Wednesday, September 17, 2014

"အကြံကောင်း"

ကားပါ့ကင်မှာ ရပ်ထားတုန်း ကားမှန်ကို ခွဲပြီး ကားကက်ဆက်ကို ခဏခဏ အခိုးခံ နေရတယ်။
ဒါနဲ့ ကားကက်ဆက် မတပ်ဘဲထားလိုက်တယ်။ မရဘူး...
ဒါလည်း ကားမှန်က ခွဲခံရတုန်း။
သူခိုးက ကက်ဆက်ပါမလားလို့ ကားမှန်ကို ခွဲပြီးရှာတာကိုး။

ဒီတခါကားရပ်ခဲ့တော့ စာရွက်မှာ စာတစ်ကြောင်းရေးပြီး ကားမှာကပ်ထားလိုက်တယ်... ...

"ကက်ဆက်တပ်မထားဘူး... ပုံ ပိုင်ရှင်"... လို့။
ကဲ.. အကြံမပိုင်ဘူးလား။

ကားကိုရပ်ထားခဲ့ပြီး အေးဆေးပဲ ဈေးဝယ်နေလိုက်တယ်။
ဈေးဝယ်ပြီး ပြန်လာတော့ ကားမှန်က ကွဲလျက်ပဲ...
တောက်ကျိုးနည်း!
"ကက်ဆက်တပ်မထားဘူး... ပုံ ပိုင်ရှင်" ဆိုတဲ့ ကိုယ့်စာအောက်မှာ စာတစ်ကြောင်း ဖြည့်ရေးသွားတယ်... ...
"ဟာ ဟုတ်တယ်ဟ... ပုံ သူခိုး"... တဲ့။
အေးတာပဲ။
သန်၎ကို - ရမ်းဘာသာပြန်သည်။

No comments:

Post a Comment