မိုးလေ ဝသနှင့် ဇလဗေဒ ဌာနမှပေးပို့သောသတင်းများအရ မိုးရေချိန်တိုင်းကရိ
ယာ ခြံအတွင်း ဖား ၁၀ကောင်အနက် ၆ကောင် အော်နေပါသဖြင့် ရွာရန်ရာနှုန်း
၆၀ ဖြစ်ပါသည်။
ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၁၅၀ အတွင်း အဆင်ပြေသလို
တိုက်မှာဖြစ်ပြီး။ သင်္ဘောကြီးကြီး သွားပါက လှိုင်းကြီးနိုင်ပါသည်။
နောက်နှစ်ရက် အဖို့ မြန်မာပြည်တစ်ပြည်လုံးတွင် ပလူကောင်များပျံ တက်နေ
သည်ကိုကြည့်ခြင်းအားဖြင့် သာယာမည်။
မြစ်ရေကြီးခြင်းသတင်း
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့ ကမ်းနဘေးတွင်တိုင်းထွာချက်အရ ၁၀စင်တီ
မီတာ နှင့် ၂၂ စင်တီမီတာအတွင်း လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေပြီး၊ မြစ်အလယ်တနေ
ရာတွင် တိုင်းထွာချက်အရ စိုးရိမ် ရေအမှတ်၁၂ မီတာ နှင့် အထက်တွင်ရှိနေသဖြင့်
ကမ္ဘာကြီး ၄၅ ဒီဂရီ တိမ်းဆောင်းနေဖွယ် ရှိသည်ဟု ၄င်းမြို့အတွင်းကွမ်းယာ ဆိုင်
ဝန်ထမ်း တစ်ဦးမှ ခန့်မှန်းပြောဆိုခဲ့သည်။
ထို့အတူ ချင်းတွင်းမြစ်ရေသည် ကျွန်တော့်ဂျီးတော်မြို့တွင် တိုင်းထွာချက်အရ စိုး
ရိမ်ရေအမှတ်သို့ ကောက်ခါ ငင်ခါ တက်လာဖွယ်ရှိခြင်းကြောင့် သက်ဆိုင်ရာ ဆယ်
မြောင်းဝံကြီးဖြစ်သူ သံလွင်ဟီးရိုး မှသတိပေးဆော်သြ မှုများထုတ်ပြန်ထားသည်။
မြစ်ရိုးတလျှောက် မြို့များ ကျေးရွာများအား ကြိုတင်ကာကွယ်သော အနေဖြင့်
တုံကင်ရေ၊ တွင်းရေ၊ ကန်ရေ၊ အစရှိသော အဝီစိ ရေများအား အသုံးမပြုကြရန်နှင
့် မိုးရေများအားရသရွေ့သိုလှောင်ပြီး မြစ်ရေကိုသာ များများခပ်၍ အသုံးပြုကြရန်
… အထူးသတိပေးကြေငြာ ထားသည်။
လေမှုန်တိုင်းသတင်း
တောင်ပစိဖိတ် သမုဒ္ဒရာအတွင်း အင်အားအတန်ငယ်ဖြင့်စတင်နေသော ဆူနာဂစ်
အမည်ရှိ လေမြေရေငလျင် မုန်တိုင်းကြီးသည် ၄င်းသမုဒ္ဒရာအတွင်း ဖျက်သန်းသွား
လာနေသော ပင်လယ်ကူး သင်္ဘောကြီးများထံ၌ မြန်မာပြည်လိပ်စာအား စုံစမ်းနေ
ကြောင်း ရေကြောင်းပို့ဆောင်ရေးတာဝန်ရှိသူ ဒလမြို့သမ္ဘာန်သမားတစ်ဦးမှ
ထုတ်ဖေါ်ပြောကြားခဲ့သည်။
မိုး၊ လေ နှင့် ဝသ သတင်း ဤတွင်ပြီး၏။ ။
Posted by Black Saturn

No comments:
Post a Comment