Sunday, July 27, 2014

မုသားမသုံးခြင်းသည် လာဘ်တစ်ပါး


" ပိုက်ဆံနည်းနည်းလောက် ချေးပါလား " လို့
တစ်စုံတစ်ယောက်က ပြောလာငြားအံ့။ကိုယ်ကလည်း
သူ့ကို မချေးချင်ဘူးဆိုလျှင် အဖြေသုံးမျိုး ဖြစ်လာနိုင်
တယ်။
( ၁) မုသား အဖြေ
( ၂) သစ္စာ အဖြေ
( ၃) ပညာ အဖြေ


မုသားအဖြေက
" ငါ့မှာ ပိုက်ဆံမရှိသေးဘူး "
" ငါ့မှာတောင် ပိုက်ဆံမရှိလို့ မင်းဆီမှာ ချေးမလား
လို့ စဉ်းစားနေတာ "
" မင်းကို ချေးဖို့မပြောနဲ့ ငါ့မှာတောင် အကြွေးတွေ
ဝိုင်းနေလို့ "
သစ္စာအဖြေက
" ငါ မင်းကို ပိုက်ဆံမချေးနိုင်ဘူး "
" ငါ မင်းကို ပိုက်ဆံမချေးချင်ဘူး "
ပညာအဖြေက
" မင်းကို ပိုက်ဆံချေးဖို့ လောလောဆယ်
ငါ့လက်ထဲမှာ ပိုက်ဆံ မရှိသေးဘူး "
( တကယ်တော့ ပညာအဖြေကို ဖြေသူရဲ့ လက်ထဲ
မှာ ပိုက်ဆံမရှိပါ....သို့သော် ဘဏ်စာအုပ်ထဲတွင်
သူ၏ ပိုက်ဆံရှိပါတယ်....)
လူအများစုကတော့ မုသားအဖြေကို ဖြေနိုင်
တယ်။ငါးပါးသီလထဲမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့
မုသာဝါဒကံရဲ့ အကျိုးအပြစ်ကိုသိပြီး ကျင့်သူ
လူနည်းစုလောက်သာ သစ္စာအဖြေနဲ့ ပညာအဖြေကို
ဖြေနိုင်ကြတယ်။
ဟိုးအရင်တုန်းက လူ့သက်တမ်းက နှစ်ပေါင်း
ရှစ်သောင်း ရှိတယ်လို့ မှတ်ဖူးတယ်။အဲဒီအချိန်တုန်းက
သတ္တဝါသတ်မှု၊လိမ်ညာမှု၊ခိုးမှု၊သူတစ်ပါးသားမယားပြစ်
မှားမှု၊အရက်သေစာသောက်စားမှုမရှိကြဘူး။တစ်ချိန်မှာ
တော့လူတွေဟာသတ္တဝါတွေကိုသတ်ဖြတ်စားသောက်
တတ်လာတယ်။အဲဒီလိုသူတစ်ပါးအသက်ကိုသတ်ဖြတ်
တဲ့ကံကြောင့် လူ့သက်တမ်းဟာတစ်ဝက်လျော့သွားပြီး
နှစ်ပေါင်း လေးသောင်းသာ ရှိတော့တယ်။
နောက်ပိုင်းမှာ လူတွေဟာ သူတစ်ပါးအသက်ကို
သတ်ရုံတင်မကပဲ လိမ်ညာတတ်လာတယ်။သူတို့ရဲ့
လိမ်ညာတဲ့ကံကြောင့် လူ့သက်တမ်းဟာ နောက်ထပ်
တစ်ဝက်ထပ်လျော့သွားပြီး နှစ်ပေါင်း နှစ်သောင်းသာ
ကျန်တော့တယ်။ဒါကိုကြည့်ခြင်းအားဖြင့်လိမ်ညာခြင်း
ရဲ့အပြစ်က အလွန်ကြီးမှန်း သိသာတယ်။
လက်ရှိပတ်ဝန်းကျင်ကို သတိထားကြည့်လျှင်
ကတိသစ္စာတည်သူ၊ လိမ်ညာခြင်းကင်းသူတွေဟာ
တခြားလူတွေရဲ့ယုံကြည်မှုကို ရရှိနေကြတယ်။
မိမိပတ်ဝန်းကျင်က လူတွေရဲ့ ယုံကြည်မှုကို ရရှိခြင်း
ဟာ လောကီစီးပွားရေး၊လူမှုရေး တိုးတက်ဖို့အတွက်
အခွင့်သာခြင်းတစ်မျိုးပဲ။
ကတိသစ္စာမတည်သူတွေကိုတော့ တခြား
လူတွေက မလေးစားတော့ဘူး၊မယုံကြည်တော့ဘူး။
ရလဒ်အနေနဲ့ စီးပွားပျက်မယ်၊လူတောထဲ မတိုးဝင့်
တော့ဘူး။
" ကျန်းမာခြင်းဟာ လာဘ်တစ်ပါး " လို့ အဆိုရှိ
ကြတယ်။
စီးပွားရေးတိုးတက်စေနိုင်တဲ့
" လိမ်ညာမှုကင်းခြင်းဟာလည်း လာဘ်တစ်ပါး"
ပါပဲ။
ဦးတိုးအောင်

No comments:

Post a Comment