ဖွေးဖွေး နဲ့ အေးဆေး သော်လည်း မိုးယုစံ က တိုးလုပြန် တဲ့အခါ
ခင်နန်းထိုက် က ဝင်နမ်းလိုက် ....နန်းသူဇာ က ဖမ်းပူဆာ လိုက် နဲ့...
ဝတ်မှုံရွှေရည် က ကိုယ့်ကို စွတ်ယုံနေပြီ ဆိုတာ သူတို့ကိုပေးသိလို့လဲမရ....ဟူး
မိုးဟေကို ကလဲ မိုးတွေစို နေတဲ့ကြားမှာ ..သနားစရာ
ဒီကြားထဲ ခင်ရူပ က လင်ယူမှ ရတော့မယ်တဲ့...
ချစ်သုဝေ ရဲ့ ချစ်မှုတွေ လောက်တော့ ...ဂျင်းနီ က ပျင်းသည်တဲ့ဗျာ
စိုးပြည့်သဇင်က တိုးဖြည့်အစဉ်..အနားမှာချစ်ပါရစေ ဆိုတော့
quantity တိုးမြှင့် ပြီးချစ်ပါ့မယ်ဆိုတဲ့ စံရတီ မိုးမြင့် ကိုဘယ်နားသွားထားရမလဲ
အိချောပို နဲ့ သိသောကိုယ် က...ဂျူးဂျူးကေ နဲ့ ပူးပူးနေတတ်ပြန်တော့
နိုနိုကေ က...ကိုကိုရေ..တဲ့..(နှုတ်ခမ်းလေးစူပြီး}
ယုသန္တာတင် ကလည်း ခုတခါမြင် ပေးလှဲ့ပါ သူ့ဘဝကိုတဲ့
ဟန်နီလစ်ရင် ချစ်မယ်ဆိုတဲ့ခပ်ကဲကဲ ၁ ယောက်ကတော့ စန္ဒီမြင့်လွင် ပေါ့
သင်ဇာဝင့်ကျော် ပို့ထားတဲ့...အစဉ်သာချစ်နော် ဆိုတဲ့ sms ကိုဘယ်လို reply လုပ်ရပါ့...
ပုလဲဝင်း ရဲ့ အသဲချင်း ဖလှယ်ပါရစေ ဆိုတဲ့ facebook က message ကလဲရှိသေးတယ်...
may grace ပယ်ရီ က လေအပြည့် လယ်ပြီ ဆိုပြီး အမြဲနောက်တတ်တာလေးကလည်း မျက်စိထဲကမထွက်
နန်းခေးမား က လမ်းဘေးနား မှာတွေ့လိုက်ရကထဲ က မောင့်ကိုချစ်မိသွားတာပါတဲ့...
ဘာပဲပြောပြော ချမ်းချမ်း ကိုတော့ လှမ်းလှမ်း မှာပဲထားဖို့ ဆုံးဖြတ်လိုက်တယ်
ပြီးတော့ နန်းခင်ဇေယျာ ကလဲ အလွမ်းရင်မှာ ပိုက်နေရပါတရ်ဆိုပြန်တော့ .. ခရစ္စတီးနား ကိုတောင် ပစ်ပီးထားခဲ့ရသေးတရ် ..
နောက်ဆုံး မယ်ပြိုင်ပွဲဝင်နေတရ့် ခင်ဝင့်ဝါ က တောင် အစဉ်ချစ်ပါ ဆိုပီး ကတိတွေတောင်းသေးတရ်..
ဒီကြားထဲ မိုင်လေး ဆိုင်းရပ်စ် က လဲ ကျနော့် ဆိုင်ဘေးကားရပ်ပီး လက်ထပ် ခွင့် လာတောင်းနေလို့ ဆိုင်ပိတ်ထားရတာလဲကြာပေါ့ ..
သူနဲ့ အပြိုင် တေလာဆွစ် က ကျနော်တင်မဟုတ်ဘူး ကျနော့် အဖေပါ လာချစ်နေတော့ ငြင်းရခက်နေတဲ့ ကျနော့် ကို မသနားကြဘူးလားဟင် ..
Facebook ပေါ်က ဟာသလေးပါ
Credit To Original Writer
Credit To Original Writer
No comments:
Post a Comment