သစ်ထူးလွင် |
- ဟင်္သာတမြို့တွင် ဆိုင်ကယ်တိုက်မိသောကြောင့် တက္ကသိုလ်ကျောင်းသူတစ်ဦး သေဆုံး
- မော်ကျွန်းမြို့ ဘုရားကြီးကုန်းကျေးရွာမှ သုံးမြွှာပူးညီအမများ ကျန်းကျန်းမာမာရှိ
- အီဘိုလာ သံသယရှိသူတဦး မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ရှိ
- ဓမ္မစေတီခေါင်းလောင်းဟု ယူဆရသောအရာကိုတွေ့ရှိသဖြင့် တူးဖော်မှုများစတင်သော်လည်း ယနေ့လုပ်ငန်းစတင်နိုင်ခြင်းမရှိ
- တောင်တွင်းကြီးမြို့ ရေကြီး
- မြန်မာက မလေးရှားအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်
- ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ သံသယရှိ လူနာတစ်ဦး စစ်ဆေးတွေ့ရှိ
- အာဖရိကအနောက်နိုင်ငံမှ ပြန်လာသူတစ်ဦးတွင် အဖျားရောဂါတွေ့ရှိ
- နေ့စဉ်နှင့် အမျှ ယာဉ်တိုက်မှု နှင့် ယာဉ် မတော်တဆ မှုများ ရန်ကုန်မြို့ အနှံအပြားတွင် ဖြစ်ပေါ်လျှက်ရှိ
- နာမည်ကောင်းရ ထိုင်းရဲအရာရှိ မူးယစ်ဆေးမှောင်ခိုမှုနဲ့ ဖမ်းဆီးခံရ
- အမေရိကန်သတင်းထောက် ခေါင်းဖြတ်ခံရတဲ့ဗွီဒီယို စစ်မှန်မှု အမေရိကန်စုံစမ်း
- သတင်းစာဆရာ အသတ်ခံရတဲ့ အခွေ ဟုတ်မဟုတ်
- e visa နဲ့ မြန်မာပြည်ကို လာနိုင်ပြီ
- MH17 ပျက်ကျမှုတွင် သေဆုံး မလေးနိုင်ငံသားများကို စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်
- သွားဖြင့်မကိုက်တော့ဟု လူးဝစ်ဆွာရက် ကတိပြု
- မြန်မာအပေါ် ပစ်မှတ်ထား ဒဏ်ခတ်မှု ဆက်ထားခြင်းကြောင့် ရင်းနှီးမြုပ်နှံဖို့ ခက်ခဲ
- အစ္စရေးလ်နဲ့ Hamas အပစ်ရပ်ဆွေးနွေးပွဲ ပျက်သုဉ်း
- ဖားအံမြို့သီရိကွင်း၌ စွန့်ပစ်ခံရသည့် ကလေးငယ်တစ်ဦးကို တွေ့ရှိ
- ပါကစ္စတန်မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြမှု ပိုမို ပြင်းထန်လာ
- Missouri သေနတ်ပစ်သတ်ခံရမှု တရားမျှတစွာ အစိုးရစုံစမ်းစစ်ဆေးမည်
- မစ်ဇူရီမှာ လူမည်းတစ်ဦး ထပ်မံ သေဆုံး
- အမေရိကန်က လူမည်းတစ်ဦး ထပ်မံ ပစ်သတ်ခံရ
- ရှမ်းပြည်နယ်က အစိုးရတပ် ဖယ်ဖို့ ရွာသားတွေ တောင်းဆို
- စိတ်ကြွဆေး သယ်တဲ့ ထိုင်း ဒုရဲမှူးကြီးကို ဖမ်းမိ
- ပြည်တွင်းငြိမ်းချမ်းရေး NCCT နဲ့ ၈၈ မျိုးဆက်တွေ ဆွေးနွေး
Posted: 20 Aug 2014 07:12 AM PDT
ဟင်္သာတ၊
သြဂုတ် ၂၀။
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ တက္ကသိုလ်လမ်းမကြီး (ဗူးဘုရားအနီး)တွင်
(၁၉-၈-၂၀၁၄)နေ့၊ ညနေ ၄ နာရီအချိန်၌ လမ်းလျှောက်လာသော တက္ကသိုလ်ကျောင်းသူ
သုံးဦးအား သုံးပင်ကွင်း ရပ်ကွက်တွင် နေထိုင်သော မောင်ဇာနည်ငြိမ်းချမ်း(ခ)
ဇာနည်အောင် အသက် (၂၃)နှစ်သည် မော်တော်ဆိုင်ကယ်ဖြင့် အနောက်မှ
ဝင်ရောက်တိုက်မိ ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်လမ်းမကြီးအတိုင်း တက္ကသိုလ်ဘက်မှ မြ၀တီရပ်ကွက် မြသဇင်ဆေးခန်းသို့
|
Posted: 20 Aug 2014 04:10 AM PDT
မော်လမြိုင်ကျွန်းမြို့ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီးတွ
|
Posted: 20 Aug 2014 04:04 AM PDT
ရန်ကုန်လေဆိပ်မှာ စစ်ဆေးတွေ့ရှိတဲ့ အီဘိုလာဗိုင်းရပ်စ်ရောဂါ သံသယရှိ
လူနာတဦးကို မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်ပေးနေပြီ
|
Posted: 20 Aug 2014 03:40 AM PDT
ရန်ကုန်
သြဂုတ် ၁၉
ဓမ္မစေတီ ခေါင်းလောင်းဟုယူဆ ရသော အရာကို ရေအောက်၌တွေ့ သည်ဟု
ရေငုပ်သမားများ၏ပြော ပြချက်အရ လက်ရှိတွင်တွေ့ရှိထား သောနေရာမှ သဲ၊
နုန်းများ စုပ် ထုတ်နေပြီ ဖြစ်သော်လည်း ယနေ့ နံနက် ၉ နာရီတွင် ခေါင်းလောင်း
ရှာဖွေတူးဖော်နေသော သောင်တူး စက်များ စက်ချွတ်ယွင်းသွားသော ကြောင့်
ဆက်လက်လုပ်ကိုင် နိုင်ခြင်း မရှိကြောင်း သမ္ဗန်သမားများထံမှ
စုံစမ်းသိရှိရသည်။
ခေါင်းလောင်းဟုယူဆရသော အရာကို ယခုလ ၁၅ရက်
|
Posted: 20 Aug 2014 03:32 AM PDT
မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက
မိုးများပြီး တောင်ကျရေကြောင့် ရေကြီးနေပါတယ်။
တောင် ကျရေကြောင့် တောင် တွင်းကြီးအထက်ပိုင်းမှာ ရှိတဲ့ ကန်တော်ကြီး
ဆည်ရေမထိန်းနိုင်ဘဲ လွှတ်ရတဲ့အတွက် မနေ့က စပြီး တောင်တွင်းကြီးမြို့
အနိမ့်ပိုင်း ရပ် ကွက်တွေ ရေ ၀င်ပြီး ရေကြီးနေ တယ်လို့ တောင်
တွင်းကြီးမြို့ခံ ကိုအောင်ကျော်ကျော်က ပြောပါတယ်။
တောင်ပြင် ၁၊ တောင်ပြင် ၂၊ အုန်းတော ၁ နဲ့
|
Posted: 20 Aug 2014 03:31 AM PDT
ဘရူနိုင်း
ဘုရင့်ဖလား ဖိတ်ခေါ် အကြိုဗိုလ်လုပွဲကို မြန်မာယူ ၁၉ ဘောလုံးအသင်းနဲ့
မလေးရှား ယူ ၂၁ အသင်းတို့ ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက
၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ ပထမပိုင်း ပွဲစပြီး ၂ မိနစ်အတွင်း ထောင့် ကန်ဘောရရှိလို့
ဂိုးရှေ့ချပေးတာကို မလေးနောက်တန်း လူတွေနဲ့ ထိပြီး ပြန် ထွက်လာ တဲ့ဘောလုံး
ကို မြန်မာရှေ့တန်း ကစားသမား ကျောနံပါတ် ၁၁ သန်းပိုင်က ကန်သွင်းယူခဲ့ပြီး
|
Posted: 19 Aug 2014 10:38 PM PDT
နေပြည်တော်၊
သြဂုတ် ၂၁
အာဖရိကအနောက်ပိုင်းဒေသရှိ နိုင်ငံများတွင် ကူးစက်မြန် အီဘိုလာ
ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေး ၀န်ကြီးဌာန သည်
မြန်မာနိုင်ငံအတွင်းသို့ အဆိုပါရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက်
အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဖြတ်ကျော်
ဝင်ပေါက်များတွင် အဖျားရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားသော
နိုင်ငံများသို့ ခရီးသွားလာမှုနှင့် လူနာနှင့်
|
Posted: 19 Aug 2014 10:37 PM PDT
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
|
Posted: 19 Aug 2014 09:28 PM PDT
ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် နေ့စဉ်နှင့် အမျှ ယာဉ်တိုက်မှု အသေးနှင့်
ယာဉ် မတော်တဆ မှုများ ရန်ကုန်မြို့ အနှံအပြားတွင် ဖြစ်ပေါ်လျှက်ရှိ
ရန်ကုန် သြဂုတ် ၁၉
ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် နေ့စဉ်နှင့် အမျှ ယာဉ်တိုက်မှု အသေးနှင့်
ယာဉ် မတော်တဆ မှုများရန်ကုန်မြို့ အနှံအပြား ဖြစ်ပေါ်လျှက်ရှိရာ အဆိုပါ
ယာဉ်တိုက်မှုများတွင် လူထိခိုက် ဒဏ်ရာ ရရှိမှု မရှိပဲ ကားပျက်စီးမှုသာ
ဖြစ်ပေါ်သော အမှု အများစုသည်
|
Posted: 19 Aug 2014 08:08 PM PDT
ထိုင်းရဲအရာရှိကြီးတဦးကို ဘတ်ငွေ သန်း ၁၆၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေး
အများအပြားနဲ့အတူ ထိုင်းနိုင်ငံ ချင်းရိုင်ဒေသမှာ သြဂုတ်လ ၁၈ ရက်နေ့က
ဖမ်းဆီးရမိခဲ့ပြီး သူဟာ မြန်မာနိုင်ငံဘက်က ရှမ်းမူးယစ်ဆေးဝါး ဂိုဏ်းတခုကနေ
အခကြေးငွေယူပြီး သယ်ဆောင်လာတာဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့ပါတယ်။
ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မူးယစ်ဆေး ဖမ်းဆီးရာမှာ နာမည်အလွန်ကြီးပြီး
|
Posted: 19 Aug 2014 07:59 PM PDT
အမေရိကန် ဓာတ်ပုံသတင်းထောက်တယောက်ကို Islamic State စစ်သွေးကြွတွေ
သတ်ဖြတ်နေတဲ့ ဗွီဒီယိုဟာ အစစ်အမှန် ဟုတ် မဟုတ် အတည်ပြုနိုင်ဖို့
ကြိုးစားနေတယ်လို့ အိုဘားမားအစိုးရက ပြောပါတယ်။
အီရတ်မှာ အမေရိကန်က ဝင်ရောက် စွက်ဖက်နေတာကို ရပ်အောင်လုပ်တာလို့ဆိုပြီး
သတင်းထောက် James Wright Foley ကို ခေါင်းဖြတ်သတ်နေတဲ့ ဗွီဒီယိုကို
စစ်သွေးကြွတွေကနေ အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။
တကယ်လို့သာ ဒီဟာ စစ်မှန်တယ်ဆိုရင် အပြစ်မဲ့
|
Posted: 19 Aug 2014 07:57 PM PDT
အမေရိကန် စာနယ်ဇင်းသမား ကို၊ အစ္စလာမ်မစ် နိုင်ငံတော် အကြမ်းဖက် အဖွဲ့က၊
ခေါင်းဖြတ် သတ်နေတာကို ရိုက်ကူးထားတာ လို့ ထင်ရတဲ့၊ ဗီဒီယို ခွေဟာ၊
အစစ်အမှန် ဟုတ် မဟုတ်ကို၊ စမ်းစစ်မှု တွေ၊ ပြုလုပ်နေတယ် ဆိုပြီး၊ အမေရိကန်
အာဏာပိုင်တွေ က ပြောပါတယ်။
အဆိုပါ၊ အမေရိကန် သတင်းသမား James Foley ဟာ၊ ဆီးရီးယားနိုင်ငံတွင်း မှာ၊
လွန်ခဲ့တဲ့ ၂ နှစ် နီးပါး ကတည်းက၊ ပျောက်ဆုံး သွားခဲ့သူ ဖြစ်ပါတယ်။
ဒီ ဗီဒီယိုခွေ ဟာ၊ '
|
Posted: 19 Aug 2014 07:54 PM PDT
ကမ္ဘာလှည့် ခရီးသည်တွေ အတွက် ရည်ရွယ်တဲ့ online ကနေ တဆင့်
လျှောက်နိုင်ကြမယ့် e - visa စနစ်ကို မြန်မာ နိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့
ကနေ စတင် အသုံးပြုတော့ မှာ ဖြစ်ပါတယ်။
လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီး ဌာန ရဲ့ အွန်လိုင်း
ဝက်ဘ်ဆိုက် မှာ ရှိတဲ့ လျှောက်လွှာ ပုံစံ ဖြည့်စွက်ပြီး၊ ကျသင့်ငွေ ဒေါ်လာ
၅၀ ကို ဗီဇာ နဲ့ မာစတာလို ကဒ်မျိုးနဲ့ အွန်လိုင်း ကနေ ပေးဆောင် နိုင်မှာ
ဖြစ်ပါတယ်။
ဒီလို ေ
|
Posted: 19 Aug 2014 07:47 PM PDT
ပြီးခဲ့တဲ့လက ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့
မလေးရှားလေကြောင်းလိုင်း MH17 မှာ သေဆုံးသွားသူ မလေးရှားနိုင်ငံသားတွေကို
စစ်အခမ်းအနားနဲ့ ဂုဏ်ပြုသင်္ဂြိုဟ်မယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီးက သြဂုတ်
၁၉ ရက်နေ့က ပြောပါတယ်။
လေယာဉ်ပျက်ကျမှုမှာ ခရီးသည် ၂၉၈ ဦးလုံး သေဆုံးခဲ့ကြပြီး မလေးရှားနိုင်ငံသား
၄၃ ဦး ပါဝင်ခဲ့ပါတယ်။
လောလောဆယ် အချိန်အထိ ၂၈ ဦးရဲ့ ရုပ်အလောင်းကိုပဲ နာမည်နဲ့တကွ
ခွဲခြားနိုင်သေး တာလည်းြ
|
Posted: 19 Aug 2014 07:44 PM PDT
ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ် ဆွာရက်က တဖက် ကစားသမားအပေါ် သွားနဲ့
ကိုက်တဲ့ လုပ်ရပ်မျိုးကို နောင် ဘယ်တော့မှာ မလုပ်တော့ဘူးလို့ ကတိပေး
ပြောဆိုလိုက်ပါတယ်။
ဆွာရက်ဟာ သူ့ရဲ့အပြုအမူအတွက် ကျွမ်းကျင်သူ စိတ်ပညာရှင်တွေ နဲ့
ဆွေးနွေးအပြီးမှာ အခုလို ပြောလိုက် တာပါ။
လောလောဆယ် ဆွာရက်ဟာ ဖီဖာရဲ့ ၄ လပွဲပယ် ပြစ်ဒဏ်ကို ကျခံနေရပါ တယ်။ ပြစ်ဒဏ်
အတွက် အားကစားသမာဓိခုံရုံးကို အယူခံဝင်ပြီး နောက်ပိုင်းမှာ
|
Posted: 19 Aug 2014 07:41 PM PDT
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ထိပ်သီး
စီးပွားရေးသမားတချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့ ဆက်လက်ထားရှိတာက
နိုင်ငံတကာအတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့
ခက်ခဲစေတယ်လို့ အမေရိကန်နိုင်ငံဘဏ္ဍာရေးဝန်ကြီး
|
Posted: 19 Aug 2014 07:35 PM PDT
ဂါဇာဒေသမှာ အစ္စရေးလ်တို့ရဲ့ Missile ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုတခုကြောင့်
အမျိုးသမီး ၁ ယောက်နဲ့ ၂ နှစ်အရွယ် မိန်းကလေးငယ်တယောက် သေဆုံးခဲ့တယ်လို့
ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။ အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ပျက်ပြားသွားခဲ့ပြီးနောက်မှာ ပထမဆုံး
သေဆုံးမှုလည်း ဖြစ်ပါတယ်။
အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၁၂ နာရီမှာ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲမှု
ကုန်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့လည်း
|
Posted: 19 Aug 2014 07:32 PM PDT
သြဂုတ် ၁၉ရက်၊ ၂၀၁၄ခုနှစ်။
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သီရိကွင်း၌ သုံးနှစ်အရွယ်ရှိသည်ဟု ယူဆရသည့်
မိန်းကလေး ကလေးငယ်တစ်ဦး စွန့်ပစ်ခံရသည် ကို တွေ့ရှိခဲ့ကြောင်း
ဖားအံမြို့ရှိ မာဃလူမှုကူညီရေး၏ ဥက္ကဌ ဦးကျော်ကြီးက ကေအိုင်စီသို့
ပြောဆိုသည်။
၎င်းကလေးငယ်ကို ဟိန္ဒူဘာသာဝင်ဟု ခန့်မှန်းကြပြီး သြဂုတ်လ ၁၄ရက်နေ့က ည
၇နာရီကျော်အချိန်တွင် အမှတ်(၄)ရပ်ကွက် ရှိ ကိုစိုးနိုင်ဆိုသူက
ဆိုင်ကယ်နှင့် သီရိကွင်းနားကိုြ
|
Posted: 19 Aug 2014 07:18 PM PDT
ပါကစ္စတန်မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြပြီး ပါလီမန်ဘက်ကို ချီတက်နေတဲ့
သောင်းချီတဲ့ လူအုပ်ကြီးကို ထိပ်တိုက်ရင်ဆိုင်ဖို့
အလားအလာများတာကြောင့် ရဲတွေနဲ့ စစ်တပ်တွေက ကြိုတင်ပြင်ဆင်မှုတွေ
လုပ်ဆောင်နေကြပါတယ်။
အနီရောင်ဇုန် လို့ခေါ်တဲ့ အစိုးရ အဆောက်အဦးတွေ နဲ့ အနောက်နိုင်ငံက
သံရုံးတွေရှိတဲ့ နေရာတွေကို ကာကွယ်ဖို့ အတွက် အဓိက ရုန်းရဲတွေက
နေရာယူနေကြပါတယ်။
အဲဒီနေရာတွေမှာ စစ်တပ်တွေ
|
Posted: 19 Aug 2014 07:14 PM PDT
လက်နက်မဲ့ African-American ဆယ်ကျော်သက်ကို လူဖြူရဲက ပစ်သတ်ခဲ့မှု
စုံစမ်းစစ်ဆေးရာမှာ အပြည့်အဝ မျှတပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု
ဖြစ်စေရမယ်လို့ အမေရိကန်ရှေ့နေချုပ် Eric Holder က Ferguson မြို့က
ပြည်သူတွေကို ကတိပြုလိုက်ပါတယ်။
ရှေ့နေချုပ် Holder ဟာ ဗုဒ္ဓဟူးနေ့မှာ Missouri ပြည်နယ် St. Louis
ကိုသွားပြီး လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေ၊ FBI
စုံစမ်းစစ်ဆေးရေးမှူးတွေ၊ ပြည်ထောင်စု အရပ်သား
|
Posted: 19 Aug 2014 07:06 PM PDT
အမေရိကန် ပြည်ထောင်စု၊ မစ်ဇူရီ ပြည်နယ်မှာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့်၊ အသက်
၂၃ နှစ် အရွယ် လူမည်း အမျိုးသား တစ်ဦး သေဆုံးသွားပါတယ်။
စိန့်လူးဝစ်မြို့ရဲ့ ဆင်ခြေဖုံး၊ ဖာဂူဆန် အရပ်မှာ ဒေသခံရဲ ရဲ့ သေနတ်နဲ့
ပစ်ခတ် ခံရမှုကြောင့်၊ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် အရွယ် လူငယ်တစ်ဦး၊
သေဆုံးခဲ့ရ အပြီး၊ အကြမ်းဖက် အုံကြွမှုတွေ ဖြစ်ပေါ် လာနေခဲ့ရာ ကနေ၊ အခုလို
နောက်ထပ်တစ်ဦး ထပ်မံ သေဆုံးသွား တာ ဖြစ်ပါတယ်။
အခု သေဆုံးသွားသူ
|
Posted: 19 Aug 2014 07:04 PM PDT
အမေရိကန်နိုင်ငံ Missouri ပြည်နယ်မှာ ရဲတွေက နောက်လူတစ်ယောက်ကို
သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။
အခု ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ မြို့ဟာ St Louis မြို့ဖြစ်ပြီး ပြီးခဲ့တဲ့
တပတ်တုန်းကပဲ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ဖာဂူဆန်မြို့နဲ့ နီးတဲ့မြို့
ဖြစ်ပါတယ်။
ဖာဂူဆန်မြို့ မှာတော့ ဘာလက်နက်မှ ကိုင်ဆောင် ထားခြင်းမရှိတဲ့ လူမည်း
ဆယ်ကျော် သက်နှစ်ဦးကို ရဲတွေက သေနတ်နဲ့ ပစ်သတ်တဲ့ အတွက် လူမျိုးရေး
ြ
|
Posted: 19 Aug 2014 12:35 PM PDT
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ တာဖာဆောင် ကျေးရွာမှာ
တပ်စွဲထားတဲ့ အစိုးရတပ် ဖယ်ပေးဖို့ ရွာသား ၂ဝဝ ကျော်က လက်မှတ်ထိုးပြီး
သမ္မတနဲ့ တခြား သက်ဆိုင်သူ တွေကို တောင်းဆိုဖို့ ပြင်ဆင် နေကြ ပါတယ်။
တာဖာဆောင် ကျေးရွာက SSA အက်စ်အက်စ်အေ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း
စစ်ဌာနချုပ် ဝမ်ဟိုင်းအနီးမှာ တည်ရှိပါတယ်။
လွန်ခဲ့တဲ့ တစ်လကျော်က အစိုးရစစ်တပ်နဲ့ အက်စ်အက်စ်အေ ရှမ်းပြည် တပ်မတော်
မြောက်ပိုင်း
|
Posted: 19 Aug 2014 12:32 PM PDT
ယာဘ စိတ်ကြွ ဆေးပြား အလုံး ၈ သိန်းနဲ့ အိုင့်စ် ဆေးမှုန့် ၁ ကီလို
အငှါးသယ်တဲ့ ထိုင်း ဒုရဲမှူးကြီး တစ်ဦးကို ထိုင်း-မြန်မာ နယ်စပ်
တာချီလိတ်မြို့ တဘက်ခြမ်းက မဲဆိုင်မြို့မှာ နယ်မြေခံ ထိုင်း ရဲတပ်ဖွဲ့က
မနေ့တုန်းက ဖမ်းဆီးလိုက်ပါတယ်။
အဖမ်းခံရတဲ့ ဒုရဲမှူးကြီး ချမ်းနမ်း ဖုမ့်ဖိုင်းကျစ် ဟာ ချင်းမိုင် ခရိုင်၊
ချိုင်းပရားကန်း မြို့နယ် ဒုတိယ ရဲစခန်းမှူး ဖြစ်ပြီး ယာဘ ဆေးပြား ၈
သိန်းနဲ့ အိုင့်စ် ဆေးမှုန့်
|
Posted: 19 Aug 2014 12:30 PM PDT
မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရအောင်
ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေမှာရော၊
နိုင်ငံရေးအင်အားစုအားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ အချက်ကို
တနိုင်ငံလုံးအပစ်ရပ်စဲမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ ၈၈
ငြိမ်းချမ်းရေး ပွင့်လင်းလူမှု အဖွဲ့အစည်းတို့ ဒီကနေ့ အဓိကထား
ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး က ပြောပါတယ်။
အပြည့်အစုံကိုတော့
|
No comments:
Post a Comment