Sunday, September 21, 2014

မှန်ကွဲလေး တစ်ချပ်


မှန်ကွဲလေး တစ်ချပ်ရဲ့ရှေ့ မှာ....
ငါရှိနေတယ် ချစ်သူ။

မှန်ထဲကလူက အရင်ကတည်းက
ငါသိခဲ့တဲ့ လူပါပဲ။

အခုတော့လေ...
သူ့အပြုံးတွေ ရည်ဝေနေရဲ့...

သူ့ အမူအရာတွေက
နာကျင်နေလေရဲ့...

သူ့ မျက်လုံးတွေက
နုံးချိနေလေရဲ့...

သူ့အကြောင်း ကောင်းကောင်း သိပေမယ့်
ဘာဖြစ်ခဲ့တယ်ဆိုတာတော့
မမေးပါရစေနဲ့တော့နော်...

အသံမဲ့ သူ့နှုတ်ခမ်းတွေမှာ
နာကျင်စရာတွေကို ပိတ်သိမ်းရင်း
လူတစ်ယောက်ကို ပြုံးပြဖို့အတွက်
သူ..
ခက်ခက်ခဲခဲ လေ့ကျင့်နေရတယ်တဲ့...။

သူ... ရိုးသားစွာ
ကြိုးစားနေတာကိုတော့
မှန်ကွဲလေး သိမှာပါ။

(ကွန်ဆူးမား)(၂၀-၉-၂၀၁၄)

သူများမှန်ကွဲလေးအား ယူရေးပါသည်။

No comments:

Post a Comment