Saturday, June 7, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၆)

သစ်ထူးလွင်


Posted: 07 Jun 2014 07:08 AM PDT
လားရှိုး၊ ဇွန် (၇) ဇွန်လ (၆) ရက်နေ့ ၊ နံနက် ၇ နာရီခန့် တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ နယ်၊ စံလောင်းကျေးရွာ အနီး၊ မိုင်တိုင် အမှတ် (၁၃၄/၄)တွင် မန္တလေးဖက်မှ လားရှိုးသို့  မောင်းနှင်လာသော ရွှေမန္တလာ ခရီးသည်တင်ယာဉ်သည် လားရှိုးဖက်မှ မန္တလေးဖက်သို့  မောင်းနှင်နေသော ကင်တာကုန်တင်ယာဉ်အား တိုက်မိပြီး မြေသယ်ယာဉ် တစ်စီး အား ဆက်တိုက်မိကာ သစ်ပင်တစ်ပင်နှင့်တိုက်မိရပ်တန့် သွားခဲ့ရာ ရွှေမန္တလာယာဉ်မောင်း၊
Posted: 07 Jun 2014 06:52 AM PDT
 တောင်ကိုရီးယားနိုင်ငံမှ ကေပေါ့ပ်ကြယ်ပွင့်များနှင့် ဂီတ လုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင် ရန် အခွင့်အရေးများရခဲ့ကြောင်း နိုင်ငံတကာ အလှမယ်ပွဲတွင် မြန် မာနိုင်ငံအတွက် ပထမဆုံးသရဖူ ကို ဆွတ်ခူးနိုင်ခဲ့သူ မေမြတ်နိုးက ပြောသည်။ ‘‘Kpop Starတွေနဲ့ တွဲလုပ်ဖို့ အခွင့်အရေးတွေလည်း ရခဲ့ပါ တယ်။ ကိုရီးယားနိုင်ငံ Miss Asia Pacific World နဲ့ စာချုပ်သုံးနှစ် ချုပ်ထားပါတယ်။ ကိုရီးယားနိုင်ငံ နဲ့ မြန်မာနိုင်ငံတို့
Posted: 07 Jun 2014 06:37 AM PDT
သျှမ်းပြည် မြောက်ပိုင်း နမ္မတူ မြို့နယ် မန်စံ ရေထိန်းတောတန်းဘက် စစ်ကြောင်း လှည့်သည့် အစိုးရ တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်း နှင့် မူးယစ် ဆေးဝါး ရောင်းဝယ် သုံးစွဲသူ များအဖွဲ့  ရင်ဆိုင် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည်။ ၂၀၁၄ ဂျွန် ၆ ရက် နံနက် ဝ၆.၂၂ နာရီအချိန်တွင် နမ္မတူမြို့ မန်စံ ရပ်ကွက် ၁ အထွက် နမ္မတူ - လားရှိုးလမ်းမ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများအတွက် ကင်းစောင့်ပေး သူသုံးယောက်နှင့် အစိုးရ တပ်မတော်
Posted: 07 Jun 2014 06:35 AM PDT
၂၀၁၄ ခုနှစ် အတွင်း သျှမ်းပြည် တောင်ပိုင်းတွင် လုပ်ကြံ သတ်ဖြတ် ခံရသည့် NLD ပါတီဝင် ၂ ဦး ရှိပြီဖြစ် ကြောင်း တောင်ကြီး မြို့နယ် NLD အသိုင်း အဝိုင်းများ ထံမှ သိရသည်။ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု NLD ပါတီ ဒုဥက္ကဌ  ဦးစိုင်းစံထွန်းသည်လည်း ၄င်း၏ နေအိမ် အနောက်ဖက်တွင် လွန်ခဲ့သည့် ၂ ရက်ခန့်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟုသိရသည်။ ဇွန်လ ၄ ရက်နေ့ ညသန်းခေါင်တွင် ဦးစိုင်းစံထွန်းနေအိမ်သို့
Posted: 07 Jun 2014 05:56 AM PDT
 ရန်ကုန်မြို့ရှိ အခြေခံ ပြည်သူ အများအပြား နေထိုင်သည့် မြို့နယ်များတွင် ပျံကျ ဈေးရုံသစ်များ ထပ်မံ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။                 အဆိုပါ ပျံကျ ဈေးရုံများအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် တည်ဆောက် သွားမည် ဖြစ်ပြီး ယင်းကဲ့သို့ တည်ဆောက်ပေး မှုကြောင့် အခြေခံ ပြည်သူများ အသား၊ ငါး၊ ဟင်းသီး ဟင်းရွက် စသည်တို့ ၀ယ်ယူရာတွင် ပိုမို လွယ်ကူစွာ ၀ယ်ယူ နိုင်မည် ဖြစ်ကြောင်း ဈေးများ ဌာနမှ သိရသည်။
Posted: 07 Jun 2014 05:52 AM PDT
 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် (၂၂) ရပ်ကွက် ၀က်ကုန်းလမ်းရှိ ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ ကလေးများ ဂေဟာ၌ မေလ (၁၉) ရက်နေ့ က ဖြစ်ပွားခဲ့သော အစာ အဆိပ်သင့်မှုတွင် ကလေးငယ်များ စားသော ဆန်ပြားသုပ်၌ ဗက်တီးရီးယားပိုး နှစ်မျိုး ပါဝင် နေကြောင်း တောင်ငူ ဆေးရုံကြီး မှ သိရသည်။ ဆန်ပြားသုပ် ထဲမှာ ပါတဲ့ ပိုးနှစ်မျိုးမှာ တစ်မျိုးက အဆိပ် ဖြစ်စေတယ်။ တစ်မျိုးက ၀မ်းပျက်ဝမ်းလျှော အော့အန်တာတွေ ဖြစ်စေတယ် ဟု တောင်ငူေ
Posted: 07 Jun 2014 05:23 AM PDT
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ အားနည်းချက်တွေ ရှိပေမယ့် ပြည်သူလူထုကို လှည့်ဖျားပြီး စည်းရုံးတာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဇွန်လ ၇ ရက်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ဒို့ရိုးရာခန်းမမှာ ကျင်းပပြုလုပ်တဲ့ အဖွဲ့ချုပ်ရဲ့ ၂၀၁၄ ခုနှစ် ပထမအကြိမ်ဗဟိုကော်မတီ အစည်းအဝေးဖွင့်ပွဲမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလိုြေ
Posted: 07 Jun 2014 05:49 AM PDT
၂၀၁၄ ဇွန်လ ၇ ရက်    မြန်မာလူကုန်ကူးမှုဂိုဏ်း ကြီးတစ်ဂိုဏ်းအား ထိုင်းနိုင် ငံ ဘန်ကောက်၊ မဟာချို င်   နှင့်မဲခေါင်ငါးဖမ်း လှေဆိပ် တို့တွင်ထိုင်းအစိုးရလူကုန်  ကူးမှုအထူးရဲတပ်ဖွဲ့ AHTD, MAT အဖွဲ့နှင့် FED အဖွဲ့တို့ က ယမန် နေ့က နှိမ်နင်း လိုက်ကြောင်းသိရှိရသည်။              ဇွန်လ၄ ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ပနိုကျေးရွာမှ  အသက် ၁၈ နှစ်အရွယ် ကိုပိုင်ဆိုသူသည် ပွဲစားများ အခန်းပိတ်လှောင်ထားစဉ်
Posted: 07 Jun 2014 05:16 AM PDT
မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာမှာ တည်ရှိတဲ့ ကံကောင်းခြင်း ရတနာ သစ်အချောထည်စက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ မန္တလေးမြို့ကို လမ်းလျှောက်ချီ တက်လာနေတုန်း စဥ့်ကိုင်နဲ့ ပလိပ်မြို့အကြားက တိုးဂိတ်တခုမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀ လောက်က ပိတ်ဆို့ဟန့်တားထားတာ ခံနေရပြီး အလုပ်သမားခေါင်းဆောင်တွေလည်း အဖမ်းခံလိုက်ရပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေနဲ့ အလုပ်သမားတွေအကြား စေ့စပ်ညှိနှိုင်းပေးသူ ၂ဦးကိုလဲ
Posted: 07 Jun 2014 12:26 AM PDT
 လူမှုကွန်ရက် စာမျက်နှာများကို အသုံးချပြီး အွန်လိုင်းပေါ်တွင် ပြည့်တန် ဆာဈေးကွက် ရှာဖွေမှုကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်လာသည်ကို တွေ့ရသည်။ Facebook စာမျက်နှာများပေါ် တွင် လိင်ဝန်ဆောင်မှု၊ လိင် ဖျော်ဖြေရေး ဆိုသောခေါင်းစဉ်များ အောက်မှနေပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဈေးကွက်ရှာဖွေမှုများလုပ်ဆောင်နေကြောင်း ရန်ကုန်အခြေစိုက် ဘလော့်ဂါတစ်ဦး ဖြစ်သော ကိုမောင်မျိုးက News Watch ဂျာနယ်သို့ ပြောသည်။ ''
Posted: 07 Jun 2014 12:22 AM PDT
မောင်တော၊ ဇွန် ၆ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း တိုက်ခိုက်ခံရမှုတွင် လက်နက်လုမှုဖြင့် ဖမ်းဆီးခံထားရသည့် ဘင်္ဂလီရှစ်ဦးကို မောင်တောမြို့နယ် တရားရုံးက မေလ ၂၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်နှစ်စီ စီရင်ချက် ချမှတ်ခဲ့ပြီး ထွက်ပြေး လွတ်မြောက်နေသူ ၄၆ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။
Posted: 07 Jun 2014 12:19 AM PDT
 ရှေးမြန်မာဘုရင်မင်းများ လက်ထက်မှစ၍ တွင်ကျယ်စွာ အသုံးပြုခဲ့ကြပြီး ယနေ့ခေတ်တွင်လည်း အိမ်တိုင်းနီးပါးတွင် အသုံးပြုလျက်ရှိသော မြန်မာ့တိုင်းရင်းဆေးများမှာ ဆေးဖော်စပ်ရာတွင် အဓိကကျသည့် ဆေးပင်များ ရှားပါးမှုနှင့် ကြုံတွေ့လာရသဖြင့် တိုင်းရင်းဆေး ထုတ်လုပ် ရောင်းချသူများအတွက် အခက်အခဲ ကြုံတွေ့လာကာ ဆင်တူယိုးမှား ဆေးပင်များ ထည့်သွင်း ဖော်စပ်မှုများ ရှိလာကြောင်း မန္တလေးမြို့ အခြေစိုက် ဝါရင့် မြန်မာ့တိုင်းရင်းဆေး
Posted: 07 Jun 2014 12:17 AM PDT
ပုလော ဇွန် ၇ ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရေချိုကျေးရွာ အမကတွင် ဇွန်လ(၆)ရက် နံနက်(၁၀)နာရီခန့်က ဆွံ့အ နားမကြားသူ တစ်ဦးမှ ဓါးမတစ်ချောင်းကိုင်ဆောင် ၍ ကျောင်းတံခါးမှန်များခုတ်ခွဲဝင်ရောက်ပြီး ဆရာ/မနှင့် ကျောင်းသား/သူများ အား နှောင့်ယှက်ခြင်းများကြောင့် ဆရာ/မနှင့် ကျောင်းသား/သူများ ကျောင်း အတွင်းမှ ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။ ဖြစ်စဉ် ကျူးလွန်သူ မောင်နိုင်နိုင်ဦး (ဆွံ့အနားမကြားသူ)အား
Posted: 07 Jun 2014 12:15 AM PDT
 ပြည်ပဧည့်များ မြန်မာနိုင်ငံ၏ ဘာသာရေးကို မထီမဲ့မြင် ပြုမှုမျိုးရှိပါက သက်ဆိုင်ရာနိုင်ငံသံရုံးများသို့ စာပို့ကန့်ကွက်မည်ဟု သာသနာရေး ဝန်ကြီးဌာနမှ သိရသည်။ ယခုလ အတွင်း အမေရိကန်အခြေစိုက် W magazine ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြခဲ့သော ဖက်ရှင်ဓာတ်ပုံများ သည် မြန်မာနိုင်ငံ ၏ ဘာသာရေး အထွတ်အမြတ်များကို မထီ မဲ့မြင်ပြုသကဲ့သို့ ဖြစ်နေသောကြောင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးယူနိုင်ခြင်း ရှိမရှိကိုမေးမြန်းရာ ၎င်းက
Posted: 06 Jun 2014 10:01 PM PDT
ဆွေမျိုးသားချင်းကျန်း မာရေးကိစ္စအတွက် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ ရောက်ရှိလာ သည့် ဌာနဆိုင်ရာဝန်ထမ်း လက် ထောက်ဆရာဝန်အမျိုးသမီးက ယင်းဆေးရုံရှိ သူနာပြုဆရာမတစ် ဦးကို ပါးရိုက်ခဲ့သဖြင့် ကန်တော့ ပွဲဖြင့် တောင်းပန်ခဲ့ရကြောင်း သ တင်းရရှိသည်။ မေလ ၂၉ ရက်က နန်း တော်ဆေးရုံ ပြင်ပလူနာစမ်း သပ်ခန်းတွင် မန္တလေးဆေးရုံကြီးမှ လက်ထောက်ဆရာဝန် အမျိုးသ မီးတစ်ဦးသည် ၎င်း၏ ဦးလေးဖြစ် သူ ကျန်းမာရေးစစ်ဆေးရန် အ တွက် ရောက်ရှိနေသည်။
Posted: 06 Jun 2014 09:53 PM PDT
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့ရှိ ဘုရားတစ်ခုတွင် ထူးဆန်းစွာ သေဆုံးနေသော အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦးအား သဂြိုင်္လ်ပြီးစီးသွားပြီ ဖြစ်သော်လည်း သူမ၏ အမည်နှင့် နေရပ်လိပ်စာကို ယခုအချိန်ထိ မသိရှိရသေးကြောင်း သတင်း ရရှိသည်။ “  သူမကို ရဲကသဂြိုင်္လ်လိုက်ပါပြီ။ ဒါပေမယ့် သူမဟာ ဘယ်သူလဲ။ဘယ်ကလဲဆိုတာ အခုအချိန်ထိ မသိသေးဘူး။ ဘယ်သူမှလည်း အဲဒီအမျိုးသမီးဟာ ငါ့သမီး င့ါဆွေမျိုးဖြစ်တယ်ဆိုတာကို လာရောက် ပြောတာ
Posted: 06 Jun 2014 09:46 PM PDT
 မိုးညိုမြို့နယ်၊ သာယာဝတီတိုက်နယ် ထိန်တော၊ အင်္ဂါရပ်ကွက်အတွင်းနေ အသက် ၁၂ နှစ်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးအား တစ်ရပ်ကွက်တည်းနေ လှိုင်ကြည်စိုး၊ ကိုပြူးကျယ်၊ မင်းဇော်ထွန်း၊ ဖိုး ခက်၊ ကရင်တို့ ငါးဦးက ၂၀၁၃ ခုနှစ်အတွင်း အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုကြောင့် အဒေါ် ဖြစ်သည့် မ၀င်းဝင်းအေးက ထိန်တောရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် တိုင်ချက်ဖွင့် ခဲ့သော်လည်း တရားခံ လေးဦးးကိုသာ ဖမ်းဆီးရမိပြီး
Posted: 06 Jun 2014 09:44 PM PDT
 အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန ကနေ၊ နိုင်ငံခြား ပုံနှိပ်စက် တွေ ဝယ်ယူခဲ့ရာ မှာ၊ ဈေးအဆမတန် ပိုတင်ပြီး၊ စာရင်းပြခဲ့တယ် ဆိုတဲ့ ဂျွန်လ ၂ ရက်နေ့ထုတ် အလဲဗင်း သတင်းစာရဲ့ ရေးသားမှု အပေါ်၊ တာဝန်မဲ့ သတင်းပေးပို့မှု အဖြစ်၊ အစိုးရက ပြစ်တင်လိုက် သလို၊ တရားစွဲဆို ခံရနိုင်တယ် ဆိုပြီးတော့ လည်း သတိပေး လိုက်ပါ တယ်။ ဒီလို ပြောဆို လိုက်တာ ဟာ၊ မနေ့ ဂျွန်လ ၆ ရက် နေ့၊ သတင်းမီဒီယာ သမားတွေ ကို၊ ပြန်ကြားရေး ဝန်ကြီးဌာန က၊ေ
Posted: 06 Jun 2014 09:31 PM PDT
 မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ပါဂျဲရိုယာဉ်တစ်စီး ဆိုင်ကယ်ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်လေးစီးနှင့် ကားတစ်စီးကို ၀င်တိုက်သည့် ဖြစ်ရပ် ဇွန်လ၆ ရက် နေ့လယ်ကဖြစ်ပွားခဲ့သည်။ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် မြောက်မှ တောင်သို့ မောင်းနှင် လာသော ပါဂျဲရိုယာဉ်တစ်စီးသည် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်က ဆိုင်ကယ်တစ်စီးကို ရှောင်တိမ်းရာမှ
Posted: 06 Jun 2014 09:29 PM PDT
 အမျိုးသမီးယာဉ် နောက်လိုက်များအား တစ်လအ တွင်း စပယ်ယာလိုင်စင် ၁၉ ခု ထုတ်ပေးပြီးဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီး မှူးရုံးမှ ဦးစီးအရာရှိဦးမြင့်အောင် ကပြောကြားသည်။ ‘‘စပယ်ယာလိုင်စင်အတွက် စပယ်ယာစည်းကမ်းချက်ဆောင် ရန်၊ရှောင်ရန်တွေကို ရေးဖြေရပါ တယ်။ အခုလိုင်စင်ရသွားတဲ့ ၁၉ ဦးက ၄၈ အထူးအဲကွန်းကပါပဲ’’ ဟု ၎င်းကဆိုသည်။ မေလ ၁၅ ရက်မှ ဇွန်လ ၅ ရက်အထိ
Posted: 06 Jun 2014 09:26 PM PDT
မန္တလေး၊ ဇွန် ၆ မန္တလေးနန်းတွင်း တပ်က သိမ်းယူထားသည့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာရှိ ကျေးရွာပိုင် လယ်မြေဧက သုံးထောင်ကျော် ပြန်လည်ရရှိရေးအတွက် ဒေသခံတောင်သူ ၃၀၀ ဦးကျော်သည် ဇွန်လ ၆ ရက်နေ့မှ စတင်ကာ ထွန်တုံးတိုက်ပွဲ ပြုလုပ်လျက် ရှိကြောင်း အဆိုပါ ညောင်ဝန်းကျေးရွာ ဒေသခံ တောင်သူများထံမှ သိရသည်။ ယင်းကျေးရွာပိုင် လယ်ယာမြေ ဧက ၃၀၆၂ ဒသမ ၄၃ ဧကကို ၁၉၉၃ ခုနှစ်တွင်
Posted: 06 Jun 2014 09:25 PM PDT
နေပြည်တော်၊ ဇွန် ၆ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ နိုင်ငံရေးနယ်ပယ်သို့ ကူးပြောင်းမည် မဟုတ်ဘဲ လက်ရှိ ရာထူးနှင့် အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဝေလင်းက ပြောကြားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
Posted: 06 Jun 2014 05:32 PM PDT
 ကနေဒါ ရဲတပ်ဖွဲ့ဝင် (၃)ဦးကို ပစ်သတ်သွားသည်ဟု ယူဆရသော သေနတ်သမားကို ယခုအခါ လက်ရ ဖမ်းဆီးနိုင်ခဲ့ပြီဟု သိရှိရသည်။ နယူးဘန်းစ်ဝစ်ခ်ရှိ မွန်တွန်အရပ်တွင် ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ပြီးနောက် ဒုတိယညတွင် သေနတ်သမားကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ တော်ဝင် ကနေဒါ မြင်းစီးရဲတပ်ဖွဲ့က ရဲ(၃)ဦးကို ပစ်သတ်ပြီး (၂)ဦးကို ဒဏ်ရာရစေခဲ့သည့် လက်နက်ကိုင် အမျိုးသားကို ဖမ်းဆီးရမိပြီဟု ကြေညာသည်။ လူသတ်သမားကိုြေ
Posted: 06 Jun 2014 05:23 PM PDT
ရန်ကုန်၊ ဇွန် ၄ အောက်မြန်မာပြည်တွင် အခြေခံပညာစာသင်ကျောင်း ပေါင်း ၁၈၀၀၀ ကျော်ရှိသည့်အနက် (ညံ့) အဆင့် စာရင်းဝင် စာသင်ကျောင်း ဆောင်ပေါင်း ၆၀၀၀ကျော်ရှိကြောင်း အမှတ်(၁)အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်သဇင်သင်းက ဇွန်လ ၄ ရက်နေတွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။ ဇွန်လ ၂ ရက်နေ့က ပဲခူး တိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၌ ယက်မကျိုးကျ၍ ကျောင်းသား/သူ ၁၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့်
Posted: 06 Jun 2014 05:15 PM PDT
RCSS / SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင် ရေး ကော်မီတီ တို့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။ RCSS အဖွဲ့နဲ့ တွေ့ဆုံတယ် ဆိုပြီး ပြီးခဲ့တဲ့ လတုန်းက ကျိုင်းတုံမြို့နယ် SNLD ပါတီဝင် အဖမ်းခံ ခဲ့ရတဲ့ ကိစ္စ၊ RCSS ဆက်ဆံရေးရုံး ဝင်ရောက် စစ်ဆေးခံခဲ့ရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အခုလို တွေ့ဆုံခဲ့တာလို့ RCSS ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး

No comments:

Post a Comment