ပြည်ပရောက်နိုင်ငံသားများက ပြန်ပို့ငွေနှင့် တိုင်းပြည်၏ စီးပွားရေးတိုးတက်မှု ခင်မောင်ညို (ဘောဂဗေဒ)
-
ပြည်ပသို့သွားရောက်အလုပ်လုပ်ကြသော
နိုင်ငံသားများကပြန်ပို့သောငွေသည်ဆင်းရဲသောနိုင်ငံများကို ချမ်း
သာစေနိုင်ခြင်း ရှိ၊ မရှိ မေးစရာ ဖြစ်လာခဲ့သည်။
- နိုင်ငံတော်တော်များများ၌ပြည်ပသို့
သွားရောက်အလုပ်လုပ်ကိုင်သူများ က ပြန်ပို့သောငွေသည် အရေးပါသည်။
ယခင်နှစ်ကအိန္ဒိယတွင်နိုင်ငံခြား ကုမ္ပဏီများကလာ ရောက် ရင်းနှီးမြှပ်နှံမှုထက်
သုံးဆအထိ ကြီးမားသောဝင်ငွေကို ရရှိခဲ့သည်။
တာဂျစ်ကစ်စတန်၌ပြည်ပရောက်နိုင်ငံသားများက ပြန်ပို့သောငွေသည် တိုင်းပြည
ဝင်ငေ်၏ွ (၄၇)ရာခိုင်နှုန်းအထိရှိပြီး အလုပ်လုပ်နိုင်သော
တာဂျစ်ကစ်စတန်အမျိုးသား တစ်ဝက်ခန့်သည်
ပြည်ပတွင်သွားရောက်အလုပ် လုပ်ကိုင်နေကြသည်ဟု တွက်ဆသည်။ အလားတူပင်
ဆိုမာလီယားလူဦးရေ၏ (၄၀)ရာခိုင်နှုန်းသည်ထိုသို့ ဝင်နေပို့ငွေများအပေါ်၌
မှီခိုနေရပြီး အစားအစာနှင့် ဆေးဝါးများဝယ်ယူရန် လိုအပ်သောငွေ ကိုရရှိကြသည်။
ပြည်ပရောက်နိုင်ငံသားများပြန်ပို့သောဝင်ငွေသည်
ကြီးမားသော်လည်းစီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက် အကူဖြစ်မဖြစ်
သေချာခြင်းမရှိပေ။ ယခင်ကပြုလုပ်ခဲ့သောသုတေသနများအရဆိုလျှင်၎င်း၏ရလဒ်ကို
လေ့လာဖော်ထုတ်ရန် ခဲယဉ်းသည်။ မကြာမီက
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တွင်လေ့လာခဲ့သော စာတမ်းတစ်ရပ်အရ
ပုဂ္ဂလိကကဝင်ငွေလွှဲ ပြောင်းမှုများသည် စီးပွားရေးတိုးတက်မှုအတွက်အနည်းငယ်မျှသာ
အထောက်အကူဖြစ်စေကြောင်း သုံးသပ်ခဲ့ကြသည်။ အဓိကအားဖြင့်
ပြည်ပရောက်အလုပ်သမားများကပြန်ပို့သောဝင်ငွေများကြောင့်
ကြွယ်ဝချမ်းသာသွားသည့်နိုင်ငံဟူ၍ ပြစရာ
တစ်ခုမျှမရှိပေ။သိသိသာသာတိုးတက်သွားသည့် နိုင်ငံတစ်နိုင်ငံမျှမရှိပေ။
ထို့ကြောင့် မည်သည့်နိုင်ငံကမျှပြည်ပရောက် အလုပ်သမားများက
ပြန်ပို့သောငွေသည် စီးပွားရေးဖွံ့ဖြိုးမှုကို
သိသိသာသာအထောက်အကူဖြစ်စေသည်ဟုပြောဆိုနိုင်ခြင်း မရှိပေ။
ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်တစ်ခုအရ မကြာမီ
ပြည်ပရောက်အလုပ်သမားများပြန်ပို့သောငွေသည် ဒေါ်လာတစ် ထလီယံ၏
တစ်ဝက်ခန့်ဖြစ်သွားနိုင်သည်။ ထိုတိုးတက်မှုသည်
ကြီးမားသိသာသောတိုးတက်ပြောင်းလဲမှုဖြစ်သည်။ ၁၉၉၀ က ဒေါ်လာ
(၄၉)ဘီလီယံခန့်မျှသာရှိခဲ့ခြင်းဖြစ်သည်။
ထိုမျှလောက်ပြန်ပို့သည့်ငွေတွေများပြားလာပါလျှက် တိုင်းပြည်၏ ဂျီဒီပီကို
အဘယ်ကြောင့် သိသိသာသာတိုးတက်လာခြင်းမရှိသနည်း။ ကမ္ဘာ့ဘဏ်သုတေသီများက
ဖြစ်နိုင်သည့်အဖြေ သုံးခုကို ဖော်ပြသည်။
ပြည်ပရောက်အလုပ်သမားများ
ပြန်ပို့သည့်ငွေတိုးလာခြင်းမှာ တိုင်းတာပုံ၊ တိုင်းတာနည်း
လွဲမှားမှုဖြစ်နိုင်သည်ဟုယူဆစရာရှိသည်။ နိုင်ဂျီးရီးယားနိုင်ငံ၏ ဂျီဒီပီ
နေ့ချင်း၊ ညချင်း
(၈၉)ရာခိုင်နှုန်းတိုးလာခဲ့ခြင်းမှာဖွံ့ဖြိုးဆဲနိုင်ငံများတွင်
ဖြစ်လေ့ဖြစ်ထရှိသည့် စာရင်းအင်းစနစ်အားနည်းခြင်းကြောင့်ဖြစ်သည်။သုတေသီများက
မျှော်မှန်းထားသော ပြည်ပမှပြန်ပို့ငွေများနှင့် လူဝင်ထွက်သည့်ပုံစံ၊
ငွေလက်ခံရရှိသည့်နိုင်ငံများ၏ဝင်ငွေအဆင့်အတန်းတို့ကို နှိုင်းယှဉ်လေ့
လာကြည့်သည်။ ထို့နောက် မျှော်မှန်းထားသော
အလားအလာများနှင့်လက်တွေ့အခြေအနေများကို ချိန်ဆကြည့်သည်။ ထို သို့
ချိန်ဆသည့်အခါ မျှော်မှန်းချက်များနှင့်လက်တွေ့ရလဒ်များမှ
ကွာဟမှုကြီးမားသည်။ ၁၉၉၀နှင့် ၂၀၁၀ကြားကာလတွင် ဖွံ့
ဖြိုးဆဲနိုင်ငံများရရှိသောပြည်ပရောက်လုပ်သားများ ပြန်ပို့ငွေတိုးတက်မှုသည်
တိုင်းတာပုံ၊ တိုင်းတာနည်း ပြောင်းလဲခြင်းကြောင့် ဖြစ်သည်ဟု တွေ့ရသည်။
ဒုတိယအချက်အနေဖြင့်
စာရင်းအင်းဆိုင်ရာနည်းလမ်းများကစီးပွားရေးတိုးတက်မှုအပေါ် အထောက်အကူပြုမှု ကို
တိုင်းတာဖော်ထွက်နိုင်ခြင်းမရှိပေ။ အများအားဖြင့်တစ်နိုင်ငံနှင့်
တစ်နိုင်ငံအချိန်ကာလတစ်ခုအတွင်း ဖြစ်ပေါ်သည့် အပြောင်းအလဲများကို
နှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။လေ့လာနိုင်ခြင်းမရှိသည့် အကြောင်းတရားများကို
ပုံသေထားပြီး တွက်သည်။ ပြဿနာမှာ
ပြည်ပရောက်လုပ်သားများကပြန်ပို့သည့်ငွေနှင့် ပတ်သက်သော ကိန်းဂဏန်းများသည်
အလွန်နည်းပါးသည်။ ထိုငွေများက
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်အထောက်အကူဖြစ်သည်ကို နှိုင်းဆရန်ခဲယဉ်းသည်။
တစ်ဒေါ်လာပြန်ပို့ခြင်းကြောင့် တိုင်းပြည်၏ဂျီဒီပီကို
တစ်ဒေါ်လာပြန်တိုးစေသည်ဟု ဆိုလျှင်ပင် လက်တွေ့၌ ထိုတစ်ဒေါ်လာ၏
သုံးပုံတစ်ပုံမျှအကျိုးသက်ရောက်ကြောင်း ဖော်ပြနိုင်သည့် အထောက်အထား
စာရင်းအင်းမရှိပေ။
တတိယအချက်အနေဖြင့်
တိုင်းတာမှု၊ တိုင်းတာနည်းမှားယွင်းခြင်း၊စာရင်းအင်းနည်းလမ်းများ
မပြည့်စုံခြင်းတို့အပြင် အမှန်တကယ်တိုးတက်မှုအပေါ်
အကျိုးသက်ရောက်မှုမှာလည်းအလွန်တစ်ရာသေးငယ်ပုံရသည်။ လူအတော်များများ ထပ်မံ
ထွက်သွားခြင်းကြောင့်
ပြန်ပို့ငွေများတိုးလာမည်ဟုလည်းမဆိုနိုင်ပေ။လျော့သွားသည့်သာဓကများကို
တွေ့ရသည်။ တဖက်တွင် ငွေဝင်လာသော်လည်း
လူစွမ်းအားအရင်းအမြစ်များထွက်သွားခြင်းဖြစ်သည်။အကယ်၍
ပြည်ပသို့ထွက်သွားသောသူများ သည် ပြည်တွင်း၌ အလုပ်မလုပ်သောသူများဖြစ်နေလျှင်
ပြည်ပမှပြန်ပို့သောငွေများသည်အပြုသဘောအကျိုးသက်ရောက်မှု ဖြစ်နိုင်သည်။
သို့သော် ပြည်တွင်း၌လည်း
အလုပ်လုပ်သူများဖြစ်နေလျှင်ပြည်ပတွင်အလုပ်လုပ်ခြင်းကြောင့် ထူးခြားသော
အကျိုးသက်ရောက်မှုမရှိပေ။ ပြည်ပမှငွေများစီးလာခြင်းသည် တိုင်းပြည်၏ဝင်ငွေကို
တိုးပွားစေနိုင်သည်။ သို့သော်လည်း ဂျီဒီပီတွက်ရာ၌နိုင်ငံတစ်နိုင်ငံ၏
ထွက်ကုန်ကို တွက်ခြင်းဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်၏ ဂျီဒီပီတိုင်းတာရာ၌
ပြန်ပို့သော ငွေကို လက်ခံရရှိသူများက မည်သို့သုံးစွဲသနည်းအပေါ်၌
မူတည်နေသည်။
နိုင်ငံခြားရောက်
အလုပ်သမားများအနေဖြင့်မိမိ၏ငွေကိုပြန်ပို့စရာ နည်းလမ်းများစွာ ရှိသည်။
ဘဏ်များကို အသုံးပြု၍ ငွေလွှဲမည်ဆိုလျှင်ဥပဒေအကြောင်းအရ
တရားမဝင်ကိစ္စရပ်များရှိနေသဖြင့် အများအားဖြင့် ပြည်ပရောက်အလုပ်သမားများသည်
ငွေလွှဲသည့် Western Union ကဲ့သို့သော ဝန်ဆောင်မှုများကို အသုံးပြုကြသည်။
အာဖရိကသို့ငွေလွဲရာ၌(၁၂)ရာခိုင်နှုန်း မျှအထိ အခကြေးငွေပေးရသည်ကိုတွေ့ရသည်။
သုတေသီသုံးဦးက ပြန်လည်ပို့ငွေများသည်တိုင်းပြည်ဝင်ငွေတိုးတက်မှုထက်
နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုအပေါ် ထိရောက်သော အကျိုးသက်ရောက်မှုရှိသည်ဟုဆိုသည်။
တိုင်းပြည်၏ ဝင်ငွေတိုးတက်မှု၊ နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုထက်
အခြားအရာများအပေါ်၌ကြီးမားသောအကျိုးသက်ရောက်ရှိနေသည်ဟုဆိုသည်။
ထို့အပြင်ကမ္ဘာ့ဘဏ်၏
အဓိကဘောဂဗေဒပညာရှင်က အရင်းအနှီးစီးဝင်မှု နည်းသွားသည့်အခါ
ပြန်လည်ချိန်ဆသည့်အနေဖြင့်ဝင်နေပို့ငွေများက အရေးပါသည်ဟုဆိုသည်။
ပြည်ပမှပို့ငွေများသည်
လက်ခံရရှိသည့်နိုင်ငံ၏ငွေကြေးတန်ဖိုးလျော့နည်းသွားသည့်အခါ
အလိုအလျှောက်တည်ငြိမ်အောင် ဆောင်ရွက်ပေးသည့်ယန္တရားနှင့်တူသည်။ထို့ကြောင့်
သွင်းကုန်များတင်ပို့ရန် ဈေးကြီးစေပြီး
နိုင်ငံခြားရောက်အလုပ်သမားများအနေဖြင့်ငွေလွှဲရန် ပို၍စရိတ်သက်သာသည်ဟု
သုံးသပ်သည်။ သို့ဖြစ်ရာ စီးပွားရေး တိုးတက်မှုအပေါ်
ပြည်ပရောက်ဝင်ငွေများ၏အကျိုးသက်ရောက်မှုမှာသေးငယ်သော်လည်း
ထိုသို့ဝင်ငွေပြန်လွှဲရန် အကူ အညီပေးခြင်းအားဖြင့်
အဆိုပါဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်ကြီးမားသော အကျိုးသက်ရောက်မှုများ
ရရှိစေနိုင်သည်။
စာရင်းအင်းသဘောအရ
တိုင်းပြည်၏ဝင်ငွေကို တိုးပွားစေသည့်အပြင်
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုလည်းအထောက်အကူဖြစ်စေနိုင်ရန် အတွက်ဆိုလျှင်
ပြည်တွင်းရှိစက်မှုလုပ်ငန်းများ ပြည်တွင်းထွက်ကုန်များကိုအားပေးရန်လိုသည်။
ထိုသို့မဟုတ်ပဲ ပြည်ပမှ ရသောဝင်ငွေဖြင့်
ပြည်ပမှသွင်းကုန်များကိုအသုံးပြုမည်၊ ဝယ်ယူစားသုံးမည်ဆိုလျှင်
ပြည်တွင်းစီးပွားရေးအဆောက်အအုံ အတွက်
ထူးခြားမှုမရှိနိုင်ပေ။လက်ယာဘက်ကဝင်ပြီး လက်ဝဲဘက်ပြန်ထွက်သွားသည်နှင့်တူသည်။
ပြည်ပမှ ပို့ငွေများသည် နိုင်ငံကိုအမှန်တကယ်အကျိုးရှိစေရန်ဆိုလျှင်
ထိုငွေကြေး၏တန်ဖိုးသည် ပြည်ပသို့ထွက်မသွားဘဲ
ပြည်တွင်း၌ပင်ဆက်လက်ရှိနေရန်လိုအပ်သည်။
(Economist.com)
No comments:
Post a Comment