Thursday, October 9, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၁၀)

သစ်ထူးလွင်


Posted: 09 Oct 2014 05:46 AM PDT
ယမန်နေ့က အမျိုးသမီး တစ်ဦးအလောင်းကို ဆယ်ယူရရှိပြီးနောက် မင်းပြားမြို့ စက်လှေနစ်ရာတွင် သေဆုံးသူ အရေအတွက်မှာ (၉) ဦးရှိသွားပြီဟု သိရသည်။ “ သေဆုံးတာ ၉ ဦးပါ။ အခု အမူဖွင့်ထားပါတယ်” ဟု မင်းပြားရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။ သေဆုံးသူများမှာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ၇ ဦးတို့ ဖြစ်ကြောင်း သိရသည်။ “ သူတို့က ချော်ချောင်းကနေစက်လှေနဲ့ ၀ါကျွတ်အတွက် ဈေးပြုဖို့ မင်းပြားမြို့ကို
Posted: 09 Oct 2014 05:32 AM PDT
နေပြည်တော်၊ အောက်တိုဘာ ၉ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အောင်မင်္ဂလာတံတားအနီး၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် (၆၂/၇-၈)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အင်းမနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ကျောင်းကုန်းဘက်မှ အင်းမဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေြ
Posted: 09 Oct 2014 05:27 AM PDT
မကာအိုသို့ အိမ်အကူလုပ်သားမှအပ အခြားလုပ်သားများစေလွှတ် သွားရန် ရှိကြောင်း မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ် (Moeaf) မှ အ တွင်းရေးမှူးဦးကျော်ထင်ကျော်က အောက်တိုဘာ ၂ ရက် ကပြောသည်။ ဦးကျော်ထင်ကျော်က ပြီးခဲ့တဲ့လက မကာအိုကိုသွားပြီး အိမ်အကူလုပ်သားက လွှဲပြီး စက်ရုံ၊ ဟိုတယ်၊ စား သောက်ဆိုင်လုပ်ငန်းနဲ့ ကာစီလုပ်ငန်းတွေမှာ လိုအပ်တဲ့ လုပ်သားတွေစေလွှတ်ဖို့ နှစ်ဖက်သဘောတူ MoUေ
Posted: 09 Oct 2014 05:12 AM PDT
ခါကာဘိုရာဇီ တောင်အနီး ကယ်ဆယ်ရေး သွားလုပ်ရင်း အဆက်အသွယ်ပြတ်ခဲ့တဲ့ ထိုင်းရဟတ်ယာဉ်ပေါ်ပါ သုံးဦးအနက် မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးဟာ တောတွင်း တနေရာမှာ ကွယ်လွန်ကြောင်း ထူးဖောင်ဒေးရှင်းက  သတင်းထုတ်ပြန်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ထူးဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေးလုပ်ငန်း ပြောခွင့်ရသူ ဦးဖြိုးကိုကိုသက်က ခုလို ပြောပါတယ်။ “(အလောင်းကို) ညနေ ၄ နာရီခန့်မှာ တွေ့တာ ပါ။ ရွှေရင်တော်ကြီးရဲ့ လမ်းပြမှုနဲ့
Posted: 09 Oct 2014 02:55 AM PDT
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ လက်ပစ်ဗုံးတလုံး ဒီနေ့ ပေါက်ကွဲခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရတယ်လို့ မလေးရှား ရဲအဖွဲ့က ပြောပါတယ်။ အရက်ဘားတခု အပြင်ဘက်မှာ မနက် ၄ နာရီခွဲက ပေါက်ကွဲတာလို့ ရဲအဖွဲ့က ပြောတာကို သည်စတား သတင်းစာမှာ ဖော်ပြပါတယ်။ ဒဏ်ရာရသူတွေထဲမှာ တရုတ် ၂ ဦး၊ စင်ကာပူ ၂ ဦး၊ ထိုင်း ၁ ဦးတို့ ပါဝင်တယ်လို့ ဆေးရုံကို ကိုးကားပြီး သည်စတား သတင်းစာမှာ ဖော်ပြပါတယ်။ ရဲအဖွဲ့က  
Posted: 09 Oct 2014 02:37 AM PDT
အောက်တိုဘာလ(၈)ရက်နေ့မှာတော့ မြန်မာသံရုံး တာဝန်ရှိသူတွေဟာ အဲဒီလူသတ်မှုရဲ့ ထိုင်းရဲ သက်သေစာရင်းဝင်၊ မြန်မာနိုင်ငံသား မောင်မောင်(ခေါ်) ကိုသန်းဆွေကို၊ ထိုင်းရဲတွေရဲ့ရှေ့မှာ တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါပြီ။ ကိုမောင်မောင်နဲ့ တွေ့ဆုံ မေးမြန်းချက်အရ အစွပ်စွဲခံရတဲ့ ရခိုင် လူငယ်နှစ်ဦး ဒီပြစ်မှုကိုကျူးလွန်ကြောင်း ခိုင်မာတဲ့ အထောက်အထား၊ အချက်အလက် မပါဝင်ခဲ့ပါဘူး။ ဒီအမှုအပေါ်ထိုင်းရဲတွေရဲ့ ကိုင်တွယ်ေ
Posted: 09 Oct 2014 02:12 AM PDT
မြစ်သား၊ အောက်တိုဘာ- ၉ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော် မူခဲ့သော မြစ်သားမြို့နယ်၊ ပြက္ခရွေတောင်ပေါ်ရှိ ပဉ္စမ စွယ်တော်ပွား ပူဇော်သည့်အနေဖြင့် ဆွမ်းလောင်းလှူပွဲကို နှစ်စဉ်ကျင်းပလျှက်ရှိသော်လည်း ယခင်က ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ ဒိုးပတ်ပြိုင်ပွဲကို ကျင်းပမှု မရှိခဲ့သည်မှာ ကြာမြှင့်ခဲ့ပြီး ယခုနှစ်တွင်မှ ပြန်လည်စတင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ ပြက္ခရွေတောင် ပဉ္စမစွယ်တော်ရှင် ဆွမ်းလောင်းလှူပွဲကြီးကို နှ
Posted: 09 Oct 2014 01:48 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲက လိပ်ကျွန်း (ခေါ်) ခိုတောင်ကျွန်းမှာ ဗြိတိသျှလူမျိုး ၂ ဦးသတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို စဉ်ဆက်မပြတ် လေ့လာနေပြီး မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ဖြစ်စေရမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Mark Kent  က ပြောကြားလိုက်ပါတယ်။ လူသတ်မှု ကွင်းဆင်းအချက်လက် စုဆောင်းခဲ့တဲ့   ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ (MWRN)၊  လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုး
Posted: 09 Oct 2014 01:43 AM PDT
ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် တဖက်တလမ်းကနေ လိုက်လံ စုံစမ်းနေတဲ့ ထိုင်းအခြေစိုက်လူ့အခွင့်အရေးအဖွဲ့ဟာ  ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း)မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ အမှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့  မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို တရား မျှတမှု ရရှိရေး၊ အမှုမှန်
Posted: 09 Oct 2014 01:33 AM PDT
အောက်တိုဘာလ ၉ ရက် ၂၀၁၄ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်တွင် သီတင်းကျွတ်လပြည့် ဥပုဒ်နေ့၌ နေအိမ်တလုံး မီးလောင်ခဲ့ပါ သည်။ ရပ်ကွက် ၄ တွမ်မို နေ ဒေါ်ပါကြာ၏ နေအိမ်အား မီးလောင်ခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်အိမ်မှ ငြိမ်းသတ် ပေးမှုကြောင့် အိမ်တလုံးသာပြာကျ ခဲ့ကြောင်း ရပ်ကွက် ၄ တွင်နေထိုင်သူတဦးကပြောသည်။ “ ပါ့ကြာက ဥပုဒ်သွားစောင့်တယ်။ သူ့သမီးနဲ့သားမက်က အိမ်သော့ခတ်ပြီး အပြင်ထွက် သွားတဲ့ အချိန် ပေါ့။
Posted: 09 Oct 2014 01:31 AM PDT
အောက်တိုဘာလ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလာပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမူနှင့် ဆက်စပ်ပြီး ဘင်္ဂလာဒေခ်ျ့မှ ဂျာမတ် အီစ္စလာမ်မီး အဖွဲ့ဝင် (၂) ဦးကို အိန္ဒိယရဲက ဖမ်းဆီးလိုက်သည်။ သူတို့နှစ်ဦးအား အဆိုပါ ဗုံးကွဲမူနှင့် ပတ်သက်ပြီး သံသယရှိရာမှ ယမန်နေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ရမန် (၇) ရက် ယူထားကြောင်း အိန္ဒိယရဲက ထုတ်ဖေါ်ပြောကြားသည်။ အောက်တိုဘာလ ၂ ရက်နေ့ အနောက်ဘင်္ဂလာပြည်နယ် ဘာဒ၀န်  Khayragarh
Posted: 08 Oct 2014 08:33 PM PDT
DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင်ကို ကျိုက်မရော ရဲစခန်းက ဖမ်းဝရမ်း ထုတ်လိုက် တယ် ဆိုတဲ့ သတင်းတွေ ဗုဒ္ဓဟူးနေ့ ညနေက ထွက်ပေါ်ခဲ့ပါတယ်။ ကော့ကရိတ်ခရိုင်က DKBA အကြီးအကဲ ဗိုလ်မှူးချုပ် စောကျော်သက်ကတော့ ဒီပြဿနာဟာ စက်တင်ဘာ လကုန်ပိုင်းတုန်းက မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ထဲမှာ အစိုးရ စစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တွေနဲ့ DKBA ငြိမ်းချမ်းရေး တပ်ဖွဲ့အကြား တိုက်ပွဲ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ပြောပါတယ်။
Posted: 08 Oct 2014 08:33 PM PDT
အောက်တိုဘာ ၈ရက်၊ ၂၀၁၄ခုနှစ်။ ပဲခူးတိုင်း ထန်းတပင်မြို့နယ်အတွင်းရှိ သဖန်းချောင်းဒေသ၌ အောက်တိုဘာလ ၆ရက်နေ့မှစ၍ ယမန်နေ့အထိ အစိုးရစစ်တပ် တပ်မ(၉၉)မှ လက်နက်ကြီး လေ့ကျင့်ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု အနီးဝန်းကျင်ရှိ ရွာသားများ ၏ ပြောပြချက်အရ သိရသည်။ အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက “ဒီလို အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ ကာလမှာ ဒီလိုလက်နက်ကြီးသံ တခြိမ်း ခြိမ်းနဲ့ဆိုတော့ ရွာသူရွာသား
Posted: 08 Oct 2014 08:13 PM PDT
မြောက်ကိုရီးယားနိုင်ငံ ​ခေါင်းဆောင် ​Kim ​Jong-un ​ကို ​လူရှေ့သူရှေ့မှာ ​မတွေ့ရတာ ​တစ်လကျော် ​ကြာသွားပြီးတဲ့နောက် ​နေအိမ်အကျယ်ချုပ် ​ခံထားရတာ ​ဖြစ်နိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။ အသက် ​၃၁ ​နှစ်အရွယ် ​Kim ​Jong-un ​ကို ​စက်တင်ဘာလ ​၃ ​ရက် ​နေ့ ​မှာ ​နောက်ဆုံး ​တွေ့ခဲ့ကြတာ ​ဖြစ်ပါတယ်။ ဇူလိုင်လ ​တုန်းကတော့ ​ခြေထောက်နာနေတဲ့ ​ပုံစံမျိုးနဲ့ ​မြောက်ကိုရီးယားနိုင်ငံ ​တည်ထောင်သူ ​အဖိုးဖြစ်သူကို 
Posted: 08 Oct 2014 08:13 PM PDT
အသက် ၃၁ နှစ်အရွယ် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ အများပြည်သူတွေရဲ့ မြင်ကွင်းကနေ ပျောက်နေတာ တလ ကျော်ရှိနေပါပြီ။ ဒီအတောအတွင်းမှာ မြောက်ကိုရီးယားရဲ့ ထိပ်တန်းကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံကို ရှောင်တခင် ရောက်ရှိနေပြီး ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး အရိပ်မြွက် ပြောဆိုနေပါတယ်။ အခုလို မြောက်ကိုရီးယားခေါင်းဆောင် အများပြည်သူရဲ့ မြင်ကွင်းကနေ ပျောက်နေ တာကြောင့် အာဏာသိမ်းမှုြ
Posted: 08 Oct 2014 08:12 PM PDT
ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ ဟာ မြန်မာနိုင်ငံ ကို နှစ်ရက်ကြာ ခရီးလှည့်လည် ဖို့ ဒီကနေ့ ရောက်ရှိ လာ မှာ ဖြစ်ပါတယ်။ သူ ဟာ နေပြည်တော် မှာ သမ္မတဦးသိန်းစိန် နဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေး မှာ ဖြစ်ပြီး၊ မနက်ဖြန် မှာတော့ ရန်ကုန်မြို့ မှာ ထိုင်းစီးပွား ရေး လုပ်ငန်းရှင်တွေ နဲ့ ထိုင်းသံတမန် တွေ ကို တွေ့ဆုံ မှာ ဖြစ်ပါတယ်။ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ နဲ့ထိုင်းနယ်စပ် မြို့တွေ ကို ညီနောင် မြို့တွေ အဖြစ်
Posted: 08 Oct 2014 08:12 PM PDT
သြစတြေးလျနိုင်ငံသား ​နှစ်ဦးဟာ ​အိန္ဒိယ ​အမျိုးသမီးတစ်ဦးကို ​အဌားကိုယ်ဝန် ​ဆောင်ခိုင်းခဲ့ပေမယ့် ​မွေးလာတဲ့ ​အမွှာထဲက ​တစ်ဦးကိုသာ ​သြစတြေးလျနိုင်ငံထဲ ​ပြန်လည်ခေါ်လာခဲ့တယ်ဆိုတဲ့ ​သတင်းနဲ့ ​ပတ်သက်ပြီး ​ဝေဖန်မှုတွေ ​ထွက်ပေါ်နေပါတယ်။ ​သြစတြေးလျနိုင်ငံက ​ရှေ့နေ ​တစ်ဦးကတော့ ​စီးပွားရေးအတွက် ​ကိုယ်ဝန်ဌားစားနဲ့ ​လုပ်ငန်းဟာ ​ခေတ်သစ် ​လူကုန်ကူးမှု ​တစ်မျိုးလိုတောင် ​ဖြစ်နေပြီလို့ ​ပြောပါတယ်။ အဆိုပါ 
Posted: 08 Oct 2014 08:12 PM PDT
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ  ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးပြီး ရဲက တရားစွဲဖို့ တင်ထားတဲ့အမှု အစိုးရ ဥပဒေအကြံပေးအဖွဲ့က ပယ်ချလိုက်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က  တရားစွဲဖို့ တင်ပြချက်တွေဟာ  မပြည့်စုံတာကြောင့် စွဲချက်ကို ပယ်ချလိုက် တာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ ထိုင်းနိုင်ငံ ရဲမှုခင်းဌာန ဆရာဝန်ကြီး နဲ့ ထိုင်းသတင်းဌာန ASTV  တို့ မေးမြန်းချက်ထဲမှာ
Posted: 08 Oct 2014 08:12 PM PDT
ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုအတွက် ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့အမှုကို အာဏာပိုင်တွေက တရားရုံးကို မတင်ပြခင် သက်သေ အထောက်အထားများပါ အမှုတွဲကို ထိုင်းအစိုးရ ရှေ့နေများရုံးထံကို တင်ပြရာမှာ ခိုင်လုံမှု အားနည်းနေသေးတယ်ဆိုပြီး ထပ်မံဖြည့်စွက်ဖို့ အကြံပေးပြီး ထိုင်းအစိုးရရှေ့နေများရုံးက အောက်တိုဘာလ ၈ ရက်နေ့မှာ  ပယ်ချခဲ့ပါတယ်။ အပြည့်အစုံကို မအေးအေးမာက
Posted: 08 Oct 2014 08:11 PM PDT
ခါကာဘိုရာဇီ တောင်အနီး ကယ်ဆယ်ရေး လုပ်ငန်း သွားလုပ်ရင်း အဆက်အသွယ် ပြတ်သွားတဲ့ ထိုင်း ရဟတ်ယာဉ် ပေါ်မှာ လိုက်ပါသွားသူ သုံးဦး အနက် နှစ်ယောက်ကိုသာ ပြန်တွေ့ပြီး မြန်မာ ရဟတ်ယာဉ်မှူး ကို ဆက်ရှာ နေတယ်လို့ ထိုင်းရဟတ်ယာဉ် ကုမ္ပဏီ အရာရှိ တစ်ဦးက ပြောပါတယ်။ ခါကာဘိုရာဇီတောင်ထိပ်ကနေ ပြန်အဆင်းမှာ ပျောက်ဆုံးသွားတဲ့ မြန်မာလူငယ် တောင်တက် သမားနှစ်ဦး ကို သွားရှာရင်း သူတို့ သုံးဦးနဲ့ပါ အဆက်ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။
Posted: 08 Oct 2014 08:11 PM PDT
ပျောက်ဆုံးနေတဲ့ ဗီယက်နမ် ရေနံတင်သင်္ဘော Sunrise-689 ကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေနဲ့ ပူးပေါင်း ရှာဖွေနေတယ်လို့ ဗီယက်နမ် တာဝန်ရှိ သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က စင်္ကာပူကနေ ဗီယက်နမ်ကို ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘောတစင်း ပျောက်ဆုံး နေတာပါ။ ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခေါ်ဆောင်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မကင်းမှုတွေ ပိုပြီးများလာနေပါတယ်။ စင်္ကာပူဆိပ်ကမ်းကနေ ထွက်ခွာလာပြီး
Posted: 08 Oct 2014 08:11 PM PDT
လှိုဏ်ဂူ နံရံတွေပေါ်မှာ လူတွေ ရေးဆွဲတဲ့ ရှေးအကျဆုံး ပန်းချီ လက်ရာတချို့ကို အင်ဒိုနီးရှားနိုင်ငံ ဆူလဝက်ဆီကျွန်းပေါ်မှာ ထုတ်ဖေါ် တွေ့ရှိခဲ့ပါတယ်။ အရင်က ဒီလို ရှေးကျတဲ့ ပန်းချီလက်ရာမျိုးကို စပိန်နဲ့ ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာသာ တွေ့ခဲ့ဖူးပြီး ပန်းချီ အနုပညာဟာ ဥရောပကစတယ်လို့ ယူဆထား ချက်တွေဟာ ဒီတွေ့ရှိမှုကြောင့် အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။ အခုတွေ့ရှိခဲ့တဲ့ ပန်းချီလက်ရာတွေမှာ ခွာပါတဲ့ တောရိုင်း
Posted: 08 Oct 2014 08:10 PM PDT
ပြည်တွင်းအခွန်ဦးစီးဌာနက အခု ပြင်ဆင်လိုက်တဲ့ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေရောင်းဝယ်တဲ့ အပေါ် စည်းကြပ်မယ့် အခွန်နှုန်းထားက ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် အနည်းဆုံး ၅ ပုံ ၁ ပုံ မြင့်တက်မှု ရှိခဲ့တဲ့အတွက် ရန်ကုန်အိမ်ခြံမြေဈေးကွက်အပေါ် အထိုက်အလျောက် အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်းတွေက ပြောပါတယ်။ အဆမတန်မြင့်တက်နေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေကို အစိုးရက ထိန်းဖို့အတွက်
Posted: 08 Oct 2014 08:14 PM PDT
ရန်ကုန်တိုင်း ဒေသကြီး အတွင်းက မြေတစ်ပေ ပတ်လည် ဈေးနှုန်းကို ပြည်တွင်း အခွန်များ ဦးစီး ဌာနက အောက်တို ဘာလ ၇ ရက်နေ့မှာ ထပ်မံ တိုးမြှင့် လိုက်ရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဈေးနှုန်း ထက် ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း အထိ မြှင့်တင်လိုက်တယ်လို့ အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်း တွေက ပြောပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနက အခုသတ်မှတ်လိုက်တဲ့ ဈေးနှုန်းတွေထဲမှာ လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ
Posted: 08 Oct 2014 08:10 PM PDT
အမေရိကန် အစိုးရ က အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု ဖြစ်နေ တဲ့ အနောက် အာဖရိက နိုင်ငံ တွေ က ခရီးသည် တွေ ကို အမေရိကန် နိုင်ငံတွင်းရှိ၊ လေဆိပ်တွေ ကို ရောက်တာနဲ့ စမ်းသပ် စစ်ဆေးမှု၊ စကင်ရိုက် စတာတွေ ပြုလုပ် တော့ မဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။ အထူးသဖြင့် အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ဖြစ်နေတဲ့ နိုင်ငံတွေ ဘက် က ခရီးသည် ၉၀ ရာခိုင်နှုန်း ကျော် ဟာ အမေရိကန် ဘက် ခရီးထွက်ကြလို့ြ

No comments:

Post a Comment