်ဘက်ဆိုင်ရာ အကြီးအကဲ ၂၀ ကျော်နဲ့
Posted: 14 Oct 2014 07:56 PM PDT
အီဘိုလာ ဗိုင်းရပ်စ် ပြန့်နှံ့မှု ဟာ ကျန်းမာရေး ပိုင်း တင် ထိခိုက် စေတာ မဟုတ်တော့ပဲ၊ အနောက် အာဖရိက ရဲ့ စီးပွားရေး အပိုင်း မှာပါ သက်ရောက်မှု ရှိလာ တာ ကို ဘီဘီစီ သတင်းထောက် မာခ့်ဒွိုင်းလ် က သတင်း ပေးပို့ လိုက်ပါတယ်။ အီဘိုလာ ပြန့်နှံ့မှု မရှိခင် က ဆိုရင်၊ လိုင်ဘေးရီးယား၊ ဆီယာရာ လီယွန်း နဲ့ ဂီနီ နိုင်ငံတွေ ဆိုရင် စီးပွားရေး တိုးတက်မှု နှုန်းထား မြင့်နေခဲ့တာပါ။ အခုဆိုရင် လယ်ယာမြေတွေ ကို လယ်သမားတွေ က
Posted: 14 Oct 2014 07:53 PM PDT
အာဖရိက ​အနောက်ပိုင်း ​ဒေသမှာ ​ဖြစ်နေတဲ့ ​အီဘိုလာ ​ရောဂါကို ​မထိန်းသိမ်းနိုင်ရင် ​တစ်ပါတ်ကို ​လူပေါင်း ​၁၀၀၀ ​နှုန်းနဲ့ ​ကူးစက်ခံရနိုင်တယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ​WHO ​က ​ပြောပါတယ်။ အနောက်အာဖရိကဒေသက ​လိုင်ဘေးရီးယား၊ ​ဆီရာယာလီယွန်နဲ့ ​ဂီနီနိုင်ငံမှာ ​အီဘိုလာ ​ပျံ့နှံ့မှုတွေ ​ဖြစ်ပေါ်နေဆဲဖြစ်ပြီး ​အခုလောလောဆယ် ​လူပေါင်း ​၄၅၀၀ ​လောက် ​သေဆုံးရပြီ ​ဖြစ်ပါတယ်။ ဒီတစ်ပါတ်အတွင်း ​ကူးစက်ခံရသူ ​၉၀၀၀ေ
Posted: 14 Oct 2014 07:53 PM PDT
Ebola ရောဂါပိုး ကူးစက်ခံရသူရှိတဲ့ အမေရိကန် ပြည်ထောင်စု အတွင်းက ဘယ်ဆေးရုံကို မဆို ချက်ချင်း အရေးယူ ဆောင်ရွက် ပေးနိုင်မယ့် အဖွဲ့ နာရီပိုင်းအတွင်း ပို့လွှတ်ပေးမယ်လို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေး ဌာန CDC အကြီးအကဲက ပြောဆို လိုက်ပါတယ်။ Dr. Tom Frieden က Ebola ရောဂါပိုး ကူးစက်မှု နောက်ဆုံးအခြေအနေကို မနေ့က ပြောကြားခဲ့ရာမှာ Ebola နဲ့ ပတ်သက်ပြီး ကျန်းမာရေးလုပ်သားတွေရဲ့ စိုးရိမ်မှုတွေကို
Posted: 14 Oct 2014 04:40 PM PDT
ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာဗြိတိန် နိုင်ငံသား နှစ်ယောက် အသတ်ခံရမှု အတွက် စစ်မေးဖို့ သက်သေအဖြစ် ရဲက တင်ထားသူ မြန်မာနိုင်ငံသား သုံးယောက်ကို အောက်တိုဘာလ ၁၄ ရက်နေ့က စတင် စစ်ဆေးခဲ့ ပါတယ်။ သူတို့ကို အစိုးရရှေ့နေက ကော်စမွီကျွန်း တရားရုံးမှာ တရားသူကြီးကို သက်သေ ထားပြီး ကြိုတင် စစ်ချက်ယူတာဖြစ်ပါတယ်။ ထိုင်းဥပဒေအရ သက်သေဟာ နိုင်ငံခြားသားဖြစ်မယ်ဆိုရင် သူ့နိုင်ငံ သူပြန်နိုင်အောင် ကြိုတင်

No comments:

Post a Comment