Sunday, August 24, 2014

သော့ခတ်နည်းပညာသစ်နဲ့ ခတ်ထားပြီး စက်ဘီးသူခိုး, ခိုးယူလို့မရနိုင်တဲ့ စက်ဘီး

Yangon Media Group's photo.

စက်ဘီးဟာ လူတစ်ယောက်အတွက် ကျန်းမာရေးထောက်အကူပြုပေးနိုင် တယ်ဆိုတာ အားလုံးနီးပါး သိပြီး ဖြစ်ပါတယ်။ ထိုအပြင် ပုံမှန်အသုံးပြု နေကြဖြစ်တဲ့ စက်ဘီးသော့ခတ်မှုကလည်း တစ်နေ့ပြီး တစ်နေ့ညီးငွေ့ ဖွယ် ကောင်းလှ ပါတယ်။ ထိုအတူ သော့တုနဲ့ မိပြီဆိုရင်လဲ သူခိုးလက်ထဲ ပါသွားဖို့ အခွင့်အရေး များပါတယ်။
ဒီအတွက် ချီလီနိုင်ငံမှာရှိတဲ့ အင်ဂျင်နီယာ ကျောင်းသား ၃ ယောက်ဟာ အဲဒီအတွက် အဖြေကို တီထွင်ထုတ်လုပ်ပေး လိုက်ပါပြီ။ အဲဒီ ပရောဂျက်ကို Yerka Project လို့ ခေါ်ပြီး အဲဒီ နည်းပညာအရ စက်ဘီးကို ခိုးယူမယ့် သူတောင် တလွယ်တကူ ခိုးလို့ မရနိုင်တော့ပါဘူး။
Yerka Project ဟာ သာမန် စက်ဘီးတစ်စီးပုံစံမျိုးပါပဲ။ အဲဒီ စက်ဘီးကို ချီလီ နိုင်ငံရဲ့ အင်ဂျင်နီယာကျောင်းသား ၃ ယောက်ဖြစ်တဲ့ Juan José Monsalve, Andrés Roi နှင့် Cristóbal Cabello တို့က ဒီဇိုင်းတီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းပုံစံအရ ဖင်ထိုင်ခံကို အလွယ်တကူ ဖြုတ်တပ်လို့ရတဲ့ ခုံအဖြစ် ပြောင်းလဲ လိုက် ပါတယ်။ အဲဒီအကြံညဏ်အရ ထိုင်ခုံကို ထိုင်ခုံရဲ့ Frame ကနေ ဖယ်ရှားခဲ့ ပါတယ်။ ထိုနောက် စက်ဘီးရဲ့ ၀င်ရိုးတန်းနဲ့ ကပ်ကာ လော့အဖြစ် အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။
ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဒေါ်လာ သန်းပေါင်း ၅၀ ကျော်လောက်တန်ဖိုးရှိတဲ့ စက်ဘီးအစီးပေါင်း ၈ သောင်းကနေ ၂ သန်းလောက်အထိဟာ သူခိုးများရဲ့ ခိုးယူခြင်းကို ခံနေရပါတယ်။ ဘာကြောင့် ဒီလိုခိုးခံနေရလဲဆိုတော့ သာမန်စက်ဘီးတစ်စီးရဲ့ သော့တွေဟာအ လွယ်တကူပဲ ဖြုတ်ယူလို့ ရနေတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် သံချောင်းဖြတ်စက် ၊ လွှစက် ၊ တူ ၊ စောက် လိုမျိုးဖြစ်တဲ့ အရာလေးတွေနဲ့ပဲ အလွယ်တကူ ခိုးယူနိုင်တဲ့အတွက် ဖြစ်ပါတယ်။
ယခု Yerka Project စက်ဘိးကတော့ အလွယ်တကူ ခိုးယူလို့ မရနိုင်ပဲ တကယ်လို့ ခိုးယူမယ်ဆိုရင်တော့ အလူမီနီယံဖြင့် ပြုလုပ်ထားတဲ့ တိုင်လေးတိုင်လုံးကို သံဖြတ်လွှ လိုမျိုးအရာနဲ့ ဖြတ်ရပါလိမ့်မယ်။ အဲဒီလို ဖြတ်လိုက်ရင်လဲ စက်ဘီးက စီးလို့ မရနိုင်ပဲဖြစ်သွားနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင် တော့ သင့်ရဲ့ စက်ဘီးဟာ အမြဲတမ်း အခိုးခံရဖို့ အခွင့်အရေး ဖြစ်ရင်ဖြစ် ၊ မဟုတ်ရင်လဲ စက်ဘိးရဲ့ ထိုင်ခုံလိုမျိုးတွေကို ခိုးယူခံရဖို့ ကြုံ တွေ့နေပါလိမ့်မယ်။
Ref : Pock-lint

No comments:

Post a Comment