အဖေ.....
ဒီနေ့ အဖေများနေ့... တဲ့။
အခြေအနေအရပ်ရပ်ကြောင့်
မေ့နေတဲ့သူတွေ
အဖေ့ကို သတိရစေဖို့
ဂုဏ်ပြု သတ်မှတ်ထားတာပါ။
တကယ်တမ်းမှာတော့
မမေ့သင့်ပေမယ့်
ပရိယေသန ၀မ်းစာရေးကြောင့်
တစ်ချို့ လည်း မေ့နေတတ်ကြတယ်။
ဘယ်လိုဖြစ်ဖြစ်ပါအဖေ...
သတိရတဲ့ ခဏလေးမှာလည်း
အဖေ့ကို ကျန်းမာစေချင်တယ်။
သတိမရဖြစ်တဲ့ အချိန်မှာလည်း
အဖေ အဆင်ပြေစေချင်တယ်။
နည်းနည်းပါးပါး ထောက်ပံ့နိုင်တဲ့အခါ
သာယာ ကျေနပ်နေပါတယ်။
အဖေ ကျန်းမာပါစေဗျာ...
ငြိမ်းချမ်းသော တရားဓမ္မနဲ့
ပျော်မွေ့နိုင်ပါစေဗျာ...။
သားတို့ ဘ၀မှာတော့
လှူတန်း မျှဝေပြီးတဲ့အခါ
အဖေပို့သတဲ့ မေတ္တာကြောင့်
အခက်အခဲတွေ လွန်မြောက်လျှက်ပါ။
အဖေ့ဆီကပေါ့
အေးချမ်းတဲ့ မျက်ဝန်းတွေနဲ့
စူးရှတဲ့ စိတ်ကူးစကား
တစ်ခါလောက်တော့
သားကြားချင်ပါသေးတယ်။
အကယ်၍ မေ့နေဖြစ်ခဲ့လျှင်
အဖေ ခွင့်လွှတ်ပေးလှည့်ပါ။
ဘ၀က ကြမ်းနေလို့ပါ အဖေ....
(ကွန်ဆူးမား)(၁၅-၆-၂၀၁၄)
``အဖေများနေ့ ဂုဏ်ပြုခြင်း´´
မေ့နေတဲ့သူတွေ
အဖေ့ကို သတိရစေဖို့
ဂုဏ်ပြု သတ်မှတ်ထားတာပါ။
တကယ်တမ်းမှာတော့
မမေ့သင့်ပေမယ့်
ပရိယေသန ၀မ်းစာရေးကြောင့်
တစ်ချို့ လည်း မေ့နေတတ်ကြတယ်။
ဘယ်လိုဖြစ်ဖြစ်ပါအဖေ...
သတိရတဲ့ ခဏလေးမှာလည်း
အဖေ့ကို ကျန်းမာစေချင်တယ်။
သတိမရဖြစ်တဲ့ အချိန်မှာလည်း
အဖေ အဆင်ပြေစေချင်တယ်။
နည်းနည်းပါးပါး ထောက်ပံ့နိုင်တဲ့အခါ
သာယာ ကျေနပ်နေပါတယ်။
အဖေ ကျန်းမာပါစေဗျာ...
ငြိမ်းချမ်းသော တရားဓမ္မနဲ့
ပျော်မွေ့နိုင်ပါစေဗျာ...။
သားတို့ ဘ၀မှာတော့
လှူတန်း မျှဝေပြီးတဲ့အခါ
အဖေပို့သတဲ့ မေတ္တာကြောင့်
အခက်အခဲတွေ လွန်မြောက်လျှက်ပါ။
အဖေ့ဆီကပေါ့
အေးချမ်းတဲ့ မျက်ဝန်းတွေနဲ့
စူးရှတဲ့ စိတ်ကူးစကား
တစ်ခါလောက်တော့
သားကြားချင်ပါသေးတယ်။
အကယ်၍ မေ့နေဖြစ်ခဲ့လျှင်
အဖေ ခွင့်လွှတ်ပေးလှည့်ပါ။
ဘ၀က ကြမ်းနေလို့ပါ အဖေ....
(ကွန်ဆူးမား)(၁၅-၆-၂၀၁၄)
``အဖေများနေ့ ဂုဏ်ပြုခြင်း´´
No comments:
Post a Comment