Friday, September 5, 2014

အပျိုကြီး


ကျော်တတ်သွားတဲ့ ကားတွေက
ချောက်ထဲကို တစ်စီးပီး တစ်စီး
တိုးလာတဲ့ အသက်က
သူ့အလှကို မဖြိုချနိုင်ဘူး
ရင့်လာတာမဟုတ်ဘူး
မှည့်ဝင်းလာတာ ....


CNG ခေတ်ဆိုပေမယ့်
ဟိုင်းဝေးကျ ဒီဇယ်လေးပဲ အဆင်ပြေပါတယ်
ဒေါင်းဆိုတာ အရွယ်ရင့်လေ လှလေပဲ
အဲဒီရွှေသမင်မ လေးက
မုဆိုးတိုင်းရဲ့ ကျော့ကွင်းကလွတ်လာတာ
ဘော်ဒီက အလန်းကြီးပါ
ပိုင်ရှင်က တင်းခံလွန်းလို့ ရောင်းမထွက်တာ

အပျိုကြီး
ဘယ်သူမှ မခုးရဲတဲ့ ပန်းတစ်ပွင့်
ရင့်ကျက်တဲ့အလှစစ်စစ် ပန်းချီကားတစ်ချပ်
မျှားတိုင်းမရတဲ့ ရွှေငါးလေး
request တိုင်းလက်မခံတဲ့ acc
ပါးကွက်လေးတွေကို ရေမချိုး မခြင်းမပျက်ပဲရှိနိုင်တဲ့ မိန်းကလေး
အပျိုကြီးဆိုတာ....

ရှေးဟောင်း ပုရပိုဒ်လို
နက်နက်နဲနဲအတွေးအခေါ်တွေနဲ့
ဗင်းဆင့်ဗန်ဂို ပန်းချီကားတစ်ချပ်လို
တစ်ခါကြည့်တိုင်း
ကောက်ကြောင်းတွေက
တစ်မျိုးဆန်းသစ်လှနေတာ....
.
credit Ulay Kyi

No comments:

Post a Comment