သစ်ထူးလွင် |
- ဗကသအဖွဲ့ဝင် ကျောင်းသားကျောင်းသူ ၃ ဦး တရားစွဲခံရ
- ဘီကီနီမှတ်ချက်ပေးစကားကို ထိုင်းဝန်ကြီးချုပ် ပြန်လည်တောင်းပန်
- တရုတ်က အိန္ဒိယမှာ ဒေါ်လာ ဘီလျံ ၂၀ မြှုပ်နှံမယ်
- သျှမ်း/မြောက်က မူးယစ်ဆေးရောင်း ဝယ်သည့်နေရာကို လက်နက်ကိုင် အဖွဲ့တဖွဲ့မှ ဝင်ရှင်း
- တရားမ၀င်လက်နက်မှုဖြင့် လူပေါင်း ၁၅၀ ကျော် ဖမ်းဆီးအရေးယူ
- မြ၀တီတွင် ဗုံးဆက်တိုက် တွေ့ရှိမှုကြောင့် ထိုင်းဘက်ခြမ်းတွင် လုံခြုံရေးတိုးမြှင့်
- တရားခွင်အတွင်း ဓားထိုးမှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပြီး တရားရုံး လုံခြုံရေး တိုးမြှင့်သွားမည်
- ယာဉ် (၂)စီး မျက်နှာခြင်းဆိုင် တိုက်မိပြီး စက်ဘီးစီး လာသူ ကျောင်းသူ (၂)ဦးအား ဆက်လက်တိုက်မိရာ တဦးသေဆုံး
- သရုပ်ဆောင်ရဲတိုက် ပုဒ်မ ၂၉၅၊ ၂၉၅-က တို့ဖြင့် ထောင်ဒဏ် ၁နှစ်ချမှတ်ခံရ
- စစ်အာဏာရှင်စရိုက် ပျောက်အောင် ဘာလုပ်ကြမလဲ
- စစ်အာဏာသိမ်း ၂၆ နှစ်ပြည့်
- အစိုးရတပ်နဲ့ ကရင် ငြိမ်းချမ်းရေးအဖွဲ့တွေ အကြား အခြေအနေ တင်းမာ
- ကရင်ပြည်အတွင်း သွားလာမှုမလုပ်ဖို့ မြန်မာတပ်ကို ကရင်သတိပေးထား
- ကျောင်းသားသမဂ္ဂ၀င် မဖြူနှင်းထွေး ဖမ်းဆီးခံရမှု လူ့အခွင့်အရေး အဖွဲ့ ဝေဖန်
- သြစတြေးလျမှာ အကြမ်းဖက်မှု တားဆီးရေး စစ်ဆင်
- အီရတ်ကို မြေပြင်တပ်မလွှတ်ဘူးလို့ သမ္မတပြော
- ဆီးရီးယားသူပုန်ကို စစ်ရေးကူဖို့ အမေရိကန်လွှတ်တော် သဘောတူ
- ယူကရိန်းစစ်ရေးတပ်လှန့်
- နိုင်ဂျီးရီးယား ခရစ်ယာန်ဘုရားကျောင်းပြိုကျမှု လူ ၆၀ ကျော် သေဆုံး၊ လူများ ပိတ်မိနေဆဲ
- သံလွင်အထက်ပိုင်း မိုင်းတုံမှာ အကြီးဆုံး ရေကာတာကြီး ဆောက်မည်
- သတ်မှတ် ခွင့်ပြုထားသည့် မော်ဒယ်လ်ထက် နိမ့်သော မော်တော်ယာဉ် များကို တင်သွင်းပါက ယာဉ်ကို သိမ်းဆည်းသည်အထိ အရေးယူသွားမည်
- ပြည်ပမှ လာရောက် ဖွင့်လှစ်သည့် စားသောက်ဆိုင် များကြောင့် ပြည်တွင်း စားသောက်ဆိုင်ကြီးများ အခက်ကြုံ
- ARTRAKER အနုပညာ ပထမဆု ကိုဆန်းဇော်ထွေး ရရှိ
- တရုတ် ယောက်ျားနှင့် ပေးစားရန် တည်းခိုခန်း၌ ခေတ္တထားစဉ် အမျိုးသမီး တစ်ဦး ထွက်ပြေး လွတ်မြောက်လာ
- ကျောင်းဝရံတာမှ ပြုတ်ကျ၍ လက်ကျိုးသွားသည့် ရှစ်တန်းကျောင်းသား ကျောက်ဖြူ ဆေးရုံတွင် ဆေးကုသနေ
Posted: 18 Sep 2014 06:16 AM PDT
ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကျောင်းသား ကျောင်းသူ ၃
ဦး ဟာ ပုဒ်မ ၁၈ အပါအ၀င် စွဲချက်တွေနဲ့ တရားစွဲဆို ခံနေရပါတယ်။
ဗကသ အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်နဲ့ ကိုရဲရင့်ကျော်တို့ကို
ပြည်မြို့ အမျိုးသား ပညာရေး ဥပဒေကို ဆန္ဒပြတဲ့အတွက် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားသလို
ပြည်ခရိုင် သဲကုန်းအောင်ကုန်းရွာ ထွန်တုံး သပိတ်စခန်းမှာ
|
Posted: 18 Sep 2014 06:13 AM PDT
ဘီကီနီဝတ်၍
စွဲဆောင်မှု ရှိနေသော နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့်
ပိုမို၍ အကြမ်းဖက် ခံရဖွယ်ရှိကြောင်း မှတ်ချက်ပေး ပြောဆိုမိသည့် အပေါ်
ထိုင်းဝန်ကြီးချုပ် ဖရာယုချန်အိုချာက ပြန်လည် တောင်းပန်လိုက်ကြောင်း
သိရသည်။
ခိုတောင်းကျွန်း ကမ်းခြေတွင် အားလပ်ရက်အပန်းဖြေ ခရီးထွက်လာသော
ဗြိတိန်နှစ်ဦး အသတ်ခံရပြီးနောက် ရက်ပိုင်းအကြာတွင် ၀န်ကြီးချုပ်၏
မှတ်ချက်ပေးစကား ပေါ်ထွက်လာခြင်းဖြစ်သည်။
အဆိုပါ
|
Posted: 18 Sep 2014 06:10 AM PDT
တရုတ်နဲ့
အိန္ဒိယ တို့ကြား သမိုင်းဝင် စီးပွားရေး သဘောတူညီချက် တွေကို တရုတ် သမ္မတ
ရှီကျင်းပင်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ တို့က ကြေညာလိုက်ပါတယ်။
အဲဒီ သဘောတူညီချက် တွေအရ တရုတ်တို့က လာမယ့် ၅ နှစ်အတွင်း အိန္ဒိယမှာ ဒေါ်လာ
ဘီလျံ ၂၀ ရင်းနှီး မြှုပ်နှံသွားမှာ ဖြစ်ပြီး အဲဒီ အစီအစဉ်တွေထဲမှာ
တရုတ်တို့က စက်မှုဇုန် ၂ခု တည်ဆောက်ပေးမယ့် အစီအစဉ်လည်း ပါဝင် ပါတယ်။
အခု ကြေညာချက်ဟာ တရုတ် သမ္မတ ရှီကျင်ပင်းရဲ့
|
Posted: 18 Sep 2014 06:01 AM PDT
စက်တင်ဘာလ
၁၈ ရက် ၂၀၁၄
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ
နေသည့် နေရာကို အမည်မ သိ လက်နက်ကိုင် အဖွဲ့တဖွဲ့က ဝင်ရောက်ရှင်းလင်းရာ
ခုခံတိုက်ခိုက်မှုများ ကြောင့် သေဆုံးမှုများ ရှိခဲ့ ကြောင်း ဒေသတွင်း
သတင်းအရ သိရှိရသည်။
စက်တင်ဘာလ ၁၇ ရက် နံနက် ၁ နာရီခန့် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က
မူစယ်မြို့ စွန်စော်ရပ်ကွက်နှင့် ဝိန်းနန်းကျေးရွာကြားရှိ
လယ်ကွင်းများအတွင်း
|
Posted: 18 Sep 2014 03:29 AM PDT
မြန်မာနိုင်ငံမှာ
အခုနှစ်ပိုင်းတွေအတွင်း လူပေါင်း ၁၅၀ ကျော်ကို တရားမ၀င်
လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူ ခဲ့တယ်လို့ ပြန်ကြားရေးဌာန သတင်းစဉ်
ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၁၄ ခုနှစ်ဆန်း ဇန်န၀ါရီလကနေ သြဂုတ်လကုန်အထိ တရားမ၀င်လိုင်စင်မဲ့
ကိုင်ဆောင်တဲ့ လက်နက်ဖမ်းဆီးရမိမှုပေါင်း ၄၅ မှု ရှိပြီး တရားခံ ၅၄ ဦးကို
လက်ပစ်ဗုံး၊ ဗုံးသီးတွေ အပါအ၀င် လက်နက်မျိုးစုံ ၆၀ ကျော် ကျည်ဆန်အတောင့်
၂၇၀၀ ကျော်နဲ့
|
Posted: 18 Sep 2014 03:26 AM PDT
ထိုင်း-မြန်မာနယ်စပ်
မြဝတီဘက်မှာ ဗုံးတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက် တွေ့နေတာကြောင့်
ထိုင်းဘက်မှာလည်း လုံခြုံရေး တိုးမြှင့်ချထားပါတယ်။
အခု ရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်စပ် မြဝတီဘက်ချမ်းမှာ ဗုံးတွေ
မကြာခဏ တွေ့ရှိနေတာကြောင့် ထိုင်းဘက်မှာလည်း စက်တင်ဘာ ၁၇ ရက်နေ့ ညကစပြီး
လုံခြုံရေး အင်အားတိုးမြှင့်ချထားပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့က မြ၀တီမြို့ စီးပွားရေးဘဏ်အနီးတွင် တွေ့ရသည့်
ချိန်ကိုက်ဗုံး
|
Posted: 18 Sep 2014 03:21 AM PDT
စက်တင်ဘာ
၁၈
မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် တရားရုံး တရားခွင်အတွင်း ဓားထိုးမှု
ဖြစ်ပွားပြီး နောက် တရားရုံးများ၏ လုံခြုံရေးကို ရဲတပ်ဖွဲ့နှင့်
ညှိနှိုင်းပြီး တိုးမြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း
ဒေသကြီး တရားရေး ဦးစီးဋ္ဌာန ညွှန်ကြားရေးမှုး ဦးကျင်တင် က အတည်ပြုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က ကျောက်ဆည်မြို့နယ် တရားရုံး
တရားခွင်အတွင်း နာကျင်စေမှုတစ်ခု ကိုစစ်ဆေးရာ တရားခံက
|
Posted: 18 Sep 2014 03:12 AM PDT
ပဲခူးတိုင်းဒေသကြီး၊
ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမတိုက်နယ်ရှိ မိုင်တိုင်အမှတ်
၁၅၄/၆နှင့် ၁၅၄/၇ အကြားတွင် ၁၇ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင်
ပြည်မှရန်ကုန်ဘက်သို့ ယာဉ်မောင်း ကိုအောင်မောင်း မောင်းနှင်လာသော 2A-8817
ဟိုင်းလတ်ကား အဖြူရောင် ပြည်-ကြို့ပင်ကောက် ခရီးသည်တင် ကားနှင့်
ရန်ကုန်မှပြည်ဘက်သို့ ယာဉ်မောင်း ဦးဝင်းမော် မောင်းနှင်လာသော YGN-AD 5367
စလွန်းကား အဖြူရောင်တို့သည်
|
Posted: 18 Sep 2014 03:10 AM PDT
ရုပ်ရှင်သရုပ်ဆောင်
ရဲတိုက်(ခ) လင်းထွန်းဦးကို လူတစု ကိုးကွယ်ယုံကြည်မှုကို စော်ကား
နှောင့်ယှက်လိုသော စိတ်ဖြင့် ကိုယ်တိုင်ကျုးလွန်သော ပုဒ်မ (၂၉၅) (၂၉၅-က)
တို့နှင့် ထောင်ဒဏ်တပေါင်းတည်း ၁နှစ် ဗိုလ်တထောင်တရားရုံးက စက်တင်ဘာ
၁၈ရက်(ယနေ့)တွင် ချမှတ်လိုက်ကြောင်း သိရသည်။
ရဲတိုက်သည် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့် ကနဦးက ထောင်ဒဏ် ၆
နှစ်ချမှတ်ခံရပြီး အယူခံ ၀င်ပြီးနောက် ထောင်ဒဏ် ၅ နှစ်
ပြောင်းလဲသတ်မှတ်ခဲ့ရာ
|
Posted: 18 Sep 2014 03:00 AM PDT
လွန်ခဲ့တဲ့
၂၆ နှစ် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာ သိမ်းခဲ့ပြီး
တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ ၂၃ နှစ်ကြာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀
ခုနှစ်မှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်အများစုနဲ့ပဲ
အရပ်သားအစိုးရဆိုပြီး ဆက်လက်အုပ်ချုပ်နေခဲ့တာ ဒီနေ့ချိန်ထိ ဖြစ်ပါတယ်။
ဒီနေ့ချိန်ထိလည်း စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေ တွေ့မြင်နေရတုန်း၊
စစ်အာဏာရှင်အငွေ့အသက်တွေ လွှမ်းခြုံထားတုန်း ဖြစ်ပါတယ်။
|
Posted: 18 Sep 2014 02:57 AM PDT
ဒီမိုကရေစီရရှိရေး
တောင်းဆို တိုက်ပွဲဝင်ခဲ့ ကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေကို
စစ်အစိုးရက ပစ်ခတ်နှိမ်နင်းပြီး အာဏာသိမ်း ယူခဲ့တာ အခုဆိုရင် ၂၆
နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်ပါတယ်။
၈၈ ဒီမိုကရေစီအရေးတော်ပုံအစက ၁၉၈၇ ခုနှစ်က ငွေစက္ကူတွေကို ပြည်သူပိုင်
သိမ်းဆည်းလိုက်ရာကနှေ ပြည်သူလူထု ဆင်းရဲကျပ်တည်းမှု အမျိုးမျိုးအဖုံဖုံ
ကြုံတွေ့ခဲ့ရာကနေ စတင်ခဲ့တာပါ။
ဒီနောက် ၁၉၈၈ ခုနှစ် မတ်လမှာ ဖြစ်ပွားခဲ့တဲ့
|
Posted: 17 Sep 2014 08:20 PM PDT
အခုရက်ပိုင်းမှာ
ကရင်ပြည်နယ် မြဝတီမြို့မှာ အချိန်ကိုက် မိုင်းထောင်မှုတွေ ဆက်တိုက်
ဖြစ်လာနေတဲ့ အချိန်မှာ အစိုးရ စစ်တပ်က ငြိမ်းချမ်းရေး အဖွဲ့တွေကို
ယူနီဖေါင်းနဲ့ လက်နက်ကိုင် သွားလာတာ မလုပ်ဖို့ သတိပေး တားမြစ်လိုက်တာကို
ကရင်ပြည်နယ်တွင်းမှာ ရှိတဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေက လက်မခံကြပဲ
တင်းမာမှုတွေ ဖြစ်လာနေပါတယ်။
နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်နဲ့ မဲဆောက်ကို သွားတဲ့
မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေက
|
Posted: 17 Sep 2014 08:17 PM PDT
ကရင်ပြည်နယ်အတွင်း
မြန်မာ စစ်တပ်တွေ အရေးမကြီးရင် အသွားအလာ မလုပ်ဖို့ ကရင်အမျိုးသား
လွတ်မြောက်ရေး တပ်က ထုတ်ပြန် ကြေညာချက် တစ်စောင်မှာ ဖော်ပြ လိုက်ပါတယ်။
ကရင်ပြည်နယ်ထဲ မြန်မာ စစ်တပ်သားတွေ ယူနီဖောင်း ဝတ်စုံတွေအပြင်
စစ်လက်နက်တွေနဲ့ သွားလာတာတွေက ပြည်သူတွေကို ထိပ်လန့်စေတဲ့ အတွက်
အသွားအလာ မလုပ်ကြဖို့ ပါရှိပါတယ်။
အရေးကြီးကိစ္စနဲ့ သွားလာရမယ်ဆိုရင်လည်း သက်ဆိုင်ရာ ရုံးတွေ၊ ဗျူဟာမှူး
|
Posted: 17 Sep 2014 08:13 PM PDT
အခုနှစ်အစောပိုင်းတုန်းက
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တရုတ်ဝန်ထမ်း နှစ်ဦးကို ပြန်ပေး
ဆွဲတယ်ဆိုတဲ့ အမှုနဲ့ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ဖြူနှင်းထွေးကို
အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာကြောင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေရော
ဒေသခံတွေပါ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေပါတယ်။
AHRC အာရှလူ့အခွင့်အရေး ကော်မရှင်ကတော့ ဒါကို ကန့်ကွက်လိုက်ပြီး၊
ဒေသခံတွေအရေး ကျောင်းသားတွေက ၀င်ရောက်ကူညီတာကို အာဏာပိုင်တွေက
|
Posted: 17 Sep 2014 07:51 PM PDT
သြစတြေးလျနိုင်ငံမှာ
အကြမ်းဖက်မှု တိုက်ဖျက် ရေး အကြီးမားဆုံး လှုပ်ရှားမှု တခုအဖြစ် လက်နက်တွေ
အပြည့် ကိုင်ဆောင် ထားတဲ့ ရဲတွေက နေအိမ်တွေကို စီးနင်း ရှာဖွေခဲ့ ကြပါတယ်။
အကြမ်းဖက်ခံ ရနိုင်တဲ့ သတိပေးချက်ကို အာဏာပိုင် တွေက အဆင့် တိုးမြှင့်
ပြဌာန်းခဲ့အပြီး ရက်ပိုင်း အကြာမှာပဲ ဆစ်ဒနီမြို့နဲ့ ဘရစ်စ်ဘန်းမြို့
တွေမှာ အခုလို စီးနင်း ရှာဖွေမှုတွေ လုပ်ခဲ့တာပါ။
ဆီးရီးယား ဒါမှမဟုတ် အီရတ်မှာ တိုက်ခိုက်ခဲ့ကြအပြီး
|
Posted: 17 Sep 2014 07:49 PM PDT
အမေရိကန်
သမ္မတ အိုဘားမား က အိုင်အက်စ် အစ္စလာမ္မစ် အဖွဲ့ ကို နှိမ်နင်း ရာ မှာ အီရတ်
နိုင်ငံတွင်း မှာ မြေပြင် တိုက်ပွဲ ကို ဆင်နွှဲ မှာ မဟုတ်ဘူး ဆိုတဲ့
အကြောင်း၊ ဖလော်ရီဒါ လေကြောင်း အခြေစိုက် စခန်းမှာ ပြောတာ ကို ဝါရှင်တန် မှ
ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်အာရှာ က သတင်းပို့ လိုက်ပါတယ်။
စောစော ပိုင်းတုန်း က အမေရိကန် စစ်ဘက်ဆိုင်ရာ ထိပ်တန်း ဗိုလ်ချုပ်ကြီး
တွေနဲ့ တွေ့စဉ် က၊ စစ်တပ်ဘက် က သိလိုတာ က တကယ် လို့
|
Posted: 17 Sep 2014 07:47 PM PDT
အမေရိကန်အနေနဲ့
ဆီးရီးယားမှာရှိတဲ့ သဘောပျော့ပြောင်းတဲ့ သူပုန်တွေကို သင်တန်းပေးပြီး
လက်နက် ထောက်ပံ့ဖို့ ရီပတ်ပလစ်ကန် လွှမ်းမိုးတဲ့ အမေရိကန် အောက်လွှတ်တော်မှာ
မဲခွဲ အတည်ပြု လိုက်ကြ ပါတယ်။
သဘောထား ပျော့ပြောင်းတဲ့ ဆီးရီးယား သူပုန်တွေကို အကူအညီပေးရေး ဒီအဆိုကို
မနေ့ ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော်မှာ မဲခွဲခဲ့တာဖြစ်ပြီး၊ ထောက်ခံမဲ ၂၇၃ မဲ၊
ကန့်ကွက်မဲ ၁၅၆ မဲနဲ့ အတည်ဖြစ်ခဲ့တာပါ။ ဒီမိုကရက်တွေ လွှမ်းမိုးထားတဲ့
|
Posted: 17 Sep 2014 07:41 PM PDT
ရုရှားနယ်စပ်အနီးမှာ
ယူကရိန်းတပ်တွေကို တိုက်ပွဲဝင် အသင့်အနေအထား ဆက်ရှိနေဖို့ဆိုပြီး
ယူကရိန်းက အမိန့်ထုတ်ထားပါတယ်။ နယ်စပ်အနီး ရုရှားလိုလားတဲ့
ခွဲထွက်ရေးသူပုန်တွေနဲ့ ဖြစ်တာကြောင့် အပစ်အခတ်ရပ်စဲရေးလည်း ပျက်ပြယ်ပြီး
လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တဲ့နောက် အခုလို တပ်လှန့်ခဲ့တာပါ။
သူပုန်တွေ ထိန်းချုပ်ထားရာ Donetsk ဒေသမှာ လူနေရပ်ကွက်ကို
ဒုံးကျည်ထိမှန်ပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ခွဲထွက်ရေးသူပုန်တွေဘက်ကေ
|
Posted: 17 Sep 2014 07:35 PM PDT
နိုင်ဂျီးရီးယားနိုင်ငံ
လာဂို့စ်မြို့က ပဲန်တေကို့စတယ်လ် ခရစ်ယာန် ဘုရားကျောင်းကို ပြီးခဲ့တဲ့
စက်တင်ဘာ ၁၂ ရက်နေ့က တောင်အာဖရိကနိုင်ငံသား ၃၀၀ လောက် လည်ပတ်နေတုန်း
ကျောင်းဝင်းထဲက ဆောက်လုပ်ဆဲ အဆောက်အဦ ပြိုကျခဲ့လို့ လူအယောက် ၆၀ ကျော်
သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် အတိအကျကို ခုထိ မသိရသေးပါဘူး။
ကြီးမားတဲ့ အဆောက်အဦရဲ့ အထပ်တွေအောက်မှာ လူတွေ အများကြီး ပိတ်မိနေဆဲပါ။
ဧည့်သည်တွေ တည်းခိုရာ
|
Posted: 17 Sep 2014 07:32 PM PDT
စက်တပ်ဆင်အား
မဂ္ဂ၀ပ် ၇ ထောင် ရှိပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ သန်းပေါင်း
၃ သောင်းခွဲ ထွက်ရှိမယ့် အထက်သံလွင် မိုင်းတုံ ရေအားလျှပ်စစ်
စီမံကိန်းကြီးကို တရုတ်နိုင်ငံ Three Gorges ကော်ပိုရေးရှင်းနဲ့ ပြည်တွင်းက
IGE ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့် ပေးထားတယ်လို့
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမော်သာထွေးက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ
|
Posted: 17 Sep 2014 07:19 PM PDT
ရန်ကုန်
၊ ၁၈-၉-၂၀၁၄
ပြည်ပ နိုင်ငံများမှ မော်တော်ယာဉ် တင်သွင်းသူများ အနေဖြင့် သက်ဆိုင်ရာ
ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားသည့် မော်ဒယ်လ် အမျိုးအစား ထက် နိမ့်သည့်
မော်တော်ယာဉ်များ အပါအဝင် သတ်မှတ် ထားသည့် စည်းကမ်းချက် များအတိုင်း
မတင်သွင်း ပါက အဆိုပါ ယာဉ်များကို သိမ်းဆည်း သည်အထိ အရေးယူ သွားမည်
ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ မှစတင်ကာ မော်တော်ယာဉ် တင်သွင်းရာ၌ သတ်မှတ် ထားသည့်
မော်ဒယ်လ်ထက် နိမ့်သည့်
|
Posted: 17 Sep 2014 07:23 PM PDT
ရန်ကုန်
၊ ၁၈-၉-၂၀၁၄
မြန်မာနိုင်ငံ၌ စားသောက်ဆိုင် အများအပြား ရှိနေသော်လည်း ပြည်ပမှ လာရောက်
ဖွင့်လှစ်သော စားသောက်ဆိုင် များ၏ ဈေးကွက်ကို ယှဉ်ပြိုင်နိုင်ရန်
အခက်အခဲများ ရှိနေကြောင်း သိရသည်။
ပြည်ပမှ ဝင်ရောက် လာသော စားသောက်ဆိုင် လုပ်ငန်းများမှာ သန့်ရှင်း
သပ်ရပ်သည့် အပြင်အဆင်၊ ကောင်းမွန်သော ဝန်ဆောင်မှု များဖြင့် ပေါင်းစပ်
ထားသောကြောင့် ရန်ကုန်မြို့၏ စားသောက်ဆိုင် များတွင် ယခင်နှင့်မတူသော
|
Posted: 17 Sep 2014 05:12 PM PDT
လန်ဒန်မြို့တော်
မှာ မနေ့ က ကျင်းပတဲ့ 2014 ARTRAKER နိုင်ငံတကာ ပန်းချီ အနုပညာ
ပြိုင်ပွဲမှာ မြန်မာနိုင်ငံ မှ ပန်းချီပညာရှင် ကိုဆန်းဇော်ထွေး က
စွန့်ပစ်ပစ္စည်းတွေ ကို အနုပညာ မြောက်အောင် ပြန်လည် အသုံးချ ပြတဲ့ ပရောဂျက်
နဲ့ ပထမ ဆု ဆွတ်ခူး ခဲ့ ပါတယ်။ ဒီ ပြိုင်ပွဲ မှာ စကာတင် အနုပညာရှင် ၁၂
ယောက် အနက်၊ ကိုဆန်းဇော်ထွေး က ပထမ ဆု ရခဲ့တာပါ။
ဒီ ဆုချီးမြှင့်မှု ကို ARTRAKER အဖွဲ့ က နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့
|
Posted: 17 Sep 2014 05:07 PM PDT
မင်းဘူး
စက်တင်ဘာ ၁၇
မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ မှ အသက်(၂၀) အရွယ် အမျိုးသမီး တစ်ဦးအား
ပြင်ဦးလွင်မြို့ တွင် အိမ်ဖော် အလုပ်လုပ် ရမည်ဟု လိမ်လည်ပြောဆို
ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံ ရွှေလီမြို့ သို့ ပို့ ဆောင်ကာ
တရုတ်ယောက်ျားထံ ရောင်းစားရန် ဆောင်ရွက် ကြသော ဇော်ဦးပါ လေးဦးတို့ အား
ယခုလ ၁၄ ရက်တွင် မူဆယ်မြို့ မ ရဲစခန်းက လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူ
ထားကြောင်း သိရသည်။
မင်းဘူးမြို့ မှ အသက်(၂၀
|
Posted: 17 Sep 2014 03:24 PM PDT
ကျောင်းဝရံတာမှ
ပြုတ်ကျ၍ လက်ကျိုးသွားသည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှ
အလယ်တန်းကျောင်းသား မောင်ထွန်းလင်းအား ကျောက်ဖြူ ခရိုင်ဆေးရုံသို့
ပို့ဆောင်ခဲ့ရာ အရိုးအထူးကု ဆရာဝန် မရှိသဖြင့် စစ်တွေဆေးရုံသို့ ထပ်မံ
ပို့ဆောင်ခဲ့ရသည်ဆိုသော လူမူကွန်ယက် စာမျက်နာများပေါ်တွင် ရေးသားနေကြသော
သတင်းမှာ မဟုတ်မှန်ကြောင်း ကျောက်ဖြူ ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးက
ငြင်းဆိုလိုက်သည်။
“ ဒီသတင်း မဟုတ်မှန်ပါဘူး။ ေ
|
No comments:
Post a Comment