Thursday, June 19, 2014

မြေထဲပင်လယ်ဒေသက ပထမဆုံး ထွက်ရှိတဲ့ စူပါကား Lykan HyperSport

Lykan HyperSport လို့ အမည်ရတဲ့ စူပါကားကို လက်ဘနွန်နိုင်ငံ အခြေဆိုက်  W Motors က ထုတ်လုပ်ဖန်တီး ထားခြင်း ဖြစ်ပါတယ်။  W Motors ဆိုတာကလည်း ၂၀၁၂ ခုနှစ်မှ စတင် တည်ထောင်တဲ့ ကုမ္ပဏီ ဖြစ်ပြီး စူပါကား ကိုလည်း ၂၀၁၃ နိုဝင်ဘာလ ကမှ ပထမဆုံး ပြသခဲ့တာ ဖြစ်ပါတယ်။ 

အရှေ့အလယ်ပိုင်းဒေသတွင်းက ပထမဦးဆုံး ထွက်ရှိတဲ့ စူပါကား အဖြစ် စံချိန် တင်ပြီး ကမ္ဘာ့ တတိယ ဈေးအကြီးဆုံး စူပါကား ဖြစ်ပါတယ်။ နံပါတ်တစ် နေ ရာမှာ ဂျာမနီ နိုင်ငံထွက် ကန်ဒေါ်လာ ၈ သန်းတန် Maybach Exelero ရှိပြီး ဒုတိယ နေရာမှာ ကန်ဒေါ်လာ ၄.၅ သန်းတန် အီတလီ Lamborghini Venen ရှိပါတယ်။ ပုံမှ မြင်တွေ့ နေရတဲ့ Lykan HyperSport  ကတော့ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၃.၄ သန်း ရှိပြီး ကမ္ဘာ့ တတိယ ဈေး အကြီးဆုံး ကား အဖြစ် စံချိန်တင်ထား ပါတယ်။ 

အင်ဂျင် အရွယ် ၂.၇ လီတာ၊ ဂီယာ ၆ ချက် နဲ့ ၇ ချက် နှစ်မျိုး ထုတ် လုပ်ပြီး မြင်းကောင်ရေအား ထုတ်လုပ်မှု bph 740 ရှိပါတယ်။ အမြန် ဆုံး မောင်းနှင်နိုင်မှုက တစ်နာရီ မိုင် ၂၄၀ ရှိပါတယ်။ ဈေးကြီးရတဲ့ အဓိက အကြောင်းအရင်းထဲမှာ ရတနာ ဆင်ယင်ခြင်းကြောင့်လည်း ပါဝင် ပါတယ်။ စိန်နဲ့ ပတ္တမြားထဲက နှစ်သက်ရာ ရွေးပြီး ကားမှာ ဆင်ပေး ပါတယ်။ ရှေ့မီးခွက် ကို တိုက်တေနီယမ် LED blades နဲ့ 15cts ပမာဏရှိ စိန်များ ထည့်သွင်းပေး ထားခြင်း ဖြစ်ပါတယ်။ headlight တွေမှာတင် မကပဲ အခြားသော အစိတ်အပိုင်း တွေမှာ rubies, diamonds, yellow diamonds သို့မဟုတ် sapphires နှစ်သက်ရာ ရွေးချယ်လို့ ဆင်ပေး ပါတယ်။ မိမိရဲ့ တပ်ဆင်မှု အလျောက် ဈေးနှုန်းက အစားစား ပြောင်းလဲ ပါတယ်။ 

တံခါး နှစ်ပေါက် ဇိမ်ခံ စူပါကား Lykan Hypersport ကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ် ထားကြောင်း သိရ ပါတယ်။
.
Ref: W Motors
အောင်ခမ်း (ရိုးရာလေး)

www.yoyarlay.com

.

Lykan HyperSport လို့ အမည်ရတဲ့ စူပါကားကို လက်ဘနွန်နိုင်ငံ အခြေဆိုက် W Motors က ထုတ်လုပ်ဖန်တီး ထားခြင်း ဖြစ်ပါတယ်။ W Motors ဆိုတာကလည်း ၂၀၁၂ ခုနှစ်မှ စတင် တည်ထောင်တဲ့ ကုမ္ပဏီ ဖြစ်ပြီး စူပါကား ကိုလည်း ၂၀၁၃ နိုဝင်ဘာလ ကမှ ပထမဆုံး ပြသခဲ့တာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသတွင်းက ပထမဦးဆုံး ထွက်ရှိတဲ့ စူပါကား အဖြစ် စံချိန် တင်ပြီး ကမ္ဘာ့ တတိယ ဈေးအကြီးဆုံး စူပါကား ဖြစ်ပါတယ်။
နံပါတ်တစ် နေ ရာမှာ ဂျာမနီ နိုင်ငံထွက် ကန်ဒေါ်လာ ၈ သန်းတန် Maybach Exelero ရှိပြီး ဒုတိယ နေရာမှာ ကန်ဒေါ်လာ ၄.၅ သန်းတန် အီတလီ Lamborghini Venen ရှိပါတယ်။ ပုံမှ မြင်တွေ့ နေရတဲ့ Lykan HyperSport ကတော့ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၃.၄ သန်း ရှိပြီး ကမ္ဘာ့ တတိယ ဈေး အကြီးဆုံး ကား အဖြစ် စံချိန်တင်ထား ပါတယ်။
အင်ဂျင် အရွယ် ၂.၇ လီတာ၊ ဂီယာ ၆ ချက် နဲ့ ၇ ချက် နှစ်မျိုး ထုတ် လုပ်ပြီး မြင်းကောင်ရေအား ထုတ်လုပ်မှု bph 740 ရှိပါတယ်။ အမြန် ဆုံး မောင်းနှင်နိုင်မှုက တစ်နာရီ မိုင် ၂၄၀ ရှိပါတယ်။ ဈေးကြီးရတဲ့ အဓိက အကြောင်းအရင်းထဲမှာ ရတနာ ဆင်ယင်ခြင်းကြောင့်လည်း ပါဝင် ပါတယ်။ စိန်နဲ့ ပတ္တမြားထဲက နှစ်သက်ရာ ရွေးပြီး ကားမှာ ဆင်ပေး ပါတယ်။ ရှေ့မီးခွက် ကို တိုက်တေနီယမ် LED blades နဲ့ 15cts ပမာဏရှိ စိန်များ ထည့်သွင်းပေး ထားခြင်း ဖြစ်ပါတယ်။ headlight တွေမှာတင် မကပဲ အခြားသော အစိတ်အပိုင်း တွေမှာ rubies, diamonds, yellow diamonds သို့မဟုတ် sapphires နှစ်သက်ရာ ရွေးချယ်လို့ ဆင်ပေး ပါတယ်။ မိမိရဲ့ တပ်ဆင်မှု အလျောက် ဈေးနှုန်းက အစားစား ပြောင်းလဲ ပါတယ်။
တံခါး နှစ်ပေါက် ဇိမ်ခံ စူပါကား Lykan Hypersport ကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ် ထားကြောင်း သိရ ပါတယ်။
.
Ref: W Motors
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
.
Unlike

No comments:

Post a Comment