Friday, September 26, 2014

iOS 8 တွင် ဓာတ်ပုံများကို hide လုပ်ခြင်း


iOS 8 တွင် ပါဝင်သည့် Photos app တွင် ဓာတ်ပုံများကို hide လုပ်နိုင်သည့် feature သစ် ပါဝင် လာသည်။ Hide လုပ်လိုက်သည့် ဓာတ်ပုံသည် iPhone မှ delete လုပ်ခြင်းနှင့် မတူညီပေ။ ဓာတ်ပုံတစ်ပုံကို delete လုပ်လိုက်သည့်အခါ ၎င်းသည် Recently Deleted အယ်လ်ဘမ်သို့ ရောက်ရှိ သွားပြီး ရက် ၃၀ အကြာမှသာ delete လုပ်ထားသည့် ဓာတ်ပုံများကို အပြီးတိုင် ဖျက်ပေးမည် ဖြစ်သည်။

ထို့ကြောင့် ဓာတ်ပုံများကို မဖျက်လိုဘဲ hide လုပ်ထားလိုသူများအနေဖြင့် အောက်ပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်သည်။
- Photo apps ကို ဖွင့်ပါ။
- Hide လုပ်လိုသည့် ဓာတ်ပုံကို ဖွင့်ပြီး ဓာတ်ပုံပေါ်တွင် လက်ချောင်းဖြင့် ဖိထားပါ။ (၎င်းနည်းလမ်းကို thumbnail မြင်ကွင်းတွင်လည်း ပြုလုပ်နိုင်သည်)
- Copy and Hide option ပေါ်လာသည့်အခါ hide ကိုနှိပ်ပါ။
Hide လုပ်လိုက်သည့် ဓာတ်ပုံများကို Albums အောက်ရှိ Hidden အယ်လ်ဘမ်တွင် ပြန်လည်ရှာဖွေနိုင်သည်။ အကယ်၍ ဓာတ်ပုံများကို Unhide ပြုလုပ်လိုပါက Hidden အယ်လ်ဘမ်သို့သွားပြီး လိုချင်သည့် ဓာတ်ပုံပေါ်တွင် လက်ချောင်းဖြင့် ဖိထားကာ ပေါ်လာသည့် Unhide option ကို ရွေးချယ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

အခြားသော How-To များကို http://internetjournal.com.mm/how-to တွင် ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment