ယောက္ခမလောင်းကြီးနဲ့ ချစ်သူလေးက မွေးနေ့တူတယ်။
ကျနော်ကလည်း ခရီးလွန်နေတော့... ...
အဝေးကနေပဲ နှစ်ယောက်လုံးအတွက် မွေးနေ့လက်ဆောင် ဝယ်ပို့လိုက်တယ်။
ချစ်သူအတွက်က နာမည်ကျော် ပြင်သစ်ရေမွေး။
ယောက္ခမကြီးအတွက်က လိုင်စင်နဲ့ကိုင်တဲ့ ပစ္စတိုတစ်လက်၊
သေနတ်က သားအမိ နှစ်ယောက်ထဲနေတော့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင်လို့ပေါ့။
ပြီးတော့ လက်ဆောင်တွေပေါ်မှာ အမှတ်တရ စာလေးတွေရေးပြီး ပို့လိုက်တယ်။
ချစ်သူလေးရဲ့ ရေမွေးလက်ဆောင်ပေါ်မှာက ..."စိတ်လက် မအီမသာဖြစ်နေရင် ဒါလေးကို ရင်ညွန့်မှာ တစ်ချက်ညှစ်လိုက်နော်"
ယောက္ခမကြီးအတွက် လက်ဆောင်ပေါ်မှာတော့..."လူဆိုးသူခိုးတွေအတွက်"
ပြသနာက...
နမော်နမဲ့နဲ့ စာခြင်းမှားကပ်မိတယ်။
စေ့စပ်ထားတာလည်း ပျက်ရော
အေးတာပဲ
သန်၎ကို - ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

No comments:
Post a Comment