Sunday, June 8, 2014

"အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား " -စည်သူအောင်မြင့်

"အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား "                 -စည်သူအောင်မြင့် 

မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင် စုပေါင်းပိုင်ဆိုင်ကြတဲ့ပြည်ထောင်စုတစ်ခုဖြစ်ပါတယ်။ဗမာအပါအဝင်တိုင်းရင်းသားတွေဟာဗုဒ္ဓဘာသာတင်မက ဘာသာအမျိုးမျိုးကိုးကွယ်ကြပါတယ်။ပြဋ္ဌာန်းခဲ့တဲ့ဖွဲ.စည်းပုံအခြေခံဥပဒေတိုင်းမှာလည်း မြန်မာနိုင်ငံမှာမည်သည့်ဘာသာကိုမဆိုလွတ်လပ်စွာကိုးကွယ် ပိုင်ခွင့်ရှိတယ်လို့လည်း ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။အခုလက်ရှိမကွေးကျောင်းတိုက်မှာ ဟောပြောခဲ့တဲ့သူတွေဟာ မြန်မာပြည်ထဲမှာတိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင် စုပေါင်းပိုင်ဆိုင်ကြတာကိုရော၊ဘာသာပေါင်းစုံကို လွတ်လပ်စွာတည်ရှိမှုကိုပါ ထိပါးစော်ကားရာရောက်စေပါတယ်။အီမ်နီးချင်းနိုင်ငံတွေမှာ မိုဘိုင်းဖုန်းဆင်းမ်ကတ်တစ်ခုကိုကျပ်(၅၀၀၀) လောက်နဲ့ဝယ်သုံးလို့ရနေချိန်မှာ မြန်မာပြည်မှာ သာမန်ပြည်သူတွေဝယ်မသုံးနိုင်အောင် သိန်း ၄၀၊၅၀ ပေးမှဝယ်သုံးလို့ရအောင်လုပ်ခဲ့တယ်။ဒီလိုပြည်သူတွေကို ခက်ခဲ၊ဒုက္ခရောက်အောင်လုပ်ပြီးမှ အာဏာပိုင်တွေက အဲဒီအပေါ်ကနေကိုယ်ကျိုးရှာခဲ့ကြတယ်။နိုင်ငံရေးမှာလာဘ်ထိုးဖို့သုံးခဲ့ကြတယ်။အဲဒီလိုပြည်သူတွေ ဒုက္ခရောက်နေတုန်းက မကွေးကျောင်းတိုက်ဆရာတော်တို့၊ဓမ္မစက္က ဦးမောင်မောင်တို့၊ရှေ.နေကြီး ဦးအေးပိုင်တို့ ပြည်သူတွေအတွက်ဘာများတောင်းဆိုဖူးခဲ့လို့လဲ မေးရမှာပါ.? ပြည်သူတွေနှစ်ပေါင်းများစွာဖုံးမသုံးစွဲနိုင်တဲ့အခြေအနေကနေ အခုသုံးနိုင်အောင်လုပ်ပြီး စီးပွားရေး၊ပညာရေးဖွံဖြိုးတိုးတက်အောင်လုပ်ပေးနေတာကို အခု မ.ဘ.သအဖွဲ.အချို.၊သံဃာနဲ့ လူပုဂ္ဂိုလ်အချို.ဟာ ပြည်သူတွေရဲ.အကျိုးစီးပွားကိုတစ်စက်ကလေးမှ လှည့်မကြည့်ဘဲ အမုန်းတရားတွေ ဟောပြောနေကြတာဖြစ်ပါတယ်။အကြမ်းဖက်မှုအားလုံးရဲ.လက်သည်တရားခံဟာ အမုန်းတရားဖြစ်ပါတယ်၊အမုန်းတရားဖြန့်ဖြူးသူတွေဖြစ်ပါတယ်။ကိုယ်ထိလက်ရောက်ကျုးလွန်ကြသူတွေဟာ ဒုတိယ တရားခံတွေဖြစ်ပါတယ်။ဒါကြောင့်တိုင်းပြည်မှာ နောက်ထပ် မတည်ငြီမ်မှုတွေ၊ပြည်သူ့အကျိုးစီးပွား၊တိုင်းပြည်အကျိုးစီးပွား တွေကို ထိခိုက်နစ်နာမှုတွေရှိလာရင် အမုန်းတရားဖြန့်ဖြူးနေကြသူတွေမှာသာ လုံးဝတာဝန်ရှိမှာဖြစ်ကြောင်း….
ဆောင်းပါးရှင် စည်သူအောင်မြင့်၏ အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား ဆောင်းပါးမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။ ၉.၆.၂၀၁၄ ရက်နေ့ထုတ် မဇ္မျိမ နေ့စဉ်သတင်းစာ..

မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင် စုပေါင်းပိုင်ဆိုင်ကြတဲ့ပြည်ထောင်စု တစ်ခု ဖြစ်ပါတယ်။ ဗမာအပါအဝင်တိုင်းရင်းသားတွေဟာဗုဒ္ဓဘာသာတင်မက ဘာသာအမျိုးမျိုး ကိုးကွယ်ကြ ပါတယ်။ ပြဋ္ဌာန်းခဲ့တဲ့ဖွဲ.စည်းပုံအခြေခံဥပဒေတိုင်းမှာလည်း မြန်မာနိုင်ငံမှာ မည်သည့်ဘာသာကို မဆို လွတ်လပ်စွာကိုးကွယ် ပိုင်ခွင့်ရှိတယ်လို့လည်း ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
အခုလက်ရှိမကွေးကျောင်းတိုက်မှာ ဟောပြောခဲ့တဲ့သူတွေဟာ မြန်မာပြည်ထဲမှာတိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင် စုပေါင်းပိုင်ဆိုင်ကြတာကိုရော၊ဘာသာပေါင်းစုံကို လွတ်လပ်စွာတည်ရှိမှုကိုပါ ထိပါးစော်ကားရာရောက်စေပါတယ်။အီမ်နီးချင်းနိုင်ငံတွေမှာ မိုဘိုင်းဖုန်းဆင်းမ်ကတ်တစ်ခုကိုကျပ်(၅၀၀၀) လောက်နဲ့ဝယ်သုံးလို့ရနေချိန်မှာ မြန်မာပြည်မှာ သာမန်ပြည်သူတွေဝယ်မသုံးနိုင်အောင် သိန်း ၄၀၊၅၀ ပေးမှဝယ်သုံးလို့ရအောင်လုပ်ခဲ့တယ်။ဒီလိုပြည်သူတွေကို ခက်ခဲ၊ဒုက္ခရောက်အောင်လုပ်ပြီးမှ အာဏာပိုင်တွေက အဲဒီအပေါ်ကနေကိုယ်ကျိုးရှာခဲ့ကြတယ်။နိုင်ငံရေးမှာလာဘ်ထိုးဖို့သုံးခဲ့ကြတယ်။အဲဒီလိုပြည်သူတွေ ဒုက္ခရောက်နေတုန်းက မကွေးကျောင်းတိုက်ဆရာတော်တို့၊ဓမ္မစက္က ဦးမောင်မောင်တို့၊ရှေ.နေကြီး ဦးအေးပိုင်တို့ ပြည်သူတွေအတွက်ဘာများတောင်းဆိုဖူးခဲ့လို့လဲ မေးရမှာပါ.? ပြည်သူတွေနှစ်ပေါင်းများစွာဖုံးမသုံးစွဲနိုင်တဲ့အခြေအနေကနေ အခုသုံးနိုင်အောင်လုပ်ပြီး စီးပွားရေး၊ပညာရေးဖွံဖြိုးတိုးတက်အောင်လုပ်ပေးနေတာကို အခု မ.ဘ.သအဖွဲ.အချို.၊သံဃာနဲ့ လူပုဂ္ဂိုလ်အချို.ဟာ ပြည်သူတွေရဲ.အကျိုးစီးပွားကိုတစ်စက်ကလေးမှ လှည့်မကြည့်ဘဲ အမုန်းတရားတွေ ဟောပြောနေကြတာဖြစ်ပါတယ်။အကြမ်းဖက်မှုအားလုံးရဲ.လက်သည်တရားခံဟာ အမုန်းတရားဖြစ်ပါတယ်၊အမုန်းတရားဖြန့်ဖြူးသူတွေဖြစ်ပါတယ်။ကိုယ်ထိလက်ရောက်ကျုးလွန်ကြသူတွေဟာ ဒုတိယ တရားခံတွေဖြစ်ပါတယ်။ဒါကြောင့်တိုင်းပြည်မှာ နောက်ထပ် မတည်ငြီမ်မှုတွေ၊ပြည်သူ့အကျိုးစီးပွား၊တိုင်းပြည်အကျိုးစီးပွား တွေကို ထိခိုက်နစ်နာမှုတွေရှိလာရင် အမုန်းတရားဖြန့်ဖြူးနေကြသူတွေမှာသာ လုံးဝတာဝန်ရှိမှာဖြစ်ကြောင်း….
ဆောင်းပါးရှင် စည်သူအောင်မြင့်၏ အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား ဆောင်းပါးမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။ ၉.၆.၂၀၁၄ ရက်နေ့ထုတ် မဇ္မျိမ နေ့စဉ်သတင်းစာ..

No comments:

Post a Comment