တစ်ခါက....
ငါ မြတ်နိုးခဲ့တဲ့ တစ်ရက်
ရင်မှာ တစ်သက်လုံး သိမ်းထားတယ်။
မေ့ဖို့ခက်လို့ မဟုတ်ပါဘူး။
ဖြစ်ပျက်ခဲ့သမျှတွေက
သိပ်လည်း မထူးခဲ့ပါဘူး...
သူသူကိုယ်ကိုယ်
ဘယ်လိုလူဖြစ်ဖြစ်
တစ်သက်မှာ တစ်ခါတော့
ကြားချင်တဲ့ သူဆီက
`` ချစ်တယ် ´´ ဆိုတဲ့ စကားလေး
ကြားခဲ့ရ တတ်တယ်လေ..။
ဒါပေမယ့်ကွယ်....
ချစ်တယ်ဆိုတဲ့စကား
ကြားရတာခြင်း တူပေမယ့်
ခံစား တန်ဘိုးထားတတ်ခြင်းတွေက
ကွာခြားတတ်ကြတယ်လေ...။
ငြိမ့်ငြိမ့်လေး စီးဝင်လာတဲ့
အပျော်တွေရဲ့ ကြားမှာ
ကျေနပ်ခြင်းများနဲ့အတူ
ငါ မမေ့ခဲ့ဘူး ချစ်သူရေ...။
တစ်ခါ ပြန်တွေးမိတိုင်းမှာ
ငြိမ့်ငြောင်းသာယာစွာ
တစ်ခါ ကြည်နူးဆဲပါပဲ။
ရာသီတွေ ပြောင်းပေမယ့်
မဟောင်းသေးတဲ့ ခံစားချက်တွေက
လှပသစ်လွင် တကယ်ပါ...
မနေ့ကလိုပဲ ထင်မိတယ်။
အခြေအနေတွေအရ
ဒို့ ဝေးခဲ့ကြတာကို
ငါနားလည်တတ်ခဲ့ပေမယ့်
ဒဏ်ရာမဲ့နေတဲ့ ဒီစကား
နှလုံးသားကလား မသိ
ကြားနေမိသေးတာကို
နားလည်ပေးပါ.... ချစ်သူရေ။
(ကွန်ဆူးမား)(၂၀-၉-၂၀၁၄)
No comments:
Post a Comment